“အိမ်ငှားဘဝ ရင်ပူရ” - Property Knowledge in Myanmar from iMyanmarHouse.com
1718 Views

“အိမ်ငှားဘဝ ရင်ပူရ”

Knowledge | Posted by Shwe Zin Win

[Unicode]

ရုတ်တရက်ကြားရသည့်စကားသံကြောင့် ရင်မှာထိတ်ကနည်းဖြစ်သွားသည်။

မဖြစ်နိုင်မှန်းလည်းသိသည်။စိတ်ထဲမှာတော့ စိုးရိမ်စိတ်က ဖြစ်ပေါ်သွားသည်။ပိုင်ဆိုင်ခြင်းမရှိသူတစ်ယောက်ရဲ့ စိုးရိမ်စိတ်ပါပဲ။

ကြားရသည့်အသံက တိုက်ခန်း ရောင်းမယ်ဆိုလို့ အခန်းလာကြည့်တာပါတဲ့။

မိမိနေသည့်အခန်းက ကိုယ်ပိုင်  တိုက်ခန်း  မဟုတ် ငှားနေရသည်။ပုံမှန်ဆို ၆လစာပေးပြီးငှားနေခဲ့သည်။ ကိုဗစ်ကာလတစ်လျှောက်လုံး အလုပ်ပိတ်ထားသဖြင့် ရှိတာထိုင်စားခဲ့ကြရာ အိမ်ငှားခအတွက် တစ်လုံးတစ်ခဲတည်းမပေးနိုင်တော့ပေ။ တိုက်ခန်းရှင်အား အခန်းငှားခကို တစ်လခြင်းသာပေးနိုင်မည်ဟု ခွင့်တောင်းရာ ပိုင်ရှင်ကခွင့်ပြုခဲ့သဖြင့်သာ တော်တော့သည်။သို့မဟုတ်ပါက ယခုအချိန်တွင်ဘယ်ပြေးလို့ ပြေးနေရမှန်း မသိဖြစ်ပေတော့မည်။

ကိုယ်ပိုင်အိမ်မရှိသူ လခစားကုမ္ပဏီဝန်ထမ်းတစ်ယောက်၏ ယခုကာလဝင်ငွေသည် မိသားစုအတွက် အိမ်ငှားခ(သို့)တိုက်ခန်းငှားခနုတ်ပြီး ကျန်သည့်ငွေဖြင့် တစ်လလုံး မရပ်တည်နိုင်ပေ။

နေထိုင်စားသောက်စရိတ်တို့က နှစ်ဆကျော်တက်လာနေသော်လည်း အတည်ငြိမ်ဆုံးကတော့ လခသာဖြစ်သည်။ကိုဗစ်ကြောင့် အလုပ်ချိန်တို့လျော့ဆင်းနေကြရာ လခသည်လည်း ရာခိုင်နှုန်းဖြင့်သာ ရတော့ရာ ဝင်ငွေလျော့သွားသည်ဟုပင်ဆိုရပါမည်။

တိုက်ခန်းပိုင်ရှင်နှင့်မိမိတို့က တနယ်တည်းသားတွေဖြစ်၍ လခထုတ်မှ တစ်လနေထိုင်ဖို့ အခန်းခလေး သွားပေးရသည်။တိုက်ခန်းရောင်းမည့်ကိစ္စရှိလျှင် ထိုကတည်းက မိမိကို အသိပေးပေမည်။

ယခုလို ဗြုန်းစားကြီးဖြစ်လာတော့ စိတ်ထဲမှာတမျိုးကြီးဖြစ်သွားသည်။ခြေတွေလက်တွေတောင်တုန်သွားသည်။ မိမိနေထိုင်သည့် အခန်းပိုင်ရှင်ထံ ဖုန်းလှမ်းဆက်ကြည့်ရာ မဟုတ်ကြောင်းပြောသည်။ လာကြည့်သူတွေကိုလည်း သေချာမေးကြည့်ခိုင်းရာ သူတို့လည်း ဆက်သွယ်ကြည့်ရာ တစ်တိုက်တည်းဖြစ်ပြီး အခြားလှေကားဘက်မှ တက်ရသည့် အခန်းဖြစ်ကြောင်း သိရသည်။

