လက်ဝတ်ရတနာတွေ တောက်ပြောင်သွားအောင် ဘယ်လိုသန့်ရှင်းကြမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
2116 Views

လက်ဝတ်ရတနာတွေ တောက်ပြောင်သွားအောင် ဘယ်လိုသန့်ရှင်းကြမလဲ

Knowledge | Posted by Si Thu Aung

[Unicode]

ကျွန်တော်တို့ အမြဲလိုလိုဝတ်ဆင်ဖြစ်တဲ့ လက်ဝတ်ရတနာတွေက ဝတ်ပါများလာရင် ချေးဝင်တာ၊ ဖုန်ဝင်တာတွေဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ လက်ဝတ်ရတနာတွေက မဲညစ်လာပြီး တောက်ပြောင်မှုမရှိတော့ပါဘူး။

ဒါကြောင့် လက်ဝတ်ရတနာတွေ ပြန်တောက်ပြောင်လာဖို့နဲ့ တာရှည်ခံဖို့အတွက် အထူးဂရုစိုက်ပေးဖို့လိုပါတယ်။ လက်ဝတ်ရတနာတွေ တောက်ပြောင်လာဖို့ ဘယ်လိုသန့်စင်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

 

ရွှေလက်ဝတ်ရတနာတွေအတွက်

ရွှေလက်ဝတ်ရတနာတွေက စိုထိုင်းမှုများလာတဲ့အခါ မြန်မြန်ဆန်ဆန်ပဲ ဖုန်မှုန့်၊ အညစ်အကြေးတွေ ကပ်ညှိတတ်ပါတယ်။ ဒါကို သန့်စင်ဖို့ အကောင်းဆုံးနည်းက ဆပ်ပြာပါတဲ့ရေနွေးနွေးကို အသုံးပြုတာပါ။ ဆပ်ပြာပါတဲ့ရေနွေးနွေးထဲကို ရွှေလက်ဝတ်ရတနာတွေကို ၁၅ မိနစ်လောက် စိမ်ထားလိုက်ပြီး အဲဒီနောက် အညစ်အကြေးတွေကို သွားတိုက်တံအသုံးပြုပြီး ညင်ညင်သာသာလေး ဖယ်ရှားလိုက်ရမှာဖြစ်ပါတယ်။

 

ငွေထည်လက်ဝတ်ရတနာတွေအတွက်

ငွေထည်တွေက စိုထိုင်းလာရင် အနက်ရောင်ပြောင်းသွားတတ်ပါတယ်။ ငွေထည်တွေကို နက်ပြောင်သွားအောင်ပွတ်တိုက်ဖို့အတွက် သွားတိုက်ဆေးနဲ့ နူးညံ့တဲ့ချည်သားအဝတ်စတို့ကို အသုံးပြုပေးပါ။ အဲဒီနောက် ငွေထည်တွေပြောင်လက်လာဖို့ရာ သွားတိုက်ဆေးသုတ်ထားတဲ့ ငွေထည်ကို ညင်ညင်သာသာလေး အဝတ်စနဲ့သုတ်လိုက်ရမှာဖြစ်ပါတယ်။

 

စိန်နဲ့ ကျောက်မျက်ရတနာပါတဲ့ လက်ဝတ်ရတနာတွေအတွက်

စိန်နဲ့ ကျောက်တွေပါတဲ့လက်ဝတ်ရတနာတွေကို သန့်စင်ဖို့ဆိုရင် ဆပ်ပြာပါတဲ့ရေကို အသုံးပြုပါ။ ရေထဲမှာ ၁၅ မိနစ်လောက် စိမ်ထားဖို့ မမေ့ပါနဲ့။ အဲဒီနောက် ဖုန်မှုန့်တွေမရှိတော့အောင် ရေလောင်းချပြီး သန့်စင်လိုက်ရုံပါပဲ။

 

ပုလဲနဲ့ သန္တာကျောက်အတွက်

ပုလဲနဲ့ သန္တာကျောက်တွေကို သပ်သပ်စီသိမ်းထားသင့်ပါတယ်။ အဲဒါတွေက အလွယ်တကူ အဆင်းရာထင်နိုင်တာကြောင့်ပါ။ နူးညံတဲ့အိတ်ထဲမှာ သိမ်းတာ အကောင်းဆုံးပါပဲ။ ပန်းကန်ဆေးဆပ်ပြာရည်တိုထည့်ထားတဲ့ရေကို အသုံးပြုပါ။ အဲဒီနောက် ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေ မရှိတော့အောင် အဝတ်စနဲ့ရေကို တို့ယူပြီး ပွတ်သုတ်ပေးရမှာဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: yoyarlay

 

 

[Zawgyi]

