အမွေမမီမြေးဆိုသည်မှာ အဘယ်နည်း။ - Property Knowledge in Myanmar from iMyanmarHouse.com
3697 Views

အမွေမမီမြေးဆိုသည်မှာ အဘယ်နည်း။

Knowledge | Posted by Si Thu Aung

[Unicode]

အမွေမမီမြေးဆိုသည်မှာ အဘိုး(သို့) အဘွားဖြစ်စေ၊ နှစ်ယောက်လုံးဖြစ်စေ မသေဆုံးမီတွင် သေဆုံးသွားသော သားသမီးများမှ မွေးဖွားသည့် ထိုဘိုးဘွား၏ မြေးအရင်းများကို ဆိုလိုပါသည်။

မယားဖြစ်သူသည် ၎င်း၏မိဘများထက် ဦးစွာ သေဆုံးသွားပါက ယောက်ျားဖြစ်သူသည် ယောက္ခမများ ကွယ်လွန်ချိန်တွင် အမွေစား၊ အမွေခံမဖြစ်နိုင်ပါ။ ထို့ကြောင့်ပင် မြေးများအား သေဆုံးသူမိဘ၏ ညီအကိုမောင်နှမများနှင့် ယှဉ်ပြိုင်၍ အမွေဆက်ခံခွင့်ကို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၏ ခြွင်းချက်အဖြစ်ပေးခြင်းဖြစ်ပါသည်။

အမွေဆက်ခံမည့် မိခင်(သို့)ဖခင်တစ်ဦးဦးသည် အမွေရှင်ထက် ဦးစွာကွယ်လွန်ပါက ကျန်ရစ်ခဲ့သော သားသမီးတို့သည် အမွေမမီမြေးဟု မှတ်ယူရပါမည်။

မြန်မာဗုဒ္ဓဘာသာအိမ်ထောင်တွင် အဖေ (သို့) အမေ ကွယ်လွန်သောအခါ အမွေရထိုက်သည့် သြရသ(သားသမီးအကြီးဆုံးကိုဆိုလိုသည်)သားသမီးကျန်ရစ်လျှင် ထိုသားသမီးသည် အမွေ၏လေးပုံတစ်ပုံ ရခွင့်ရှိပါသည်။သြရသအခွင့်အရေးမှာ အပြီးအပိုင်ရရှိသည့် အကျိုးခံစားခွင့်ဖြစ်သည်။

အမွေရထိုက်သော သြရသသည် မိဘတစ်ပါးကွယ်လွန်စဉ်က အမွေမတောင်းပဲနေခဲ့ရာက ၁၂နှစ် ကျော်လွန်သောအခါ သြရသအမွေဟောင်း ဆုံးရှုံးသွားပါသည်။

အမွေမမီမြေးများ၏ဖခင်သည် သြရသသားဖြစ်သော်လည်း ၎င်းမိဘတစ်ပါးမှကွယ်လွန်စဉ် အမွေ မတောင်းခဲ့သည့်အတွက် ၎င်းကွယ်လွန်သောအခါ ဇနီးထံသို့ဆင်းသက်ခြင်းမရှိပါ။ သားသမီးမှလည်း ဖခင်ကိုယ်စားဆက်ခံခွင့်မရှိပါ။

အမွေမမီမြေးတို့သည် မိဘများရရှိသင့်သည့် အခွင့်အရေးအလျောက် မိဘကိုယ်စားအမွေဆက်ခံရရှိခြင်း မဟုတ်ပါ။ မိမိတို့၏ ကိုယ်ပိုင်အခွင့်အရေးများအဖြစ် တစ်ဦးချင်းအနေနှင့် အမွေဆက်ခံခြင်းသာဖြစ်ပါကြောင်း မောင်ဖိုးသူတော်နှင့် မောင်ဖိုးသန်းအမှု ၁ ရန်ကုန် ၃၁၆တွင် စီရင်ထုံးဖွဲ့ထားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]


 













Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service