ရင်ထဲပေါ့သွားသော်လည်း ပိုင်ဆိုင်ခြင်းမရှိသည့် အခန်းကို ငှားနေရသူတစ်ယောက်၏ စိတ်တွင် တစ်ချိန်မှာ ဒီအခန်းကို ပိုင်ရှင်က မငှားလိုတော့၍ လည်းကောင်း၊အရေးပေါ်လိုအပ်၍လည်းကောင်း၊ကြိုက်ဈေးရ၍ လည်းကောင်း ရောင်းချမည်ဆိုပါက မိမိတို့အနေနှင့် မဖြစ်မနေဖယ်ပေးရတော့မည်။

အနေကြာလာပြီး အဆင်ပြေနေသေးသဖြင့် နေရေးအတွက်ပူပန်မှုကို မေ့နေလေသည်။တကယ်ပိုင်ဆိုင်နေတဲ့ နေရာလေးလို့ထင်နေမိသည်။မတရားပိုင်ဆိုင်လိုခြင်းကို ပြောခြင်းမဟုတ်ပါ။ ကိုယ်ပိုင်မဟုတ်မှန်း သိသိကြီးနှင့် မေ့နေခြင်းကိုသာဆိုလိုပါသည်။

ယခုလိုကိစ္စလေး ပေါ်လာသောအခါ မိမိစိတ်ကို တပ်လှန့်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ကိုယ်ပိုင်နေရာလေး တစ်ခု မရှိသေးသမျှတော့ ထိုအဖြစ်မျိုးသည် တစ်နေ့မဟုတ်တစ်နေ့ကြုံတွေ့နေရပါဦးမည်။ ရင်မှာပူပန် နေရပေဦးမည်။

အိမ်တစ်လုံး၊တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်ဆိုင်နိုင်မှုဆိုသည်က ရန်ကုန်မြို့ကြီး၏ လက်ရှိပေါက်ဈေးနှင့် ဝန်ထမ်း လစာလေးသာရှိပြီး အခြားဝင်ငွေရလမ်း မရှိသူများအတွက် မျှော်မှန်း၍ ရကောင်းသောအရာတော့ မဟုတ်ပေ။

သို့သော်လည်း ကိုယ်ပိုင်အိမ်လေးတစ်လုံးကို ပိုင်ဆိုင်လိုသည့်စိတ်ကတော့ ရင်ထဲမှာအမြဲတမ်းရှိနေသည်။ ကိုယ့်မိသားစုလေးနဲ့ နွေးနွေးထွေးထွေးလေး ပူပန်မှုလျော့နည်းစွာ နေထိုင်နိုင်ဖို့တော့ ကျွန်တော်တစ်ဦး တစ်ယောက်တည်းသာမဟုတ် အခြားသောမိသားစုတိုင်း၏ စိတ်၌လည်းရှိနေလိမ့်မည်ဟုယူဆပါသည်။

မိသားစုတိုင်း အိမ်ပိုင်ရာပိုင်လေးများဖြစ်ပြီး ရင်မှအပူတို့လျော့နည်းကြပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

အိမ်ဝယ်ဖို့အတွက် ငွေလိုနေပါသလား? ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ချင်ပါသလား? အိမ်ရာချေးငွေ ရှိတယ်လေ။ အိမ်ရာချေးငွေ (Home Loan Application) လျှောက်ထားရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

“အိမ္ငွားဘဝ ရင္ပူရ”

 

ရုတ္တရက္ၾကားရသည့္စကားသံေၾကာင့္ ရင္မွာထိတ္ကနည္းျဖစ္သြားသည္။

မျဖစ္ႏိုင္မွန္းလည္းသိသည္။စိတ္ထဲမွာေတာ့ စိုးရိမ္စိတ္က ျဖစ္ေပၚသြားသည္။ပိုင္ဆိုင္ျခင္းမရွိသူတစ္ေယာက္ရဲ႕ စိုးရိမ္စိတ္ပါပဲ။

