မိသားစုတိုင်း တစ်ပင်တော့ ပိုင်ဆိုင်သင့်တဲ့ အပင် - Property Knowledge in Myanmar from iMyanmarHouse.com
1249 Views

မိသားစုတိုင်း တစ်ပင်တော့ ပိုင်ဆိုင်သင့်တဲ့ အပင်

Knowledge | Posted by Hnin Ei Khin

[Unicode]

အာဖရိကမှာ ဒီအပင်ကို “Tree of Life” လို့ခေါ်ပြီး၊ အနောက်တိုင်းသားတွေက “Miracle Tree” လို့ခေါ်ကြတယ်။

အာဖရိကတောင်ပိုင်း၊ လင်ပိုပို (Limpopo) ဆိုတဲ့ပြည်နယ်မှာ၊ တူးဆန် (Tooseng) ဆိုတဲ့ရွာလေးရှိတယ်။ အာဖရိကဆိုတော့ သိတဲ့အတိုင်းပဲ။ မိုးခေါင်ရေရှား၊ စားစရာရှားပါးတယ်။ အဟာရ ချို့တဲ့ကြတယ်။ ဒီဒါဏ်ကို ကလေးငယ်တွေ နှင့် သက်ကြီးတွေက ခါးစီးခံနေရတယ်။ သူတို့ရွာက ကလေးတွေမှာ အဟာရချို့တဲ့ မှုရောဂါတွေက မိခင်တွေ၊ ဖွားအေတွေ အတွက် ပြဿနာကြီးကြီးတစ်ရပ်ဖြစ်နေတယ်။

၂၀၀၀ ခုနှစ်မတိုင်ခင်က အာဖရ်ိကမှာ ဒီအပင် အကြောင်းကို သိပ်မသိကြသေး။ မက်သဘတ်သာ (Mathabatha) ဆိုတဲ့ အမျိုးသမီးဟာ ဒီအပင်အကြောင်းကို စပြီးကြားဖူးခဲ့တာ။ ရွာရဲ့ ဘာသာရေးဆရာ၊ ဂေါပကလူကြီးဆိုပါတော့၊ သူကပြောပြလို့ပေါ့။ ကလေးတွေ အဟာရချို့တဲ့ အကြောင်း သူ့ရှေ့မှာ ညီးတွားမိရာက ဒီအပင်အကြောင်း ဂေါပကလူကြီးက သူ့ကိုပြောပြခဲ့တာ။ မာလာဝီနယ်မှာတော့ ဒီအပင်က စိုက်ပျိုးဖြစ်ထွန်းနေသတဲ့။ သူတို့ဆီမှာရော ဖြစ်ပါ့မလားပေါ့။ သိတဲ့အတိုင်း မြေကညံ့၊ မိုးကခေါင်လို့ ဘာပင်မှ မဖြစ်တဲ့ နေရာမဟုတ်လား။ ဒါနဲ့ သူနည်းနည်း ထပ်ပြီး လေ့လာကြည့်တော့ ဖြစ်နိုင်သားပဲ ဆိုတာ သိလာတယ်။ ဒီ အပင်က အတော်ညံ့တဲ့ မြေမှာလည်း ဖြစ်တာပဲတဲ့။ ရေ နည်းနည်းပဲ ရလည်း ဖြစ်တာပဲတဲ့။ ဒူပေဒါပေ ပစ်ထားလည်း ရှင်တဲ့ အမျိုးပေါ့။

ပေါပေါပဲပဲ စိုက်သလိုဖြစ်ပေမယ့် နယ်နယ်ရရတော့ မဟုတ်ပြန်ဘူး။ သူ့အရွက်မှာ Vitamin C က လိမ္မော်သီးထက် ၇ ဆများသတဲ့။ Vitamin A က မုန်လာဥနီထက် ၄ ဆ။ Potassium ဓါတ်က ငှက်ပျော်သီးထက် ၃ ဆ။ Calcium ဓါတ်က နို့မှာပါတာရဲ့ ၄ ဆ။ Protein အသားဓါတ်က ဒိန်ချဉ်မှာပါတာထက် ၂ ဆ ပိုများတာဆိုပဲ။

