တစ်မြို့လုံးက လူတွေ အိမ်တစ်လုံးထဲမှာနေ - Property News in Myanmar from iMyanmarHouse.com
757 Views

တစ်မြို့လုံးက လူတွေ အိမ်တစ်လုံးထဲမှာနေ

[Unicode]

တစ်မြို့လုံးက လူတွေဟာ အိမ်တစ်လုံးထဲမှာပဲ အတူတူနေထိုင်ကြတယ်ဆိုတာ တကယ်ပါ။

မြို့အမည်က Whittier ပါ။ အလာစကာ မှာ တည်ရှိပြီး တစ်မြို့လုံး လူဦးရေက ၃၁၈ ယောက်ပါတဲ့။ သူတို့အားလုံးဟာ အဆောက်အဦ တစ်ခုထဲမှာ နေထိုင်ကြပါတယ်။

သူတို့နေတဲ့ အဆောက်အဦကို ၁၉၅၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အထပ် ၁၄ ထပ်ပါရှိပါတယ်။ မူလက စစ်တပ်သုံး အဆောက်အဦဖြစ်ပြီး ခုတော့ သူတို့နေထိုင်ရာနေရာပါ။

ဒီအိမ်ကြီးမှာ ရဲစခန်း၊ ဆေးရုံ အဝတ်လျော်စက်ခန်းနဲ့ ဘုရားရှစ်ခိုးကျောင်းအထိ ပါ​ဝင်ပါတယ်။ အမှန်တော့ Whittier မြို့မှာ မူလက အဆောက်အဦ နှစ်လုံး ရှိခဲ့တာပါ။ တစ်လုံးကို လူမနေပဲ စွန့်ပစ်ထားခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း အလာစကာကို စစ်သားတွေရောက်ရှိလာပြီး ဒီနေရာမှာ စစ်တပ်အတွက် အဆောက်အဦ နှစ်လုံးကို တည်ဆောက်ခဲ့ကြပါတယ်။

၁၉၆၀ ခုနှစ်မှာ စစ်သားတွေထွက်ခွာသွားကြပါတယ်။ Whittier ဟာ ငါးမျှားစရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။

ဒီမြို့ကို သွားရောက်ဖို့ကလဲ ခုချိန်ထိ ခက်ခဲပါတယ်။ ကမ်းခြေကနေ မြို့အထိ ပေ ၁၃၃၀၀ ရှည်တဲ့ တစ်လမ်းသွား လှိုင်ခေါင်းလမ်းတစ်ခုပဲရှိတာပါ။

အရင်က ရထားလမ်း အဖြစ်အသုံးပြုခဲ့တာဖြစ်ပြီး အခုတော့ ကားလမ်းမအဖြစ် သုံးပါတယ်။ လမ်းကိုတစ်ကြိမ်မှာ တစ်နာရီသာ သုံးနိုင်ပြီး ည ၁၀ နာရီခွဲဆို ပိတ်ပါတယ်။

တစ်မြို့လုံးကလူတွေနေတဲ့ အဆောက်အဦကို Begich tower လို့ အမည်ပေးထားပါတယ်။ ထိပ်ဆုံးထပ်ခေါင်မိုးမှာတော့ နံနက်စာ စားနိုင်တဲ့ဆိုင်ဖွင့်ထားပါတယ်။ အတွင်းမှာ John Whittier ဆိုတဲ့ ဟော်တယ်ခန်းလဲဖွင့်ထားပြီး ခရီးသည်တွေနှစ်ခြိုက်တဲ့ အခန်းအပြင်အဆင်တွေရှိပါတယ်။

ဒီနေရာကနေ အလာစကာရဲ့ လှပတဲ့ရှုခင်းတွေကို ခံစားနိုင်ပါတယ်။ မြို့ဘတ်ဂျက်ရဲ့ ၃၈ ရာခိုင်နှုန်းဟာ ခရီးသွားလုပ်ငန်းက ရပါတယ်။ နှစ်စဉ် ဒီမြို့လေးကို ခရီးသည်တင်သင်္ဘော အကြိမ် ၄၀ လောက်လာပါတယ်။

