အိမ်တအိမ်မှာ ဘယ်တော့မှ မလုပ်သင့်တဲ့ အမူအကျင့်များ .... - Property Knowledge in Myanmar from iMyanmarHouse.com
479 Views

အိမ်တအိမ်မှာ ဘယ်တော့မှ မလုပ်သင့်တဲ့ အမူအကျင့်များ ....

Knowledge | Posted by Hnin Ei Khin

[Unicode]

အင်္ကျီတွေ ဘယ်လောက်ပဲစုတ်စုတ် ပုဆိုးတွေဘယ်လောက်ပဲစုတ်စုတ် အိမ်ထောင်ဦးစီးရဲ့ဟာဆိုရင် ကြမ်းတိုက်ဝတ် လက်နှီးစုတ်ဝတ် ဘယ်တော့မှမလုပ်မိစေနဲ့။

မီးသွေးဝယ်မယ် ထင်းဝယ်မယ် အိမ်သာသုံးတစ်ရူးဝယ်မယ် ဆိုရင် မနက်ခင်းမှာ ပထမဆုံးဝင်လာတဲ့ စျေးဦးပေါက်ပိုက်ဆံနဲ့ဝယ်ခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။

မနက်စောစောစီးစီးရန်ဖြစ်ခြင်း၊ စကားများခြင်း၊ဆဲဆိုခြင်း၊ အိမ်ပူအိမ်ဆူဖြစ်ခြင်း၊ အရက်သေစာသောက်စားခြင်းကို ဘယ်တော့မှ မလုပ်မိစေနဲ့။

အကြီးအကဲ၊ လူကြီးမိဘ၊ ဆရာသမားတို့အား ဦးဦးဖျားဖျားထမင်း၊ဟင်းများကို ဦးမချပဲ စားသောက်ခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။

ဘုရား၊တရား၊သံဃာ၊ မိဘ၊ဆရာသမားများကို မကန်တော့ပဲ အိပ်ရာဝင်ခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။

ထီးစုတ်၊နာရီစုတ်၊ဖိနပ်စုတ်၊ မီးလုံးအကျွမ်း၊မီးချောင်းအကျွမ်းများ၊ စက်ပစ္စည်းအစုတ်များကို စွန့်ပစ်ခြင်းမပြုဘဲ ကာလကြာရှည်စွာ သိမ်းထားခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။

မိဘဓာတ်ပုံမချိတ်ပဲ သားသမီးဓာတ်ပုံကို အိမ်ခေါင်းရင်းမှာချိတ်ခြင်း၊ ဧည့်ခန်းမှာချိတ်ခြင်း၊ အမြင့်မှာချိတ်ခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။

ကြွက်ကိုက်ထားသော၊ ခွေးကိုက်ထားသော အင်္ကျီ၊ ပုဆိုး၊ ထဘီများဝတ်ခြင်းကို ဘယ်တော့ မှမလုပ်မိစေနဲ့။

လူတွေ့တိုင်း ညီးညူသောစကား၊ နိမိတ်မရှိ နမာမရှိသောစကား၊ အာကြမ်းရှာကြမ်း ပြောဆိုခြင်းများကို ဘယ်တော့မှ မလုပ်မိစေနဲ့။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: မူရင်းရေးသားသူ

 

 

 

[Zawgyi]


 


မီးသွေးဝယ်မယ် ထင်းဝယ်မယ် အိမ်သာသုံးတစ်ရူးဝယ်မယ် ဆိုရင် မနက်ခင်းမှာ ပထမဆုံးဝင်လာတဲ့ ဈေးဦးပေါက်ပိုက်ဆံနဲ့ဝယ်ခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။












 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

Upcoming Property Events

ponnami
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service