လက္ဝတ္ရတနာေတြ ေတာက္ေျပာင္သြားေအာင္ ဘယ္လိုသန္႔႐ွင္းၾကမလဲ

ကြၽန္ေတာ္တို႔ အၿမဲလိုလိုဝတ္ဆင္ျဖစ္တဲ့ လက္ဝတ္ရတနာေတြက ဝတ္ပါမ်ားလာရင္ ေခ်းဝင္တာ၊ ဖုန္ဝင္တာေတြျဖစ္တတ္ပါတယ္။ အဲဒီလိုျဖစ္တဲ့အခါ လက္ဝတ္ရတနာေတြက မဲညစ္လာၿပီး ေတာက္ေျပာင္မႈမ႐ွိေတာ့ပါဘူး။ ဒါေၾကာင့္ လက္ဝတ္ရတနာေတြ ျပန္ေတာက္ေျပာင္လာဖို႔နဲ႔ တာ႐ွည္ခံဖို႔အတြက္ အထူးဂ႐ုစိုက္ေပးဖို႔လိုပါတယ္။ လက္ဝတ္ရတနာေတြ ေတာက္ေျပာင္လာဖို႔ ဘယ္လိုသန္႔စင္ရမလဲဆိုတာကို ေဖာ္ျပေပးလိုက္ရပါတယ္။

ေ႐ႊလက္ဝတ္ရတနာေတြအတြက္

ေ႐ႊလက္ဝတ္ရတနာေတြက စိုထိုင္းမႈမ်ားလာတဲ့အခါ ျမန္ျမန္ဆန္ဆန္ပဲ ဖုန္မႈန္႔၊ အညစ္အေၾကးေတြ ကပ္ညႇိတတ္ပါတယ္။ ဒါကို သန္႔စင္ဖို႔ အေကာင္းဆုံးနည္းက ဆပ္ျပာပါတဲ့ေရေႏြးေႏြးကို အသုံးျပဳတာပါ။ ဆပ္ျပာပါတဲ့ေရေႏြးေႏြးထဲကို ေ႐ႊလက္ဝတ္ရတနာေတြကို ၁၅ မိနစ္ေလာက္ စိမ္ထားလိုက္ၿပီး အဲဒီေနာက္ အညစ္အေၾကးေတြကို သြားတိုက္တံအသုံးျပဳၿပီး ညင္ညင္သာသာေလး ဖယ္႐ွားလိုက္ရမွာျဖစ္ပါတယ္။

ေငြထည္လက္ဝတ္ရတနာေတြအတြက္

ေငြထည္ေတြက စိုထိုင္းလာရင္ အနက္ေရာင္ေျပာင္းသြားတတ္ပါတယ္။ ေငြထည္ေတြကို နက္ေျပာင္သြားေအာင္ပြတ္တိုက္ဖို႔အတြက္ သြားတိုက္ေဆးနဲ႔ ႏူးညံ့တဲ့ခ်ည္သားအဝတ္စတို႔ကို အသုံးျပဳေပးပါ။ အဲဒီေနာက္ ေငြထည္ေတြေျပာင္လက္လာဖို႔ရာ သြားတိုက္ေဆးသုတ္ထားတဲ့ ေငြထည္ကို ညင္ညင္သာသာေလး အဝတ္စနဲ႔သုတ္လိုက္ရမွာျဖစ္ပါတယ္။

စိန္နဲ႔ ေက်ာက္မ်က္ရတနာပါတဲ့ လက္ဝတ္ရတနာေတြအတြက္

စိန္နဲ႔ ေက်ာက္ေတြပါတဲ့လက္ဝတ္ရတနာေတြကို သန္႔စင္ဖို႔ဆိုရင္ ဆပ္ျပာပါတဲ့ေရကို အသုံးျပဳပါ။ ေရထဲမွာ ၁၅ မိနစ္ေလာက္ စိမ္ထားဖို႔ မေမ့ပါနဲ႔။ အဲဒီေနာက္ ဖုန္မႈန္႔ေတြမ႐ွိေတာ့ေအာင္ ေရေလာင္းခ်ၿပီး သန္႔စင္လိုက္႐ုံပါပဲ။

ပုလဲနဲ႔ သႏၲာေက်ာက္အတြက္

ပုလဲနဲ႔ သႏၲာေက်ာက္ေတြကို သပ္သပ္စီသိမ္းထားသင့္ပါတယ္။ အဲဒါေတြက အလြယ္တကူ အဆင္းရာထင္ႏိုင္တာေၾကာင့္ပါ။ ႏူးညံတဲ့အိတ္ထဲမွာ သိမ္းတာ အေကာင္းဆုံးပါပဲ။ ပန္းကန္ေဆးဆပ္ျပာရည္တိုထည့္ထားတဲ့ေရကို အသုံးျပဳပါ။ အဲဒီေနာက္ ဖုန္မႈန္႔ေတြ၊ အညစ္အေၾကးေတြ မ႐ွိေတာ့ေအာင္ အဝတ္စနဲ႔ေရကို တို႔ယူၿပီး ပြတ္သုတ္ေပးရမွာျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: yoyarlay

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂

Upcoming Property Events

From 04 Oct To 05 Oct

Magical World Apartment

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service