ဟန်ကျပြီပေါ့။ သူတို့ဆီမှာ မိသားစု အတော်များများဆိုတာ အသားတို့၊ အသီးအရွက်တို့ စားရဖို့ရာ အတော်ခက်ခဲကြတာကိုး။ ဒါကြောင့်လည်း ကလေးတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အသိဉာဏ်ပိုင်းဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ဗိုက်တာမင်တို့ သတ္တုဓါတ်တို့ ဆိုတာ မရကြတာက အများသား။ လူကြီးတွေ အတွက်ကျတော့ ဒါတွေက သက်စောင့်ဓါတ်တွေ မဟုတ်လား။

ဒါနဲ့ မက်သဘတ်သာ တစ်ယောက် ရွာထဲက ကလေးအမေတွေကို လှည့်စည်းရုံးတော့တာပဲတဲ့။ မပေါက်လည်း အရင်းပေါ့အေ…၊ ပေါက်တော့လည်း ကလေးတွေဖို့ စားစရာရ မနည်းဘူးပေါ့။ ဒါနဲ့ ကပ္ပလီမ တစ်သိုက် ထွန်ကြ၊ ယက်ကြ၊ စိုက်ကြ၊ ပျိုးကြ ပေါ့။ ၂၀၀၅ ခုနှစ် ထဲမှာ သူတို့ အပင် ၁၅၀၀ လောက် စိုက်လိုက်ကြတယ်။ ဘာမှ စိုက်မဖြစ်တော့ မြေလွတ်က ပေါတာကိုး။ ကံကောင်းတာက ဒီ အပင်ကလည်း ပေါက်တာပဲတဲ့။ ဒီလောက် အဆီအနှစ်မရှိ ခြောက်သွေ့တဲ့နေရာမှာ ပေါက်တာဆိုတော့ သူတို့အတွက်က ဘုရားပေးတဲ့ ပဒေသာပင်ဆိုရလေမလား။

စိုက်ပြီး ၁ လ ကျော်တာနဲ့ အရွက်ခူးစားလို့က ရနေပါပြီ။ အရွက်တွေခူး။ အခြောက်လှမ်း။ အမှုန့်ကြိတ်ပြီး ကလေးတွေ အတွက် အဓိကစားစရာအဖြစ် ထည့်ကျွေးကြတာပဲတဲ့။ အဲဒီလို ကျွေးတယ်ဆိုရင်ပဲ၊ နဂိုက သေးကွေးခြောက်ကပ်ပိန်လှီနေတဲ့ကလေးတွေဟာ သိသိသာသာ ဖွံ့ဖြိုးစိုပြေလာကြပါတော့တယ်။

အမယ် ဘယ်လောက်များ အောင်မြင်သလဲဆို မက်သဘတ်သာ တစ်ယောက် ၂၀၁၀ မှာ တောင်အာဖရိကအစိုးရကပေးတဲ့ Female Entrepreneur of the Year ဆုတွေဘာတွေရပြီး နာမည်ကိုကြီးရော။ တကယ်တော့ ဒီအပင်က ကျနော်တို့ မြန်မာတွေနဲ့ မစိမ်းပါဘူး။ တစ်သက်လုံးက အထင်လည်းမကြီးခဲ့တဲ့ အပင်ပါ။ ဒါကတော့ ဒန့်ဒလွန် ပင်ပါပဲ။ မက်သဘတ်သာ တစ်ယောက် ဒီ ဒန့်ဒလွန်ရွက်တစ်မျိုးတည်းနဲ့ အာဖရိက ကလေးတွေရဲ့ အဟာရချို့တဲ့မှုပြဿနာကို ဖြေရှင်းနိုင်ခဲ့ရာကနေ ဒီဇာတ်လမ်းဖြစ်ခဲ့တာပေါ့။

