သံထည် ပစ္စည်းများကို အလွယ်တကူ သံချေး မတက်စေရန် သွပ်ရည်စိမ်ခြင်း (Galvanization) - Property Knowledge in Myanmar from iMyanmarHouse.com
1390 Views

သံထည် ပစ္စည်းများကို အလွယ်တကူ သံချေး မတက်စေရန် သွပ်ရည်စိမ်ခြင်း (Galvanization)

Knowledge | Posted by Hnin Ei Khin

[Unicode]

Galvanizing ဆိုတာ သံထည် ပစ္စည်းများကို သံချေး အလွယ်တကူတက်ခြင်းမှ ကာကွယ်နိုင်ရန် ပြင်ဆင်လုပ်ဆောင်တဲ့ သွပ်ရည်စိမ်ခြင်း တစ်မျိုးပါ။

အများဆုံး အသုံးပြုတဲ့ နည်းလမ်းကတော့ hot-dipped galvanizing လို့ ခေါ်တဲ့ နည်းပါ။

450 degree Celsius လောက် အပူပေးပြီး ဖျော်ထားတဲ့ သွပ်ရည်ကန်ထဲကို သံထည်တွေ ထည့်စိမ်ပြီး ပြန်အခြောက်ခံတဲ့ နည်းလမ်းပါ။ ဒီနည်းက ကန်ထဲနှစ် စိမ်ခြင်းဖြစ်လေတော့ သံထည်တွေရဲ့ အပြင်မျက်နှာပြင်တင်မကဘဲ အတွင်းသား မျက်နှာပြင်တွေကိုပါ သွပ်ရည် အုပ်ပေးနိင်တော့ ပိုမို ထိရောက်ပြီး ကြာရှည်ခံလို့ အသုံးများပါတယ်။

ရိုးရိုးသံထည်တွေပေါ်ကနေ သွပ်ရည်အလွှာ အုပ်ထားပြီး ပြင်ပလေနဲ့ သံထည်တွေ တိုက်ရိုက်မထိတွေ့နိုင်တော့လို့ သံချေးအလွယ်တကူ မတက်နိုင်တော့တဲ့ ပုံစံပါ။

နောက်တစ်ခုက ဒီလောက်ပူနေတဲ့ သွပ်ရည်ကန်တွေထဲ steel တွေ ထည့်စိမ်တော့ အပူရှိန်တွေကြောင့် steel တွေရဲ့ ခံနိုင်အား strength တွေ ကျမသွားဘူးလား ဆိုရင် ပြောပလောက်အောင်၊ ထိခိုက်လောက်အောင် ကျမသွားလို့ စိုးရိမ်စရာ မရှိပါဘူး။

သံ ဆိုတဲ့ အရာတွေက ဘာမှ coating လုပ်မထားရင် ပြင်ပက လေ၊ ရေနဲ့ ထိတွေ့ပြီး သံချေးတက်ပြီး ပျက်ဆီးဖို့ အရမ်းလွယ်တဲ့ အမျိုးဖြစ်တော့ ဆေးသုတ်ခြင်း၊ ဒါမှမဟုတ် အခြားတစ်နည်းနည်းနဲ့ coating လုပ်ပြီး သံချေးရန်ကနေ ကာကွယ်ကြရပါတယ်။

Steel structure တွေမှာလည်း ဒီသံချေးတက်ခြင်းက တော်တော်လေး ဒုက္ခပေးပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာပဲ ဖြစ်ဖြစ်၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်တွေမှာပဲ ဖြစ်ဖြစ် steel hollow section, pipe, angle bar, flat bar စတဲ့ သံထည်တွေကို အမည်းရောင်၊ ဒါမှမဟုတ် ငွေမျှင်ရောင် နဲ့ တွေ့နိုင်ပါတယ်။ အမည်းရောင်ကတော့ ဘာမှ coating လုပ်မထားတဲ့ သံထည်တွေ ဖြစ်ပြီး၊ ငွေမျှင်ရောင်တွေကတော့ သွပ်ရည်စိမ် (galvanizing) လုပ်ထားတဲ့ သံထည်တွေပါ။ galvanize လုပ်ထားတဲ့ steel, iron တွေ ဖြစ်လို့ galvanized steel (GS), galvanized iron (GI) လို့ ခေါ်ကြပါတယ်။ အများအခေါ် GI တွေပေါ့။

ဒီ galvanizing လုပ်ပြီးသား သံထည်တွေက ရိုးရိုး အမည်းရောင်တွေထက် စျေးအားဖြင့် အကြမ်းဖျင်း တစ်ဆခွဲနီးပါးခန့် ပိုများပြီး အများကြီး သံချေးဒဏ် ပိုမိုခံနိုင်ပါတယ်။

