မလှည့်ကောင်းသည့် အရပ်မျက်နှာ - Property Knowledge in Myanmar from iMyanmarHouse.com
9587 Views

မလှည့်ကောင်းသည့် အရပ်မျက်နှာ

Knowledge | Posted by Aye Myat Thu

[Unicode]

မိမိတို့နေသည့် တဲ၊ အိမ်၊ တိုက်၊ အခန်း စသည်တို့သည် မည်သည့် အရပ်မျက်နှာဘက်သို့ မျက်နှာစာပြုထားသနည်းဟု သတိပြုကြည့်ပါလေ။

အောက်ဖော်ပြသည့်အတိုင်း (အိမ်ထောင်ဦး စီး၏နေ့သားအလိုက်) ဘုမ္မိဆိုသော အရပ်မျက်နှာဘက်သို့ မျက်နှာစာပြုထားသော အိမ်များအတွက် မကောင်းကျိုးများ ခံစားရတတ်ပေသည်။ ရှာသမျှ စီးပွား မွဲသွားတတ်ပါသည်။ အိမ်ထောင်ရေးဒုက္ခ၊ လူမှုရေးဒုက္ခ၊ ကျန်းမာရေးဒုက္ခ၊ ငွေကြေးဒုက္ခများ ကြုံရတတ်ပါသောကြောင့် ရှောင်ကြဉ်သင့်ပေသည်။

ရှောင်ကြဉ်သင့်သော ဘုမ္မိအရပ်မျက်နှာများ

တနင်္ဂနွေသားသမီး – တောင်စူးစူး

တနင်္လာသားသမီး – အနောက်တောင်စူးစူး

အင်္ဂါသားသမီး – အနောက်စူးစူး

ဗုဒ္ဓဟူးသားသမီး – အနောက်မြောက်စူးစူး

ကြာသပတေးသားသမီး – အရှေ့မြောက်စူးစူး

သောကြာသားသမီး – အရှေ့တောင်စူးစူး

စနေသားသမီး – မြောက်စူးစူး

ရာဟုသားသမီး – အရှေ့စူးစူး စသဖြင့် ဖြစ်ပေသည်။

မျက်နှာစာဆိုသည်မှာ အိမ်၊ တိုက်၊ ကွန်ဒိုတိုက်ခန်း …စသည်တို့၏ မျက်နှာစာ ပြုထားသော အရပ်မျက်နှာကိုဆိုလိုပါသည်။ အိမ်၏ ဝင်ပေါက် ထွက်ပေါက်ကို မဆိုလိုပါ။ အချို့တိုက်များတွင် ဘေးဘက်မှဝင်သည်များရှိကြပါသည်။ ကိုယ်ပိုင်အိမ်များတွင်လည်း ဘေးဘက်မှ အဝင်အထွက်လုပ်သည်များ ရှိပါသည်။ ယခု မျက်နှာစာအရပ်ဆိုသည်မှာ မျက်နှာပြုထား သောအရပ်ကိုသာ ဆိုလိုပါသည်။

အကယ်၍ မိမိသောနေသောအိမ်သည် မိမိတို့အိမ်ထောင်ဦးစီး၏ နေ့နံအရ ဘုမ္မိအရပ်မျက်နှာဘက်သို့ တည့်တည့်ကြီး ကျရောက်နေသည်ဆိုပါလျှင် အောက်ပါအတိုင်း ကုစားကြရန်ဖြစ်ပါတော့၏။

တနင်္ဂနွေသားသမီးများ

အိမ်ရှေ့တွင် သပြေပင်စိုက်ပါ။ အိမ်နောက် တွင် ဝါးပင်စိုက်ပါ။

တနင်္လာသားသမီးများ

အိမ်ရှေ့တွင် အုန်းပင်စိုက်ပါ။ အိမ်နောက် တွင် ခံတက်ပင်စိုက်ပါ။

အင်္ဂါသားသမီးများ

အိမ်ရှေ့တွင် သပြေပင်စိုက်ပါ။ အိမ်နောက် တွင် ပျဉ်းမပင်စိုက်ပါ။

ဗုဒ္ဓဟူးသားသမီးများ

အိမ်ရှေ့တွင် ဆီးပင်စိုက်ပါ။ အိမ်နောက်တွင် ရဲယိုပင်စိုက်ပါ။

ကြာသပတေးသားသမီးများ

အိမ်ရှေ့တွင် ပိတောက်ပင်စိုက်ပါ။ အိမ် နောက်တွင် အုန်းပင်စိုက်ပါ။

သောကြာသားသမီးများ

အိမ်ရှေ့တွင် ရဲယိုပင်စိုက်ပါ။ အိမ်နောက်တွင် ဆီးပင်စိုက်ပါ။

စနေသားသမီးများ

အိမ်ရှေ့တွင် ဝါးပင်စိုက်ပါ။ အိမ်နောက်တွင် သီဟိုဠ်ပင်စိုက်ပါ။

ရာဟုသားသမီးများ

အိမ်ရှေ့တွင် ပိန်းပင်စိုက်ပါ။ အိမ်နောက် တွင် ကံ့ကော်ပင်စိုက်ပါ။

အကယ်၍ မိမိတို့၏နေအိမ်များသည် ခေတ်ကာလအခြေအနေအရ ထိုသို့ အပင်စိုက်စရာ မြေကြီးနေရာမရှိပါမူ မိမိတို့အိမ်၏ ရှေ့ဘက်၊ နောက်ဘက်များတွင် သက်ဆိုင်ရာအပင်များ၏ ဓာတ်ပုံ၊ ပန်းချီကား စသည်တို့အား ချိတ်ဆွဲထားနိုင်ကြောင်း ပါခင်ဗျား …......

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Manawmayajournal

 

 

[Zawgyi]

















တနင်္လာသားသမီးများ


အင်္ဂါသားသမီးများ


ဗုဒ္ဓဟူးသားသမီးများ


ကြာသပတေးသားသမီးများ


သောကြာသားသမီးများ


စနေသားသမီးများ


ရာဟုသားသမီးများ







Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ

Upcoming Property Events

Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service