အိမ်ဆောက်ရင် အုတ်အနီကို ဘာကြောင့် သုံးကြသလဲ.... - Property Knowledge in Myanmar from iMyanmarHouse.com
2028 Views

အိမ်ဆောက်ရင် အုတ်အနီကို ဘာကြောင့် သုံးကြသလဲ....

Knowledge | Posted by Si Thu Aung

[Unicode]

အိမ်ဆောက်ရင် (သို့) ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ဘိလပ်အုတ် မသုံးပဲ စျေးကြီးတဲ့ အုတ်အနီကို ဘာကြောင့် သုံးကြသလဲ..

ဒါက အိမ်ရှင်တွေ အမေးများတဲ့ မေးခွန်းပါ။ မီးဖုတ်အုတ်တွေဟာ ကြွေထည်မြေထည် ထုတ်ကုန်တစ်ခုပါ။ ခံနိုင်ဝန်အား ကြည့်ရာမှာ မီးဖုတ်အုတ်ဟာ ဘိလပ်အုတ်ထက် နှစ်ဆခွဲကနေ သုံးဆထိ ပိုခံနိုင်ဝန်အား ရှိပါတယ်။

ရေစုတ်ယူမှုကို ကြည့်မယ်ဆိုရင် ဘိလပ်အုတ်က မီးဖုတ်အုတ်ထက် ရေ ၂ ဆကနေ ၃ ဆထိ ရေစုတ်ယူနိုင်တာ တွေ့ရပါတယ်။ မိုးရွာပြီးရင် မီးဖုတ်အုတ်နံရံတွေဟာ ခြောက်သွားပေမယ့် ဘိလပ်အုတ်နံရံတွေဟာ မခြောက်ပဲ စိုနေသေးတာ တွေ့ရမှာပါ။

သရိုးဖျော်စပ်ရာမှာလဲ ဘိလပ်မြေရဲ့ မာမှုဖြစ်စဉ်ထိန်းဖို့ ရေများများ ဖျော်စပ်ရမှာ ဖြစ်တဲ့အတွက် ပန်းရံဆရာတွေအတွက် ဘိလပ်အုတ်ဟာ အဆင်မပြေပါဘူး။

ထုံးစံအရ အုတ်တွေမစီခင် ရေလောင်းရာမှာလဲ ဘိလပ်အုတ်ကို ပိုလောင်းပေးရပါတယ်။ (အခု ဘိလပ်အုတ်ထုတ်သူတွေက ရေစုတ်ယူမှုလျှော့ကျစေတဲ့ ဓာတ်ပစ္စည်းတွေထည့်တာလဲ တွေ့ရပါတယ်)

အဓိက ပြောချင်တာကတော့ အဆောက်အအုံ အစိတ်အပိုင်း အများစုဟာ အပူရှိန်၊ စိုထိုင်းမှုတွေကြောင့် ကျုံ့ ကြွမှု ဖြစ်တတ်ပြီး ကာလရှည်ကြာမှာ မီးဖုတ်အုတ်က ပြန့်ကားပြီး ဘိလပ်အုတ်တွေကတော့ ကျုံ့ဝင်သွားပါတယ်။ ကျုံ့တဲ့ ကိစ္စဟာ နံရံတွေကွဲအက်နိုင်ဖို့များတဲ့အတွက် အုတ်နီပဲ ရွေးခြယ်အသုံးပြုနေကြတာပါ။

 

သို့သော် မီးဖုတ်အုတ်က လောင်စာ စွမ်းအင်ကုန်ပါတယ်။ အဲ့ဒါကြောင့် လောင်စာ စွမ်းအင်မကုန်တဲ့ ဘိလပ်အုတ်ကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အနေနဲ့ ကြည့်မယ်ဆိုရင် သုံးသင့် ၊ မသုံးသင့် စဉ်းစားစရာပါပဲ။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Swan Arr Shin

 

 

[Zawgyi]


အိမ်ဆောက်ရင် (သို့) ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ဘိလပ်အုတ် မသုံးပဲ ဈေးကြီးတဲ့ အုတ်အနီကို ဘာကြောင့် သုံးကြသလဲ..










Credit: Swan Arr Shin

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ

Upcoming Property Events

CarsDB
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service