Blue block မျက်မှန် တွေက တကယ်ပဲ မျက်စိကို ကာကွယ်ပေးသလား။ - Property Knowledge in Myanmar from iMyanmarHouse.com
2691 Views

Blue block မျက်မှန် တွေက တကယ်ပဲ မျက်စိကို ကာကွယ်ပေးသလား။

Knowledge | Posted by Si Thu Aung

[Unicode]

မျက်မှန်တပ်တယ်ဆိုတာ သိပ်ပြီး ထူးဆန်းတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ အသက်အရွယ် သို့မဟုတ် နေထိုင်တဲ့ပုံစံအရ မျက်စိအမြင်အာရုံတွေ မှုန်ဝါးလာတာ၊ မျက်စိစွေတာ၊ မွေးရာပါ မျက်စိအမြင်အာရုံ ပြဿနာရှိနေတာ စတဲ့ ပြဿနာများကြောင့် မျက်မှန်တပ်လာကြတဲ့သူတွေ များပါတယ်။ အလုပ်တွေကိုလည်း အိမ်ကနေ လုပ်တဲ့ အချိန်မှာ ဖုန်းကြည့်တာ၊ ကွန်ပျူတာ ကြည့်တာက ပိုပြီး များလာပါတယ်။ အရင်ကဆို meeting တွေဆို လူချင်းတွေ့ပြီး လုပ်ကြပေမယ့် ခုဆို အွန်လိုင်းကနေပဲ လုပ်ကြပါတယ်။ ကလေးတွေဆိုရင်လည်း အွန်လိုင်းကနေပဲ စာသင်ကြတဲ့အတွက် Screen timeတွေ ပိုများလာကြပါပြီ။ ဒါကြောင့် မျက်စိ မထိခိုက်စေဖို့ Blue block မျက်မှန် တွေ တပ်လာကြပါတယ်။ ဒါတွေက တကယ်ပဲ အကျိုးရှိရဲ့လား။

Blue block မျက်မှန် က ဘာကို ကာကွယ်ပေးတာလဲ။

Blue block မျက်မှန် တွေက blue lightတွေကို ကာကွယ်ပေးပါတယ်။ ရောင်စဉ်တန်းမှာ အရောင်မျိုးစုံပါပြီး blue lightက ၄၃၅- ၅၀၀ နာနိုမီတာ ရှိပါတယ်။ မျက်လုံးက မြင်နိုင်တဲ့ အတိုဆုံးလှိုင်းဆိုလည်း ဟုတ်ပါတယ်။ Blue light က သဘာဝအားဖြင့်လည်း နေရောင်ခြည်မှာ တခြားရောင်စဉ်တန်းတွေနဲ့ ရောပါလေ့ရှိသလို နေ့စဉ် သုံးနေတဲ့ တီဗွီ၊ ကွန်ပျူတာ၊ ဖုန်းရဲ့ မျက်နှာပြင်က ထွက်တဲ့ အလင်းတန်းမှာလည်း ပါလေ့ရှိပါတယ်။

Blue light က အမြင်အာရုံကို ပျက်စီးစေနိုင်သလား။

Blue lightနဲ့ ပတ်သက်ပြီး ပြောကြတာတွေ အများကြီး ရှိပါတယ်။ အမြင်အာရုံကို ပျက်စီးစေတယ်။ မျက်ရိုးကိုက်စေတယ်။ အိပ်ရေး ပျက်စေတယ် စသဖြင့် အမျိုးမျိုး ပြောကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး American Academy of Opthalmologyက ခုလို ရှင်းပြထားပါတယ်။

ကွန်ပျူတာတို့၊ ဖုန်းတို့က ထွက်တဲ့ အလင်းရောင်တွေက မျက်လုံးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ သက်သေပြချက် ခိုင်ခိုင်လုံလုံမရှိသေးပါဘူး။ the National Library of Medicine က လေ့လာချက်မှာဆိုရင် ကွန်ပျူတာက ထွက်တဲ့ UVA/ UVB တွေက ပြောပလောက်အောင် ရှိနေတာမဟုတ်ဘူးလို့ ဆိုပါတယ်။

