အံ့သြစရာကောင်းတဲ့ အိမ်တွင်း ပတ်ပတ်လည်အတွက် ဆားရဲ့အသုံးဝင်ပုံ... - Property Knowledge in Myanmar from iMyanmarHouse.com
502 Views

အံ့သြစရာကောင်းတဲ့ အိမ်တွင်း ပတ်ပတ်လည်အတွက် ဆားရဲ့အသုံးဝင်ပုံ...

Knowledge | Posted by Aye Myat Thu (iMyanmarHouse.com)

[Unicode]

ကိုယ်မှာရှိတဲ့ တချို့ မီးဖိုချောင် ပစ္စည်းတွေက ဟင်းချက်ရာမှာပဲ အသုံးတည့်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကျန်းမာရေးနှင့် အခြားသော နေရာတွေမှာလည်း တကယ်အသုံးဝင်တာကို မြင်တွေ့ရပါတယ်။

ဆား များများစားတာကတော့ ကျန်းမာရေးအတွက် မကောင်းပါဘူး ။ သို့သော်လည်း ဆားဟာ သင့်ရဲ့ အိမ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့တချို့သော ပြဿနာရပ်တွေကိုတော့ ကောင်းကောင်းကြီး ဖြေရှင်းပေးနိုင်ပါတယ်။

၁။ ဘေစင်ရှိ ရေစစ် ကိုသန့်ရှင်းစေနီုင်ခြင်း။

ဘေစင်မှာ အညစ်အကြေးတွေစို့ပြီး ရေကောင်းကောင်းမဆင်းတာကို အိမ်တိုင်းနီးပါး ဖြစ်ဖူးကြမှာပါ။

ဒီလိုအခြေအနေမျိုးမှာ ဆားက အသုံးဝင်ပါတယ် ။

ဆားလက်တစ်ဆုပ်စာခန့်ကို ရေစစ်ပေါက်တွေထဲ ဝင်အောင်ထည့်ပေးလိုက်ပါ ။

ခဏနေရင် ရေလောင်းချလိုက်ပါ ။ အညစ်အကြေးများ သန့်စင်သွားပါလိမ့်မယ် ။

၂။တောက်ပြောင်စေခြင်း။

အိမ်မှာရှိတဲ့ ဖန်ခွက်တွေ ဖန်ထည်တွေကို ဆားနဲ့ တိုက်ချွတ်လို့ ရပါတယ် ။

ပထမဦးစွာ ပုံမှန်အတိုင်း ဖန်ခွက်ကို ဆေးကြောပါ။ ပြီးနောက် ဆားအနည်းငယ်ယူပြီး ပွတ်ပါ ။

ပြီးသွားလျှင် အဝတ်ခြောက်ဖြင့် ပွတ်တိုက်ပေးလိုက်ပါ။ တောက်ပြောင်သွားတာကို မြင်ပါလိမ့်မယ်။

ဒီနည်းလမ်းကို ဖန်ထည်တွေသာမက ငွေထည် ၊ ကြေးထည် တွေမှာလည်း အသုံးပြုလို့ရပါတယ်။

၃။ပုရွက်ဆိတ် ရန်မှကင်းစေခြင်း

ပုရွက်ဆိတ် တွေဟာ ဆားကို အရမ်းမုန်းပါတယ်။ပုရွက်ဆိတ်ရန်မှကင်းဝေးဖို့ ဆားကို ရေနွေးဆူဆူထဲထည့်ပြုတ်ပြီး အေအေးခံကာ spray ဘူးထဲသို့ထည့်ပါ ။ ပြီးလျှင် ပုရွတ်ဆိတ် တွေ ရှိတတ်တဲ့ နေရာအနှံ့ကို ဖြန်းလိုက်ပါ ။

ဒီနည်းလမ်းဟာ ပုရွက်ဆိတ် တွေကို သေစေတာမဟုတ်တဲ့အတွက် ငရဲလည်း မကြီးပါဘူးနော် ။

ပုရွက်ဆိတ်တွေ လာနိုင်တဲ့နေရာမှာ ဆားဖြူးထားလည်း ပုရွက်ဆိတ်တွေ မလာနိုင်တော့ပါဘူး ။

၄။သွားနာခြင်းကိုသက်သာစေခြင်း။

သွားနာ ၊ သွားကိုက်တဲ့အခါ ရေတစ်ခွက်ထဲသို့ ဆားလက်ဖက်ရည် ၁ဇွန်းခန့်ထည့်ပြီး မွှေလိုက်ပါ ။ ပြီးနောက် ထိုဆားရည်ဖြင့် ကောင်းစွာပလုတ်ကျင်းလိုက်ပါ ။ဒါဆိုရင်တော့ သွားနာ၊သွားကိုက်ခြင်းကို သက်သာသွားစေမှာ ဖြစ်ပါတယ် ။

