အသုံးများဆုံး ငါးအညှီတွေကို ဆေးကြောနည်းတွေကတော့..... - Property Knowledge in Myanmar from iMyanmarHouse.com
744 Views

အသုံးများဆုံး ငါးအညှီတွေကို ဆေးကြောနည်းတွေကတော့.....

Knowledge | Posted by Si Thu Aung

[Unicode]

(၁) ငါးမှန်သမျှကို ရေဆေးပြီး ဆားနနွင်းနဲ့နယ် ခဏထား ရေနဲ့သေချာသန့်အောင်ပြန်ဆေးပြီးမှ ချက်ချင်းချက်မယ်ဆိုရင်တော့ အရသာနယ်ပီးချက်၊ သိမ်းမယ်ဆိုရင်တော့ အသားဘူးနဲ့ ရေခဲသေတ္တာထဲ ထည့်သိမ်းရပါမယ်။ ဆားနနွင်းက အကျိအချွဲ နိုင်စေပါတယ်။

(၂) အညှီနံ့အသတ်ဆုံးထဲမှာပါတဲ့ မန်ကျည်းမှည့်ကို ရေဖျော်နာရီဝက်ခန့်စိမ်ထားပြီး ငါးတွေနဲ့ ပွတ်ဆေးပါ။ ပြီးမှပဲမှုန့်အကျက်မှုန့်နဲ့ထပ်နယ်ဆေးပေးပါ။ နောက်ဆုံးမှ ရေစစ်သွားမှဆားနနွင်းနယ်ချက်ရပါမယ်။

(၃) သံပုရာသီး၊ ပအုံးရည်၊ ရှာလကာရည်နဲ့ ၅ မိနစ်စိမ်ပြီးမှ ရေဆေးပြီးချက်ရင်လည်း အညှီပျောက်စေပါတယ်။

(၄) နောက်တစ်နည်းက ငါးကို ရေမြုပ်ရုံထည့် ဗီနီဂါ ဟင်းစား တစ်ဇွန်းထည့်၊ ရေနွေး နည်းနည်းလောင်းပြီး လှုပ်ပေးရုံနဲ့ ငါးအရေခွံအပေါ်က အညှီများ ထွက်လာရင် ရေနဲ့ထပ်ဆေးပေးပါ။ ငါးခူ ငါးကျည်းတို့လို ငါးတွေပါ ညှီနံ့ပျောက်ပါတယ်။

(၅) ဘယ်ငါးဖြစ်ဖြစ် ညှီတဲ့ငါးမှန်သမျှ မျှင်ငါးပိလို့ခေါ်တဲ့ ငါးပိစိမ်းစားကို ဆန်ကာနဲ့တိုက်ဆေး ပြီး ငါးပါ ဆန်ကာထဲထည့်ပွတ်လိုက်ရင် ဖွေးသန့်ပြီးမညှီတော့ပါဘူး။

(၆) ညှီနံ့ပြင်းတဲ့ ငါးတွေကို သံပုရာသီး ဆားနဲ့ အချွဲတွေစင်အောင်ဆေး ပြီးရင်ရှောက်ရည် ငံပြာရည် ချင်း(ဂျင်း)နနွင်း နဲ့ ကြာကြာလေး နှပ်ထားပြီးမှချက်ကြည့်ပါ။မညှီတဲ့အပြင်မွှေးတဲ့အနံ့လေးပါရမှာပါ။

(၇) နောက်တစ်နည်းကလည်း မီးသွေးမီးဖိုနဲ့တည်တဲ့ခေတ်တည်းက အသုံးဝင်နေတဲ့ နည်းပါ။ ငါးတွေကို ပြာနဲ့ဆေး၊ ပဲမှုန့်အကျက်မှုန့်နဲ့ နယ်ပြီးမှ ဆန်ဆေးရေ နဲ့ ၂ခါလောက်ထပ်ဆေးပါ။