နောက်တစ်ခုက မျက်ရိုးကိုက်တာပါ။ ဒါကလည်း Blue lightတွေက တိုက်ရိုက်ဖြစ်စေတယ်ဆိုတာထက် ဖုန်းတွေ၊ ကွန်ပျူတာတွေကို သုံးတဲ့ ပုံစံတွေကြောင့်ပါ။ ဥပမာ ကွန်ပျူတာကို အကြာကြီး သုံးတဲ့အခါ မျက်တောင်ခတ်ဖို့ နည်းသွားပါတယ်။ အလင်းမှိန်တဲ့အခါ စူးစိုက်ပြီး ကြည့်ရပါတယ်။ အနားမယူဘဲ ဆက်တိုက်ကြည့်ပါတယ်။ ဒါတွေက မျက်ရိုးကိုက်စေတဲ့ အကြောင်းရင်းတွေပါပဲ။ ပြောရမယ်ဆိုရင် Blue lightတွေကြောင့်ဆိုတာထက် သုံးပုံသုံးနည်း မမှန်လို့ ဖြစ်ရတာပါ။

Blue light တွေက ကိုယ်ထဲက အိပ်စက်ခြင်း စက်ဝန်းကိုတော့ ထိခိုက်စေပါတယ်။ ဒါကြောင့် ကွန်ပျူတာတို့၊ ဖုန်းတို့ အသုံးများတဲ့သူတွေက ညဘက် အိပ်ပျော်ဖို့ ခဲယဉ်းတာပါ။

Blue block မျက်မှန်တွေရဲ့ အကျိုးကျေးဇူးများ

Blue block မျက်မှန် တွေက တခြားမျက်မှန်တွေနဲ့ မတူတာက

* အရာဝတ္ထုတွေရဲ့ အရောင်တွေကို ကွဲပြားစေတာ

* ညဘက်မှာ ထင်ထင်ရှားရှား မြင်ရတာ

* ပုံရိပ်တွေ ထင်ထင်ရှားရှား မြင်ရတာ

* အလင်းစူးသက်သာစေတာ စတာတွေပဲ ဖြစ်ပါတယ်။

Blue block မျက်မှန်တွေကို ဘာအတွက် တပ်ကြတာလဲ။

မျက်လုံးပျက်စီးတာတွေ ကာကွယ်စေတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကလေးတွေကအစ Blue block မျက်မှန်တွေကို ပေးတပ်ကြတာမျိုး ရှိပါတယ်။ ဒါပေမယ့် Blue block မျက်မှန်တွေက သိပ်ပြီး အကျိုးထူးလှတယ်ရယ်လည်း မဟုတ်ပါဘူး။ တပ်မယ်ဆိုရင်တော့ အောက်ပါ ကောင်းကျိုးတွေ ရစေနိုင်ပါတယ်။

ညဘက်အိပ်ပျော်စေတယ်။

Blue block မျက်မှန်တွေက blue lightတွေကို ကာကွယ်ပေးတဲ့အတွက် ကိုယ်ထဲက မယ်လတိုနင်တွေ ကမောက်ကမဖြစ်တာကို သက်သာစေပါတယ်။ ဒါကြောင့် ညဘက်ကို အိပ်ပျော်စေပါတယ်။

မျက်ရိုးကိုက်တာကို အထိုက်အလျောက်သက်သာစေပါတယ်။

Blue block မျက်မှန် တွေက မျက်ရိုးမကိုက်အောင် ကာကွယ်ပေးနိုင်တာ၊ သက်သာစေနိုင်တာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် သွယ်ဝိုက်သော နည်းလမ်းတွေနဲ့တော့ သက်သာစေနိုင်ပါတယ်။ ဥပမာ ညဘက်အိပ်ပျော်လို့ မျက်လုံး အနားရပြီး မျက်ရိုးကိုက်တာ သက်သာတာ၊ အလင်းစူးသက်သာလို့ အားစိုက်မကြည့်ရတာကြောင့် မျက်ရိုးမကိုက်တာ စသဖြင့် သွယ်ဝိုက်ပြီး သက်သာစေနိုင်ပါတယ်။

