အဝတ်လျှော်စက်ဖြင့်အဝတ်လျှော်သူများအတွက် Tips - Property Knowledge in Myanmar from iMyanmarHouse.com
1039 Views

အဝတ်လျှော်စက်ဖြင့်အဝတ်လျှော်သူများအတွက် Tips

Knowledge | Posted by Aye Myat Thu

[Unicode]

ယနေ့ခေတ်ကာလအရ ဇနီးမောင် နှံနှစ်ဦးစလုံး အလုပ်လုပ်မှ အဆင်ပြေ ကြမယ့်အခြေအနေဖြစ်နေတာမို့ အမျိုး သမီးတွေအနေနဲ့ နေ့စဉ် ဝတ်နေတဲ့ အဝတ်တွေကို တစ်နေ့ တစ်ခါ မလျှော် နိုင်တော့ဘဲ တစ်ပတ် တစ်ခါမှ စုပေါင်းပြီး လျှော်ဖွပ်ကြရပါတယ်။ အဝတ်တွေ ပုံနေ တာကြောင့် အများစုက အဝတ်လျှော်စက် ကို အသုံးပြုနေကြပါပြီ။ ဒါကြောင့် အ ဝတ်လျှော်စက်အသုံးပြုရာမှာ သိထား သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါ တယ်။

အဝတ်လျှော်စက်သန့်စင်အောင် ခံတွင်းသန့်ဆေးရည်ကို အသုံးပြုပါ

အဝတ်လျှော်စက်တွေကို ပိုးမွှား ကင်းစင်ပြီး သန့်စင်နေအောင် ပုံမှန် ဆေးကြောသင့်ပါတယ်။ အဝတ်လျှော် စက် သန့်စင်ဖို့အတွက် အထူးပြုလုပ်ထား တဲ့ ဆပ်ပြာမှုန့်တွေ ရှိပေမယ့် ခံတွင်း သန့်စင်ရည်ကိုလည်း လျှော်စက်သန့်ရှင်း ရေးအတွက် အသုံးပြုနိုင်ပါတယ်။ အ ဝတ်လျှော်စက်ထဲက ဆပ်ပြာမှုန့်ထည့်တဲ့ ခွက်ထဲကို ခံတွင်းသန့်စင်ရည် ခွက်တစ် ဝက်စာလောက်ထည့်ပြီး လျှော်စက်ခလုတ်ဖွင့်လိုက်ရုံနဲ့ လျှော်စက်ထဲမှာရှိတဲ့ မှိုတွေ၊ အညစ်အကြေးတွေနဲ့ ဘက်တီး ရီးယားတွေ အားလုံးပျက်စီးသွားပါလိမ့် မယ်။

အတွင်းခံအင်္ကျီနဲ့ ခြေစွပ်တွေကို လျှော်ဖွပ်ဖို့အတွက် သီးသန့်အိတ် အသုံးပြုပါ

အတွင်းခံဘော်လီ (အထူးသဖြင့် သံကိုင်းပါတဲ့အမျိုးအစား)တွေကို အဝတ်လျှော်စက်ထဲ ထည့်လျှော်တဲ့အ ခါမှာ ကိုင်းတွေ ပျက်စီးသွားနိုင်ပါတယ်။ ခြေစွပ်လိုမျိုး သေးငယ်တဲ့အဝတ် အထည်တွေကလည်း အဝတ်လျှော်စက် ထဲမှာ ပျောက်သွားနိုင်ပါတယ်။ ဒါကြောင့် သူတို့ကို သီးသန့်အိတ်ထဲထည့်ပြီးမှ အဝတ်လျှော်စက်ထဲ ထည့်လျှော်ပါ။

သင့်အဝတ်အစားတွေ ဖြူဖွေးစေဖို့ အက်စပရင်ဆေးပြားတချို့ကိုအဝတ် လျှော်စက်ထဲ ထည့်ပါ

အက်စပရင်ဆေးပြားကို အဝတ် လျှော်စက်ထဲထည့်တာက သင့်အဝတ် တွေကို ဖြူဖွေးအောင် ကူညီနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ ဆယ်လီစီလစ်အက်စစ် ကြောင့်ပါ။ ဒါကြောင့် သင်ရဲ့ အင်္ကျီအဖြူ တွေ ဝါကြန့်ကြန့်ဖြစ်နေရင် အဝတ်လျှော် စက်ထဲကို အက်စပရင်ဆေးဝါးတချို့ ထည့်ပြီး လျှော်လိုက်ပါ။

