wallpaper ကပ်မယ်ဆိုရင်..... - Property Knowledge in Myanmar from iMyanmarHouse.com
2667 Views

wallpaper ကပ်မယ်ဆိုရင်.....

Knowledge | Posted by Si Thu Aung

[Unicode]

နံရံတွေကို ဆေးသုတ်ပြီး အခန်းကို အလှဆင်လို့ ရတာ မှန်ပေမဲ့ wallpaper ကပ်ပြီး အလှဆင်တာကိုတော့ မမီဘူး။ ဆေးသုတ်ရင် အဆင်အကွက်တွေ အပွင့်အလှတွေ မရနိုင်ဘူး။ အဲဒါကြောင့်လည်း wallpaper ကို အသုံးပိုများလာကြတယ်။ အရောင်ကို ရွေးတဲ့အခါ အခန်းက သန့်သန့်ပြန့်ပြန့် အမြဲရှိမယ်ဆိုရင် အရောင်နုနု wallpaper တွေကို ရွေးချယ်ပြီး ကပ်ပေးခြင်းဖြင့် အခန်းကို လင်းအားကောင်းနေစေမယ်။

သုံးမယ့် wallpaper ကို နမူနာအဖြစ် ကပ်ကြည့်ဖို့ အနည်းဆုံးဝယ်ရမယ့် ပမာဏကိုပဲ ဝယ်ပြီး ကပ်မယ့်နံရံမှာ အစမ်း ကပ်ကြည့်ပါ။ နေ့အချိန် ညအချိန် မိုးအုံ့ချိန် နေသာချိန်တို့အရ အခန်းထဲ အလင်အမှောင် ကွဲပြားတယ်။ အခန်းထဲ နေထိုးပုံလည်း ကွဲပြားတယ်။ အဲဒီလို ကွဲပြားတဲ့ အချိန်တွေမှာ ကပ်ထားတဲ့ နမူနာ wallpaper က အဆင်ပြေရဲ့လား ဆန်းစစ်ပါ။ တစ်ပတ်တန်သည် နှစ်ပတ်တန်သည် အချိန်ယူပါ။

အခန်းထဲမှာ ရှိနေတဲ့ ပရိဘောဂတွေနဲ့ အပ်စပ်မှု ရှိလား ဆန်းစစ်ပါ။ မိမိရဲ့ စိတ်ထဲ ဘယ်လို ခံစားမိသလဲ ဆန်းစစ်ပါ။

wallpaper မှာ ပုံဖော်ပေးထားတဲ့ အဆင်အကွက်တွေရဲ့ အရွယ်အစားကို လည်း ချင့်ချိန်ပါ။ အခန်းကျဉ်းရင် အကွက်သေးသေးကို သုံးပါ။ အခန်းကျယ်ရင် အကွက်ကြီးကြီး ကို သုံးပါ။

နောက်တစ်ဆင့် ထပ်တက်ပြီး အလှဆင်ချင်ရင် wallpaper ဒီဇိုင်းမတူတာ နှစ်မျိုးသုံးမျိုး စပ်ပြီး သုံးရင် အဆင်ပြေမလား။ အဆင်အကွက် တူပြီး အရောင်မတူတာကို တွဲသုံးမလား။ အဆင်အကွက်နဲ့ အရောင် နှစ်မျိုးစလုံး မတူတာကို တွဲစပ် သုံးစွဲမလား။

နောက်ဆုံးအဆင့်မှာ ကပ်မယ့် နံရံတွေကို တိုင်းတာပြီး လိုအပ်မယ့် ဧရိယာကို တွက်ချက်မယ်။ ဘယ်လောက်ကုန်မလဲဆိုတာ တွက်ချက်မယ်။ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာ ရှိနေတယ်ဆိုရင် သင့်အခန်းမှာ wallpaper မှာယူပြီး ကပ်လိုက်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: buildersguide

 

[Zawgyi]


 










Credit: buildersguide

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service