လူအများစုသတိမထားမိကြတဲ့ Lip balm ရဲ့ အခြားအသုံးဝင်ပုံ (၁၂) ခု - Property Knowledge in Myanmar from iMyanmarHouse.com
603 Views

လူအများစုသတိမထားမိကြတဲ့ Lip balm ရဲ့ အခြားအသုံးဝင်ပုံ (၁၂) ခု

Knowledge | Posted by Hnin Ei Khin

[Unicode]

Lip balm ကို နှုတ်ခမ်းခြောက်သွေ့တာ၊ အက်ကွဲတာကို ပျောက်ကင်းဖို့ အဓိကအသုံးပြုကြပါတယ်။ Lip balm ကို နှုတ်ခမ်းအပြင် အခြားအသုံးဝင်ပုံတွေကို ဖော်ပြပေးပါမယ်နော်။

၁။ လက်သည်းအရေမာအရစ်ကို ရေဓာတ်ဖြည့်ပေးခြင်း

လက်သည်းအရေမာအရစ်လေးတွေ ရောင်တဲ့အခါ အရမ်းနာကျင်ပါတယ်။ အဲဒီအခါ Lip balm ကို လိမ်းပေးလိုက်ပါ။ Lip balm မှာ ပါဝင်တဲ့ သဘာဝအဆီတွေက လက်မှာအနာတရဖြစ်တာတွေကိုတောင် သက်သာစေပါတယ်။

၂။ သားရေဖိနပ်ပေါ်က အစင်းကြောင်းတွေကို ဖယ်ရှားပေးခြင်း

သင့်ရဲ့ဖိနပ်မှာ အစင်းကြောင်းတွေပေါ်နေပြီး ရုပ်ဆိုးနေမှာကို စိတ်ပူစရာမလိုတော့ပါဘူး။ Lip balm ကို အနည်းငယ်ယူပြီး သားရေဖိနပ်ပေါ်မှာ လိမ်းပေးလိုက်ပါ။ ပြီးရင် နူးညံ့တဲ့ပိတ်စလေးနဲ့ ပွတ်တိုက်လိုက်ပါ။ သားရေဖိနပ်က ခြစ်ရာတွေ၊ အစင်းကြောင်းတွေ ကင်းစင်ပြီး ပိုမိုတောက်ပြောင်သွားပါတယ်။

၃။ တံတောင်ဆစ်နဲ့ ဒူးကို ရေဓာတ်ဖြည့်ပေးခြင်း

Lip balm က နှုတ်ခမ်းကို ရေဓာတ်ဖြည့်ပေးရုံသာမက တံတောင်ဆစ်နဲ့ ဒူးကို ရေဓာတ်ဖြည့်ပေးပါသေးတယ်။ တံတောင်ဆစ်နဲ့ ဒူးမှာ ခြောက်သွေ့နေတဲ့အခါ Lip balm လိမ်းပေးပြီး နှိပ်နယ်ပေးရုံပါပဲ။

၄။ မျက်ခုံးကို လှပစေခြင်း

မျက်ခုံးက ဖရိုဖရဲမလှမပဖြစ်နေရင် Lip balm ကို မျက်ခုံးမှာ လိမ်းလိုက်ပါ။ အဲဒီအခါ မျက်ခုံးက ပုံကျလှပသွားပါတယ်။

၅။ ဆံပင်ပွနေတာကို သပ်သပ်ရပ်ရပ်ဖြစ်စေခြင်း

သင့်ဆံပင်က ဖွာပြီးပွနေတဲ့အခါ Lip balm ကို လက်မှာအနည်းငယ်ပွတ်ပြီး ဆံပင်မှာ လိမ်းလိုက်ပါ။ အဲဒီအခါ ဆံပင်က ဖွာမနေတော့ဘဲ သပ်သပ်ရပ်ရပ်လေး ဖြစ်သွားပါတယ်။