ငါးတွေကို ဒီနည်းနဲ့ဆေးကြောပြီးရင်တော့ တခြား ပြည်ကြီးငါး၊ကင်းမွန်၊ ရေဘဝဲတွေကို မညှီအောင်ဆေးနည်းတွေလဲ ပြောပြပေးပါဦးမယ်။

(၁) ပြည်ကြီးငါးတွေကိုကျ ခေါင်းပိုင်းကိုအရင်ဖယ်ပြီး အဲ့ထဲက မှင်ထုပ်ခေါ် အစာဟောင်းအိမ်ထုပ်ကို ဖယ်ရပါတယ်။ ပြီးမှ အရေခွံချွတ်ပြီး ရေသေချာဆေး၊ သံပုရာသီးညှစ်ထည့်ပြီးခဏနှပ်ထား၊ ပြီးရင် ရေတစ်ထပ် ထပ်ဆေးပြီး ချက်၊ကြော်၊ကင်စားလို့ရပါပြီ။

(၂) နောက်တစ်နည်းကတော့ ပြည်ကြီးငါး၊ကင်းမွန်တို့ကို ရေသေချာဆေးပြီးတာနဲ့ ချင်း(ဂျင်း)ကိုထောင်းထားတဲ့အရည်နဲ့နယ်ပါ။ ပြီးမှ ရေနွေးပွက်ပွက်ဆူထဲကို ချင်း(ဂျင်း)အနေတော်၊ ရှာလကာရည် နည်းနည်းထည့်ပြီး ခဏ ပြုတ်လိုက်ရုံနဲ့ ညှီနံ့ကင်းပါပြီ။

ဒါတွေက ဆေးကြောနည်းတွေပါ။ အသားငါးတွေ ချက်တာ၊ သုပ်တာနဲ့ အနံ့ပျောက်အောင် သုံးဖို့ကျ အာရှသားတွေအများဆုံးသုံးတာ မန်ကျည်းမှည့်ရည်၊ ရှမ်းနံနံ၊ တရုတ်နံနံ၊ မဆလာ၊ ပျဉ်းတော်သိမ်၊ ရှောက်ရွက်နဲ့ ပင်စိမ်း၊ နံနံပင်တို့ကိုပဲ ဟင်းကျက်ခါနီး အုပ်ချက်တာဖြစ်ဖြစ် ၊အသုပ်ထဲထည့်သုံးတာဖြစ်ဖြစ် သုံးပေးရပါတယ်။

အသားငါးတွေကို အိုးကပ်ချက်ရင်တော့ အပေါ်က အမွှေးအကြိုင်တွေအုပ်ပြီးရင် ငရုတ်သီးစိမ်းတောင့်လေး ထပ်ထည့်ချက်တာနဲ့ မွှေးကြိုင်သွားတော့မှာ အသေချာပါပဲ။ ဆီပြန်ဟင်းချက်ပြီးရင်တော့ နံနံပင်လေးအုပ်ပြီး စားရင် အရသာရှိပြီး ထမင်းမြိန်တဲ့ ပင်လယ်စာရပါပြီ။

ဒီလောက်ဆို ဘယ်လို အသားငါးပင်လယ်စာတွေကို ဘယ်လိုမညှီအောင် ဆေးကြောပြီး မွှေးအောင်ဘယ်လိုချက်ရမယ်ဆိုတဲ့ ပင်လယ်စာချက်နည်း လေးတွေကို သိလောက်ကြပြီထင်ပါတယ်။ ဒါဆို အိမ်ရှင်မတို့ရော ညီမချက်တဲ့နည်းအပြင် မညှီအောင်ဘယ်လိုချက်ကြလဲ ပြောပြသွားပါဦး။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: howtocook

 

 

[Zawgyi]

အသုံးမ်ားဆုံး ငါးအညႇီေတြကို ေဆးေၾကာနည္းေတြကေတာ့.....