နောက်ပြီး galvanized သံထည်တွေ သုံးထားရင် တော်ရုံဆို ဆေးမသုတ်လည်း သံချေးလွယ်လွယ် မတက်နိုင်တော့ပါဘူး။ ဒါပေမယ့် galvanizing လုပ်တဲ့ စက်ရုံပေါ် မူတည်ပြီး သွပ်ရည်စိမ်အလွှာ အထူ အပါး (coating thickness) က ကွာတတ်တော့ သံချေးကို ရာနှုန်းပြည့်တော့ မကာကွယ်နိုင်ဘူးပေါ့။ တစ်ချို့လည်း ဆေးရောင် လိုချင်လို့ပဲ ဖြစ်ဖြစ်၊ ပိုမိုကြာရှည်ခံချင်လို့ ဖြစ်ဖြစ် အပေါ်က ဆေးထပ်သုတ်ကြပါတယ်

တစ်ချို့က သံထည်တွေကို galvanize လုပ်ပြီးသား ဝယ်ပြီး ဖြတ်တောက် တပ်ဆင် အသုံးပြုကြသလို တစ်ချို့လည်း အမည်းရောင် ရိုးရိုး သံထည်တွေ ဝယ်ပြီး ဖြတ်တောက်၊ ပြင်ဆင်ပြီးမှ galvanize လုပ်တဲ့ စက်ရုံကို ပို့ပြီး galvanizing လုပ်ကြပါတယ်။ galvanize လုပ်ပြီးသား hollow section, flat bar စတာတွေ ဝယ်ပြီး ဖြတ်တောက်၊ ပြင်ဆင်၊ ဝရိန်တို့ စတဲ့ fabrication တွေ လုပ်တဲ့ အခါ galvanize coating လုပ်ပြီးသား သံ မျက်နှာပြင်တွေ ဖြစ်တော့ ဝရိန်တို့ရတာ ပိုခက်ခဲပြီး မီးခိုးညှော် ပိုထွက်ပါတယ်။

နောက်ပြီး ဒီ ဝရိန်တို့ထားတဲ့ နေရာတွေက coating တွေ ပျက်ဆီးပြီး သံချေးတက် တတ်တော့ cold galvanizing paint လို့ ခေါ်တဲ့ ငွေမျှင်ရောင် သံချေးကာကွယ်ဆေး ပြန်သုတ်ပေးရပါတယ်။

အမည်းရောင် ရိုးရိုး hollow section, flat bar တွေကို ဝယ်ပြီး ဖြတ်တောက်၊ တပ်ဆင်၊ ဝရိန်တို့ရင်တော့ လုပ်ရကိုင်ရတာ ပိုမိုလွယ်ကူပြီး တစ်ခုလုံး စက်ရုံပို့ ပြီး galvanizing လုပ်တော့ ဝရိန်အဆက်နေရာ (welding joint) တွေပါ galvanizing အလွှာ အုပ်ပြီးသား ဖြစ်လို့ ပိုကောင်းပါတယ်။ ဒါပေမယ့် galvanize လုပ်တဲ့ စက်ရုံတွေမှာလည်း သွပ်ရည်စိမ်ကန် အရွယ်အစားအလိုက် galvanize လုပ်နိုင်တဲ့ အကြီးဆုံး အရွယ်အစားကအကန့်အသတ်ရှိပြီး အကုန် fabricate လုပ်ပြီး galvanizing လုပ်ရတာ အဆင်မပြေတဲ့ အခါ အပိုင်းလိုက် ပိုင်းပြီး ပြင်ဆင် galvanize လုပ်၊ နောက်ပြီး လုပ်ငန်းခွင်ထဲရောက်မှ ပြန်ဆက် တပ်ဆင် စသည်ဖြင့် အဆင်ပြေရာ လုပ်ကြရပါတယ်။