၆။ ခြေထောက်မှာ ရေကြည်ဖုပေါက်တာကို ကာကွယ်ပေးခြင်း

ဖိနပ်ကို အချိန်အကြာကြီးစီးပြီး ခြေထောက်မှာ ရေကြည်ဖုပေါက်မှာ၊ အနာတရာဖြစ်မှာကို ကာကွယ်ဖို့ Lip balm ရှိပါတယ်။ ဖိနပ်ရဲ့အစွန်းတွေမှာ Lip balm၊ အုန်းဆီ၊ သံလွင်ဆီ နှစ်သက်ရာတစ်ခုခုကို သုတ်လိမ်းထားလိုက်ပါ။ ဒီနည်းက ခြေဖနောင့်ကွဲတာကိုလည်း သက်သာစေပါတယ်။

၇။ မိတ်ကပ်လိမ်းထားတာကို highlights လုပ်ပေးခြင်း

Eye shadow ထဲမှာ Lip balm အနည်းငယ်ရောထည့်ပြီး မျက်လုံးမှာ လိမ်းလိုက်ပါ။ အဲဒီအခါ မျက်ခွံတွေက ပုံမှန်ထက် ပိုတောက်ပလာပါတယ်။ Lip balm ကို မိတ်ကပ်ထဲမှာ ရောလိမ်းရင်လည်း မိတ်ကပ်က ပိုပြီး ကြာကြာခံပါတယ်။

၈။ Eyeliner ကို သပ်ရပ်စေခြင်း

Eyeliner က မညီမညာဖြစ်နေရင် အရမ်းသိသာနေတတ်ပါတယ်။ အဲဒီအခါ Lip balm ကို ချည်ပိတ်စလေးနဲ့ တို့ပြီး Eyeliner မသပ်မရပ်ဖြစ်နေတာကို ပြုပြင်လို့ရပါတယ်။ Eyeliner က မျက်လုံးဘေးအစွန်းတွေမှာ ပေနေရင်လည်း Lip balm နဲ့ဖျက်လို့ရပါတယ်။

၉။ ရေမွှေးရနံ့ကို ကြာရှည်ခံစေခြင်း

အနံ့မပါတဲ့ Lip balm ကို ရေမွှေးဆွတ်မယ့်နေရာမှာ လိမ်းလိုက်ပါ။ အဲဒီနောက်မှာမှ ရေမွှေးဆွတ်ပါ။ ဒီနည်းက ရေမွှေးနံ့ကို အချိန်ကြာကြာ သင်းပျံ့နေစေပါတယ်။

၁၀။ ထိခိုက်မှုသေးသေးလေးတွေကို သက်သာစေခြင်း

နှုတ်ခမ်းမွေးရိတ်ရင်းနဲ့ ဓားရှသွားတဲ့အခါ Lip balm ကို ရှားစောင်းလက်ပတ်ဂျယ်လီနဲ့ရောပြီး လိမ်းလိုက်ပါ။ လိမ်းပြီးနောက် အနာကို ရေမထိစေဖို့တော့ မမေ့ပါနဲ့နော်။

၁၁။ လက်စွပ်ကို ချွတ်ရလွယ်ကူစေခြင်း

လက်စွပ်က ချွတ်ရခက်နေရင် Lip balm ကို ချောဆီအဖြစ် အသုံးပြုလို့ရပါတယ်။

၁၂။ နှာခေါင်းတစ်ဝိုက်မှာ နီမြန်းတာကို သက်သာစေခြင်း

ဓာတ်မတည့်တာ သို့မဟုတ် အအေးမိတာကြောင့် နှုတ်ခေါင်းတစ်ဝိုက်မှာ နီမြန်းနေတတ်ပါတယ်။ Lip balm ကို နှုတ်ခေါင်းတစ်ဝိုက်မှာ လိမ်းပေးထားရင် နီမြန်းတာတွေကို လျော့သွားစေမှာပါ။

Lip balm ဘူးခွံအဟောင်းကလည်း အသုံးဝင်ပါသေးတယ်။ အရေးပေါ်အခြေအနေတွေအတွက် Lip balm ဘူးခွံအဟောင်းထဲမှာ ပိုက်ဆံ သို့မဟုတ် အရေးကြီးတဲ့ ပစ္စည်းသေးသေးလေးတွေ သိမ်းထားလို့ ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Zombie (lovemedia)

 

 

[Zawgyi]

လူအမ်ားစုသတိမထားမိၾကတဲ့ Lip balm ရဲ႕ အျခားအသုံးဝင္ပုံ (၁၂) ခု

 

