ကွန်ဒိုတိုက်ခန်းပိုင်သူများ ရရှိသော အခွင့်အရေးများ - Property Knowledge in Myanmar from iMyanmarHouse.com
653 Views

ကွန်ဒိုတိုက်ခန်းပိုင်သူများ ရရှိသော အခွင့်အရေးများ

Knowledge | Posted by Hnin Ei Khin

[Unicode]

ကွန်ဒို  တိုက်ခန်းပိုင်သူသည် မှတ်ပုံတင်ထားသောတိုက်ခန်းကို... (က) ပေးကမ်းခြင်း၊ စွန့်လွှတ်ခြင်းနှင့် လဲလှယ်ခြင်းဖြစ်စေ၊

(ခ) ရောင်းချခြင်း၊

(ဂ) နောက်ဆုံးအတည်ဖြစ်သည့် တရားရုံး၏ အမိန့်( သို့) ဒီဂရီအရ ပိုင်ဆိုင်ခွင့်လွှဲပြောင်းခြင်းနှင့် လွှဲအပ်ခြင်းတစ်ရပ်ရပ်တို့ ဆောင်ရွက်သည့်အခါ လွှဲပြောင်းပေးသူနှင့် လက်ခံရရှိသူတို့သည် လွှဲပြောင်းသည့် နေ့မှစ၍ ရက်ပေါင်း(၃၀)အတွင်း သက်ဆိုင်ရာမှတ်ပုံတင်အရာရှိထံတွင် လွှဲပြောင်းသည့်စာချုပ်စာတမ်းကို သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ရမည်။ (စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေပုဒ်မ-၂၀)

ကွန်ဒိုတိုက်ခန်းပိုင်သူများ ရရှိသော အခွင့်အရေးများမှာ-

(က) ပုဒ်မ(၂၀)အရ လွှဲပြောင်းခြင်းတစ်ရပ်ရပ်ဖြင့် တိုက်ခန်းလွှဲပြောင်းသည့် စာချုပ်စာတမ်းကို မှတ်ပုံတင်ခွင့်ရှိသည်။ တိုက်ခန်းပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းလက်ခံ ရရှိသူ အမည်သို့ ပြောင်းလဲခွင့်ရှိသည်။

(ခ) ဥပဒေနှင့်အညီ တိုက်ခန်းလွှဲပြောင်းသည့် စာချုပ်စာတမ်းကို မှတ်ပုံတင်ပြီးသည့်အခါ တိုက်ခန်းကို တရားဝင် ပိုင်ဆိုင်ခွင့်ရှိသည်။

(ဂ) တိုက်ခန်းကို နိုင်ငံသားအား ဥပဒေ  နှင့်အညီ ရောင်းချ၊ လဲလှယ်၊ ပေးကမ်း၊ စွန့်လွှတ်၊ ငှားရမ်း၊ ပေါင်နှံ၊ အမွေဆက်ခံခွင့်နှင့် ခွင့်ပြုချက်ဖြင့် ထားပ်ိုင်ခွင့်များရှိသည်။

(ဃ)(၁) တိုက်ခန်းကို နိုင်ငံခြားသားအား ဥပဒေနှင့်အညီ ငှားရမ်း၊ ပေါင်နှံ၊ ခွင့်ပြုချက်ဖြင့် ထားပိုင်ခွင့်များ ရှိသည်။

(၂) ကွန်ဒို၏ ၄၀%ထက်မပိုသော တိုက်ခန်းများကို နိုင်ငံခြားသားများအား ဤဥပဒေနှင့်အညီ ရောင်းချနိုင်ခွင့်ရှိသည်။

(င) တိုက်ခန်းကို ဘဏ်တွင် ပေါင်နှံခွင့်ရှိသည်။

(စ) အမှုဆောင်အဖွဲ့၏ ခွင့်ပြုချက်ရယူ၍ ကွန်ဒိုအဆောက်အအုံ၏ခိုင်ခံ့မှုကို မထိခိုက်စေပဲ အသေးစားပြင်ဆင်ခွင့်ရှိပါသည်။

(ဆ) ‌ကော်မတီ၏ ရန်ပုံငွေကို စုပေါင်းပိုင်သူအားလုံးနှင့်အတူ သက်ဆိုင်ခွင့်ရှိသည်။

(ဇ) အမှုဆောင်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် သာရေး၊ နာရေး ကိစ္စအတွက် ယာယီအသုံးပြုခွင့်ရှိသည်။

(ဈ) ကော်မတီဝင်အဖြစ် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်နှင့် ရွေးချယ်တင်မြှောက်ခွင့်ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

ကြန္ဒိုတိုက္ခန္းပိုင္သူမ်ား ရရွိေသာ အခြင့္အေရးမ်ား

ကြန္ဒို တိုက္ခန္းပိုင္သူသည္ မွတ္ပုံတင္ထားေသာတိုက္ခန္းကို... (က) ေပးကမ္းျခင္း၊ စြန္႔လႊတ္ျခင္းႏွင့္ လဲလွယ္ျခင္းျဖစ္ေစ၊