Blue block မျက်မှန်တွေက မရှိမဖြစ်လိုအပ်တာတော့ မဟုတ်ပါဘူး။

Blue block မျက်မှန်တွေ သုံးပေမယ့် အိပ်ခါနီး ဖုန်းသုံးနေမယ်ဆိုရင် ညဘက် အိပ်ပျော်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ Blue block မျက်မှန်ကြီး တပ်ထားပေမယ့် မျက်လုံးကို အနားမပေးဘဲ ဆက်တိုက် သုံးနေမယ်ဆိုရင်လည်း မျက်ရိုးက ကိုက်နေဦးမှာပါပဲ။

ဒီတော့ Blue block မျက်မှန်တပ်ခြင်း မတပ်ခြင်းထက် ကိုယ့်ရဲ့ screen timeကို ထိန်းချုပ်ထားတာ၊ မျက်လုံးကို အနားပေးတာက ပိုပြီး အရေးကြီးပါတယ်။

 

Blue block မျက်မှန် မတပ်ဘဲ မျက်လုံးညောင်းသက်သာစေမယ့် နည်းလမ်းများ

Blue block မျက်မှန်တပ်သည်ဖြစ်စေ၊ မတပ်သည်ဖြစ်စေ မျက်လုံးညောင်းသက်သာအောင် အောက်ပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

ကွန်ပျူတာသုံးတဲ့အခါ လက်တစ်ဆန့် ၁၅လက်မအကွာလောက်က သုံးပါ။ မျက်လုံးအောက် အနည်းငယ်နိမ့်နေပါစေ။

“20-20-20” ruleကို လိုက်နာပါ။ မိနစ် ၂၀တိုင်းမှာ ပေ၂၀အကွာက အရာဝတ္ထုကို စက္ကန့် ၂၀ကြာအောင် ကြည့်ပေးပါ။ ဒါကို မေ့တတ်ပါတယ်။ Alarmလုပ်ထားပါ။

မျက်လုံးခြောက်တဲ့အခါ မျက်ရည်တု မျက်စဉ်း ခတ်ပေးပါ။

အလင်းအမှောင်ချိန်ညှိပါ။

မျက်ကပ်မှန်တပ်တယ်ဆို မျက်မှန်နဲ့ မကြာခဏ လဲပေးပါ။

မျက်ရိုးကိုက်တာ တော်တော်များများက ကွန်ပျူတာ၊ ဖုန်း အသုံးလျှော့ပြီး အနားယူလိုက်ရင် သက်သာသွားပါတယ်။ ဆက်တိုက် မသက်သာဘူးဆိုရင်တော့ မျက်စိဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

[Zawgyi]

Blue block မ်က္မွန္ ေတြက တကယ္ပဲ မ်က္စိကို ကာကြယ္ေပးသလား။

 