ဘာမှ လုပ်မထားတဲ့ ရိုးရိုး အမည်းရောင် သံထည်တွေ ဝယ်ပြီး အပေါ်က ဆေးသုတ်ရင်ကော အဆင်မပြေဘူးလားလို့ မေးရင် ရိုးရိုးသံပြားတွေ၊ flat bar တွေ၊ angle bar တွေ အနေနဲ့ သိပ်ပြဿနာမရှိပေမယ့် hollow section တွေနဲ့ steel pipe လိုမျိုးတွေကြတော့ ဆေးသုတ်တာက အတွင်းပိုင်းမျက်နှာပြင်တွေဆီ မရောက်နိုင်တော့ သွပ်ရည်စိမ်တာတာ လောက်တော့မကောင်းနိုင်ဘူးပေါ့။နောက်ပြီး ရိုးရိုးဆေးသုတ်တာက ဘယ်နှစ်လွှာသုတ်ထား သုတ်ထား သံချောင်းနဲ့ ခြစ်ကြည့်လိုက်ရင် အစဥ်းရာထင်ပြီး ဆေးလွှာတွေ ပျက်သွားတတ်ပေမယ့် hot-dipped galvanize လုပ်ထားရင်တော့ တော်ရုံ ခြစ်လို့ ဖျက်လို့ မဖျက်ဆီးပဲ ရေရှည်ခံပါတယ်။

ပြင်ပလေဒဏ်၊ မိုးဒဏ်နဲ့ တိုက်ရိုက်ထိတွေ့ရပြီး သံချေးတက်လွယ်တဲ့နေရာများမှာ အသုံးပြုထားတဲ့ သံထည်တွေကိုတော့ galvanize လုပ်ပြီးမှ အသုံးပြုကြတာ များပါတယ်။နိုင်ငံတကာ စံချိန် စံညွှန်းတွေအရ hot-dipped galvanize လုပ်တဲ့နေရာမှာ 6mm အထက် ပိုထူတဲ့ သံထည်တွေ ဆို coating thickness အနည်းဆုံး 85 micron အထူရှိရပါတယ်။

သတ်မှတ် စံချိန်စံညွှန်း ပြည့်မီမမီကိုလည်း stripping test, zinc-mass coating test စတဲ့ test တွေနဲ့ စမ်းသပ်ပြီး လိုအပ်တဲ့ coating thickness ရှိမရှိ စစ်ဆေးနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: buildersguide

 

 

[Zawgyi]

သံထည္ ပစၥည္းမ်ားကို အလြယ္တကူ သံေခ်း မတက္ေစရန္ သြပ္ရည္စိမ္ျခင္း (Galvanization )

 

Galvanizing ဆိုတာ သံထည္ ပစၥည္းမ်ားကို သံေခ်း အလြယ္တကူတက္ျခင္းမွ ကာကြယ္ႏိုင္ရန္ ျပင္ဆင္လုပ္ေဆာင္တဲ့ သြပ္ရည္စိမ္ျခင္း တစ္မ်ိဳးပါ။

အမ်ားဆုံး အသုံးျပဳတဲ့ နည္းလမ္းကေတာ့ hot-dipped galvanizing လို႔ ေခၚတဲ့ နည္းပါ။

450 degree Celsius ေလာက္ အပူေပးၿပီး ေဖ်ာ္ထားတဲ့ သြပ္ရည္ကန္ထဲကို သံထည္ေတြ ထည့္စိမ္ၿပီး ျပန္အေျခာက္ခံတဲ့ နည္းလမ္းပါ။ ဒီနည္းက ကန္ထဲႏွစ္ စိမ္ျခင္းျဖစ္ေလေတာ့ သံထည္ေတြရဲ႕ အျပင္မ်က္ႏွာျပင္တင္မကဘဲ အတြင္းသား မ်က္ႏွာျပင္ေတြကိုပါ သြပ္ရည္ အုပ္ေပးနိင္ေတာ့ ပိုမို ထိေရာက္ၿပီး ၾကာ႐ွည္ခံလို႔ အသုံးမ်ားပါတယ္။

႐ိုး႐ိုးသံထည္ေတြေပၚကေန သြပ္ရည္အလႊာ အုပ္ထားၿပီး ျပင္ပေလနဲ႔ သံထည္ေတြ တိုက္႐ိုက္မထိေတြ႕ႏိုင္ေတာ့လို႔ သံေခ်းအလြယ္တကူ မတက္ႏိုင္ေတာ့တဲ့ ပုံစံပါ။

ေနာက္တစ္ခုက ဒီေလာက္ပူေနတဲ့ သြပ္ရည္ကန္ေတြထဲ steel ေတြ ထည့္စိမ္ေတာ့ အပူ႐ွိန္ေတြေၾကာင့္ steel ေတြရဲ႕ ခံႏိုင္အား strength ေတြ က်မသြားဘူးလား ဆိုရင္ ေျပာပေလာက္ေအာင္၊ ထိခိုက္ေလာက္ေအာင္ က်မသြားလို႔ စိုးရိမ္စရာ မ႐ွိပါဘူး။

