အမွေဆိုင်တစ်ဦးရဲ့ မိမိအမွေဝေစုရရန် ဆောင်ရွက်ရမည့်အချက် - Property Knowledge in Myanmar from iMyanmarHouse.com
1340 Views

အမွေဆိုင်တစ်ဦးရဲ့ မိမိအမွေဝေစုရရန် ဆောင်ရွက်ရမည့်အချက်

Knowledge | Posted by Hnin Ei Khin

[Unicode]

အမွေဆိုင်တစ်ဦးသည် ကျန်အမွေဆိုင်များထံမှ မိမိဝေစုကိုရလိုပါက တရားရုံးမှ အမွေပုံပစ္စည်း စီမံခန့်ခွဲစေလိုမှု စွဲဆိုရမည်ဟု ဒေါ်ဒေါ်ရှင်နှင့် ဦးအောင်ဖေ ၁၉၅၇ မတစ ၅ တွင် ပြဌာန်းထားသည်။

အမွေပုံပစ္စည်း စီမံခန့်ခွဲစေလိုမှုကို တရားရုံးလျှောက်ထားရခြင်းမှာ တရားရုံးသည် အမွေထိန်း၏ တာဝန်ကို ယူ၍ စီမံခန့်ခွဲပေးခြင်းဖြစ်သည်။

ထိုသို့စီမံခန့်ခွဲရာ၌ ကွယ်လွန်သွားသောမိဘများ၏ ကျန်ရှိပစ္စည်းအားလုံးကို စုစည်း၍ ထိန်းသိမ်းခြင်းကိစ္စ ရပ်များကိုလည်းကောင်း၊ ကြွေးမြီများဆပ်ခြင်း၊ အမွေဆိုင်များ၏ ရလိုကြောင်းတောင်းဆိုမှုများကို စိစစ်ခြင်းအစ ရှိသောကိစ္စများကိုလည်းကောင်း ဆောင်ရွက်၍ နောက်ဆုံးတွင် အမွေဆိုင်များအား အမွေကို ခွဲဝေပေးရပါသည်။

မြန်မာဗုဒ္ဓဘာသာများ၊ မဟာမေဒင်ဘာသာဝင် မူဆလင်များနှင့် သေတမ်းစာမရေးပဲ သေဆုံးသွားသော ခရစ်ယာန် အမွေရှင်များ ကျန်ရစ်သော အမွေဝေစုရလိုလျှင် အမွေပုံကိုတရားရုံးက စီမံခန့်ခွဲပေးရန် စွဲဆိုရသည်။

တစ်နည်းအားဖြင့် အမွေဆိုင်တစ်ဦးသည် အမွေဆိုင်ပစ္စည်းကို အခြားအမွေဆိုင်တစ်ဦးထံမှ လက်ရောက်ရလိုပါသည်ဟု စွဲဆိုခွင့်မရှိ။ အမွေပုံကို စီမံခန့်ခွဲပေးစေလိုမှုသာ စွဲဆိုနိုင်သည်။

အမွေပုံကို စီမံခန့်ခွဲပေးစေလိုမှုသည် စာရင်းရှင်းလင်းသော အမှုဖြစ်၍ ပစ္စည်းလက်ရောက်ရလိုမှုနှင့် အကြောင်းအရာ ကွဲပြားသည်။

တရားရုံးက အမွေပုံစီမံခန့်ခွဲရာ၌ ပစ္စည်းခွဲဝေသည့်လုပ်ငန်းကိုပါ ဆောင်ရွက်ရသည်မှန်သော်လည်း မြန်မာဗုဒ္ဓ ဘာသာအမွေဆိုင်တစ်ဦးသည် ပစ္စည်းခွဲဝေပေးစေလိုမှု မစွဲဆိုနိုင်။

မိဘများကျန်ရစ်သည့် အမွေပစ္စည်းများမှာ မောင်နှမပိုင်များဖြစ်ကြောင်း မြွက်ဟကြေညာပေးရန် စွဲဆိုခွင့်မရှိပဲ တရားရုံးက အမွေခွဲ၍ စီမံခန့်ခွဲပေးရန် အမှုမျိုးသာ စွဲဆိုခွင့်ရှိကြောင်း ဒေါ်နှင်းအေးနှင့် ဒေါ်ခင်စိန် ၁၉၇၈ တရားမဒုတိယ အယူခံမှုအမှတ် ၂၁တွင်ပြဌာန်းထားခဲ့ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]


 














Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service