 

(၁) ငါးမွန္သမွ်ကို ေရေဆးၿပီး ဆားနႏြင္းနဲ႔နယ္ ခဏထား ေရနဲ႔ေသခ်ာသန္႔ေအာင္ျပန္ေဆးၿပီးမွ ခ်က္ခ်င္းခ်က္မယ္ဆိုရင္ေတာ့ အရသာနယ္ပီးခ်က္၊ သိမ္းမယ္ဆိုရင္ေတာ့ အသားဘူးနဲ႔ ေရခဲေသတၱာထဲ ထည့္သိမ္းရပါမယ္။ ဆားနႏြင္းက အက်ိအခြၽဲ ႏိုင္ေစပါတယ္။

(၂) အညႇီနံ႔အသတ္ဆုံးထဲမွာပါတဲ့ မန္က်ည္းမွည့္ကို ေရေဖ်ာ္နာရီဝက္ခန္႔စိမ္ထားၿပီး ငါးေတြနဲ႔ ပြတ္ေဆးပါ။ ၿပီးမွပဲမႈန္႔အက်က္မႈန္႔နဲ႔ထပ္နယ္ေဆးေပးပါ။ ေနာက္ဆုံးမွ ေရစစ္သြားမွဆားနႏြင္းနယ္ခ်က္ရပါမယ္။

(၃) သံပုရာသီး၊ ပအုံးရည္၊ ႐ွာလကာရည္နဲ႔ ၅ မိနစ္စိမ္ၿပီးမွ ေရေဆးၿပီးခ်က္ရင္လည္း အညႇီေပ်ာက္ေစပါတယ္။

(၄) ေနာက္တစ္နည္းက ငါးကို ေရျမဳပ္႐ုံထည့္ ဗီနီဂါ ဟင္းစား တစ္ဇြန္းထည့္၊ ေရေႏြး နည္းနည္းေလာင္းၿပီး လႈပ္ေပး႐ုံနဲ႔ ငါးအေရခြံအေပၚက အညႇီမ်ား ထြက္လာရင္ ေရနဲ႔ထပ္ေဆးေပးပါ။ ငါးခူ ငါးက်ည္းတို႔လို ငါးေတြပါ ညႇီနံ႔ေပ်ာက္ပါတယ္။

(၅) ဘယ္ငါးျဖစ္ျဖစ္ ညႇီတဲ့ငါးမွန္သမွ် မွ်င္ငါးပိလို႔ေခၚတဲ့ ငါးပိစိမ္းစားကို ဆန္ကာနဲ႔တိုက္ေဆး ၿပီး ငါးပါ ဆန္ကာထဲထည့္ပြတ္လိုက္ရင္ ေဖြးသန္႔ၿပီးမညႇီေတာ့ပါဘူး။

(၆) ညႇီနံ႔ျပင္းတဲ့ ငါးေတြကို သံပုရာသီး ဆားနဲ႔ အခြၽဲေတြစင္ေအာင္ေဆး ၿပီးရင္ေ႐ွာက္ရည္ ငံျပာရည္ ခ်င္း(ဂ်င္း)နႏြင္း နဲ႔ ၾကာၾကာေလး ႏွပ္ထားၿပီးမွခ်က္ၾကည့္ပါ။မညႇီတဲ့အျပင္ေမႊးတဲ့အနံ႔ေလးပါရမွာပါ။

(၇) ေနာက္တစ္နည္းကလည္း မီးေသြးမီးဖိုနဲ႔တည္တဲ့ေခတ္တည္းက အသုံးဝင္ေနတဲ့ နည္းပါ။ ငါးေတြကို ျပာနဲ႔ေဆး၊ ပဲမႈန္႔အက်က္မႈန္႔နဲ႔ နယ္ၿပီးမွ ဆန္ေဆးေရ နဲ႔ ၂ခါေလာက္ထပ္ေဆးပါ။

ငါးေတြကို ဒီနည္းနဲ႔ေဆးေၾကာၿပီးရင္ေတာ့ တျခား ျပည္ႀကီးငါး၊ကင္းမြန္၊ ေရဘဝဲေတြကို မညႇီေအာင္ေဆးနည္းေတြလဲ ေျပာျပေပးပါဦးမယ္။

