ဖေဖေရွတ်၍ ရခဲ့သော နှလုံးလှကဗျာများ (၄) - Property Knowledge in Myanmar from iMyanmarHouse.com
586 Views

ဖေဖေရွတ်၍ ရခဲ့သော နှလုံးလှကဗျာများ (၄)

Knowledge | Posted by Zarni Kyaw

[Unicode]

မမလေးနဲ့မေလေးမောင်

ဘုရားဖူးရအောင်

ဟိုတောင်ခြေက အုတ်ခြင်္သေ့

တော်တော်ကြီးတယ်ဟေ့။

တရွေ့တရွေ့နဲ့တောင်ထိပ်ပေါ်

တက်လိုက်ကြစို့နော်

တောင်ပေါ်ကဒီဘုရား

ဖူးလိုက်ကြစို့လား။

ဘုရားဖူးရင် စိတ်ကြည်လင်

ကိုယ်ရောစိတ်ရောရွှင်

မိခင်ဖခင် မာစေကြောင်း

ဆုမွန်များများတောင်း။

ဒီတန်ဆောင်းက အေးရိပ်ညို

ဓမ္မတေးချိုချို

နိဗ္ဗာန်ကြိုတဲ့ ခေါင်းလောင်းကြီး

ထုတ်နဲ့ထိုးလို့တီး။

ခေါင်းလောင်းကြီးကို တီးတဲ့အခါ

ဒေါင်ဒင်ဒေါင်ဒင်သာ

ဝေနေယျာအမျှပို့

သာဓုခေါ်ကြစို့။

ဒီကဗျာလေးက မိဖတို့ရဲ့ မေတ္တာရိပ်အောက်မှာ ကလေးဘဝကျွန်တော် ခိုလှုံနေစဉ်ကာလက ဖေဖေ နေ့တိုင်းရွတ်ဆိုနေ၍ ရနေသော နှလုံးလှကဗျာလေးတစ်ပုဒ် ဖြစ်ပါသည်။

အခုတော့ ကျွန်တော်သမီးလေးကို အိပ်ပျော်အောင် အိပ်ရာဝင် ကဗျာလေးအဖြစ်ဆိုပြနေရပါပြီ။ညမှာ မီးတွေမှိတ်ထားပြီး သမီးကိုပုခုံးမှာထမ်းကာ နောက်ဖေးပြတင်းပေါက်ကနေ မြင်နေရသည် ဖိုးလမင်းကြီးကို ပြကာ

ရွှေလမှာယုန်ဝပ်လို့

ဆန်ဖွပ်သည့် အဖိုးအို

ဟောကြည့်ပါဆို

ဆိုသာဆို ပိုမိုသည့်စကား

ကလေးအငိုတိတ်အောင်

အရိပ်အယောင် ပြတယ်

ဖိုးလနတ်သား။ ဆိုပြီး အရင်ဆိုပြရသည်။အကြိမ်ကြိမ် အထပ်ထပ်ဆိုပြရသည်။

ဖိုးလမင်းကြီး ပြတင်းပေါက်ဘောင်ကိုကျော်ပြီး မြင်ကွင်းကပျောက်သွားလျှင် သမီးအားပြစရာ သဘာဝရှုခင်းကမရှိတော့ပါ။မြို့ပြမှာ သဘာဝရှုခင်းကရှားပါးလှပါသည်။

ထိုအခါအပေါ်ကပြခဲ့သော ကဗျာလေးကို တစ်ဖန် ရွတ်ရပြန်ပါသည်။ထိုသို့ဖြင့် အဆိုပါကဗျာလေးသည် အိပ်ရာဝင် ကလေးကဗျာလေးဖြစ်သွားပြန်သည်။

ဝမ်းနည်းဖို့ကောင်းသည်က စာမနှံ့သေးသော ကျွန်တော်က ခေါင်းစဉ်မသိ ကဗျာရှင်ကိုမသိသေး၊ ရှာမတွေ့သေးသော ကဗျာလေးများကို ကျွန်တော်သမီးလေးအားပြန်လည်မျှဝေနေမိပြန်သည်။

ဘာပဲဖြစ်ဖြစ် သမီးလေးရဲ့နှလုံးသားထဲမှာ ကဗျာလေးတွေကို နှစ်သက်ခုံမင်စွာရွတ်ဆိုနေပြီး ကဗျာလေးတွေကို ချစ်နေလျှင် ကျွန်တော်ပျော်ရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေဖေဖရြတ္၍ ရခဲ့ေသာ ႏွလုံးလွကဗ်ာမ်ား (၄)

 