ပထမထပ်မှာ စည်ပင်ဌာန အစားအသောက်ဆိုင် အမှတ်တရ ပစ္စည်းအရောင်းဆိုင်တို့ ရှိပါတယိ။ Whittier ကစာသင်ကောင်းကတော့ သီးသန့်တည်ဆောက်ထားပြီး မူလအဆောက်အဦကြီးနဲ့ မြေအောက်ကနေဆက်သွယ်ထားပါတယ်။

ဒီအိမ်ကြီးထဲက လူတွေဟာ အပြင်ကိုထွက်ဖို့ မလိုအပ်ပါဘူး။ မြေအောက်ခန်းမှာ ဘုရားရှစ်ခိုးကျောင်း နှစ်ခုရှိပြီး တစ်ပါတ်ကိုနှစ်ကြိမ် ဝတ်ပြုဆုတောင်းကြပါတယ်။ တချို့ဆို တစ်နှစ်တာလုံး အပြင်ကို မထွက်ကြပါဘူးတဲ့။ သူတို့လိုချင်တာအားလုံး ဒီအိမ်ကြီးထဲမှာရနိုင်လို့ပါတဲ့။

ဒီအိမ်ကြီးဟာ ဗုံးဒဏ်ခံနိုင်အောင် တည်ဆောက်ခဲ့တာဖြစ်တဲ့အတွက် မြို့လူထုအတွက် အကောင်းဆုံး ခိုနားရာလဲဖြစ်နေပါတယ်။ ဒါ့အပြင် အလာစကာရဲ့ဆိုးရွားတဲ့ ရာသီဥတု ဒဏ်ကိုလဲ ခံနိုင်ရည်ရှိပါတယ်။

အလာစကာမှာ တစ်နှစ်ကို ၆လက မိုးရွာပြီး ၆လက ဆီးနှင်းတွေ ကျပါတယ်။ လေကလဲ တစ်နာရီကို မိုင် ၈၀ လောက်တိုက်လေ့ရှိပါတယ်။ နှင်းတွေဟာ တခါတခါ ၂၂ လက်မထိကျဆင်းပါတယ်။ ဒါပေမဲ့ အိမ်ကြီးထဲမှာတော့ တစ်ခါတလေမှ အနွေးထည်ဝတ်ရပါတယ်။

သူတို့မသုံးတဲ့ တခြားအဆောင်အဦကတော့ Buckner Building ပါ။ သူက ၁၉၆၀ မှာဖြစ်တဲ့ ငလျင်ဒဏ်ကြောင့် ပျက်စီးနေပြီး အထဲမှာ အဆိပ်သင့်နိုင်တဲ့ ကျောက်ဂွမ်းလို အစအန တွေပြန့်ကျဲနေတာပါ။

၂၀၂၂ မှာတော့ ဒီမြို့ကို ခရီးသွားဖို့ အာဏာပိုင်တွေက ခွင့်မပြုတော့ပါဘူး။ အကြောင်းကတော့ Covid-19 တွေ့ရှိမှုကြောင့် ဖြစ်ပါတယ်။ သူတို့အကြောင်းကို အထူးအဆန်းဆုံးမြ်ို့တစ်မြို့ဆိုပြီး စာအုပ်တစ်အုပ်ရေးသာထုတ်ဝေဖူးပါကြောင်း တင်ပြလိုက်ရပါတယ်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hotnewmyanmar

 

 

 

[Zawgyi]

တစ္ၿမိဳ႕လံုးက လူေတြ အိမ္တစ္လံုးထဲမွာေန

 