နောက်တော့ သူက All-women Organization ဆိုပြီး အဖွဲ့တွေထောင်တယ်။ ဒန့်ဒလွန်ပင်တွေ တောထအောင် စိုက်တယ်။ အသားမစားနိုင်၊ ဟင်းသီးဟင်းရွက် မဝယ်နိုင်တဲ့ ကပ္ပလီတွေ ဒန့်ဒလွန်အရွက်၊ အသီး ချည်းသာလှိမ့်စားကြတာပဲတဲ့။ ရွာက ကလေး လူကြီးအစုံလည်း စိုပြေနုထွားလာတာပေါ့။ သူလည်း ကြော်ငြာစရိတ်မကုန်ပဲ၊ ရွာသားတွေပြပြီး ကမ႓ာအနံ့ကို ဒန့်ဒလွန်ရွက်အမှုန့်တွေ ရောင်းစားခွင့် ရလာတာပေါ့။

၂၀၁၁ ဒေတာအရ၊ သူတို့ All-women Organization က ဒန့်ဒလွန်ရွက်ရောင်းပြီး ဆင်းရဲသား မိသားစုပေါင်း ၃၀၀ ကျော် နှင့် မိဘမဲ့ ကလေး ၃၅၀ ကျော် ကို ထောက်ပံ့ပေးနိုင်နေပြီ။ နောက်ထပ် အပင်ပေါင်း ၃၀၀၀ ကျော်လည်း ထပ်စိုက်ထားပါတယ်။ Google မှာ Mavis Mathabatha အကြောင်းကို ရှာဖတ်လို့ ရပါတယ်။ သူ့တည်ထောင်တဲ့ All-women Organization က သူတို့ ဘာသာနဲ့ Sedikong sa Lerato ဆိုပြီး ရှာကြည့်ရင် တွေ့ပါတယ်။

Mavis Mathabatha ကိစ္စလူသိများလာတော့ University of Fort Hare က ပညာရှင်တွေ အာဖရိကကိုပြေးကြည့်ကြတာပေါ့။ ခါတိုင်း မဲခြောက်ပိန်ကပ်နေတဲ့သူတွေ ခုတော့ စိုပြေဖွံ့ထွားနေတာ လက်တွေ့ မြင်ရတော့ ယုံကြပြီလေ။ ရွာသားတွေကလည်း တစ်ယောက် တစ်ပေါက် ဒန့်ဒလွန်အစွမ်း အံ့မခန်းကို ပြောပြကြတာပေါ့။ ဒါနဲ့ ဒန့်ဒလွန်ရွက်တွေ ခူးပြီး University of Fort Hare ကိုပြန်ကြပါရော။

၂၀၁၁ မှာ၊ သုတေသနစာတမ်းတစ်စောင် ထွက်လာခဲ့တယ်။ Mathabatha တို့ ရွာကလူတွေ ဒီလိုစိုပြေထွန်းကားလာတာ တခြားကြောင့်မဟုတ်၊ ဒန့်ဒလွန်ရွက်ကို အမှုန့်ကြိတ်စားလို့ ပါပဲတဲ့။ ဒန့်ဒလွန်ရွက်ထဲမှာက လူတစ်ယောက်အတွက် လိုအပ်တဲ့ အဟာရဓါတ်တွေရဲ့ အားလုံးနီးပါး ပါနေတာလို့ဆိုတယ်။ ဒါ့အပြင် ရောဂါကာကွယ်တဲ့ သက်စောင့်ဓါတ်တွေကလည်း အလွန်ပေါသတဲ့။ ဝမ်းသာဖို့အကောင်းဆုံးသတင်းက သူ့ဆီမှာ ကင်ဆာကာကွယ်တဲ့ Antioxidant တွေ အများကြီးပါတယ်။ သူ့တစ်မျိုးတည်းစားပြီး နေမယ်ဆိုရင်တောင် ကျန်းကျန်းမာမာ အသက်ရှည်နိုင်ပါတယ်တဲ့။ သူက ဆေးမဟုတ်ပဲ၊ အစာလို စားနိုင်တာက တခြား ဆေးဖက်ဝင်အပင်တွေထက် သာတဲ့ အချက်ပါပဲ။