သံ ဆိုတဲ့ အရာေတြက ဘာမွ coating လုပ္မထားရင္ ျပင္ပက ေလ၊ ေရနဲ႔ ထိေတြ႕ၿပီး သံေခ်းတက္ၿပီး ပ်က္ဆီးဖို႔ အရမ္းလြယ္တဲ့ အမ်ိဳးျဖစ္ေတာ့ ေဆးသုတ္ျခင္း၊ ဒါမွမဟုတ္ အျခားတစ္နည္းနည္းနဲ႔ coating လုပ္ၿပီး သံေခ်းရန္ကေန ကာကြယ္ၾကရပါတယ္။

Steel structure ေတြမွာလည္း ဒီသံေခ်းတက္ျခင္းက ေတာ္ေတာ္ေလး ဒုကၡေပးပါတယ္။

ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြမွာပဲ ျဖစ္ျဖစ္၊ အိမ္ေဆာက္ပစၥည္း အေရာင္းဆိုင္ေတြမွာပဲ ျဖစ္ျဖစ္ steel hollow section, pipe, angle bar, flat bar စတဲ့ သံထည္ေတြကို အမည္းေရာင္၊ ဒါမွမဟုတ္ ေငြမွ်င္ေရာင္ နဲ႔ ေတြ႕ႏိုင္ပါတယ္။ အမည္းေရာင္ကေတာ့ ဘာမွ coating လုပ္မထားတဲ့ သံထည္ေတြ ျဖစ္ၿပီး၊ ေငြမွ်င္ေရာင္ေတြကေတာ့ သြပ္ရည္စိမ္ (galvanizing) လုပ္ထားတဲ့ သံထည္ေတြပါ။ galvanize လုပ္ထားတဲ့ steel, iron ေတြ ျဖစ္လို႔ galvanized steel (GS), galvanized iron (GI) လို႔ ေခၚၾကပါတယ္။ အမ်ားအေခၚ GI ေတြေပါ့။

ဒီ galvanizing လုပ္ၿပီးသား သံထည္ေတြက ႐ိုး႐ိုး အမည္းေရာင္ေတြထက္ ေစ်းအားျဖင့္ အၾကမ္းဖ်င္း တစ္ဆခြဲနီးပါးခန္႔ ပိုမ်ားၿပီး အမ်ားႀကီး သံေခ်းဒဏ္ ပိုမိုခံႏိုင္ပါတယ္။

ေနာက္ၿပီး galvanized သံထည္ေတြ သုံးထားရင္ ေတာ္႐ုံဆို ေဆးမသုတ္လည္း သံေခ်းလြယ္လြယ္ မတက္ႏိုင္ေတာ့ပါဘူး။ ဒါေပမယ့္ galvanizing လုပ္တဲ့ စက္႐ုံေပၚ မူတည္ၿပီး သြပ္ရည္စိမ္အလႊာ အထူ အပါး (coating thickness) က ကြာတတ္ေတာ့ သံေခ်းကို ရာႏႈန္းျပည့္ေတာ့ မကာကြယ္ႏိုင္ဘူးေပါ့။ တစ္ခ်ိဳ႕လည္း ေဆးေရာင္ လိုခ်င္လို႔ပဲ ျဖစ္ျဖစ္၊ ပိုမိုၾကာ႐ွည္ခံခ်င္လို႔ ျဖစ္ျဖစ္ အေပၚက ေဆးထပ္သုတ္ၾကပါတယ္

တစ္ခ်ိဳ႕က သံထည္ေတြကို galvanize လုပ္ၿပီးသား ဝယ္ၿပီး ျဖတ္ေတာက္ တပ္ဆင္ အသုံးျပဳၾကသလို တစ္ခ်ိဳ႕လည္း အမည္းေရာင္ ႐ိုး႐ိုး သံထည္ေတြ ဝယ္ၿပီး ျဖတ္ေတာက္၊ ျပင္ဆင္ၿပီးမွ galvanize လုပ္တဲ့ စက္႐ုံကို ပို႔ၿပီး galvanizing လုပ္ၾကပါတယ္။ galvanize လုပ္ၿပီးသား hollow section, flat bar စတာေတြ ဝယ္ၿပီး ျဖတ္ေတာက္၊ ျပင္ဆင္၊ ဝရိန္တို႔ စတဲ့ fabrication ေတြ လုပ္တဲ့ အခါ galvanize coating လုပ္ၿပီးသား သံ မ်က္ႏွာျပင္ေတြ ျဖစ္ေတာ့ ဝရိန္တို႔ရတာ ပိုခက္ခဲၿပီး မီးခိုးေညႇာ္ ပိုထြက္ပါတယ္။