(၁) ျပည္ႀကီးငါးေတြကိုက် ေခါင္းပိုင္းကိုအရင္ဖယ္ၿပီး အဲ့ထဲက မွင္ထုပ္ေခၚ အစာေဟာင္းအိမ္ထုပ္ကို ဖယ္ရပါတယ္။ ၿပီးမွ အေရခြံခြၽတ္ၿပီး ေရေသခ်ာေဆး၊ သံပုရာသီးညႇစ္ထည့္ၿပီးခဏႏွပ္ထား၊ ၿပီးရင္ ေရတစ္ထပ္ ထပ္ေဆးၿပီး ခ်က္၊ေၾကာ္၊ကင္စားလို႔ရပါၿပီ။

(၂) ေနာက္တစ္နည္းကေတာ့ ျပည္ႀကီးငါး၊ကင္းမြန္တို႔ကို ေရေသခ်ာေဆးၿပီးတာနဲ႔ ခ်င္း(ဂ်င္း)ကိုေထာင္းထားတဲ့အရည္နဲ႔နယ္ပါ။ ၿပီးမွ ေရေႏြးပြက္ပြက္ဆူထဲကို ခ်င္း(ဂ်င္း)အေနေတာ္၊ ႐ွာလကာရည္ နည္းနည္းထည့္ၿပီး ခဏ ျပဳတ္လိုက္႐ုံနဲ႔ ညႇီနံ႔ကင္းပါၿပီ။

ဒါေတြက ေဆးေၾကာနည္းေတြပါ။ အသားငါးေတြ ခ်က္တာ၊ သုပ္တာနဲ႔ အနံ႔ေပ်ာက္ေအာင္ သုံးဖို႔က် အာ႐ွသားေတြအမ်ားဆုံးသုံးတာ မန္က်ည္းမွည့္ရည္၊ ႐ွမ္းနံနံ၊ တ႐ုတ္နံနံ၊ မဆလာ၊ ပ်ဥ္းေတာ္သိမ္၊ ေ႐ွာက္႐ြက္နဲ႔ ပင္စိမ္း၊ နံနံပင္တို႔ကိုပဲ ဟင္းက်က္ခါနီး အုပ္ခ်က္တာျဖစ္ျဖစ္ ၊အသုပ္ထဲထည့္သုံးတာျဖစ္ျဖစ္ သုံးေပးရပါတယ္။

အသားငါးေတြကို အိုးကပ္ခ်က္ရင္ေတာ့ အေပၚက အေမႊးအႀကိဳင္ေတြအုပ္ၿပီးရင္ င႐ုတ္သီးစိမ္းေတာင့္ေလး ထပ္ထည့္ခ်က္တာနဲ႔ ေမႊးႀကိဳင္သြားေတာ့မွာ အေသခ်ာပါပဲ။ ဆီျပန္ဟင္းခ်က္ၿပီးရင္ေတာ့ နံနံပင္ေလးအုပ္ၿပီး စားရင္ အရသာ႐ွိၿပီး ထမင္းၿမိန္တဲ့ ပင္လယ္စာရပါၿပီ။

ဒီေလာက္ဆို ဘယ္လို အသားငါးပင္လယ္စာေတြကို ဘယ္လိုမညႇီေအာင္ ေဆးေၾကာၿပီး ေမႊးေအာင္ဘယ္လိုခ်က္ရမယ္ဆိုတဲ့ ပင္လယ္စာခ်က္နည္း ေလးေတြကို သိေလာက္ၾကၿပီထင္ပါတယ္။ ဒါဆို အိမ္႐ွင္မတို႔ေရာ ညီမခ်က္တဲ့နည္းအျပင္ မညႇီေအာင္ဘယ္လိုခ်က္ၾကလဲ ေျပာျပသြားပါဦး။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: howtocook

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
(၁၆) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့်ကား အရောင်းပြပွဲကြီး
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service