မေတ္တာဖြင့် ပေးကမ်းခြင်း (Gift) - Property Knowledge in Myanmar from iMyanmarHouse.com
376 Views

မေတ္တာဖြင့် ပေးကမ်းခြင်း (Gift)

Knowledge | Posted by Hnin Ei Khin (iMyanmarHouse.com)

[Unicode]

အိမ်ခြံမြေ   တိုက်တာ အဆောက်အဦစတဲ့ အခြေပစ္စည်းတစ်ရပ်ရပ်ကို မိဘဘိုးဘွားမှ သားသမီးမြေးမြစ်ကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးမှ ၎င်း၏ ဆွေမျိုးတော်စပ်သူတစ်ဦးဦး သို့မဟုတ်တစ်ဦးထက်ပို၍ဖြစ်စေ ပေးကမ်းခြင်းမျိုးကိုသာ မေတ္တာဖြင့် ပေးကမ်းခြင်းလို့ ယူဆကြပါတယ်။

တကယ်တော့ မေတ္တာဖြင့် ပေးကမ်းခြင်းဆိုတာဟာ ဆွေမျိုးတော်စပ်ခြင်း၊ မတော်စပ်ခြင်း၊ ကြီးကဲသူက ငယ်သူကိုသာ ပေးကမ်းရခြင်းဆိုတာမျိုးတွေနဲ့ မသက်ဆိုင်ပါဘူး။ အဖိုးအခမပါဘဲ၊ မယူဘဲ မေတ္တာသက်သက်ဖြင့် ပေးကမ်းခြင်းမှန်သမျှကို မေတ္တာဖြင့် ပေးကမ်းခြင်းလို့ ခေါ်ဆိုပါတယ်။

မေတ္တာသက်သက်နဲ့ အခြေခံပစ္စည်းတစ်ခုခုကို ပေးကမ်းတဲ့နေရာမှာ ပေးကမ်းသူက သက်ရှိထင်ရှားရှိရမှာ ဖြစ်ပြီး လက်ခံရရှိသူထံ စာချုပ်ချုပ်ဆိုပြီး လက်မှတ်ရေးထိုးထားကာ လက်ရောက်ပေးကမ်းမှုများ ဖြစ်ရမယ်။ ပေးကမ်းမည့်သူတစ်ဦးဦး ဒါမှမဟုတ် တစ်ဦးထက်ပိုတဲ့လူတွေက အခကြေးငွေမယူပဲ အခြားတန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုခုမယူဘဲ ဆွေမျိုးတော်စပ်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပေးကမ်းခြင်းမျိုးအတွက် ချုပ်ဆိုသည့် စာချုပ်ကို မေတ္တာဖြင့် ပေးကမ်းခြင်းစာချုပ်လို့ ခေါ်ပါတယ်။ ချုပ်ဆိုတဲ့စာချုပ်ကို သက်ဆိုင်ရာမြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှာတင်ပြပြီး ပေးကမ်းတဲ့ အိမ်ခြံမြေရဲ့ ကာလတန်ဖိုးကို သတ်မှတ်ပေးရပါမယ်။

သတ်မှတ်ထားတဲ့ ကာလတန်ဖိုးအပေါ်မှာ တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်း ထမ်းဆောင်ရပါမယ်။ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ပြီးရင် စာချုပ်စာတမ်းမှတ်ပုံတင်ဖို့ ရန်ကုန်မြို့ စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ချုပ်ဆိုပြီး မှတ်ပုံတင်ကြေးအဖြစ် ဘဏ်မှာ ပေသွင်းပြီး စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းနဲ့ ပိုင်ဆိုင်သူအမည်ပြောင်း မှတ်ပုံတင်ခြင်းကိစ္စကို ဆောင်ရွက်ရမည်ဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေမတၱာျဖင့္ ေပးကမ္းျခင္း (Gift)