ခုချိန်မှာတော့ All-women Organization ဟာ ဒန့်ဒလွန်ရွက် အော်ဒါတွေကို မနိုင်မနင်းဖြစ်နေပါပြီတဲ့။ အရင်က အရွက်ခြောက်ကို ဆုံနဲ့ထောင်းကြတာ၊ အခုတော့ မထောင်းနိုင်တော့လို့ အမှုန့်ကြိတ်စက်ရုံတည်ထားရပါသတဲ့။ သူတို့ဆီမှ အဟာရချို့တဲ့နေတဲ့ ကလေးတွေ မရှိခဲ့တာတော့ ကြာပြီပေါ့။ အာဖရိကမှာ ဒီအပင်ကို “Tree of Life” လို့ခေါ်ပြီး၊ အနောက်တိုင်းသားတွေက “Miracle Tree” လို့ခေါ်ကြတယ်။ ဒန့်ဒလွန်ရွက်ကို “Superfood” လို့ သမုတ်ကြတယ်။

ကဲ။ ကျနော်ကတော့ ကိုဗစ်ကြောင့် ဝင်ငွေမရှိလည်း သိပ်မပူတော့ဘူး။ စစ်ကြီးဖြစ်လည်း ကျရာကဏ္ဍကနေ အားပေးဖို့သာရှိတယ်။ ဆန်တွေ ဆီတွေ ပြေးမဝယ်တော့ဘူး။ ခြံထဲမှာ ဒန့်ဒလွန် အပင် ၅၀၀ ရှိတယ်။ ဒီတစ်မျိုးထဲစားလည်း အသက်မသေသည့်အပြင်၊ အလှတောင် မပျက်ဘူးဆိုတာ သေချာနေဟာပဲလေ..။

ကျနော့ မိတ်ဆွေများလည်း နေရာလေးရှိရင် စိုက်ထားကြည့်ဖို့ တိုက်တွန်းပါတယ်။ ၆ လ ဆို ပန်းပွင့် အသီး သီးပြီ။ အရွက်ကတော့ ၂ လ သားဆို စားရပြီ။ ဖြတ်စားလေ ကိုင်းထွက်လေ နုလေပဲ။ မိသားတစ်စုမှာ တစ်ပင်တော့ ရှိသင့်တဲ့ အပင်မို့ပါ။ ဒါက ပျိုးပင်ရောင်းတဲ့ ပိုစ့်တော့ မဟုတ်ဘူးနော်…။ အပင်စိုက်ခိုင်းတာပါ။

မိတ်ဆွေကောင်းအသိုင်းအဝိုင်း နှင့် ကိုယ်ခံအားဆိုတာ နေ့ချင်းညချင်း တည်ဆောက်လို့ မရနိုင်ဘူး မဟုတ်လား..။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: monywanews

 

 

[Zawgyi]

မိသားစုတိုင္း တစ္ပင္ေတာ့ ပိုင္ဆိုင္သင့္တဲ့ အပင္

 

အာဖရိကမွာ ဒီအပင္ကို “Tree of Life” လို႔ေခၚၿပီး၊ အေနာက္တိုင္းသားေတြက “Miracle Tree” လို႔ေခၚၾကတယ္။