မမေလးနဲ႔ေမေလးေမာင္

ဘုရားဖူးရေအာင္

ဟိုေတာင္ေျခက အုတ္ျခေသၤ့

ေတာ္ေတာ္ႀကီးတယ္ေဟ့။

တေရြ႕တေရြ႕နဲ႔ေတာင္ထိပ္ေပၚ

တက္လိုက္ၾကစို႔ေနာ္

ေတာင္ေပၚကဒီဘုရား

ဖူးလိုက္ၾကစို႔လား။

ဘုရားဖူးရင္ စိတ္ၾကည္လင္

ကိုယ္ေရာစိတ္ေရာရႊင္

မိခင္ဖခင္ မာေစေၾကာင္း

ဆုမြန္မ်ားမ်ားေတာင္း။

ဒီတန္ေဆာင္းက ေအးရိပ္ညိဳ

ဓမၼေတးခ်ိဳခ်ိဳ

နိဗၺာန္ႀကိဳတဲ့ ေခါင္းေလာင္းႀကီး

ထုတ္နဲ႔ထိုးလို႔တီး။

ေခါင္းေလာင္းႀကီးကို တီးတဲ့အခါ

ေဒါင္ဒင္ေဒါင္ဒင္သာ

ေဝေနယ်ာအမွ်ပို႔

သာဓုေခၚၾကစို႔။

ဒီကဗ်ာေလးက မိဖတို႔ရဲ႕ ေမတၱာရိပ္ေအာက္မွာ ကေလးဘဝကၽြန္ေတာ္ ခိုလႈံေနစဥ္ကာလက ေဖေဖ ေန႔တိုင္းရြတ္ဆိုေန၍ ရေနေသာ ႏွလုံးလွကဗ်ာေလးတစ္ပုဒ္ ျဖစ္ပါသည္။

အခုေတာ့ ကၽြန္ေတာ္သမီးေလးကို အိပ္ေပ်ာ္ေအာင္ အိပ္ရာဝင္ ကဗ်ာေလးအျဖစ္ဆိုျပေနရပါၿပီ။ညမွာ မီးေတြမွိတ္ထားၿပီး သမီးကိုပုခုံးမွာထမ္းကာ ေနာက္ေဖးျပတင္းေပါက္ကေန ျမင္ေနရသည္ ဖိုးလမင္းႀကီးကို ျပကာ

ေရႊလမွာယုန္ဝပ္လို႔

ဆန္ဖြပ္သည့္ အဖိုးအို

ေဟာၾကည့္ပါဆို

ဆိုသာဆို ပိုမိုသည့္စကား

ကေလးအငိုတိတ္ေအာင္

အရိပ္အေယာင္ ျပတယ္

ဖိုးလနတ္သား။ ဆိုၿပီး အရင္ဆိုျပရသည္။အႀကိမ္ႀကိမ္ အထပ္ထပ္ဆိုျပရသည္။

ဖိုးလမင္းႀကီး ျပတင္းေပါက္ေဘာင္ကိုေက်ာ္ၿပီး ျမင္ကြင္းကေပ်ာက္သြားလွ်င္ သမီးအားျပစရာ သဘာဝရႈခင္းကမရွိေတာ့ပါ။ၿမိဳ့ျပမွာ သဘာဝရႈခင္းကရွားပါးလွပါသည္။

ထိုအခါအေပၚကျပခဲ့ေသာ ကဗ်ာေလးကို တစ္ဖန္ ရြတ္ရျပန္ပါသည္။ထိုသို႔ျဖင့္ အဆိုပါကဗ်ာေလးသည္ အိပ္ရာဝင္ ကေလးကဗ်ာေလးျဖစ္သြားျပန္သည္။

ဝမ္းနည္းဖို႔ေကာင္းသည္က စာမႏွံ႔ေသးေသာ ကၽြန္ေတာ္က ေခါင္းစဥ္မသိ ကဗ်ာရွင္ကိုမသိေသး၊ ရွာမေတြ႔ေသးေသာ ကဗ်ာေလးမ်ားကို ကၽြန္ေတာ္သမီးေလးအားျပန္လည္မွ်ေဝေနမိျပန္သည္။

ဘာပဲျဖစ္ျဖစ္ သမီးေလးရဲ႕ႏွလုံးသားထဲမွာ ကဗ်ာေလးေတြကို ႏွစ္သက္ခုံမင္စြာရြတ္ဆိုေနၿပီး ကဗ်ာေလးေတြကို ခ်စ္ေနလွ်င္ ကၽြန္ေတာ္ေပ်ာ္ရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
kt
maha

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service