တိုက်ခန်းဝယ်ရင် နေသူမဲ့ လက်ရောက်အပ်နှံသည့်နေ့မှ ကျန်ငွေပေးချေသင့်ကြောင်း။ - Property Knowledge in Myanmar from iMyanmarHouse.com
609 Views

တိုက်ခန်းဝယ်ရင် နေသူမဲ့ လက်ရောက်အပ်နှံသည့်နေ့မှ ကျန်ငွေပေးချေသင့်ကြောင်း။

Knowledge | Posted by Hnin Ei Khin

[Unicode]

တိုက်ခန်း ဝယ်ယူမည်ဆိုလျှင် ရောင်းချမည့်တိုက်ခန်းကို စာရွက်စာတမ်း သေချာစွာစစ်ဆေးရန် လိုအပ်သလို အခြားစစ်ဆေးရန်အချက်များလဲ ရှိပါသေးသည်။ တိုက်ခန်းကို သွားရောက်ကြည့်ရှုသည့်အခါ တစ်ချို့ အကျိုးဆောင်များမှ တိုက်ခန်းပြသည့်အခါ သော့ခေတ်ထားလို့ ဘေးက အခန်းကို တူတူဘဲကြည့်လိုက်နော် ဆိုပြီး အလွယ်ပြောကြခြင်းမျိုးရှိပါသည်။ ထိုသို့ ပြုလုပ်ခြင်းသည် မှားယွင်းမှုတစ်ခုဖြစ်ပါသည်။ အမှန်တကယ် ရောင်းချမည့် တိုက်ခန်းကို ကြည့်ရှုစစ်ဆေးမှသာ အခန်းတွင်း ပျက်စီးယိုယွင်းမှုရှိ/မရှိကို ကောင်းစွာစစ်ဆေး နိုင်မှာဖြစ်ပါသည်။

နောက်တစ်ချက်အနေဖြင့် ရောင်းချမည့်တိုက်ခန်းကို စစ်ဆေးမှသာ လက်ရှိလူနေထိုင်နေခြင်း ရှိ/မရှိ၊ နေထိုင်သူသည် ရောင်းသူနှင့် မည်သို့သက်ဆိုင်သနည်း၊ အိမ်ငှားဆိုပါက ဘယ်အချိန်တွင် အိမ်ငှားစာချုပ် ပြည့်မှာလဲ၊ ပိုင်ရှင်ကိုယ်တိုင်နေထိုင်ခြင်းလား၊ မည်သည့်နည်းလမ်းဖြင့် အိမ်ပေါ်တွင်နေထိုင်နေသလဲ၊ အိမ်က သော့ပိတ်ထားတာလား စသည်ဖြင့် ရှင်းရှင်းလင်းလင်းမေးမြန်းဖို့ လိုအပ်ပါသည်။

အကယ်၍ ရောင်းချမည့်တိုက်ခန်းတွင် အိမ်ငှားနေထိုင်သူရှိပါက ရောင်းသူမှ တာဝန်ယူပြီး အိမ်ငှားများကို ဖယ်ရှားပေးရန်လိုအပ်ပါတယ်။ များသောအားဖြင့် ရောင်းသူမှ အိမ်ငှားအား ကျန် ရှိသည့် လကို ပြန်လည် ပေးအပ်မည်ဟုဆိုကာ ဖယ်ရှားခိုင်းကြပါသည်။ အိမ်ငှားဖက်က စာချုပ်မပြည့်ဘဲ နားလည်မှုနဲ့ ဖယ်ရှား ပေးတာမျိုးရှိသလို ဥပဒေ အရ ပြောကြကြေးဆို ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေ အရ ဆက်မငှားလိုရင် အိမ်ရှင်က စာချုပ်မပြည့်မီ ကြိုပြောရမှာဖြစ်ပါတဲ့အတွက် အိမ်ငှားစာချုပ်မပြည့်ဘဲ ဖယ်ခိုင်းရန်မှာ မလွယ်ကူပေ။

