မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့်စပ်လျဉ်း၍ ကန့်သတ်မှုများ - Property Knowledge in Myanmar from iMyanmarHouse.com
849 Views
မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့်စပ်လျဉ်း၍ ကန့်သတ်မှုများ
Knowledge | Posted by Hnin Ei Khin
[Unicode]
ပြည်တွင်းနေမြန်မာနိုင်ငံသားဖြစ်စေ၊ ပြည်ပနေမြန်မာနိုင်ငံသားများဖြစ်စေ ၎င်းမှအပ အခြားသော မည်သည့်နိုင်ငံသားများကိုမဆို မြန်မာနိုင်ငံအတွင်းအခြေတည်ရှိသော မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် စပ်လျဉ်း၍ ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအရ အခန်း(၂)၊ ပုဒ်မ(၃)မှစ၍ အောက်ပါအတိုင်း ထုတ်ပြန်ထားခြင်းဖြစ်ပါသည်။
(၃)။ မည်သူမျှ နိုင်ငံခြားသားနှင့်ဖြစ်စေ၊ နိုင်ငံခြားသားပိုင်ကုမ္ပဏီနှင့်ဖြစ်စေ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ပေးကမ်းခြင်း၊ ပေးကမ်းသည်ကို လက်ခံခြင်း၊ ပေါင်နှံခြင်း၊ ပေါင်နှံသည်ကို လက်ခံခြင်း၊ လဲလှယ်ခြင်း၊ အခြားနည်းတစ်ရပ်ရပ်ဖြင့် လွှဲပြောင်းခြင်း၊ လွှဲပြောင်းသည်ကို လက်ခံခြင်းမပြုရ။
(၄)။ မည်သည့် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပိုင်ကုမ္ပဏီကမျှ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ပေးကမ်းခြင်း၊ ပေးကမ်းသည်ကို လက်ခံခြင်း၊ ပေါင်နှံခြင်း၊ ပေါင်နှံသည်ကို လက်ခံခြင်း၊ လဲလှယ်ခြင်း၊ အခြားနည်းတစ်ရပ်ရပ်ဖြင့် လွှဲပြောင်းခြင်း၊ လွှဲပြောင်းသည်ကို လက်ခံခြင်းမပြုရ။
(၅)။ မည်သူမျှ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ -
(က) နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပိုင် ကုမ္ပဏီအား အငှားချထားခြင်းမပြုရ။ (ခ) နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပိုင် ကုမ္ပဏီထံမှ ငှားရမ်းခြင်းမပြုရ။
(၆)။ နိုင်ငံခြားသား တစ်ဦးကွယ်လွန်လျှင်ဖြစ်စေ၊ မည်သူမဆို နိုင်ငံခြားသို့ အပြီးအပိုင်ထွက်ခွာသွားလျှင် ဖြစ်စေ၊ ပြည်နှင်ဒဏ်ချမှတ်ခြင်း ခံရလျှင်ဖြစ်စေ၊ ထိုသူပိုင်ဆိုင်သည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနက ကိစ္စရပ်တစ်ခုချင်းအလိုက် စိစစ်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။
(က) ဥပဒေနှင့်အညီ အမွေဆက်ခံခွင့်ပေးခြင်း။
(ခ) ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း။
(၇)။ ဥပဒေနှင့်အညီ အမွေဆက်ခံခွင့်ပေးခြင်းအရ သက်ဆိုင်ရာ ဝန်ကြီးဌာနက အမွေဆက်ခံခွင့်ပေးရန် ဆုံးဖြတ်လျှင်အမွေနှင့်ပက်သက်၍ မည်သူက အမွေဆက်ခံရမည်ကို အမွေဆိုင်အချင်းချင်း သဘောတူညီချက် အရ လည်းကောင်း၊ တရားရုံး၏ ဆုံးဖြတ်ချက်အရ သော်လည်းကောင်း ဖြစ်စေရမည်ဟု နိုင်ငံခြားသားများအား မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် စပ်လျဉ်း၍ ကန့်သတ်မှုဥပဒေများအား ဗဟုသုတရစေရန် ရည်ရွယ်၍ ရေးသားဖော်ပြခြင်းဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
Upcoming Property Events
From 08 Jun To 09 Jun
Myat Ingyin Housing Sales Event
shwe-wutthmone
ruby
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service