ေနာက္ၿပီး ဒီ ဝရိန္တို႔ထားတဲ့ ေနရာေတြက coating ေတြ ပ်က္ဆီးၿပီး သံေခ်းတက္ တတ္ေတာ့ cold galvanizing paint လို႔ ေခၚတဲ့ ေငြမွ်င္ေရာင္ သံေခ်းကာကြယ္ေဆး ျပန္သုတ္ေပးရပါတယ္။

အမည္းေရာင္ ႐ိုး႐ိုး hollow section, flat bar ေတြကို ဝယ္ၿပီး ျဖတ္ေတာက္၊ တပ္ဆင္၊ ဝရိန္တို႔ရင္ေတာ့ လုပ္ရကိုင္ရတာ ပိုမိုလြယ္ကူၿပီး တစ္ခုလုံး စက္႐ုံပို႔ ၿပီး galvanizing လုပ္ေတာ့ ဝရိန္အဆက္ေနရာ (welding joint) ေတြပါ galvanizing အလႊာ အုပ္ၿပီးသား ျဖစ္လို႔ ပိုေကာင္းပါတယ္။ ဒါေပမယ့္ galvanize လုပ္တဲ့ စက္႐ုံေတြမွာလည္း သြပ္ရည္စိမ္ကန္ အ႐ြယ္အစားအလိုက္ galvanize လုပ္ႏိုင္တဲ့ အႀကီးဆုံး အ႐ြယ္အစားကအကန္႔အသတ္႐ွိၿပီး အကုန္ fabricate လုပ္ၿပီး galvanizing လုပ္ရတာ အဆင္မေျပတဲ့ အခါ အပိုင္းလိုက္ ပိုင္းၿပီး ျပင္ဆင္ galvanize လုပ္၊ ေနာက္ၿပီး လုပ္ငန္းခြင္ထဲေရာက္မွ ျပန္ဆက္ တပ္ဆင္ စသည္ျဖင့္ အဆင္ေျပရာ လုပ္ၾကရပါတယ္။

ဘာမွ လုပ္မထားတဲ့ ႐ိုး႐ိုး အမည္းေရာင္ သံထည္ေတြ ဝယ္ၿပီး အေပၚက ေဆးသုတ္ရင္ေကာ အဆင္မေျပဘူးလားလို႔ ေမးရင္ ႐ိုး႐ိုးသံျပားေတြ၊ flat bar ေတြ၊ angle bar ေတြ အေနနဲ႔ သိပ္ျပႆနာမ႐ွိေပမယ့္ hollow section ေတြနဲ႔ steel pipe လိုမ်ိဳးေတြၾကေတာ့ ေဆးသုတ္တာက အတြင္းပိုင္းမ်က္ႏွာျပင္ေတြဆီ မေရာက္ႏိုင္ေတာ့ သြပ္ရည္စိမ္တာတာ ေလာက္ေတာ့မေကာင္းႏိုင္ဘူးေပါ့။ေနာက္ၿပီး ႐ိုး႐ိုးေဆးသုတ္တာက ဘယ္ႏွစ္လႊာသုတ္ထား သုတ္ထား သံေခ်ာင္းနဲ႔ ျခစ္ၾကည့္လိုက္ရင္ အစဥ္းရာထင္ၿပီး ေဆးလႊာေတြ ပ်က္သြားတတ္ေပမယ့္ hot-dipped galvanize လုပ္ထားရင္ေတာ့ ေတာ္႐ုံ ျခစ္လို႔ ဖ်က္လို႔ မဖ်က္ဆီးပဲ ေရ႐ွည္ခံပါတယ္။

ျပင္ပေလဒဏ္၊ မိုးဒဏ္နဲ႔ တိုက္႐ိုက္ထိေတြ႕ရၿပီး သံေခ်းတက္လြယ္တဲ့ေနရာမ်ားမွာ အသုံးျပဳထားတဲ့ သံထည္ေတြကိုေတာ့ galvanize လုပ္ၿပီးမွ အသုံးျပဳၾကတာ မ်ားပါတယ္။ႏိုင္ငံတကာ စံခ်ိန္ စံၫႊန္းေတြအရ hot-dipped galvanize လုပ္တဲ့ေနရာမွာ 6mm အထက္ ပိုထူတဲ့ သံထည္ေတြ ဆို coating thickness အနည္းဆုံး 85 micron အထူ႐ွိရပါတယ္။

သတ္မွတ္ စံခ်ိန္စံၫႊန္း ျပည့္မီမမီကိုလည္း stripping test, zinc-mass coating test စတဲ့ test ေတြနဲ႔ စမ္းသပ္ၿပီး လိုအပ္တဲ့ coating thickness ႐ွိမ႐ွိ စစ္ေဆးႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: buildersguide

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service