မီးဖိုချောင်ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ရာမှာ သံပုရာသီးရဲ့အသုံးဝင်ပုံ (၄) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
1016 Views
မီးဖိုချောင်ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ရာမှာ သံပုရာသီးရဲ့အသုံးဝင်ပုံ (၄) မျိုး
Knowledge | Posted by Shwe Zin Win
[Unicode]
သံပုရာသီးက မီးဖိုမှာ အရမ်းကို အသုံးဝင်တဲ့ အသီးပါ။ သံပုရာသီးကို သောက်တာအပြင် အခြားအသုံးဝင်ပုံတွေကို ဝေမျှပေးလိုက်ပါတယ်နော်။
၁။ စဉ်းနှီတုံး သန့်ရှင်းရေးအတွက်
သစ်သား စဉ်းနှီတုံ ကို အသားတွေ လှီးပြီးအခါ သန့်ရှင်းရေးလုပ်ဖို့လိုရင် သံပုရာသီးရှိပါတယ်။ သံပုရာသီးတစ်လုံးကို နှစ်ခြမ်းခွဲလိုက်ပါ။ ခြမ်းထားတဲ့ သံပုရာသီးနဲ့ စဉ်းနှီတုံကို ပွတ်တိုက်လိုက်ပါ။ ၅ မိနစ်လောက် ကြာပြီးရင်တော့ စဉ်းနှီတုံးကို ရေဆေးချလိုက်ပါ။
၂။ လက်က အနံ့ဆိုးတွေ ပျောက်စေဖို့အတွက်
သံပုရာသီးက လက်မှာစွဲကျန်နေတဲ့ ငါးညှီနံ့တွေ၊ ဟင်းနံ့တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး လက်အနှံ့ပွတ်တိုက်ပါ။ ဆားထည့်ပြီး ပွတ်တိုက်ရင် ပိုပြီးတော့ ထိရောက်ပါတယ်။
၃။ ခြစ်ခုံက အစားအစာအကျန်တွေကို ဖယ်ရှားဖို့အတွက်
ခြစ်ခုံမှာ ချိစ်တွေ ခြစ်ပြီးနောက် ချိစ်တွေအနည်းငယ် ကျန်နေတတ်ပါတယ်။ ကျန်နေတာတွေကို ပန်းကန်ဆေးဖော့နဲ့ ဆေးတာထက် သံပုရာသီးနဲ့ ဆေးတာက ပိုပြီး မြန်ဆန်ပါတယ်။ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး ဆားအနည်းငယ် ထည့်လိုက်ပါ။
အဲဒီနောက် ခြစ်ခုံမှာကျန်တဲ့ အစားအစာတွေကို မရှိတော့အောင် သံပုရာသီးနဲ့ ခြစ်ချလိုက်ပါ။ သံပုရာသီးနဲ့ခြစ်ပြီးရင် ၅ မိနစ်ခန့်ထားလိုက်ပါ။ ၅ မိနစ်ကြာပြီးနောက် ရေနွေးနဲ့ ဆေးချလိုက်ပါ။
၄။ ကြိတ်စက်ကို သန့်ရှင်းရေးလုပ်ဖို့အတွက်
ကြိတ်စက်ကို သန့်ရှင်းရေး လုပ်မယ်ဆိုရင် ကြိတ်စက်ထဲကို ရှာလကာရည်ခွက်ရဲ့ လေးပုံတစ်ပုံ၊ မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းအနည်းငယ်၊ ရေနွေးတစ်ခွက်တို့ကို ထည့်ပြီး ပူဖောင်းတွေ ပျောက်သွားတဲ့အထိ စောင့်ပါ။ ပူဖောင်းတွေ ပျောက်သွားပြီဆိုရင် သံပုရာသီးတစ်လုံးကို အစိတ်လေးတွေဖြစ်အောင် လှီးပြီးထည့်လိုက်ပါ။
အဲဒီနောက် အဝတ်စတစ်ခုနဲ့ ကြိတ်စက်ပေါ်ကို ဖုံးအုပ်ထားပြီး စက္ကန့် ၆၀ ခန့်စောင့်ပါ။ ခဏကြာရင်တော့ အကုန်သွန်ပစ်လိုက်ပြီး ကြိတ်စက်ကို ဆပ်ပြာနဲ့ရေဆေးလိုက်လို့ရပါပြီ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: Zombie (lovemedia)
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
Upcoming Property Events
From 10 May To 11 May
Mingalar Market
From 10 May To 11 May
Magical World Apartment
Magical World
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service