Lip balm ကို ႏႈတ္ခမ္းေျခာက္ေသြ႕တာ၊ အက္ကြဲတာကို ေပ်ာက္ကင္းဖို႔ အဓိကအသုံးျပဳၾကပါတယ္။ Lip balm ကို ႏႈတ္ခမ္းအျပင္ အျခားအသုံးဝင္ပုံေတြကို ေဖာ္ျပေပးပါမယ္ေနာ္။

၁။ လက္သည္းအေရမာအရစ္ကို ေရဓာတ္ျဖည့္ေပးျခင္း

လက္သည္းအေရမာအရစ္ေလးေတြ ေရာင္တဲ့အခါ အရမ္းနာက်င္ပါတယ္။ အဲဒီအခါ Lip balm ကို လိမ္းေပးလိုက္ပါ။ Lip balm မွာ ပါဝင္တဲ့ သဘာဝအဆီေတြက လက္မွာအနာတရျဖစ္တာေတြကိုေတာင္ သက္သာေစပါတယ္။

၂။ သားေရဖိနပ္ေပၚက အစင္းေၾကာင္းေတြကို ဖယ္႐ွားေပးျခင္း

သင့္ရဲ႕ဖိနပ္မွာ အစင္းေၾကာင္းေတြေပၚေနၿပီး ႐ုပ္ဆိုးေနမွာကို စိတ္ပူစရာမလိုေတာ့ပါဘူး။ Lip balm ကို အနည္းငယ္ယူၿပီး သားေရဖိနပ္ေပၚမွာ လိမ္းေပးလိုက္ပါ။ ၿပီးရင္ ႏူးညံ့တဲ့ပိတ္စေလးနဲ႔ ပြတ္တိုက္လိုက္ပါ။ သားေရဖိနပ္က ျခစ္ရာေတြ၊ အစင္းေၾကာင္းေတြ ကင္းစင္ၿပီး ပိုမိုေတာက္ေျပာင္သြားပါတယ္။

၃။ တံေတာင္ဆစ္နဲ႔ ဒူးကို ေရဓာတ္ျဖည့္ေပးျခင္း

Lip balm က ႏႈတ္ခမ္းကို ေရဓာတ္ျဖည့္ေပး႐ုံသာမက တံေတာင္ဆစ္နဲ႔ ဒူးကို ေရဓာတ္ျဖည့္ေပးပါေသးတယ္။ တံေတာင္ဆစ္နဲ႔ ဒူးမွာ ေျခာက္ေသြ႕ေနတဲ့အခါ Lip balm လိမ္းေပးၿပီး ႏွိပ္နယ္ေပး႐ုံပါပဲ။

၄။ မ်က္ခုံးကို လွပေစျခင္း

မ်က္ခုံးက ဖ႐ိုဖရဲမလွမပျဖစ္ေနရင္ Lip balm ကို မ်က္ခုံးမွာ လိမ္းလိုက္ပါ။ အဲဒီအခါ မ်က္ခုံးက ပုံက်လွပသြားပါတယ္။

၅။ ဆံပင္ပြေနတာကို သပ္သပ္ရပ္ရပ္ျဖစ္ေစျခင္း

သင့္ဆံပင္က ဖြာၿပီးပြေနတဲ့အခါ Lip balm ကို လက္မွာအနည္းငယ္ပြတ္ၿပီး ဆံပင္မွာ လိမ္းလိုက္ပါ။ အဲဒီအခါ ဆံပင္က ဖြာမေနေတာ့ဘဲ သပ္သပ္ရပ္ရပ္ေလး ျဖစ္သြားပါတယ္။

၆။ ေျခေထာက္မွာ ေရၾကည္ဖုေပါက္တာကို ကာကြယ္ေပးျခင္း

ဖိနပ္ကို အခ်ိန္အၾကာႀကီးစီးၿပီး ေျခေထာက္မွာ ေရၾကည္ဖုေပါက္မွာ၊ အနာတရာျဖစ္မွာကို ကာကြယ္ဖို႔ Lip balm ႐ွိပါတယ္။ ဖိနပ္ရဲ႕အစြန္းေတြမွာ Lip balm၊ အုန္းဆီ၊ သံလြင္ဆီ ႏွစ္သက္ရာတစ္ခုခုကို သုတ္လိမ္းထားလိုက္ပါ။ ဒီနည္းက ေျခဖေနာင့္ကြဲတာကိုလည္း သက္သာေစပါတယ္။