ၾကားရသည့္အသံက တိုက္ခန္းေရာင္းမယ္ဆိုလို႔ အခန္းလာၾကည့္တာပါတဲ့။

မိမိေနသည့္အခန္းက ကိုယ္ပိုင္ တိုက္ခန္း မဟုတ္ ငွားေနရသည္။ပုံမွန္ဆို ၆လစာေပးၿပီးငွားေနခဲ့သည္။ ကိုဗစ္ကာလတစ္ေလွ်ာက္လုံး အလုပ္ပိတ္ထားသျဖင့္ ရွိတာထိုင္စားခဲ့ၾကရာ အိမ္ငွားခအတြက္ တစ္လုံးတစ္ခဲတည္းမေပးႏိုင္ေတာ့ေပ။ တိုက္ခန္းရွင္အား အခန္းငွားခကို တစ္လျခင္းသာေပးႏိုင္မည္ဟု ခြင့္ေတာင္းရာ ပိုင္ရွင္ကခြင့္ျပဳခဲ့သျဖင့္သာ ေတာ္ေတာ့သည္။သို႔မဟုတ္ပါက ယခုအခ်ိန္တြင္ဘယ္ေျပးလို႔ ေျပးေနရမွန္း မသိျဖစ္ေပေတာ့မည္။

ကိုယ္ပိုင္အိမ္မရွိသူ လခစားကုမၸဏီဝန္ထမ္းတစ္ေယာက္၏ ယခုကာလဝင္ေငြသည္ မိသားစုအတြက္ အိမ္ငွားခ(သို႔)တိုက္ခန္းငွားခႏုတ္ၿပီး က်န္သည့္ေငြျဖင့္ တစ္လလုံး မရပ္တည္ႏိုင္ေပ။

ေနထိုင္စားေသာက္စရိတ္တို႔က ႏွစ္ဆေက်ာ္တက္လာေနေသာ္လည္း အတည္ၿငိမ္ဆုံးကေတာ့ လခသာျဖစ္သည္။ကိုဗစ္ေၾကာင့္ အလုပ္ခ်ိန္တို႔ေလ်ာ့ဆင္းေနၾကရာ လခသည္လည္း ရာခိုင္ႏႈန္းျဖင့္သာ ရေတာ့ရာ ဝင္ေငြေလ်ာ့သြားသည္ဟုပင္ဆိုရပါမည္။

တိုက္ခန္းပိုင္ရွင္ႏွင့္မိမိတို႔က တနယ္တည္းသားေတြျဖစ္၍ လခထုတ္မွ တစ္လေနထိုင္ဖို႔ အခန္းခေလး သြားေပးရသည္။တိုက္ခန္းေရာင္းမည့္ကိစၥရွိလွ်င္ ထိုကတည္းက မိမိကို အသိေပးေပမည္။

ယခုလို ျဗဳန္းစားႀကီးျဖစ္လာေတာ့ စိတ္ထဲမွာတမ်ိဳးႀကီးျဖစ္သြားသည္။ေျခေတြလက္ေတြေတာင္တုန္သြားသည္။ မိမိေနထိုင္သည့္ အခန္းပိုင္ရွင္ထံ ဖုန္းလွမ္းဆက္ၾကည့္ရာ မဟုတ္ေၾကာင္းေျပာသည္။ လာၾကည့္သူေတြကို လည္း ေသခ်ာေမးၾကည့္ခိုင္းရာ သူတို႔လည္း ဆက္သြယ္ၾကည့္ရာ တစ္တိုက္တည္းျဖစ္ၿပီး အျခားေလွကားဘက္မွ တက္ရသည့္ အခန္းျဖစ္ေၾကာင္း သိရသည္။

