မိမိအိမ်ဘေးတွင် တိုက်ဆောက်သဖြင့် မိမိအဆောက်အဦကွဲအက်ပျက်ဆီးလျှင် မည်သို့ကုစားမည်နည်း။ - Property Knowledge in Myanmar from iMyanmarHouse.com
4783 Views

မိမိအိမ်ဘေးတွင် တိုက်ဆောက်သဖြင့် မိမိအဆောက်အဦကွဲအက်ပျက်ဆီးလျှင် မည်သို့ကုစားမည်နည်း။

Knowledge | Posted by Hnin Ei Khin

[Unicode]

အဆောက်အဦး အက်ကွဲသွားသည်ဆိုလျှင် အက်ကွဲသွားသည့်အဆောက်အဦကို ဖာတေးပေးခြင်း၊ ပြန်အချောသတ်ပေးခြင်းဖြင့် ကျေနပ်လက်ခံလိုမရပါဘူး မလုံလောက်ပါဘူး။ တိမ်းဆောင်းသွားလျှင် မည်မျှ တိမ်းဆောင်းသွားလည်း တိမ်းဆောင်းမှုသည့် အန္တရာယ်ရှိနိုင်သလား စသည်တို့ကို စစ်ဆေးရန်လိုအပ်ပါမည်။

တိုက်ဆောက်သည့်အခါတွင် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနတွင် အဆောက်အဦဆောက်လုပ်ခွင့် ခွင့်ပြုမိန့်တင်ပြီး ဆောက်လုပ်ရတာဖြစ်ပါတယ်။ ထိုသို့ဆောက်လုပ်တဲ့အခါ မှာ ဘေးအဆောက်အဦကို မထိခိုက်အောင်၊ မပျက်ဆီးအောင် ဘယ်လိုလုပ်မလဲ၊ အကယ်၍ဖြစ်ပွားလျှင် မည်သို့ တာဝန်ယူမလဲစသည့် စည်းကမ်းချက်တွေရှိပါသည်။

မြေတူးခြင်းကြောင့် တိမ်းဆောင်းသွားခြင်း၊ အဆောက်အဦကွဲအပ်ခြင်းများ ဖြစ်ပေါ်လာမည်ဆိုလျှင် နစ်နာသူမှ စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနသို့ တင်ပြရမည်ဖြစ်ပြီး တင်ပြချက်အပေါ် စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာများမှ ထိုသို့စည်းကမ်းချက်တွေကို မလိုက်နာ၍ ဖြစ်ပေါ်လာသည့် နစ်နာမှုတွေကို စုံစမ်းစစ်ဆေးပြီး နစ်နာမှုအပေါ် တန်ဖိုးဖျက်သတ်မှတ်ပေးသည့် အဖွဲ့ရှိပါသည်။  ထိုသို့ စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ ဆုံးဖြတ်ပေးသည့်အပေါ် မလုံလောက်ဘူး၊ အကျေနပ်နိုင်ဘူးဆိုလျှင် ပြင်ပလိုင်စင်ရအင်ဂျင်နီယာနဲ့ ထိခိုက်မှုကိုတွက်ချက်ပြီး အထောက်အထားရယူ တရားစွဲဆိုရမှာဖြစ်ပါသည်။ တရားစွဲဆိုသည့်အခါ တရားရုံးမှ ထိခိုက်သွားသည့်အပေါ်တွင် သင်လျော်သည့်လျော်ကြေး သတ်မှတ်ပေးမှာဖြစ်ပါသည်။ အကယ်၍ အဆောက်အဦခိုင်ခံမှုကိုများစွာထိခိုက်သည် ဆိုလျှင်တော့ ယင်းစားပြန်ပေးရန် တောင်းဆိုနိုင်မှာဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]








 



Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ

Upcoming Property Events

From 18 Oct To 19 Oct

INNO CITY

From 18 Oct To 19 Oct

Mingalar Market

From 18 Oct To 19 Oct

INNO CITY

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service