အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
1942 Views

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?

Knowledge | Posted by Zarni Kyaw

[Unicode]

 

အဝတ်ဗီရိုမှာ မှိုစွဲတာက ကြောက်ဖို့ ကောင်းတယ်နော်။ ဗီရိုမှာ မှိုစွဲတာကို မသိပဲ အဝတ်တွေ ဆက်ထားထားမယ်ဆိုရင် အဝတ်အစားတွေထိပါ မှိုတွေက ကူးသွားပြီး ပျက်စီးသွားနိုင်ပါတယ်။

ဗီရိုထဲမှာ မှိုစွဲရခြင်း အကြောင်းရင်းကတော့ နှစ်ချက်ရှိပါတယ်။

(၁) ပြင်ပက ရေငွေ့တွေကြောင့် ငွေ့ရည်ဖွဲ့ပြီး အစိုပြန်ခြင်း နဲ့

(၂) မခြောက်သေးပဲ စိုနေတဲ့ အဝတ်တွေကြောင့် မှိုစွဲတတ်ပါတယ်။ ကျွန်မတုန်းကလည်း ဖြစ်ဖူးတယ်၊ စောစောသိပြီး အမြန် ရှင်းထုတ်လိုက်နိုင်တော့ အဝတ်အစားတွေ ဘာမှ ဖြစ်မသွားခဲ့ဘူး။ မှိုက ထားထားရင် ထားထားသလို အပွားမြန်တော့၊ သိတာနဲ့ ချက်ချင်း ရှင်းထုတ်သင့်ပါတယ်။

မှိုစွဲတာကို ဖြေရှင်းတဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ ရေချိုးခန်း နံရံ၊ မီးဖိုချောင် နံရံတွေမှာ မှိုစွဲရင်တော့ ကြေးချွတ်ဆေးသုံးပြီး ဖြေရှင်းလိုက်ရုံပါပဲ။ ဒါပေမယ့် သစ်သားနဲ့ လုပ်ထားတဲ့ ဗီရိုလိုမျိုးမှာ ဆိုရင်တော့ ကြေးချွတ်ဆေးကို အသုံးမပြုသင့်ပါဘူးနော်။ ဗီရိုရဲ့ ပေါ်လစ် တင်ထားတာကို တိုက်စားသွားပြီး၊ ဆေးကွာတာ၊ အရောင်မှိန်တာတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်၊ သစ်သားတွေမှာ မှိုစွဲရင် ကြေးချွတ်ဆေးကို အသုံးမပြုရပဲ အခြား နည်းလမ်းကို အသုံးပြုပေးရပါမယ်။ အခု၊ ကျွန်မက အဲဒီနည်လမ်းကို ပြောပြသွားမှာပါနော်။

ဗီဒီုထဲမှာ မှိုစွဲခြင်းကို ရပ်တန့်စေမယ့် နည်းလမ်း

ကျွန်မ ပြောပြမှာကတော့၊ မှိုစွဲတဲ့ နေရာလောက်ကိုပဲ ရှင်းလင်းသွားအောင် လုပ်ရတာမျိုး မဟုတ်ပဲ၊ ဗီရိုထဲမှာ ရှိနေတဲ့ မှိုတွေ အားလုံးကို အရှင်းပျောက်သွားအောင် လုပ်ရမယ့် နည်းလမ်းပါ။ ကြေးချွတ်ဆေးသုံးလို့ မဖြစ်တဲ့အတွက်၊ အဲဒီအစား ဗီနီဂါကို အသုံးပြုပေးရပါမယ်။

၁။ မှိုစွဲခြင်းရဲ့ အပြင်ဆုံး အလွှာဖြစ်တဲ့ မှိုနဲ့ အမည်းကွက်က ရှင်းလင်းသွားဖို့အတွက် ရေနဲ့ ဗီနီဂါကို ခွက်တစ်ခုထဲမှာ ရောဖျော်ပြီး၊ မှိုစွဲနေရတွေကို ပက်ဖြန်းပေးပါ။

၂။ ပြီးရင် အဝတ်စ တစ်ခုကို ဗီနီဂါအရည်နဲ့ စိုစွတ်စေပြီး မှိုစွဲနေရာတွေကို သုတ်ပေးရပါမယ်။ သုတ်ပြီးသွားရင် အပေါ်ယံမှိုတွေ လုံးဝ ရှင်းသွားပါပြီ။ ဒါပေမယ့် မမြင်ရတဲ့ သစ်သားအတွင်းထဲမှာ မှိုတွေ ကျန်နေဦးမှာပါ။

