ဒူးရင်းသီး ကြိုက်တဲ့သူတွေအတွက် ... ဒူးရင်းသီးကောင်းမကောင်းရွေးနည်း - Property Knowledge in Myanmar from iMyanmarHouse.com
4739 Views

ဒူးရင်းသီး ကြိုက်တဲ့သူတွေအတွက် ... ဒူးရင်းသီးကောင်းမကောင်းရွေးနည်း

Knowledge | Posted by Si Thu Aung

[Unicode]

အခုလိုမျိုးဈေးကြီးကြီးနဲ့ ဝယ်စားနေရတဲ့ ဒူးရင်းချိန်မှာ အရဲစွန့်ပြီးဝယ်စားလိုက်ကာမှာ အထဲမှာ အမွှာသေးသေလေးနဲ့ တိုးလို့ စိတ်တိုဖူးတဲ့ လူတွေရှိလား?....

ဆိုင်ရှင်ကခွဲပြလိုက်ရင်တော့ ကိစ္စမရှိပေမယ့် မခွဲပြလိုက်ရင်လည်း ကိုယ့်ဟာကိုယ် အမွှာကြီးကြီးနဲ့ အသားများတာတွေရွေးဖို့ အောက်ကအချက်လေးတွေ ဆက်ဖတ်ကြည့်ကြရအောင်ပါ။

(၁)အမြင်စွမ်းအင်ကိုအသုံးချခြင်း

အသီးပုံစံကို ကြည့်လိုက်လို့ ပုံစံမမှန်တာ၊ ချိုင့်နေတာမျိုးက မြှောင်းထဲမှာ အသားမပြည့်တတ်တဲ့တာမျိုး ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး အလုံးဝိုင်းဝိုင်းလေးတွေကို ရွေးယူပါ။ ဘောလုံးလို ဝိုင်းနေတာမျိုးကိုဆိုလိုတာမဟုတ်ပါဘူး။ ဘဲဥပုံ (သို့မဟုတ်) ရှည်မျောမျောလေးပေါ့။

နောက်တစ်ခုကတော့ အညှာကို လည်းကြည့်လို့ရပါတယ်။ အညှာစိမ်းစိမ်းစိုစိုလေးဆို ကောင်းပါတယ်။ အညိုရောင်ဖြစ်လေလေ ခူးထားတာကြာပြီဖြစ်ပြီး မလတ်ဆတ်တော့လေလေပါပဲ။

အသားများများလိုချင်ရင်တော့ ဆူးကျဲပြီး ဆူးညီတာလေးတွေကိုပဲ ရွေးသင့်ပါတယ်။ အညှာထိပ်လေးတွေကိုလည်း ကြည့်လို့ရပါတယ်။ အညှာထိပ်လေးတွေ ညီနေမယ်ဆိုရင် ကြွေသီးပါ။ ဝယ်ဖို့သင့်တော်ပါတယ်။

(၂) အနံ့ခံကြည့်ခြင်း

အနံ့ခံကြည့်လိုက်လို့ အမွှေးနံ့သင်းသင်းလေး ရမယ်ဆိုရင် မှည့်နေပြီလို့ပြောလို့ ရပါတယ်။ ချက်ချင်းခွဲစားမယ် ဆိုရင်တော့ ဒါမျိုးဝယ်သွားလို့အဆင်ပြေပါတယ်။ အနံ့တအားပြင်းနေတာမျိုးကိုတော့ရှောင်ပါ။ ဒါဆိုရင် အမှည့်လွန်နေပြီ ဆိုတဲ့လက္ခဏာပါပဲ။ဘာနံ့မှမရဘူးဆိုရင်တော့ မဝယ်ပါနဲ့။ မမှည့်သေးတာဖြစ် နိုင်သလို မှည့်ချင်မှတောင် မှည့်တော့မယ့်အနေအထားပါ။

ဒူးရင်းရဲ့ အောက်ခြေဟာဆိုရင် အသားအထူဆုံး အပိုင်းတွေဖြစ်လို့ တိကျတဲ့ အနံရဖို့ ခက်ခဲမှာ ဖြစ်တဲ့အတွက် နမ်းကြည့်တဲ့အခါ ထိပ်နဲ့ အောက်ခြေ မဟုတ်တဲ့ ဘေးဘက်တွေကိုသာ နှာခေါင်းကို ထားကြည့်ပြီး အနံ့ခံကြည့်ရမှာဖြစ်ပါတယ်။

(၃) လှုပ်ကြည့်ခြင်း

ဒူးရင်းသီးကို လှုပ်ကြည့်လိုက်လို့ အသံကြားရတဲ့အခါ ဒူးရင်းသားတွေက အမြှောင်းတွေကနေ ကောင်းစွာ ကွဲကွာနေတာကို ဖော်ညွှန်းတဲ့အတွက် ရွေးချယ်သင့်တဲ့ အလုံးပဲဖြစ်ပါတယ်။ အသံတွေမကြားရတဲ့အခါ မမှည့်သေးတဲ့ အသီးဖြစ်ပြီး ဆူညံသံတွေတအားကြားရမယ်ဆိုရင်တော့ အမှည့်လွန်နေတဲ့အသီး ဖြစ်နိုင် ပါတယ်။

ယေဘုယျအားဖြင့် အပင်နုတွေက ဒူးရင်းသီးတွေဟာ ချိုတဲ့အရသာကိုပေးပြီးတော့ အပင်ရင့်တွေက ဒူးရင်းသီးက နည်းနည်းခါးသက်တဲ့ အရသာကိုပေးပါတယ်။

အရေးကြီးဆုံးအချက်ကတော့ ဒူးရင်းသီးကိုရွေးတဲ့အခါ ပေါ့တဲ့အသီးကို ရွေးရမှာပဲဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

 

[Zawgyi]


 







(၂) အနံ့ခံကြည့်ခြင်း



(၃) လှုပ်ကြည့်ခြင်း








Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service