အဝတ်ကို အလွန်အမင်းခြောက်သွေ့ အောင် မလှန်းပါနဲ့

အဝတ်က ခြောက်သွေ့လွန်းရင် မီးပူတိုက်ရ ခက်ခဲသွားနိုင်ပါတယ်။ စို ထိုင်းထိုင်းလေးဖြစ်နေပါမှ မီးပူတိုက်ရာ မှာ ခေါက်ရာတွန့်ရာတွေ ပျောက်ကင်း သွားနိုင်ပါတယ်။ သင့်အဝတ်က ခြောက် သွေ့လွန်းနေရင် အဝတ်ကို ရေအနည်း ငယ်ဖျန်းပြီးမှ မီးပူတိုက်ပါ။

ရေလျှော်ရာမှာ ကျုံ့သွားတဲ့အဝတ် အစားတွေအတွက် ကလေးခေါင်း လျှော်ရည်ကို အသုံးပြုပါ

ကလေးခေါင်းလျှော်ရည် ဒါမှမ ဟုတ် ကွန်ဒီရှင်နာတွေက ကျုံ့သွားတဲ့ အဝတ်အစားတွေကို နဂိုပုံမှန်အရွယ်အ စားဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။ ရေ နွေးဇလုံထဲမှာ ကလေးခေါင်းလျှော်ရည် ဒါမှမဟုတ် ဆံပင်ပျော့ဆေး အနည်းငယ် ထည့်ပြီး ကျုံ့နေတဲ့အဝတ်အစားကို ၁၀-၁၅ မိနစ်ခန့် စိမ်ပေးပါ။ ပြီးရင် မျက် နှာသုတ်ပဝါနဲ့ အခြောက်ခံပြီး မီးပူနဲ့ အဝတ်ကို ကန့်လန့်ဖြတ်ဆွဲတိုက်ပါ။

အဝတ်အစားတွေကို အရောင်ရွေးပြီး သတ်သတ်စီ မလျှော်ပါနဲ့၊ အထူအပါး ရွေးပြီး သတ်သတ်စီ လျှော်ပါ

ထူတဲ့အဝတ်တွေက ပါးတဲ့အဝတ် တွေထက် ရေကို ပိုမိုစုပ်ယူနိုင်ပါတယ်။ ဒါကြောင့် အဝတ်အထူတွေနဲ့ အပါးတွေ ကို အတူတူတွဲလျှော်ရင် အဝတ်အပါး တွေက အလွယ်တကူ ပျက်စီးသွားနိုင်ပါ တယ်။ ဒါပေမဲ့လည်း အဖြူရောင်အဝတ် အထည်တွေကိုတော့ သီးသန့်လျှော်ဖွပ် သင့်ပါတယ်။ အဝတ်လျှော်တဲ့ရေက လည်း အရမ်းမပူလွန်းရပါဘူး။ ရေပူလွန်း တာကြောင့် အဝတ်အစားရဲ့အရောင်တွေ လွင့်ပြယ်သွားနိုင်ပါတယ်။

အဝတ်အစားပေါ်က မိတ်ကပ်တွေ ဖျက်ဖို့အတွက် မုတ်ဆိတ်ရိတ်ခရင်မ် ကို အသုံးပြုပါ

တချို့မိတ်ကပ်နဲ့ နှုတ်ခမ်းနီအမျိုး အစားတွေက အဝတ်အစားမှာ စွန်းထင်း ကျန်ရစ်ခဲ့တတ်ပါတယ်။ သူတို့ကို ဖျက်ဖို့ အတွက် အစွန်းအထင်းပေါ်မှာ မုတ် ဆိတ်ရိတ်ခရင်မ်ကို သုတ်လိမ်းပြီး လျှော် ဖွပ်လိုက်ပါ။

ဦးထုပ်တွေကို အဝတ်လျှော်စက်နဲ့ မလျှော်ပါနဲ့

အဝတ်လျှော်စက်ထဲကို ဦးထုပ် ထည့်လျှော်ရင် ဦးထုပ်ရဲ့ ပုံပန်းသဏ္ဌာန် ပျက်စီးသွားနိုင်ပါတယ်။