တစ္ၿမိဳ႕လံုးက လူေတြဟာ အိမ္တစ္လံုးထဲမွာပဲ အတူတူေနထိုင္ၾကတယ္ဆိုတာ တကယ္ပါ။

ၿမိဳ႕အမည္က Whittier ပါ။ အလာစကာ မွာ တည္ရွိၿပီး တစ္ၿမိဳ႕လံုး လူဦးေရက ၃၁၈ ေယာက္ပါတဲ့။ သူတို႔အားလံုးဟာ အေဆာက္အဦ တစ္ခုထဲမွာ ေနထိုင္ၾကပါတယ္။

သူတို႔ေနတဲ့ အေဆာက္အဦကို ၁၉၅၆ ခုႏွစ္မွာ တည္ေဆာက္ခဲ့တာျဖစ္ၿပီး အထပ္ ၁၄ ထပ္ပါရွိပါတယ္။ မူလက စစ္တပ္သံုး အေဆာက္အဦျဖစ္ၿပီး ခုေတာ့ သူတို႔ေနထိုင္ရာေနရာပါ။

ဒီအိမ္ႀကီးမွာ ရဲစခန္း၊ ေဆး႐ုံ အဝတ္ေလ်ာ္စက္ခန္းနဲ႕ ဘုရားရွစ္ခိုးေက်ာင္းအထိ ပါ​ဝင္ပါတယ္။ အမွန္ေတာ့ Whittier ၿမိဳ႕မွာ မူလက အေဆာက္အဦ ႏွစ္လံုး ရွိခဲ့တာပါ။ တစ္လံုးကို လူမေနပဲ စြန္႔ပစ္ထားခဲ့ၾကပါတယ္။

ဒုတိယကမ႓ာစစ္အတြင္း အလာစကာကို စစ္သားေတြေရာက္ရွိလာၿပီး ဒီေနရာမွာ စစ္တပ္အတြက္ အေဆာက္အဦ ႏွစ္လံုးကို တည္ေဆာက္ခဲ့ၾကပါတယ္။

၁၉၆၀ ခုႏွစ္မွာ စစ္သားေတြထြက္ခြာသြားၾကပါတယ္။ Whittier ဟာ ငါးမွ်ားစရာေနရာတစ္ခုျဖစ္လာခဲ့ပါတယ္။

ဒီၿမိဳ႕ကို သြားေရာက္ဖို႔ကလဲ ခုခ်ိန္ထိ ခက္ခဲပါတယ္။ ကမ္းေျခကေန ၿမိဳ႕အထိ ေပ ၁၃၃၀၀ ရွည္တဲ့ တစ္လမ္းသြား လိႈင္ေခါင္းလမ္းတစ္ခုပဲရွိတာပါ။

အရင္က ရထားလမ္း အျဖစ္အသံုးျပဳခဲ့တာျဖစ္ၿပီး အခုေတာ့ ကားလမ္းမအျဖစ္ သံုးပါတယ္။ လမ္းကိုတစ္ႀကိမ္မွာ တစ္နာရီသာ သံုးႏိုင္ၿပီး ည ၁၀ နာရီခြဲဆို ပိတ္ပါတယ္။

တစ္ၿမိဳ႕လံုးကလူေတြေနတဲ့ အေဆာက္အဦကို Begich tower လို႕ အမည္ေပးထားပါတယ္။ ထိပ္ဆံုးထပ္ေခါင္မိုးမွာေတာ့ နံနက္စာ စားႏိုင္တဲ့ဆိုင္ဖြင့္ထားပါတယ္။ အတြင္းမွာ John Whittier ဆိုတဲ့ ေဟာ္တယ္ခန္းလဲဖြင့္ထားၿပီး ခရီးသည္ေတြႏွစ္ၿခိဳက္တဲ့ အခန္းအျပင္အဆင္ေတြရွိပါတယ္။

ဒီေနရာကေန အလာစကာရဲ႕ လွပတဲ့ရႈခင္းေတြကို ခံစားႏိုင္ပါတယ္။ ၿမိဳ႕ဘတ္ဂ်က္ရဲ႕ ၃၈ ရာခိုင္ႏႈန္းဟာ ခရီးသြားလုပ္ငန္းက ရပါတယ္။ ႏွစ္စဥ္ ဒီၿမိဳ႕ေလးကို ခရီးသည္တင္သေဘၤာ အႀကိမ္ ၄၀ ေလာက္လာပါတယ္။