ဝယ်ယူသူသည်လည်း တိုက်ခန်းကို ပြန်လည်အငှားချထားရန် ရည်ရွယ်ပါက လက်ရှိအိမ်ငှားကို တိုက်ခန်းပိုင်ရှင် ပြောင်းလဲ၍ အိမ်ရှင်အိမ်ငှားစာချုပ်ပြောင်းလဲချုပ်ဆိုနိုင်ပါသည်။ အကယ်၍ ဝယ်ယူသူမှ ကိုယ်တိုင်နေထိုင်ရန် ရည်ရွယ်၍ ဝယ်ယူပါက အိမ်ငှားကို ဖယ်ရှားနိုင်ခြင်းမရှိပါက အခက်အခဲဖြစ်နိုင်ပါသည်။

အိမ်ငှားရှိနေသည့် တိုက်ခန်းကို ဝယ်ယူမည်ဆိုပါက စရန်ပေးစာချုပ်တွင် ရောင်းသူမှ ---------- နေ့ရက်နောက်ဆုံးထားပြီး အိမ်ငှားကို ဖယ်ရှားရှင်းလင်းရန်နှင့် တိုက်ခန်းအား နေသူမဲ့လက်ရောက်အပ်နှံ နိုင်သည့်အချိန်မှသာ ဝယ်ယူသူက ကျန်ရှိသည့် ရောင်းဖိုးငွေကို အပြေအကြေပေးချေမည်ဖြစ်ကြောင်း ထည့်သွင်းချုပ်ဆိုထားရန် လိုအပ်မည်ဖြစ်သည်။

အကယ်၍ ရောင်းသူမှ ရောင်းချမည့်တိုက်ခန်းတွင် အခွင့်အမိန့်ဖြင့် အခမဲ့နေထိုင်ခိုင်းထားသူရှိပါက ဖယ်ရှားခိုင်းရန် ခက်ခဲခြင်းများရှိပါသည်။ အလွယ်တကူ ဖယ်ရှား၍ မရပါက တရားစွဲဆိုရခြင်းမျိုးပြုလုပ်ရမှာ ဖြစ်တဲ့အတွက် ဝယ်ယူသူအနေဖြင့်လည်း သတ်မှတ်ရက် အတိအကျ ထည့်သွင်းချုပ်ဆိုပြီး အဆိုပါနေ့တွင် တိုက်ခန်းကို နေသူမဲ့လက်ရောက်အပ်နှံနိုင်ခြင်းမပြုပါက စရန်ငွေ၏ (၂)ဆကို ပြန်အမ်းရမည်ဖြစ်ကြောင်း ထည့်သွင်းချုပ်ဆိုထားရန် လိုအပ်မည်ဖြစ်သည်။

ထို့ကြောင့် ရောင်းချမည့်တိုက်ခန်းကို ရောင်းသူမှ နေသူမဲ့လက်ရောက်အပ်နှံသည့်နေ့မှသာ ကျန်ငွေကို အပြေအကြေပေးချေကြပါရန် အကြံပေး တိုက်တွန်းအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တိုက္ခန္းဝယ္ရင္ ေနသူမဲ့ လက္ေရာက္အပ္ႏွံသည့္ေန႔မွ က်န္ေငြေပးေခ်သင့္ေၾကာင္း။

 

တိုက္ခန္း ဝယ္ယူမည္ဆိုလွ်င္ ေရာင္းခ်မည့္တိုက္ခန္းကို စာ႐ြက္စာတမ္း ေသခ်ာစြာစစ္ေဆးရန္ လိုအပ္ သလို အျခားစစ္ေဆးရန္အခ်က္မ်ားလဲ ႐ွိပါေသးသည္။ တုိက္ခန္းကို သြားေရာက္ၾကည့္႐ႈသည့္အခါ တစ္ခ်ိဳ႕ အက်ိဳးေဆာင္မ်ားမွ တုိက္ခန္းျပသည့္အခါ ေသာ့ေခတ္ထားလို႔ ေဘးက အခန္းကို တူတူဘဲၾကည့္လိုက္ေနာ္ ဆိုၿပီး အလြယ္ေျပာၾကျခင္းမ်ိဳး႐ွိပါသည္။ ထိုသို႔ ျပဳလုပ္ျခင္းသည္ မွားယြင္းမႈတစ္ခုျဖစ္ပါသည္။ အမွန္တကယ္ ေရာင္းခ်မည့္ တိုက္ခန္းကို ၾကည့္႐ႈစစ္ေဆးမွသာ အခန္းတြင္း ပ်က္စီးယိုယြင္းမႈ႐ွိ/မရွိကုိ ေကာင္းစြာစစ္ေဆး ႏိုင္မွာျဖစ္ပါသည္။