အာဖရိကေတာင္ပိုင္း၊ လင္ပိုပို (Limpopo) ဆိုတဲ့ျပည္နယ္မွာ၊ တူးဆန္ (Tooseng) ဆိုတဲ့႐ြာေလး႐ွိတယ္။ အာဖရိကဆိုေတာ့ သိတဲ့အတိုင္းပဲ။ မိုးေခါင္ေရ႐ွား၊ စားစရာ႐ွားပါးတယ္။ အဟာရ ခ်ိဳ႕တဲ့ၾကတယ္။ ဒီဒါဏ္ကို ကေလးငယ္ေတြ ႏွင့္ သက္ႀကီးေတြက ခါးစီးခံေနရတယ္။ သူတို႔႐ြာက ကေလးေတြမွာ အဟာရခ်ိဳ႕တဲ့ မႈေရာဂါေတြက မိခင္ေတြ၊ ဖြားေအေတြ အတြက္ ျပႆနာႀကီးႀကီးတစ္ရပ္ျဖစ္ေနတယ္။

၂၀၀၀ ခုႏွစ္မတိုင္ခင္က အာဖရ္ိကမွာ ဒီအပင္ အေၾကာင္းကို သိပ္မသိၾကေသး။ မက္သဘတ္သာ (Mathabatha) ဆိုတဲ့ အမ်ိဳးသမီးဟာ ဒီအပင္အေၾကာင္းကို စၿပီးၾကားဖူးခဲ့တာ။ ႐ြာရဲ႕ ဘာသာေရးဆရာ၊ ေဂါပကလူႀကီးဆိုပါေတာ့၊ သူကေျပာျပလို႔ေပါ့။ ကေလးေတြ အဟာရခ်ိဳ႕တဲ့ အေၾကာင္း သူ႕ေ႐ွ႕မွာ ညီးတြားမိရာက ဒီအပင္အေၾကာင္း ေဂါပကလူႀကီးက သူ႕ကိုေျပာျပခဲ့တာ။ မာလာဝီနယ္မွာေတာ့ ဒီအပင္က စိုက္ပ်ိဳးျဖစ္ထြန္းေနသတဲ့။ သူတို႔ဆီမွာေရာ ျဖစ္ပါ့မလားေပါ့။ သိတဲ့အတိုင္း ေျမကညံ့၊ မိုးကေခါင္လို႔ ဘာပင္မွ မျဖစ္တဲ့ ေနရာမဟုတ္လား။ ဒါနဲ႔ သူနည္းနည္း ထပ္ၿပီး ေလ့လာၾကည့္ေတာ့ ျဖစ္ႏိုင္သားပဲ ဆိုတာ သိလာတယ္။ ဒီ အပင္က အေတာ္ညံ့တဲ့ ေျမမွာလည္း ျဖစ္တာပဲတဲ့။ ေရ နည္းနည္းပဲ ရလည္း ျဖစ္တာပဲတဲ့။ ဒူေပဒါေပ ပစ္ထားလည္း ႐ွင္တဲ့ အမ်ိဳးေပါ့။

ေပါေပါပဲပဲ စိုက္သလိုျဖစ္ေပမယ့္ နယ္နယ္ရရေတာ့ မဟုတ္ျပန္ဘူး။ သူ႕အ႐ြက္မွာ Vitamin C က လိေမၼာ္သီးထက္ ၇ ဆမ်ားသတဲ့။ Vitamin A က မုန္လာဥနီထက္ ၄ ဆ။ Potassium ဓါတ္က ငွက္ေပ်ာ္သီးထက္ ၃ ဆ။ Calcium ဓါတ္က ႏို႔မွာပါတာရဲ႕ ၄ ဆ။ Protein အသားဓါတ္က ဒိန္ခ်ဥ္မွာပါတာထက္ ၂ ဆ ပိုမ်ားတာဆိုပဲ။

