မြေနိမိတ် - Property Knowledge in Myanmar from iMyanmarHouse.com
684 Views
မြေနိမိတ်
Knowledge | Posted by Si Thu Aung
[Unicode]
လူတို့သည် ရေခံမြေခံကောင်းသော အရပ်၌သာ နေလိုကြ၏ နေထိုင်အပ်၏။ ရေခံမြေခံ အနေမှန်မှ လောက၌ စီးပွားချမ်းသာ ကြွယ်ဝ၏။ ရေခံမြေခံ မကောင်းသော အရပ်၌နေသော် ဆင်းရဲမွဲတေတတ်၏။ အကယ်၍ ကြီးပွားပါကလည်း မမြဲတတ်၊ အကျိုးမပေးတတ်ချေ။ ကောင်းမြတ်သော မြေအရပ်၌ နေထိုင်ရမူ ကြီးပွားချမ်းသာခြင်း၊ ကျော်စောကိတ္တိရှိခြင်းတို့နှင့် ပြည့်စုံရ၏။ မကောင်းသောအရပ်၌ နေခြင်းငှာ မသင့်၊ အကျိုးမပေး တတ်ချေ။၎င်းတို့ကား-
(၁) မြေ၏မျက်နှာပြင်။ ။ စည်၏မျက်နှာကဲ့သို့ ညီညွတ်သောမြေ၊ အရှေ့သို့လည်းကောင်း၊ တောင်သို့ လည်းကောင်း၊ အရှေ့မြောက်သို့လည်းကောင်း၊ အရှေ့တောင်သို့လည်းကောင်း၊ ရေစီးရှိသော မြေသည် ကောင်းမြတ်၏။ ဆန့်ကျင်ဘက်အားဖြင့် အနောက်သို့လည်းကောင်း၊ အနောက်တောင်သို့လည်းကောင်း၊ အနောက်မြောက်သို့လည်းကောင်း၊ ရေစီးရှိသောမြေနှင့် ကုန်းကျင်းရှိသော မြေသည် မကောင်း။
ကုန်းဆုံးသောအရပ်၌ မြို့/ရွာ မတည်အပ်။ ထိုအရပ်၌ နေသောသူတို့သည် ဆင်းရဲပျက်စီးတတ်၏။ ပြန့်ပြူး ညီညာသော အရပ်၌ နေသောသူတို့သည် မညီညွတ်သော စိတ်ဓာတ်ရှိကုန်၏။ ကြမ်းတမ်းသော စရိုက်နှင့် ကြမ်းတမ်းသော စိတ်ရှိတတ်၏။ များစွာအကျိုးမပေးတတ်။
ကုန်းတစ်ဝက်၊ ကျင်းဖက်ရှိသော ဝန်းခြံတို့၌မနေအပ်။ ပျက်စီးခြင်း၊ မွဲတေခြင်း၊ ဆင်းရဲခြင်းဖြစ်ကုန်၏။
(၂) သာသနာ၊ သုဿန်မြေ။ ။ ဘုရားမြေ၊ ကျောင်းမြေ၊ သံဃိကမြေနှင့် သုဿန်မြေ၌လည်း မနေအပ်။ ပျက်စီးပြုန်းတီးခြင်း၊ အရှိန်အဝါမဲ့ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ဖြစ်တတ်၏။ ဘုရားမြေစသည်တို့မှာ လူတို့နှင့် မထိုက်တန်၍ ဖြစ်သည်။ သုဿန်မြေကား ယုတ်နိမ့်၍ ဖြစ်သည်။
(၃) အခြား။ ။ဆီဆုံပြုဖူးသော မြေနေရာ၊ မောင်းဆုံပြုဖူးသော မြေနေရာ၌ အိမ်ဆောက်၍ မနေအပ်၊ ပျက်စီးပြုန်းတီးတတ်၏။ လယ်ယာမြေဥပဒေများနှင့် အခြားစာစုများ စာ-၁၈၂မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
မြေနိမိတ်
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
Upcoming Property Events
From 10 May To 11 May
Mingalar Market
From 10 May To 11 May
Magical World Apartment
Mingalar Market
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service