၅။ သရဲ ၊ တစ္ဆေများမဝင်ရောက်နိုင်ခြင်း ၊ မောင်းထုတ်နိုင်ခြင်း

ဒါလေးကတော့ နည်းနည်းရီစရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမှန်တကယ်ပဲ သန့်စင်တဲ့ဆားဟာ အိမ်တွေ ၊ ကျောင်းတွေ မရှိတတ်တဲ့ ဝိဉာဉ်တစ္ဆေတွေကို မဝင်ရောက်နိုင်အောင် မောင်းထုတ်နိုင်တယ်လို့ ဆိုပါတယ် ။

Super Natural ဇာတ်လမ်းတွဲကို ကြည့်ဖူးတဲ့သူတွေဆိုရင်တော့ သိလောက်ပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာဆိုလျှင် သရဲတွေ မဝင်ရောက်နိုင်အောင် အိမ်ပတ်ပတ်လည်ကို ဆားဖြင့်စည်းတားတာ၊ ဆားထည့်ထားတဲ့ သေနတ်နဲ့ပစ်လျှင် သရဲတွေ ပျောက်ကွယ်သွားတာမျိုးတွေကို မြင်ရမှာပါ ။

Dr.Wu Di ကလည်း ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဗီဒီယို တစ်ခုမှာ ရှင်းပြသွားတာကိုလည်း မြင်တွေ့ခဲ့ဖူးပါတယ်။

နောက်ပြီး ကိုရီးယား ဇာတ်လမ်းတွဲ တွေမှာလည်း သူတို့ရဲ့အယူအဆအရ မကောင်းဆိုးဝါးတွေ မလာနိုင်အောင် ဆားဖြင့်ပက်တာ ၊ လာခဲ့လျှင်လည်း ဆားဖြင့်ပက်ပြီး မောင်းထုတ်တာမျိုးတွေ ကြည့်ခဲ့ဖူးပါတယ် ။

ကဲ ဆား ရဲ့ အသုံးဝင်ပုံတွေကို မှတ်ထားပြီး ကိုယ့်အိမ်မှာ ပြန်လုပ်လို့ရတယ်နော်ကိုယ်ကတော့ နောက်ဆုံးအချက်ကို အကြိုက်ဆုံးပဲ......

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit : apannpyay

 

[Zawgyi]

အံ့ၾသစရာေကာင္းတဲ့ အိမ္တြင္း ပတ္ပတ္လည္အတြက္ ဆားရဲ႕အသုံးဝင္ပုံေတြ....

 

ကိုယ္မွာ႐ွိတဲ့ တခ်ိဳ႕ မီးဖိုေခ်ာင္ ပစၥည္းေတြက ဟင္းခ်က္ရာမွာပဲ အသုံးတည့္တာ မဟုတ္ပါဘူး။ ကိုယ့္ရဲ႕ က်န္းမာေရးႏွင့္ အျခားေသာ ေနရာေတြမွာလည္း တကယ္အသုံးဝင္တာကို ျမင္ေတြ႕ရပါတယ္။

ဆား မ်ားမ်ားစားတာကေတာ့ က်န္းမာေရးအတြက္ မေကာင္းပါဘူး ။ သို႔ေသာ္လည္း ဆားဟာ သင့္ရဲ႕ အိမ္မွာ ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့တခ်ိဳ႕ေသာ ျပႆနာရပ္ေတြကိုေတာ့ ေကာင္းေကာင္းႀကီး ေျဖ႐ွင္းေပးႏိုင္ပါတယ္။

၁။ ေဘစင္႐ွိ ေရစစ္ ကိုသန္႔႐ွင္းေစႏီုင္ျခင္း။

ေဘစင္မွာ အညစ္အေၾကးေတြစို႔ၿပီး ေရေကာင္းေကာင္းမဆင္းတာကို အိမ္တိုင္းနီးပါး ျဖစ္ဖူးၾကမွာပါ။

ဒီလိုအေျခအေနမ်ိဳးမွာ ဆားက အသုံးဝင္ပါတယ္ ။

ဆားလက္တစ္ဆုပ္စာခန္႔ကို ေရစစ္ေပါက္ေတြထဲ ဝင္ေအာင္ထည့္ေပးလိုက္ပါ ။

ခဏေနရင္ ေရေလာင္းခ်လိုက္ပါ ။ အညစ္အေၾကးမ်ား သန္႔စင္သြားပါလိမ့္မယ္ ။

၂။ေတာက္ေျပာင္ေစျခင္း။

အိမ္မွာ႐ွိတဲ့ ဖန္ခြက္ေတြ ဖန္ထည္ေတြကို ဆားနဲ႔ တိုက္ခြၽတ္လို႔ ရပါတယ္ ။

ပထမဦးစြာ ပုံမွန္အတိုင္း ဖန္ခြက္ကို ေဆးေၾကာပါ။ ၿပီးေနာက္ ဆားအနည္းငယ္ယူၿပီး ပြတ္ပါ ။