၇။ မိတ္ကပ္လိမ္းထားတာကို highlights လုပ္ေပးျခင္း

Eye shadow ထဲမွာ Lip balm အနည္းငယ္ေရာထည့္ၿပီး မ်က္လုံးမွာ လိမ္းလိုက္ပါ။ အဲဒီအခါ မ်က္ခြံေတြက ပုံမွန္ထက္ ပိုေတာက္ပလာပါတယ္။ Lip balm ကို မိတ္ကပ္ထဲမွာ ေရာလိမ္းရင္လည္း မိတ္ကပ္က ပိုၿပီး ၾကာၾကာခံပါတယ္။

၈။ Eyeliner ကို သပ္ရပ္ေစျခင္း

Eyeliner က မညီမညာျဖစ္ေနရင္ အရမ္းသိသာေနတတ္ပါတယ္။ အဲဒီအခါ Lip balm ကို ခ်ည္ပိတ္စေလးနဲ႔ တို႔ၿပီး Eyeliner မသပ္မရပ္ျဖစ္ေနတာကို ျပဳျပင္လို႔ရပါတယ္။ Eyeliner က မ်က္လုံးေဘးအစြန္းေတြမွာ ေပေနရင္လည္း Lip balm နဲ႔ဖ်က္လို႔ရပါတယ္။

၉။ ေရေမႊးရနံ႔ကို ၾကာ႐ွည္ခံေစျခင္း

အနံ႔မပါတဲ့ Lip balm ကို ေရေမႊးဆြတ္မယ့္ေနရာမွာ လိမ္းလိုက္ပါ။ အဲဒီေနာက္မွာမွ ေရေမႊးဆြတ္ပါ။ ဒီနည္းက ေရေမႊးနံ႔ကို အခ်ိန္ၾကာၾကာ သင္းပ်ံ႕ေနေစပါတယ္။

၁၀။ ထိခိုက္မႈေသးေသးေလးေတြကို သက္သာေစျခင္း

ႏႈတ္ခမ္းေမြးရိတ္ရင္းနဲ႔ ဓား႐ွသြားတဲ့အခါ Lip balm ကို ႐ွားေစာင္းလက္ပတ္ဂ်ယ္လီနဲ႔ေရာၿပီး လိမ္းလိုက္ပါ။ လိမ္းၿပီးေနာက္ အနာကို ေရမထိေစဖို႔ေတာ့ မေမ့ပါနဲ႔ေနာ္။

၁၁။ လက္စြပ္ကို ခြၽတ္ရလြယ္ကူေစျခင္း

လက္စြပ္က ခြၽတ္ရခက္ေနရင္ Lip balm ကို ေခ်ာဆီအျဖစ္ အသုံးျပဳလို႔ရပါတယ္။

၁၂။ ႏွာေခါင္းတစ္ဝိုက္မွာ နီျမန္းတာကို သက္သာေစျခင္း

ဓာတ္မတည့္တာ သို႔မဟုတ္ အေအးမိတာေၾကာင့္ ႏႈတ္ေခါင္းတစ္ဝိုက္မွာ နီျမန္းေနတတ္ပါတယ္။ Lip balm ကို ႏႈတ္ေခါင္းတစ္ဝိုက္မွာ လိမ္းေပးထားရင္ နီျမန္းတာေတြကို ေလ်ာ့သြားေစမွာပါ။

Lip balm ဘူးခြံအေဟာင္းကလည္း အသုံးဝင္ပါေသးတယ္။ အေရးေပၚအေျခအေနေတြအတြက္ Lip balm ဘူးခြံအေဟာင္းထဲမွာ ပိုက္ဆံ သို႔မဟုတ္ အေရးႀကီးတဲ့ ပစၥည္းေသးေသးေလးေတြ သိမ္းထားလို႔ ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: Zombie (lovemedia)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service