ဟန္က်ၿပီေပါ့။ သူတို႔ဆီမွာ မိသားစု အေတာ္မ်ားမ်ားဆိုတာ အသားတို႔၊ အသီးအ႐ြက္တို႔ စားရဖို႔ရာ အေတာ္ခက္ခဲၾကတာကိုး။ ဒါေၾကာင့္လည္း ကေလးေတြရဲ႕ ႐ုပ္ပိုင္း၊ စိတ္ပိုင္း၊ အသိဉာဏ္ပိုင္းဖြံ႕ၿဖိဳးဖို႔ လိုအပ္တဲ့ ဗိုက္တာမင္တို႔ သတၱဳဓါတ္တို႔ ဆိုတာ မရၾကတာက အမ်ားသား။ လူႀကီးေတြ အတြက္က်ေတာ့ ဒါေတြက သက္ေစာင့္ဓါတ္ေတြ မဟုတ္လား။

ဒါနဲ႔ မက္သဘတ္သာ တစ္ေယာက္ ႐ြာထဲက ကေလးအေမေတြကို လွည့္စည္း႐ုံးေတာ့တာပဲတဲ့။ မေပါက္လည္း အရင္းေပါ့ေအ…၊ ေပါက္ေတာ့လည္း ကေလးေတြဖို႔ စားစရာရ မနည္းဘူးေပါ့။ ဒါနဲ႔ ကပၸလီမ တစ္သိုက္ ထြန္ၾက၊ ယက္ၾက၊ စိုက္ၾက၊ ပ်ိဳးၾက ေပါ့။ ၂၀၀၅ ခုႏွစ္ ထဲမွာ သူတို႔ အပင္ ၁၅၀၀ ေလာက္ စိုက္လိုက္ၾကတယ္။ ဘာမွ စိုက္မျဖစ္ေတာ့ ေျမလြတ္က ေပါတာကိုး။ ကံေကာင္းတာက ဒီ အပင္ကလည္း ေပါက္တာပဲတဲ့။ ဒီေလာက္ အဆီအႏွစ္မ႐ွိ ေျခာက္ေသြ႕တဲ့ေနရာမွာ ေပါက္တာဆိုေတာ့ သူတို႔အတြက္က ဘုရားေပးတဲ့ ပေဒသာပင္ဆိုရေလမလား။

စိုက္ၿပီး ၁ လ ေက်ာ္တာနဲ႔ အ႐ြက္ခူးစားလို႔က ရေနပါၿပီ။ အ႐ြက္ေတြခူး။ အေျခာက္လွမ္း။ အမႈန္႔ႀကိတ္ၿပီး ကေလးေတြ အတြက္ အဓိကစားစရာအျဖစ္ ထည့္ေကြၽးၾကတာပဲတဲ့။ အဲဒီလို ေကြၽးတယ္ဆိုရင္ပဲ၊ နဂိုက ေသးေကြးေျခာက္ကပ္ပိန္လွီေနတဲ့ကေလးေတြဟာ သိသိသာသာ ဖြံ႕ၿဖိဳးစိုေျပလာၾကပါေတာ့တယ္။

အမယ္ ဘယ္ေလာက္မ်ား ေအာင္ျမင္သလဲဆို မက္သဘတ္သာ တစ္ေယာက္ ၂၀၁၀ မွာ ေတာင္အာဖရိကအစိုးရကေပးတဲ့ Female Entrepreneur of the Year ဆုေတြဘာေတြရၿပီး နာမည္ကိုႀကီးေရာ။ တကယ္ေတာ့ ဒီအပင္က က်ေနာ္တို႔ ျမန္မာေတြနဲ႔ မစိမ္းပါဘူး။ တစ္သက္လုံးက အထင္လည္းမႀကီးခဲ့တဲ့ အပင္ပါ။ ဒါကေတာ့ ဒန္႔ဒလြန္ ပင္ပါပဲ။ မက္သဘတ္သာ တစ္ေယာက္ ဒီ ဒန္႔ဒလြန္႐ြက္တစ္မ်ိဳးတည္းနဲ႔ အာဖရိက ကေလးေတြရဲ႕ အဟာရခ်ိဳ႕တဲ့မႈျပႆနာကို ေျဖ႐ွင္းႏိုင္ခဲ့ရာကေန ဒီဇာတ္လမ္းျဖစ္ခဲ့တာေပါ့။