မ်က္မွန္တပ္တယ္ဆိုတာ သိပ္ၿပီး ထူးဆန္းတဲ့ ျပႆနာေတာ့ မဟုတ္ပါဘူး။ အသက္အ႐ြယ္ သို႔မဟုတ္ ေနထိုင္တဲ့ပုံစံအရ မ်က္စိအျမင္အာ႐ုံေတြ မႈန္ဝါးလာတာ၊ မ်က္စိေစြတာ၊ ေမြးရာပါ မ်က္စိအျမင္အာ႐ုံ ျပႆနာ႐ွိေနတာ စတဲ့ ျပႆနာမ်ားေၾကာင့္ မ်က္မွန္တပ္လာၾကတဲ့သူေတြ မ်ားပါတယ္။ အလုပ္ေတြကိုလည္း အိမ္ကေန လုပ္တဲ့ အခ်ိန္မွာ ဖုန္းၾကည့္တာ၊ ကြန္ပ်ဴတာ ၾကည့္တာက ပိုၿပီး မ်ားလာပါတယ္။ အရင္ကဆို meeting ေတြဆို လူခ်င္းေတြ႕ၿပီး လုပ္ၾကေပမယ့္ ခုဆို အြန္လိုင္းကေနပဲ လုပ္ၾကပါတယ္။ ကေလးေတြဆိုရင္လည္း အြန္လိုင္းကေနပဲ စာသင္ၾကတဲ့အတြက္ Screen timeေတြ ပိုမ်ားလာၾကပါၿပီ။ ဒါေၾကာင့္ မ်က္စိ မထိခိုက္ေစဖို႔ Blue block မ်က္မွန္ ေတြ တပ္လာၾကပါတယ္။ ဒါေတြက တကယ္ပဲ အက်ိဳး႐ွိရဲ႕လား။

Blue block မ်က္မွန္ က ဘာကို ကာကြယ္ေပးတာလဲ။

Blue block မ်က္မွန္ ေတြက blue lightေတြကို ကာကြယ္ေပးပါတယ္။ ေရာင္စဥ္တန္းမွာ အေရာင္မ်ိဳးစုံပါၿပီး blue lightက ၄၃၅- ၅၀၀ နာႏိုမီတာ ႐ွိပါတယ္။ မ်က္လုံးက ျမင္ႏိုင္တဲ့ အတိုဆုံးလိႈင္းဆိုလည္း ဟုတ္ပါတယ္။ Blue light က သဘာဝအားျဖင့္လည္း ေနေရာင္ျခည္မွာ တျခားေရာင္စဥ္တန္းေတြနဲ႔ ေရာပါေလ့႐ွိသလို ေန႔စဥ္ သုံးေနတဲ့ တီဗြီ၊ ကြန္ပ်ဴတာ၊ ဖုန္းရဲ႕ မ်က္ႏွာျပင္က ထြက္တဲ့ အလင္းတန္းမွာလည္း ပါေလ့႐ွိပါတယ္။

Blue light က အျမင္အာ႐ုံကို ပ်က္စီးေစႏိုင္သလား။

Blue lightနဲ႔ ပတ္သက္ၿပီး ေျပာၾကတာေတြ အမ်ားႀကီး ႐ွိပါတယ္။ အျမင္အာ႐ုံကို ပ်က္စီးေစတယ္။ မ်က္႐ိုးကိုက္ေစတယ္။ အိပ္ေရး ပ်က္ေစတယ္ စသျဖင့္ အမ်ိဳးမ်ိဳး ေျပာၾကပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီး American Academy of Opthalmologyက ခုလို ႐ွင္းျပထားပါတယ္။

ကြန္ပ်ဴတာတို႔၊ ဖုန္းတို႔က ထြက္တဲ့ အလင္းေရာင္ေတြက မ်က္လုံးကို ထိခိုက္ေစႏိုင္တယ္ဆိုတဲ့ သက္ေသျပခ်က္ ခိုင္ခိုင္လုံလုံမ႐ွိေသးပါဘူး။ the National Library of Medicine က ေလ့လာခ်က္မွာဆိုရင္ ကြန္ပ်ဴတာက ထြက္တဲ့ UVA/ UVB ေတြက ေျပာပေလာက္ေအာင္ ႐ွိေနတာမဟုတ္ဘူးလို႔ ဆိုပါတယ္။