ရင္ထဲေပါ့သြားေသာ္လည္း ပိုင္ဆိုင္ျခင္းမရွိသည့္ အခန္းကို ငွားေနရသူတစ္ေယာက္၏ စိတ္တြင္ တစ္ခ်ိန္မွာ ဒီအခန္းကို ပိုင္ရွင္က မငွားလိုေတာ့၍ လည္းေကာင္း၊အေရးေပၚလိုအပ္၍လည္းေကာင္း၊ႀကိဳက္ေဈးရ၍ လည္းေကာင္း ေရာင္းခ်မည္ဆိုပါက မိမိတို႔အေနႏွင့္ မျဖစ္မေနဖယ္ေပးရေတာ့မည္။

အေနၾကာလာၿပီး အဆင္ေျပေနေသးသျဖင့္ ေနေရးအတြက္ပူပန္မႈကို ေမ့ေနေလသည္။တကယ္ပိုင္ဆိုင္ေနတဲ့ ေနရာေလးလို႔ထင္ေနမိသည္။မတရားပိုင္ဆိုင္လိုျခင္းကို ေျပာျခင္းမဟုတ္ပါ။ ကိုယ္ပိုင္မဟုတ္မွန္း သိသိႀကီးႏွင့္ ေမ့ေနျခင္းကိုသာဆိုလိုပါသည္။

ယခုလိုကိစၥေလး ေပၚလာေသာအခါ မိမိစိတ္ကို တပ္လွန္႔ေပးလိုက္သကဲ့သို႔ ျဖစ္သြားသည္။ ကိုယ္ပိုင္ေနရာေလး တစ္ခု မရွိေသးသမွ်ေတာ့ ထိုအျဖစ္မ်ိဳးသည္ တစ္ေန႔မဟုတ္တစ္ေန႔ႀကံဳေတြ႔ေနရပါဦးမည္။ ရင္မွာပူပန္ ေနရေပဦးမည္။

အိမ္တစ္လုံး၊တိုက္ခန္းတစ္ခန္း ပိုင္ဆိုင္ဆိုင္ႏိုင္မႈဆိုသည္က ရန္ကုန္ၿမိဳ႕ႀကီး၏ လက္ရွိေပါက္ေဈးႏွင့္ ဝန္ထမ္း လစာေလးသာရွိၿပီး အျခားဝင္ေငြရလမ္း မရွိသူမ်ားအတြက္ ေမွ်ာ္မွန္း၍ ရေကာင္းေသာအရာေတာ့ မဟုတ္ေပ။

သို႔ေသာ္လည္း ကိုယ္ပိုင္အိမ္ေလးတစ္လုံးကို ပိုင္ဆိုင္လိုသည့္စိတ္ကေတာ့ ရင္ထဲမွာအျမဲတမ္းရွိေနသည္။ ကိုယ့္မိသားစုေလးနဲ႔ ေႏြးေႏြးေထြးေထြးေလး ပူပန္မႈေလ်ာ့နည္းစြာ ေနထိုင္ႏိုင္ဖို႔ေတာ့ ကၽြန္ေတာ္တစ္ဦး တစ္ေယာက္တည္းသာမဟုတ္ အျခားေသာမိသားစုတိုင္း၏ စိတ္၌လည္းရွိေနလိမ့္မည္ဟုယူဆပါသည္။

မိသားစုတိုင္း အိမ္ပိုင္ရာပိုင္ေလးမ်ားျဖစ္ၿပီး ရင္မွအပူတို႔ေလ်ာ့နည္းၾကပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

အိမ္ဝယ္ဖို႔အတြက္ ေငြလိုေနပါသလား? ကိုယ္ပိုင္အိမ္တစ္လံုး ပိုင္ဆိုင္ခ်င္ပါသလား? အိမ္ရာေခ်းေငြ ရွိတယ္ေလ။ အိမ္ရာေခ်းေငြ (Home Loan Application) ေလွ်ာက္ထားရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

Upcoming Property Events

42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service