(ခ) ေရာင္းခ်ျခင္း၊

(ဂ) ေနာက္ဆုံးအတည္ျဖစ္သည့္ တရား႐ုံး၏ အမိန္႔( သို႕) ဒီဂရီအရ ပိုင္ဆိုင္ခြင့္လႊဲေျပာင္းျခင္းႏွင့္ လႊဲအပ္ျခင္းတစ္ရပ္ရပ္တို႔ ေဆာင္ရြက္သည့္အခါ လႊဲေျပာင္းေပးသူႏွင့္ လက္ခံရရွိသူတို႔သည္ လႊဲေျပာင္းသည့္ ေန႔မွစ၍ ရက္ေပါင္း(၃၀)အတြင္း သက္ဆိုင္ရာမွတ္ပုံတင္အရာရွိထံတြင္ လႊဲေျပာင္းသည့္စာခ်ဳပ္စာတမ္းကို သတ္မွတ္ခ်က္မ်ားႏွင့္အညီ မွတ္ပုံတင္ရမည္။ (စုေပါင္းပိုင္အေဆာက္အအုံဆိုင္ရာ ဥပေဒပုဒ္မ-၂၀)

ကြန္ဒိုတိုက္ခန္းပိုင္သူမ်ား ရရွိေသာ အခြင့္အေရးမ်ားမွာ-

(က) ပုဒ္မ(၂၀)အရ လႊဲေျပာင္းျခင္းတစ္ရပ္ရပ္ျဖင့္ တိုက္ခန္းလႊဲေျပာင္းသည့္ စာခ်ဳပ္စာတမ္းကို မွတ္ပုံတင္ခြင့္ရွိသည္။ တိုက္ခန္းပိုင္ဆိုင္ခြင့္ကို လႊဲေျပာင္းလက္ခံ ရရွိသူ အမည္သို႔ ေျပာင္းလဲခြင့္ရွိသည္။

(ခ) ဥပေဒႏွင့္အညီ တိုက္ခန္းလႊဲေျပာင္းသည့္ စာခ်ဳပ္စာတမ္းကို မွတ္ပုံတင္ၿပီးသည့္အခါ တိုက္ခန္းကို တရားဝင္ ပိုင္ဆိုင္ခြင့္ရွိသည္။

(ဂ) တိုက္ခန္းကို ႏိုင္ငံသားအား ဥပေဒ ႏွင့္အညီ ေရာင္းခ်၊ လဲလွယ္၊ ေပးကမ္း၊ စြန္႔လႊတ္၊ ငွားရမ္း၊ ေပါင္ႏွံ၊ အေမြဆက္ခံခြင့္ႏွင့္ ခြင့္ျပဳခ်က္ျဖင့္ ထားပ္ိုင္ခြင့္မ်ားရွိသည္။

(ဃ)(၁) တိုက္ခန္းကို ႏိုင္ငံျခားသားအား ဥပေဒႏွင့္အညီ ငွားရမ္း၊ ေပါင္ႏွံ၊ ခြင့္ျပဳခ်က္ျဖင့္ ထားပိုင္ခြင့္မ်ား ရွိသည္။

(၂) ကြန္ဒို၏ ၄၀%ထက္မပိုေသာ တိုက္ခန္းမ်ားကို ႏိုင္ငံျခားသားမ်ားအား ဤဥပေဒႏွင့္အညီ ေရာင္းခ်ႏိုင္ခြင့္ရွိသည္။

(င) တိုက္ခန္းကို ဘဏ္တြင္ ေပါင္ႏွံခြင့္ရွိသည္။

(စ) အမႈေဆာင္အဖြဲ႔၏ ခြင့္ျပဳခ်က္ရယူ၍ ကြန္ဒိုအေဆာက္အအုံ၏ခိုင္ခံ႔မႈကို မထိခိုက္ေစပဲ အေသးစားျပင္ဆင္ခြင့္ရွိပါသည္။

(ဆ) ‌ေကာ္မတီ၏ ရန္ပုံေငြကို စုေပါင္းပိုင္သူအားလုံးႏွင့္အတူ သက္ဆိုင္ခြင့္ရွိသည္။

(ဇ) အမႈေဆာင္အဖြဲ႔၏ ခြင့္ျပဳခ်က္ျဖင့္ သာေရး၊ နာေရး ကိစၥအတြက္ ယာယီအသုံးျပဳခြင့္ရွိသည္။

(စ်) ေကာ္မတီဝင္အျဖစ္ ေရြးခ်ယ္တင္ေႁမွာက္ခံပိုင္ခြင့္ႏွင့္ ေရြးခ်ယ္တင္ေႁမွာက္ခြင့္ရွိသည္။

 

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

From 03 Jun To 30 Jun

AREA ONE Online Sales Event

shwe-wutthmone
myat-ingyin

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service