ညစ်ပေနေတဲ့ခြေစွပ်တွေကို လျှော် ဖွပ်ဖို့အတွက် ရေအေးအသုံးပြုပါ

ညစ်ပတ်နေတဲ့ခြေစွပ်တွေကို ရေ နွေးနဲ့လျှော်ဖွပ်ရင် ဖုန်တွေက ခြေစွပ်ထဲ မှာ ကပ်ငြိပြီး ကျန်ရစ်နိုင်ပါတယ်။

တီရှပ်ပေါ်က စွန်းထင်းရာတွေကို ဖျက်ဖို့ ဆံပင်ခြောက်စက်ကို အသုံး ပြုပါ

တီရှပ်ပေါ်မှာ ရွှံ့ဗွက်ရာတွေ ဒါမှ မဟုတ် ဖျော်ရည်တွေ စွန်းနေရင် သူတို့ ကို ဆံပင်ခြောက်စက်နဲ့ အခြောက်ခံပြီး စွန်းထင်းရာပေါ် ဆပ်ပြာမှုန့်သုတ်ထား လိုက်ပါ။ ပြီးရင် လျှော်စက်ထဲကို ထည့် ပြီး လျှော်ဖွပ်လိုက်ပါ။ အစွန်းအထင်းကို အခြောက်ခံလိုက်တာကြောင့် ဆပ်ပြာမှုန့်က ပိုမိုထိရောက်စွာ သန့်စင်ပေးနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ဒေါက်တာခင်မိုးမိုး

 

[Zawgyi]

အဝတ္ေလွ်ာ္စက္ျဖင့္အဝတ္ေလွ်ာ္သူမ်ားအတြက္ Tips

 

ယေန႔ေခတ္ကာလအရ ဇနီးေမာင္ ႏွံႏွစ္ဦးစလုံး အလုပ္လုပ္မွ အဆင္ေျပ ၾကမယ့္အေျခအေနျဖစ္ေနတာမို႔ အမ်ိဳး သမီးေတြအေနနဲ႔ ေန႔စဥ္ ဝတ္ေနတဲ့ အဝတ္ေတြကို တစ္ေန႔ တစ္ခါ မေလွ်ာ္ ႏိုင္ေတာ့ဘဲ တစ္ပတ္ တစ္ခါမွ စုေပါင္းၿပီး ေလွ်ာ္ဖြပ္ၾကရပါတယ္။ အဝတ္ေတြ ပုံေန တာေၾကာင့္ အမ်ားစုက အဝတ္ေလွ်ာ္စက္ ကို အသုံးျပဳေနၾကပါၿပီ။ ဒါေၾကာင့္ အ ဝတ္ေလွ်ာ္စက္အသုံးျပဳရာမွာ သိထား သင့္တဲ့ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါ တယ္။

အဝတ္ေလွ်ာ္စက္သန္႔စင္ေအာင္ ခံတြင္းသန္႔ေဆးရည္ကို အသုံးျပဳပါ

အဝတ္ေလွ်ာ္စက္ေတြကို ပိုးမႊား ကင္းစင္ၿပီး သန္႔စင္ေနေအာင္ ပုံမွန္ ေဆးေၾကာသင့္ပါတယ္။ အဝတ္ေလွ်ာ္ စက္ သန္႔စင္ဖို႔အတြက္ အထူးျပဳလုပ္ထား တဲ့ ဆပ္ျပာမႈန္႔ေတြ ႐ွိေပမယ့္ ခံတြင္း သန္႔စင္ရည္ကိုလည္း ေလွ်ာ္စက္သန္႔႐ွင္း ေရးအတြက္ အသုံးျပဳႏိုင္ပါတယ္။ အ ဝတ္ေလွ်ာ္စက္ထဲက ဆပ္ျပာမႈန္႔ထည့္တဲ့ ခြက္ထဲကို ခံတြင္းသန္႔စင္ရည္ ခြက္တစ္ ဝက္စာေလာက္ထည့္ၿပီး ေလွ်ာ္စက္ခလုတ္ဖြင့္လိုက္႐ုံနဲ႔ ေလွ်ာ္စက္ထဲမွာ႐ွိတဲ့ မိႈေတြ၊ အညစ္အေၾကးေတြနဲ႔ ဘက္တီး ရီးယားေတြ အားလုံးပ်က္စီးသြားပါလိမ့္ မယ္။