ေနာက္ေတာ့ သူက All-women Organization ဆိုၿပီး အဖြဲ႕ေတြေထာင္တယ္။ ဒန္႔ဒလြန္ပင္ေတြ ေတာထေအာင္ စိုက္တယ္။ အသားမစားႏိုင္၊ ဟင္းသီးဟင္း႐ြက္ မဝယ္ႏိုင္တဲ့ ကပၸလီေတြ ဒန္႔ဒလြန္အ႐ြက္၊ အသီး ခ်ည္းသာလွိမ့္စားၾကတာပဲတဲ့။ ႐ြာက ကေလး လူႀကီးအစုံလည္း စိုေျပႏုထြားလာတာေပါ့။ သူလည္း ေၾကာ္ျငာစရိတ္မကုန္ပဲ၊ ႐ြာသားေတြျပၿပီး ကမ႓ာအနံ႔ကို ဒန္႔ဒလြန္႐ြက္အမႈန္႔ေတြ ေရာင္းစားခြင့္ ရလာတာေပါ့။

၂၀၁၁ ေဒတာအရ၊ သူတို႔ All-women Organization က ဒန္႔ဒလြန္႐ြက္ေရာင္းၿပီး ဆင္းရဲသား မိသားစုေပါင္း ၃၀၀ ေက်ာ္ ႏွင့္ မိဘမဲ့ ကေလး ၃၅၀ ေက်ာ္ ကို ေထာက္ပံ့ေပးႏိုင္ေနၿပီ။ ေနာက္ထပ္ အပင္ေပါင္း ၃၀၀၀ ေက်ာ္လည္း ထပ္စိုက္ထားပါတယ္။ Google မွာ Mavis Mathabatha အေၾကာင္းကို ႐ွာဖတ္လို႔ ရပါတယ္။ သူ႕တည္ေထာင္တဲ့ All-women Organization က သူတို႔ ဘာသာနဲ႔ Sedikong sa Lerato ဆိုၿပီး ႐ွာၾကည့္ရင္ ေတြ႕ပါတယ္။

Mavis Mathabatha ကိစၥလူသိမ်ားလာေတာ့ University of Fort Hare က ပညာ႐ွင္ေတြ အာဖရိကကိုေျပးၾကည့္ၾကတာေပါ့။ ခါတိုင္း မဲေျခာက္ပိန္ကပ္ေနတဲ့သူေတြ ခုေတာ့ စိုေျပဖြံ႕ထြားေနတာ လက္ေတြ႕ ျမင္ရေတာ့ ယုံၾကၿပီေလ။ ႐ြာသားေတြကလည္း တစ္ေယာက္ တစ္ေပါက္ ဒန္႔ဒလြန္အစြမ္း အံ့မခန္းကို ေျပာျပၾကတာေပါ့။ ဒါနဲ႔ ဒန္႔ဒလြန္႐ြက္ေတြ ခူးၿပီး University of Fort Hare ကိုျပန္ၾကပါေရာ။

၂၀၁၁ မွာ၊ သုေတသနစာတမ္းတစ္ေစာင္ ထြက္လာခဲ့တယ္။ Mathabatha တို႔ ႐ြာကလူေတြ ဒီလိုစိုေျပထြန္းကားလာတာ တျခားေၾကာင့္မဟုတ္၊ ဒန္႔ဒလြန္႐ြက္ကို အမႈန္႔ႀကိတ္စားလို႔ ပါပဲတဲ့။ ဒန္႔ဒလြန္႐ြက္ထဲမွာက လူတစ္ေယာက္အတြက္ လိုအပ္တဲ့ အဟာရဓါတ္ေတြရဲ႕ အားလုံးနီးပါး ပါေနတာလို႔ဆိုတယ္။ ဒါ့အျပင္ ေရာဂါကာကြယ္တဲ့ သက္ေစာင့္ဓါတ္ေတြကလည္း အလြန္ေပါသတဲ့။ ဝမ္းသာဖို႔အေကာင္းဆုံးသတင္းက သူ႕ဆီမွာ ကင္ဆာကာကြယ္တဲ့ Antioxidant ေတြ အမ်ားႀကီးပါတယ္။ သူ႕တစ္မ်ိဳးတည္းစားၿပီး ေနမယ္ဆိုရင္ေတာင္ က်န္းက်န္းမာမာ အသက္႐ွည္ႏိုင္ပါတယ္တဲ့။ သူက ေဆးမဟုတ္ပဲ၊ အစာလို စားႏိုင္တာက တျခား ေဆးဖက္ဝင္အပင္ေတြထက္ သာတဲ့ အခ်က္ပါပဲ။