ေနာက္တစ္ခုက မ်က္႐ိုးကိုက္တာပါ။ ဒါကလည္း Blue lightေတြက တိုက္႐ိုက္ျဖစ္ေစတယ္ဆိုတာထက္ ဖုန္းေတြ၊ ကြန္ပ်ဴတာေတြကို သုံးတဲ့ ပုံစံေတြေၾကာင့္ပါ။ ဥပမာ ကြန္ပ်ဴတာကို အၾကာႀကီး သုံးတဲ့အခါ မ်က္ေတာင္ခတ္ဖို႔ နည္းသြားပါတယ္။ အလင္းမွိန္တဲ့အခါ စူးစိုက္ၿပီး ၾကည့္ရပါတယ္။ အနားမယူဘဲ ဆက္တိုက္ၾကည့္ပါတယ္။ ဒါေတြက မ်က္႐ိုးကိုက္ေစတဲ့ အေၾကာင္းရင္းေတြပါပဲ။ ေျပာရမယ္ဆိုရင္ Blue lightေတြေၾကာင့္ဆိုတာထက္ သုံးပုံသုံးနည္း မမွန္လို႔ ျဖစ္ရတာပါ။

Blue light ေတြက ကိုယ္ထဲက အိပ္စက္ျခင္း စက္ဝန္းကိုေတာ့ ထိခိုက္ေစပါတယ္။ ဒါေၾကာင့္ ကြန္ပ်ဴတာတို႔၊ ဖုန္းတို႔ အသုံးမ်ားတဲ့သူေတြက ညဘက္ အိပ္ေပ်ာ္ဖို႔ ခဲယဥ္းတာပါ။

Blue block မ်က္မွန္ေတြရဲ႕ အက်ိဳးေက်းဇူးမ်ား

Blue block မ်က္မွန္ ေတြက တျခားမ်က္မွန္ေတြနဲ႔ မတူတာက

* အရာဝတၳဳေတြရဲ႕ အေရာင္ေတြကို ကြဲျပားေစတာ

* ညဘက္မွာ ထင္ထင္႐ွား႐ွား ျမင္ရတာ

* ပုံရိပ္ေတြ ထင္ထင္႐ွား႐ွား ျမင္ရတာ

* အလင္းစူးသက္သာေစတာ စတာေတြပဲ ျဖစ္ပါတယ္။

Blue block မ်က္မွန္ေတြကို ဘာအတြက္ တပ္ၾကတာလဲ။

မ်က္လုံးပ်က္စီးတာေတြ ကာကြယ္ေစတယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ကေလးေတြကအစ Blue block မ်က္မွန္ေတြကို ေပးတပ္ၾကတာမ်ိဳး ႐ွိပါတယ္။ ဒါေပမယ့္ Blue block မ်က္မွန္ေတြက သိပ္ၿပီး အက်ိဳးထူးလွတယ္ရယ္လည္း မဟုတ္ပါဘူး။ တပ္မယ္ဆိုရင္ေတာ့ ေအာက္ပါ ေကာင္းက်ိဳးေတြ ရေစႏိုင္ပါတယ္။

ညဘက္အိပ္ေပ်ာ္ေစတယ္။

Blue block မ်က္မွန္ေတြက blue lightေတြကို ကာကြယ္ေပးတဲ့အတြက္ ကိုယ္ထဲက မယ္လတိုနင္ေတြ ကေမာက္ကမျဖစ္တာကို သက္သာေစပါတယ္။ ဒါေၾကာင့္ ညဘက္ကို အိပ္ေပ်ာ္ေစပါတယ္။

မ်က္႐ိုးကိုက္တာကို အထိုက္အေလ်ာက္သက္သာေစပါတယ္။

Blue block မ်က္မွန္ ေတြက မ်က္႐ိုးမကိုက္ေအာင္ ကာကြယ္ေပးႏိုင္တာ၊ သက္သာေစႏိုင္တာမ်ိဳးေတာ့ မ႐ွိပါဘူး။ ဒါေပမယ့္ သြယ္ဝိုက္ေသာ နည္းလမ္းေတြနဲ႔ေတာ့ သက္သာေစႏိုင္ပါတယ္။ ဥပမာ ညဘက္အိပ္ေပ်ာ္လို႔ မ်က္လုံး အနားရၿပီး မ်က္႐ိုးကိုက္တာ သက္သာတာ၊ အလင္းစူးသက္သာလို႔ အားစိုက္မၾကည့္ရတာေၾကာင့္ မ်က္႐ိုးမကိုက္တာ စသျဖင့္ သြယ္ဝိုက္ၿပီး သက္သာေစႏိုင္ပါတယ္။