အတြင္းခံအက်ႌနဲ႔ ေျခစြပ္ေတြကို ေလွ်ာ္ဖြပ္ဖို႔အတြက္ သီးသန္႔အိတ္ အသုံးျပဳပါ

အတြင္းခံေဘာ္လီ (အထူးသျဖင့္ သံကိုင္းပါတဲ့အမ်ိဳးအစား)ေတြကို အဝတ္ေလွ်ာ္စက္ထဲ ထည့္ေလွ်ာ္တဲ့အ ခါမွာ ကိုင္းေတြ ပ်က္စီးသြားႏိုင္ပါတယ္။ ေျခစြပ္လိုမ်ိဳး ေသးငယ္တဲ့အဝတ္ အထည္ေတြကလည္း အဝတ္ေလွ်ာ္စက္ ထဲမွာ ေပ်ာက္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ သူတို႔ကို သီးသန္႔အိတ္ထဲထည့္ၿပီးမွ အဝတ္ေလွ်ာ္စက္ထဲ ထည့္ေလွ်ာ္ပါ။

သင့္အဝတ္အစားေတြ ျဖဴေဖြးေစဖို႔ အက္စပရင္ေဆးျပားတခ်ိဳ႕ကိုအဝတ္ ေလွ်ာ္စက္ထဲ ထည့္ပါ

အက္စပရင္ေဆးျပားကို အဝတ္ ေလွ်ာ္စက္ထဲထည့္တာက သင့္အဝတ္ ေတြကို ျဖဴေဖြးေအာင္ ကူညီႏိုင္ပါတယ္။ သူ႕မွာပါဝင္တဲ့ ဆယ္လီစီလစ္အက္စစ္ ေၾကာင့္ပါ။ ဒါေၾကာင့္ သင္ရဲ႕ အက်ႌအျဖဴ ေတြ ဝါၾကန္႔ၾကန္႔ျဖစ္ေနရင္ အဝတ္ေလွ်ာ္ စက္ထဲကို အက္စပရင္ေဆးဝါးတခ်ိဳ႕ ထည့္ၿပီး ေလွ်ာ္လိုက္ပါ။

အဝတ္ကို အလြန္အမင္းေျခာက္ေသြ႕ ေအာင္ မလွန္းပါနဲ႔

အဝတ္က ေျခာက္ေသြ႕လြန္းရင္ မီးပူတိုက္ရ ခက္ခဲသြားႏိုင္ပါတယ္။ စို ထိုင္းထိုင္းေလးျဖစ္ေနပါမွ မီးပူတိုက္ရာ မွာ ေခါက္ရာတြန္႔ရာေတြ ေပ်ာက္ကင္း သြားႏိုင္ပါတယ္။ သင့္အဝတ္က ေျခာက္ ေသြ႕လြန္းေနရင္ အဝတ္ကို ေရအနည္း ငယ္ဖ်န္းၿပီးမွ မီးပူတိုက္ပါ။

ေရေလွ်ာ္ရာမွာ က်ံဳ႕သြားတဲ့အဝတ္ အစားေတြအတြက္ ကေလးေခါင္း ေလွ်ာ္ရည္ကို အသုံးျပဳပါ

ကေလးေခါင္းေလွ်ာ္ရည္ ဒါမွမ ဟုတ္ ကြန္ဒီ႐ွင္နာေတြက က်ံဳ႕သြားတဲ့ အဝတ္အစားေတြကို နဂိုပုံမွန္အ႐ြယ္အ စားျဖစ္ေအာင္ ျပဳလုပ္ႏိုင္ပါတယ္။ ေရ ေႏြးဇလုံထဲမွာ ကေလးေခါင္းေလွ်ာ္ရည္ ဒါမွမဟုတ္ ဆံပင္ေပ်ာ့ေဆး အနည္းငယ္ ထည့္ၿပီး က်ံဳ႕ေနတဲ့အဝတ္အစားကို ၁၀-၁၅ မိနစ္ခန္႔ စိမ္ေပးပါ။ ၿပီးရင္ မ်က္ ႏွာသုတ္ပဝါနဲ႔ အေျခာက္ခံၿပီး မီးပူနဲ႔ အဝတ္ကို ကန္႔လန္႔ျဖတ္ဆြဲတိုက္ပါ။