၃။ မမြင်ရတဲ့ အတွင်းသားထဲက မှိုတွေပါ လုံးဝ အရှင်းပျောက်ဖို့အတွက် (ရေ မရောပဲ) ဗီနီဂါသီးသန့် ပက်ဖြန်းပေးပြီး၊ ဗီနီဂါ ခြောက်သွားအောင်ထိ ထားထားရပါမယ်။

၄။ ပြီးရင် ရိုးရိုး ရေအေးနဲ့ သစ်သား မျက်နှာပြင်တွေကို စင်အောင် ဆေးပြီး ခြောက်သွေ့တဲ့ အဝတ်နဲ့ ရေတွေ ပြောင်သွားအောင်ထိ သုတ်ပေးပါ။ ဒါဆိုရင်တော့ သစ်သားအတွင်းထဲ မှိုတွေပါ သေသွားပါပြီ။

ဒီ အဆင့် (၄) ဆင့်ကတော့ ကျွန်မရဲ့ မှိုတွေကို သုတ်သင်ရှင်းလင်းတဲ့ နည်းလမ်းပါပဲနော်။ မှိုတွေ ရှင်းလင်းသွားပြီဆိုရင်တော့၊ နောက်ထပ် မှိုတွေ ထပ်မဖြစ်လာအောင် သတိထားရမယ့် အချက်လေးတွေကို ပြောပြပေးပါ့မယ်။

မှိုသန့်ရှင်းရေး စမလုပ်ခင်၊ အဝတ်ဗီရိုကို နံရံနဲ့ အနည်းငယ် ခွာပေးရပါ့မယ်။ ဒါမှ နံရံကနေ ငွေ့ရည်ပြန်ဖွဲ့ပြီး ဗီရိုတွေထဲကို ရေဓာတ် ပြန်မစိမ့်ဝင်မှာ ဖြစ်ပါတယ်။

အဝတ်ဗီရိုထဲမှာ ဘယ်တော့မှ စိုနေတဲ့ အဝတ်တွေကို မထားပါနဲ့။ အဝတ်တွေ ဗီရိုထဲ ထည့်မယ်ဆိုရင်လည်း၊ ခြောက်သွေ့တဲ့ အဝတ်တွေပဲ ဖြစ်ပါစေ။

အဝတ်တွေကို ပြွတ်သိပ်နေအောင် မထည့်ပါနဲ့။ အဝတ်တွေ အရမ်း ပြွတ်သိပ်နေတယ်ဆိုရင် အဝတ် အသားတွေကြားမှာ မှိုတွေ ပြန်ဖြစ်လာနိုင်ပြီး၊ ဗီရိုမှာ မှိုပြန်စွဲသွားနိုင်ပါတယ်။

ကဲ.. ဒီနည်းလမ်းတွေကတော့ မှိုစွဲတာနဲ့ ပက်သက်ပြီး ကျွန်မ လက်စွဲပြုထားတဲ့ နည်းပါပဲ။ မေမေတို့လည်း ကိုယ့်အိမ်က ဗီရိုမှာ မှိုစွဲရင် ဖြေရှင်းလို့ ရအောင် မှတ်ထားသင့်တယ်နော်။ ဒါမှ အင်္ကျီ အဝတ်အစားတွေမှာ အထိအခိုက် မရှိမှာ။ ဒီလို မှိုစွဲတာက အစိုဓာတ်ကြောင့် အဓိက ဖြစ်တတ်တာမို့ အခုလို မိုးရာသီဆို ပိုပြီးသတိထားသင့်ပါတယ်နော်။ အခု မှိုရှင်တဲ့ နည်းလမ်းလည်း ရှိနေပြီဆိုတော့ မှိုစွဲတာကို သိတာနဲ့ ချက်ချင်း ရှင်းထုတ်ဖို့ ကျွန်မက အထူး တိုက်တွန်းပါတယ်။ ဒါဆို အဝတ်အစားတွေ ထိခိုက် ပျက်စီးမှာ စိုးရိမ်စရာ မလိုတော့ပါဘူးနော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: mahaythi

 

[Zawgyi]

အဝတ္ဗီ႐ိုမွာ မိႈစြဲေနတာကို ဘယ္လို သန္႔႐ွင္းမလဲ ?