ၿပီးသြားလွ်င္ အဝတ္ေျခာက္ျဖင့္ ပြတ္တိုက္ေပးလိုက္ပါ။ ေတာက္ေျပာင္သြားတာကို ျမင္ပါလိမ့္မယ္။

ဒီနည္းလမ္းကို ဖန္ထည္ေတြသာမက ေငြထည္ ၊ ေၾကးထည္ ေတြမွာလည္း အသုံးျပဳလို႔ရပါတယ္။

၃။ပု႐ြက္ဆိတ္ ရန္မွကင္းေစျခင္း

ပု႐ြက္ဆိတ္ ေတြဟာ ဆားကို အရမ္းမုန္းပါတယ္။ပု႐ြက္ဆိတ္ရန္မွကင္းေဝးဖို႔ ဆားကို ေရေႏြးဆူဆူထဲထည့္ျပဳတ္ၿပီး ေအေအးခံကာ spray ဘူးထဲသို႔ထည့္ပါ ။ ျပီးလွ်င္ ပု႐ြတ္ဆိတ္ ေတြ ႐ွိတတ္တဲ့ ေနရာအႏွံ႔ကို ျဖန္းလိုက္ပါ ။

ဒီနည္းလမ္းဟာ ပု႐ြက္ဆိတ္ ေတြကို ေသေစတာမဟုတ္တဲ့အတြက္ ငရဲလည္း မႀကီးပါဘူးေနာ္ ။

ပု႐ြက္ဆိတ္ေတြ လာႏိုင္တဲ့ေနရာမွာ ဆားျဖဴးထားလည္း ပု႐ြက္ဆိတ္ေတြ မလာႏိုင္ေတာ့ပါဘူး ။

၄။သြားနာျခင္းကိုသက္သာေစျခင္း။

သြားနာ ၊ သြားကိုက္တဲ့အခါ ေရတစ္ခြက္ထဲသို႔ ဆားလက္ဖက္ရည္ ၁ဇြန္းခန္႔ထည့္ၿပီး ေမႊလိုက္ပါ ။ ၿပီးေနာက္ ထိုဆားရည္ျဖင့္ ေကာင္းစြာပလုတ္က်င္းလိုက္ပါ ။ဒါဆိုရင္ေတာ့ သြားနာ၊သြားကိုက္ျခင္းကို သက္သာသြားေစမွာ ျဖစ္ပါတယ္ ။

 

၅။သရဲ ၊ တေစၧမ်ားမဝင္ေရာက္ႏိုင္ျခင္း ၊ ေမာင္းထုတ္ႏိုင္ျခင္း

 

ဒါေလးကေတာ့ နည္းနည္းရီစရာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္ ။

ဒါေပမယ့္ အမွန္တကယ္ပဲ သန္႔စင္တဲ့ဆားဟာ အိမ္ေတြ ၊ ေက်ာင္းေတြ မ႐ွိတတ္တဲ့ ဝိဉာဥ္တေစၧေတြကို မဝင္ေရာက္ႏိုင္ေအာင္ ေမာင္းထုတ္ႏိုင္တယ္လို႔ ဆိုပါတယ္ ။

Super Natural ဇာတ္လမ္းတြဲကို ၾကည့္ဖူးတဲ့သူေတြဆိုရင္ေတာ့ သိေလာက္ပါတယ္။

ဒီဇာတ္လမ္းတြဲထဲမွာဆိုလွ်င္ သရဲေတြ မဝင္ေရာက္ႏိုင္ေအာင္ အိမ္ပတ္ပတ္လည္ကို ဆားျဖင့္စည္းတားတာ၊ ဆားထည့္ထားတဲ့ ေသနတ္နဲ႔ပစ္လွ်င္ သရဲေတြ ေပ်ာက္ကြယ္သြားတာမ်ိဳးေတြကို ျမင္ရမွာပါ ။

Dr.Wu Di ကလည္း ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး ဗီဒီယို တစ္ခုမွာ ႐ွင္းျပသြားတာကိုလည္း ျမင္ေတြ႕ခဲ့ဖူးပါတယ္။

ေနာက္ၿပီး ကိုရီးယား ဇာတ္လမ္းတြဲ ေတြမွာလည္း သူတို႔ရဲ႕အယူအဆအရ မေကာင္းဆိုးဝါးေတြ မလာႏိုင္ေအာင္ ဆားျဖင့္ပက္တာ ၊ လာခဲ့လွ်င္လည္း ဆားျဖင့္ပက္ၿပီး ေမာင္းထုတ္တာမ်ိဳးေတြ ၾကည့္ခဲ့ဖူးပါတယ္ ။

ကဲ ဆား ရဲ႕ အသုံးဝင္ပုံေတြကို မွတ္ထားၿပီး ကိုယ့္အိမ္မွာ ျပန္လုပ္လို႔ရတယ္ေနာ္ကိုယ္ကေတာ့ ေနာက္ဆုံးအခ်က္ကို အႀကိဳက္ဆုံးပဲ......

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit : apannpyay

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)