အဝတ္အစားေတြကို အေရာင္ေ႐ြးၿပီး သတ္သတ္စီ မေလွ်ာ္ပါနဲ႔၊ အထူအပါး ေ႐ြးၿပီး သတ္သတ္စီ ေလွ်ာ္ပါ

ထူတဲ့အဝတ္ေတြက ပါးတဲ့အဝတ္ ေတြထက္ ေရကို ပိုမိုစုပ္ယူႏိုင္ပါတယ္။ ဒါေၾကာင့္ အဝတ္အထူေတြနဲ႔ အပါးေတြ ကို အတူတူတြဲေလွ်ာ္ရင္ အဝတ္အပါး ေတြက အလြယ္တကူ ပ်က္စီးသြားႏိုင္ပါ တယ္။ ဒါေပမဲ့လည္း အျဖဴေရာင္အဝတ္ အထည္ေတြကိုေတာ့ သီးသန္႔ေလွ်ာ္ဖြပ္ သင့္ပါတယ္။ အဝတ္ေလွ်ာ္တဲ့ေရက လည္း အရမ္းမပူလြန္းရပါဘူး။ ေရပူလြန္း တာေၾကာင့္ အဝတ္အစားရဲ႕အေရာင္ေတြ လြင့္ျပယ္သြားႏိုင္ပါတယ္။

အဝတ္အစားေပၚက မိတ္ကပ္ေတြ ဖ်က္ဖို႔အတြက္ မုတ္ဆိတ္ရိတ္ခရင္မ္ ကို အသုံးျပဳပါ

တခ်ိဳ႕မိတ္ကပ္နဲ႔ ႏႈတ္ခမ္းနီအမ်ိဳး အစားေတြက အဝတ္အစားမွာ စြန္းထင္း က်န္ရစ္ခဲ့တတ္ပါတယ္။ သူတို႔ကို ဖ်က္ဖို႔ အတြက္ အစြန္းအထင္းေပၚမွာ မုတ္ ဆိတ္ရိတ္ခရင္မ္ကို သုတ္လိမ္းၿပီး ေလွ်ာ္ ဖြပ္လိုက္ပါ။

ဦးထုပ္ေတြကို အဝတ္ေလွ်ာ္စက္နဲ႔ မေလွ်ာ္ပါနဲ႔

အဝတ္ေလွ်ာ္စက္ထဲကို ဦးထုပ္ ထည့္ေလွ်ာ္ရင္ ဦးထုပ္ရဲ႕ ပုံပန္းသဏၭာန္ ပ်က္စီးသြားႏိုင္ပါတယ္။

ညစ္ေပေနတဲ့ေျခစြပ္ေတြကို ေလွ်ာ္ ဖြပ္ဖို႔အတြက္ ေရေအးအသုံးျပဳပါ

ညစ္ပတ္ေနတဲ့ေျခစြပ္ေတြကို ေရ ေႏြးနဲ႔ေလွ်ာ္ဖြပ္ရင္ ဖုန္ေတြက ေျခစြပ္ထဲ မွာ ကပ္ၿငိၿပီး က်န္ရစ္ႏိုင္ပါတယ္။

တီ႐ွပ္ေပၚက စြန္းထင္းရာေတြကို ဖ်က္ဖို႔ ဆံပင္ေျခာက္စက္ကို အသုံး ျပဳပါ

တီ႐ွပ္ေပၚမွာ ႐ႊံ႕ဗြက္ရာေတြ ဒါမွ မဟုတ္ ေဖ်ာ္ရည္ေတြ စြန္းေနရင္ သူတို႔ ကို ဆံပင္ေျခာက္စက္နဲ႔ အေျခာက္ခံၿပီး စြန္းထင္းရာေပၚ ဆပ္ျပာမႈန္႔သုတ္ထား လိုက္ပါ။ ၿပီးရင္ ေလွ်ာ္စက္ထဲကို ထည့္ ၿပီး ေလွ်ာ္ဖြပ္လိုက္ပါ။ အစြန္းအထင္းကို အေျခာက္ခံလိုက္တာေၾကာင့္ ဆပ္ျပာမႈန္႔ က ပိုမိုထိေရာက္စြာ သန္႔စင္ေပးႏိုင္ပါ တယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: goodhealth (ေဒါက္တာခင္မိုးမိုး)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service