ပထမထပ္မွာ စည္ပင္ဌာန အစားအေသာက္ဆိုင္ အမွတ္တရ ပစၥည္းအေရာင္းဆိုင္တို႔ ရွိပါတယိ။ Whittier ကစာသင္ေကာင္းကေတာ့ သီးသန္႔တည္ေဆာက္ထားၿပီး မူလအေဆာက္အဦႀကီးနဲ႕ ေျမေအာက္ကေနဆက္သြယ္ထားပါတယ္။

ဒီအိမ္ႀကီးထဲက လူေတြဟာ အျပင္ကိုထြက္ဖို႕ မလိုအပ္ပါဘူး။ ေျမေအာက္ခန္းမွာ ဘုရားရွစ္ခိုးေက်ာင္း ႏွစ္ခုရွိၿပီး တစ္ပါတ္ကိုႏွစ္ႀကိမ္ ဝတ္ျပဳဆုေတာင္းၾကပါတယ္။ တခ်ိဳ႕ဆို တစ္ႏွစ္တာလံုး အျပင္ကို မထြက္ၾကပါဘူးတဲ့။ သူတို႕လိုခ်င္တာအားလံုး ဒီအိမ္ႀကီးထဲမွာရႏိုင္လို႕ပါတဲ့။

ဒီအိမ္ႀကီးဟာ ဗံုးဒဏ္ခံႏိုင္ေအာင္ တည္ေဆာက္ခဲ့တာျဖစ္တဲ့အတြက္ ၿမိဳ႕လူထုအတြက္ အေကာင္းဆံုး ခိုနားရာလဲျဖစ္ေနပါတယ္။ ဒါ့အျပင္ အလာစကာရဲ႕ဆိုးရြားတဲ့ ရာသီဥတု ဒဏ္ကိုလဲ ခံႏိုင္ရည္ရွိပါတယ္။

အလာစကာမွာ တစ္ႏွစ္ကို ၆လက မိုးရြာၿပီး ၆လက ဆီးႏွင္းေတြ က်ပါတယ္။ ေလကလဲ တစ္နာရီကို မိုင္ ၈၀ ေလာက္တိုက္ေလ့ရွိပါတယ္။ ႏွင္းေတြဟာ တခါတခါ ၂၂ လက္မထိက်ဆင္းပါတယ္။ ဒါေပမဲ့ အိမ္ႀကီးထဲမွာေတာ့ တစ္ခါတေလမွ အေႏြးထည္ဝတ္ရပါတယ္။

သူတို႔မသံုးတဲ့ တျခားအေဆာင္အဦကေတာ့ Buckner Building ပါ။ သူက ၁၉၆၀ မွာျဖစ္တဲ့ ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးေနၿပီး အထဲမွာ အဆိပ္သင့္ႏိုင္တဲ့ ေက်ာက္ဂြမ္းလို အစအန ေတြျပန္႔က်ဲေနတာပါ။

၂၀၂၂ မွာေတာ့ ဒီၿမိဳ႕ကို ခရီးသြားဖို႔ အာဏာပိုင္ေတြက ခြင့္မျပဳေတာ့ပါဘူး။ အေၾကာင္းကေတာ့ Covid-19 ေတြ႕ရွိမႈေၾကာင့္ ျဖစ္ပါတယ္။ သူတို႕အေၾကာင္းကို အထူးအဆန္းဆံုးၿမိ္ဳ႕တစ္ၿမိဳ႕ဆိုၿပီး စာအုပ္တစ္အုပ္ေရးသာထုတ္ေဝဖူးပါေၾကာင္း တင္ျပလိုက္ရပါတယ္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hotnewmyanmar

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service