ခုခ်ိန္မွာေတာ့ All-women Organization ဟာ ဒန္႔ဒလြန္႐ြက္ ေအာ္ဒါေတြကို မႏိုင္မနင္းျဖစ္ေနပါၿပီတဲ့။ အရင္က အ႐ြက္ေျခာက္ကို ဆုံနဲ႔ေထာင္းၾကတာ၊ အခုေတာ့ မေထာင္းႏိုင္ေတာ့လို႔ အမႈန္႔ႀကိတ္စက္႐ုံတည္ထားရပါသတဲ့။ သူတို႔ဆီမွ အဟာရခ်ိဳ႕တဲ့ေနတဲ့ ကေလးေတြ မ႐ွိခဲ့တာေတာ့ ၾကာၿပီေပါ့။ အာဖရိကမွာ ဒီအပင္ကို “Tree of Life” လို႔ေခၚၿပီး၊ အေနာက္တိုင္းသားေတြက “Miracle Tree” လို႔ေခၚၾကတယ္။ ဒန္႔ဒလြန္႐ြက္ကို “Superfood” လို႔ သမုတ္ၾကတယ္။

ကဲ။ က်ေနာ္ကေတာ့ ကိုဗစ္ေၾကာင့္ ဝင္ေငြမ႐ွိလည္း သိပ္မပူေတာ့ဘူး။ စစ္ႀကီးျဖစ္လည္း က်ရာက႑ကေန အားေပးဖို႔သာ႐ွိတယ္။ ဆန္ေတြ ဆီေတြ ေျပးမဝယ္ေတာ့ဘူး။ ျခံထဲမွာ ဒန္႔ဒလြန္ အပင္ ၅၀၀ ႐ွိတယ္။ ဒီတစ္မ်ိဳးထဲစားလည္း အသက္မေသသည့္အျပင္၊ အလွေတာင္ မပ်က္ဘူးဆိုတာ ေသခ်ာေနဟာပဲေလ..။

က်ေနာ့ မိတ္ေဆြမ်ားလည္း ေနရာေလး႐ွိရင္ စိုက္ထားၾကည့္ဖို႔ တိုက္တြန္းပါတယ္။ ၆ လ ဆို ပန္းပြင့္ အသီး သီးၿပီ။ အ႐ြက္ကေတာ့ ၂ လ သားဆို စားရၿပီ။ ျဖတ္စားေလ ကိုင္းထြက္ေလ ႏုေလပဲ။ မိသားတစ္စုမွာ တစ္ပင္ေတာ့ ႐ွိသင့္တဲ့ အပင္မို႔ပါ။ ဒါက ပ်ိဳးပင္ေရာင္းတဲ့ ပိုစ့္ေတာ့ မဟုတ္ဘူးေနာ္…။ အပင္စိုက္ခိုင္းတာပါ။

မိတ္ေဆြေကာင္းအသိုင္းအဝိုင္း ႏွင့္ ကိုယ္ခံအားဆိုတာ ေန႔ခ်င္းညခ်င္း တည္ေဆာက္လို႔ မရႏိုင္ဘူး မဟုတ္လား..။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: monywanews

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service