 

အဝတ္ဗီ႐ိုမွာ မိႈစြဲတာက ေၾကာက္ဖို႔ ေကာင္းတယ္ေနာ္။ ဗီ႐ိုမွာ မိႈစြဲတာကို မသိပဲ အဝတ္ေတြ ဆက္ထားထားမယ္ဆိုရင္ အဝတ္အစားေတြထိပါ မိႈေတြက ကူးသြားၿပီး ပ်က္စီးသြားႏိုင္ပါတယ္။

ဗီ႐ိုထဲမွာ မိႈစြဲရျခင္း အေၾကာင္းရင္းကေတာ့ ႏွစ္ခ်က္႐ွိပါတယ္။

(၁) ျပင္ပက ေရေငြ႕ေတြေၾကာင့္ ေငြ႕ရည္ဖြဲ႕ၿပီး အစိုျပန္ျခင္း နဲ႔

(၂) မေျခာက္ေသးပဲ စိုေနတဲ့ အဝတ္ေတြေၾကာင့္ မိႈစြဲတတ္ပါတယ္။ ကြၽန္မတုန္းကလည္း ျဖစ္ဖူးတယ္၊ ေစာေစာသိၿပီး အျမန္ ႐ွင္းထုတ္လိုက္ႏိုင္ေတာ့ အဝတ္အစားေတြ ဘာမွ ျဖစ္မသြားခဲ့ဘူး။ မိႈက ထားထားရင္ ထားထားသလို အပြားျမန္ေတာ့၊ သိတာနဲ႔ ခ်က္ခ်င္း ႐ွင္းထုတ္သင့္ပါတယ္။

မိႈစြဲတာကို ေျဖ႐ွင္းတဲ့ နည္းလမ္းေတြကေတာ့ အမ်ိဳးမ်ိဳး႐ွိပါတယ္။ ေရခ်ိဳးခန္း နံရံ၊ မီးဖိုေခ်ာင္ နံရံေတြမွာ မိႈစြဲရင္ေတာ့ ေၾကးခြၽတ္ေဆးသုံးၿပီး ေျဖ႐ွင္းလိုက္႐ုံပါပဲ။ ဒါေပမယ့္ သစ္သားနဲ႔ လုပ္ထားတဲ့ ဗီ႐ိုလိုမ်ိဳးမွာ ဆိုရင္ေတာ့ ေၾကးခြၽတ္ေဆးကို အသုံးမျပဳသင့္ပါဘူးေနာ္။ ဗီ႐ိုရဲ႕ ေပၚလစ္ တင္ထားတာကို တိုက္စားသြားၿပီး၊ ေဆးကြာတာ၊ အေရာင္မွိန္တာေတြ ျဖစ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္၊ သစ္သားေတြမွာ မိႈစြဲရင္ ေၾကးခြၽတ္ေဆးကို အသုံးမျပဳရပဲ အျခား နည္းလမ္းကို အသုံးျပဳေပးရပါမယ္။ အခု၊ ကြၽန္မက အဲဒီနည္လမ္းကို ေျပာျပသြားမွာပါေနာ္။

ဗီဒီုထဲမွာ မိႈစြဲျခင္းကို ရပ္တန္႔ေစမယ့္ နည္းလမ္း

ကြၽန္မ ေျပာျပမွာကေတာ့၊ မိႈစြဲတဲ့ ေနရာေလာက္ကိုပဲ ႐ွင္းလင္းသြားေအာင္ လုပ္ရတာမ်ိဳး မဟုတ္ပဲ၊ ဗီ႐ိုထဲမွာ ႐ွိေနတဲ့ မိႈေတြ အားလုံးကို အ႐ွင္းေပ်ာက္သြားေအာင္ လုပ္ရမယ့္ နည္းလမ္းပါ။ ေၾကးခြၽတ္ေဆးသုံးလို႔ မျဖစ္တဲ့အတြက္၊ အဲဒီအစား ဗီနီဂါကို အသုံးျပဳေပးရပါမယ္။

၁။ မိႈစြဲျခင္းရဲ႕ အျပင္ဆုံး အလႊာျဖစ္တဲ့ မိႈနဲ႔ အမည္းကြက္က ႐ွင္းလင္းသြားဖို႔အတြက္ ေရနဲ႔ ဗီနီဂါကို ခြက္တစ္ခုထဲမွာ ေရာေဖ်ာ္ၿပီး၊ မိႈစြဲေနရေတြကို ပက္ျဖန္းေပးပါ။

၂။ ၿပီးရင္ အဝတ္စ တစ္ခုကို ဗီနီဂါအရည္နဲ႔ စိုစြတ္ေစၿပီး မိႈစြဲေနရာေတြကို သုတ္ေပးရပါမယ္။ သုတ္ၿပီးသြားရင္ အေပၚယံမိႈေတြ လုံးဝ ႐ွင္းသြားပါၿပီ။ ဒါေပမယ့္ မျမင္ရတဲ့ သစ္သားအတြင္းထဲမွာ မိႈေတြ က်န္ေနဦးမွာပါ။