Blue block မ်က္မွန္ေတြက မ႐ွိမျဖစ္လိုအပ္တာေတာ့ မဟုတ္ပါဘူး။

Blue block မ်က္မွန္ေတြ သုံးေပမယ့္ အိပ္ခါနီး ဖုန္းသုံးေနမယ္ဆိုရင္ ညဘက္ အိပ္ေပ်ာ္မွာ မဟုတ္ပါဘူး။ ဒီလိုပဲ Blue block မ်က္မွန္ႀကီး တပ္ထားေပမယ့္ မ်က္လုံးကို အနားမေပးဘဲ ဆက္တိုက္ သုံးေနမယ္ဆိုရင္လည္း မ်က္႐ိုးက ကိုက္ေနဦးမွာပါပဲ။

ဒီေတာ့ Blue block မ်က္မွန္တပ္ျခင္း မတပ္ျခင္းထက္ ကိုယ့္ရဲ႕ screen timeကို ထိန္းခ်ဳပ္ထားတာ၊ မ်က္လုံးကို အနားေပးတာက ပိုၿပီး အေရးႀကီးပါတယ္။

Blue block မ်က္မွန္ မတပ္ဘဲ မ်က္လုံးေညာင္းသက္သာေစမယ့္ နည္းလမ္းမ်ား

Blue block မ်က္မွန္တပ္သည္ျဖစ္ေစ၊ မတပ္သည္ျဖစ္ေစ မ်က္လုံးေညာင္းသက္သာေအာင္ ေအာက္ပါ နည္းလမ္းေတြကို လိုက္နာသင့္ပါတယ္။

ကြန္ပ်ဴတာသုံးတဲ့အခါ လက္တစ္ဆန္႔ ၁၅လက္မအကြာေလာက္က သုံးပါ။ မ်က္လုံးေအာက္ အနည္းငယ္နိမ့္ေနပါေစ။

“20-20-20” ruleကို လိုက္နာပါ။ မိနစ္ ၂၀တိုင္းမွာ ေပ၂၀အကြာက အရာဝတၳဳကို စကၠန္႔ ၂၀ၾကာေအာင္ ၾကည့္ေပးပါ။ ဒါကို ေမ့တတ္ပါတယ္။ Alarmလုပ္ထားပါ။

မ်က္လုံးေျခာက္တဲ့အခါ မ်က္ရည္တု မ်က္စဥ္း ခတ္ေပးပါ။

အလင္းအေမွာင္ခ်ိန္ညႇိပါ။

မ်က္ကပ္မွန္တပ္တယ္ဆို မ်က္မွန္နဲ႔ မၾကာခဏ လဲေပးပါ။

မ်က္႐ိုးကိုက္တာ ေတာ္ေတာ္မ်ားမ်ားက ကြန္ပ်ဴတာ၊ ဖုန္း အသုံးေလွ်ာ့ၿပီး အနားယူလိုက္ရင္ သက္သာသြားပါတယ္။ ဆက္တိုက္ မသက္သာဘူးဆိုရင္ေတာ့ မ်က္စိဆရာဝန္နဲ႔ ျပဖို႔ လိုပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....

Upcoming Property Events

From 11 Oct To 12 Oct

Jade Palace Condo

From 11 Oct To 12 Oct

Shwe Moe Kaung

From 18 Oct To 19 Oct

INNO CITY

From 18 Oct To 19 Oct

Mingalar Market

Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service