အိမ္ၿခံေျမ  တိုက္တာ အေဆာက္အဦစတဲ့ အေျခပစၥည္းတစ္ရပ္ရပ္ကို မိဘဘိုးဘြားမွ သားသမီးေျမးျမစ္ကိုျဖစ္ေစ ပုဂၢိဳလ္တစ္ဦးဦးမွ ၄င္း၏ ေဆြမ်ိဳးေတာ္စပ္သူတစ္ဦးဦး သို႔မဟုတ္ တစ္ဦးထက္ပို၍ျဖစ္ေစ ေပးကမ္းျခင္းမ်ိဳးကိုသာ ေမတၱာျဖင့္ ေပးကမ္းျခင္းလို႔ ယူဆၾကပါတယ္။

တကယ္ေတာ့ ေမတၱာျဖင့္ ေပးကမ္းျခင္းဆိုတာဟာ ေဆြမ်ိဳးေတာ္ စပ္ျခင္း၊ မေတာ္စပ္ျခင္း၊ ႀကီးကဲသူက ငယ္သူကိုသာ ေပးကမ္းရျခင္းဆိုတာမ်ိဳးေတြနဲ႔ မသက္ဆိုင္ပါဘူး။ အဖိုးအခမပါဘဲ၊ မယူဘဲ ေမတၱာသက္ သက္ျဖင့္ ေပးကမ္းျခင္းမွန္သမွ်ကို ေမတၱာျဖင့္ ေပးကမ္းျခင္းလို႔ ေခၚဆိုပါတယ္။

ေမတၱာ သက္သက္နဲ႔ အေျခခံပစၥည္းတစ္ခုခုကို ေပးကမ္းတဲ့ေနရာမွာ ေပးကမ္းသူက သက္ရွိထင္ရွားရွိရမွာ ျဖစ္ၿပီး လက္ခံရရွိသူထံ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး လက္မွတ္ေရးထိုးထားကာ လက္ေရာက္ေပးကမ္းမႈမ်ား ျဖစ္ရမယ္။ ေပးကမ္းမည့္သူတစ္ဦးဦး ဒါမွမဟုတ္ တစ္ဦးထက္ပိုတဲ့လူေတြက အခေၾကးေငြမယူပဲ အျခားတန္ဖိုးရွိတဲ့ ပစၥည္းတစ္ခုခုမယူဘဲ ေဆြမ်ိဳးေတာ္စပ္ျခင္းရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ ေပးကမ္းျခင္းမ်ိဳးအတြက္ ခ်ဳပ္ဆိုသည့္ စာခ်ဳပ္ကို ေမတၱာျဖင့္ ေပးကမ္းျခင္းစာခ်ဳပ္လို႔ ေခၚပါတယ္။ ခ်ဳပ္ဆိုတဲ့စာခ်ဳပ္ကို သက္ဆိုင္ရာၿမိဳ႕နယ္ ျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွာတင္ျပၿပီး ေပးကမ္းတဲ့ အိမ္ၿခံေျမရဲ႕ ကာလတန္ဖိုးကို သတ္မွတ္ေပးရပါမယ္။

သတ္မွတ္ထားတဲ့ ကာလတန္ဖိုးအေပၚမွာ တံဆိပ္ ေခါင္းခြန္ ၄ ရာခိုင္ႏႈန္း ထမ္းေဆာင္ရပါမယ္။ တံဆိပ္ေခါင္းခြန္ ထမ္းေဆာင္ၿပီးရင္ စာခ်ဳပ္စာတမ္းမွတ္ပုံတင္ဖို႔ ရန္ကုန္ၿမိဳ႕ စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္႐ုံးတြင္ မွတ္ပုံတင္ခ်ဳပ္ဆိုၿပီး မွတ္ပုံတင္ေၾကးအျဖစ္ ဘဏ္မွာ ေပသြင္းၿပီး စာခ်ဳပ္စာတမ္း မွတ္ပုံတင္ျခင္းနဲ႔ ပိုင္ဆိုင္ သူအမည္ေျပာင္း မွတ္ပုံတင္ျခင္းကိစၥကို ေဆာင္ရြက္ရမည္ျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)