၃။ မျမင္ရတဲ့ အတြင္းသားထဲက မိႈေတြပါ လုံးဝ အ႐ွင္းေပ်ာက္ဖို႔အတြက္ (ေရ မေရာပဲ) ဗီနီဂါသီးသန္႔ ပက္ျဖန္းေပးၿပီး၊ ဗီနီဂါ ေျခာက္သြားေအာင္ထိ ထားထားရပါမယ္။

၄။ ၿပီးရင္ ႐ိုး႐ိုး ေရေအးနဲ႔ သစ္သား မ်က္ႏွာျပင္ေတြကို စင္ေအာင္ ေဆးၿပီး ေျခာက္ေသြ႕တဲ့ အဝတ္နဲ႔ ေရေတြ ေျပာင္သြားေအာင္ထိ သုတ္ေပးပါ။ ဒါဆိုရင္ေတာ့ သစ္သားအတြင္းထဲ မိႈေတြပါ ေသသြားပါၿပီ။

ဒီ အဆင့္ (၄) ဆင့္ကေတာ့ ကြၽန္မရဲ႕ မိႈေတြကို သုတ္သင္႐ွင္းလင္းတဲ့ နည္းလမ္းပါပဲေနာ္။ မိႈေတြ ႐ွင္းလင္းသြားၿပီဆိုရင္ေတာ့၊ ေနာက္ထပ္ မိႈေတြ ထပ္မျဖစ္လာေအာင္ သတိထားရမယ့္ အခ်က္ေလးေတြကို ေျပာျပေပးပါ့မယ္။

မိႈသန္႔႐ွင္းေရး စမလုပ္ခင္၊ အဝတ္ဗီ႐ိုကို နံရံနဲ႔ အနည္းငယ္ ခြာေပးရပါ့မယ္။ ဒါမွ နံရံကေန ေငြ႕ရည္ျပန္ဖြဲ႕ၿပီး ဗီ႐ိုေတြထဲကို ေရဓာတ္ ျပန္မစိမ့္ဝင္မွာ ျဖစ္ပါတယ္။

အဝတ္ဗီ႐ိုထဲမွာ ဘယ္ေတာ့မွ စိုေနတဲ့ အဝတ္ေတြကို မထားပါနဲ႔။ အဝတ္ေတြ ဗီ႐ိုထဲ ထည့္မယ္ဆိုရင္လည္း၊ ေျခာက္ေသြ႕တဲ့ အဝတ္ေတြပဲ ျဖစ္ပါေစ။

အဝတ္ေတြကို ႁပြတ္သိပ္ေနေအာင္ မထည့္ပါနဲ႔။ အဝတ္ေတြ အရမ္း ႁပြတ္သိပ္ေနတယ္ဆိုရင္ အဝတ္ အသားေတြၾကားမွာ မိႈေတြ ျပန္ျဖစ္လာႏိုင္ၿပီး၊ ဗီ႐ိုမွာ မိႈျပန္စြဲသြားႏိုင္ပါတယ္။

ကဲ.. ဒီနည္းလမ္းေတြကေတာ့ မိႈစြဲတာနဲ႔ ပက္သက္ၿပီး ကြၽန္မ လက္စြဲျပဳထားတဲ့ နည္းပါပဲ။ ေမေမတို႔လည္း ကိုယ့္အိမ္က ဗီ႐ိုမွာ မိႈစြဲရင္ ေျဖ႐ွင္းလို႔ ရေအာင္ မွတ္ထားသင့္တယ္ေနာ္။ ဒါမွ အက်ႌ အဝတ္အစားေတြမွာ အထိအခိုက္ မ႐ွိမွာ။ ဒီလို မိႈစြဲတာက အစိုဓာတ္ေၾကာင့္ အဓိက ျဖစ္တတ္တာမို႔ အခုလို မိုးရာသီဆို ပိုၿပီးသတိထားသင့္ပါတယ္ေနာ္။ အခု မိႈ႐ွင္တဲ့ နည္းလမ္းလည္း ႐ွိေနၿပီဆိုေတာ့ မိႈစြဲတာကို သိတာနဲ႔ ခ်က္ခ်င္း ႐ွင္းထုတ္ဖို႔ ကြၽန္မက အထူး တိုက္တြန္းပါတယ္။ ဒါဆို အဝတ္အစားေတြ ထိခိုက္ ပ်က္စီးမွာ စိုးရိမ္စရာ မလိုေတာ့ပါဘူးေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: mahaythi

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 02 Aug To 03 Aug

Inno City Special Sales Event

Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service