 ေနာက္တစ္ခ်က္အေနျဖင့္ ေရာင္းခ်မည့္တိုက္ခန္းကို စစ္ေဆးမွသာ လက္႐ွိလူေနထုိင္ေနျခင္း ႐ွိ/မ႐ွိ၊ ေနထိုင္သူသည္ ေရာင္းသူႏွင့္ မည္သုိ႔သက္ဆိုင္သနည္း၊ အိမ္ငွားဆိုပါက ဘယ္အခ်ိန္တြင္ အိမ္ငွားစာခ်ဳပ္ ျပည့္မွာလဲ၊ ပိုင္႐ွင္ကိုယ္တိုင္ေနထိုင္ျခင္းလား၊ မည္သည့္နည္းလမ္းျဖင့္ အိမ္ေပၚတြင္ေနထိုင္ေနသလဲ၊ အိမ္က ေသာ့ပိတ္ထားတာလား စသည္ျဖင့္ ႐ွင္း႐ွင္းလင္းလင္းေမးျမန္းဖို႔ လိုအပ္ပါသည္။

အကယ္၍ ေရာင္းခ်မည့္တိုက္ခန္းတြင္ အိမ္ငွားေနထုိင္သူ႐ွိပါက ေရာင္းသူမွ တာဝန္ယူၿပီး အိမ္ငွားမ်ားကို ဖယ္႐ွားေပးရန္လိုအပ္ပါတယ္။ မ်ားေသာအားျဖင့္ ေရာင္းသူမွ အိမ္ငွားအား က်န္ ႐ွိသည့္ လကို ျပန္လည္ ေပးအပ္မည္ဟုဆိုကာ ဖယ္႐ွားခိုင္းၾကပါသည္။ အိမ္ငွားဖက္က စာခ်ဳပ္မျပည့္ဘဲ နားလည္မႈနဲ႔ ဖယ္႐ွား ေပးတာမ်ိဳး႐ွိသလို ဥပေဒအရ ေျပာၾကေၾကးဆို ၁၉၆၀ ျပည့္ႏွစ္၊ ၿမိဳ႕ျပဆိုင္ရာငွားရမ္းခႀကီးၾကပ္ေရးအက္ဥပေဒ အရ ဆက္မငွားလိုရင္ အိမ္႐ွင္က စာခ်ဳပ္မျပည့္မီ ႀကိဳေျပာရမွာျဖစ္ပါတဲ့အတြက္ အိမ္ငွားစာခ်ဳပ္မျပည့္ဘဲ ဖယ္ခိုင္းရန္မွာ မလြယ္ကူေပ။

ဝယ္ယူသူသည္လည္း တုိက္ခန္းကို ျပန္လည္အငွားခ်ထားရန္ ရည္႐ြယ္ပါက လက္႐ွိအိမ္ငွားကို တိုက္ခန္းပိုင္႐ွင္ ေျပာင္းလဲ၍ အိမ္႐ွင္အိမ္ငွားစာခ်ဳပ္ေျပာင္းလဲခ်ဳပ္ဆိုႏိုင္ပါသည္။ အကယ္၍ ဝယ္ယူသူမွ ကိုယ္တိုင္ေနထိုင္ရန္ ရည္႐ြယ္၍ ဝယ္ယူပါက အိမ္ငွားကို ဖယ္႐ွားႏိုင္ျခင္းမ႐ွိပါက အခက္အခဲျဖစ္ႏိုင္ပါသည္။

အိမ္ငွား႐ွိေနသည့္ တိုက္ခန္းကို ဝယ္ယူမည္ဆိုပါက စရန္ေပးစာခ်ဳပ္တြင္ ေရာင္းသူမွ ---------- ေန႔ရက္ေနာက္ဆံုးထားၿပီး အိမ္ငွားကို ဖယ္႐ွား႐ွင္းလင္းရန္ႏွင့္ တိုက္ခန္းအား ေနသူမဲ့လက္ေရာက္အပ္ႏွံ ႏိုင္သည့္အခ်ိန္မွသာ ဝယ္ယူသူက က်န္႐ွိသည့္ ေရာင္းဖိုးေငြကို အေျပအေၾကေပးေခ်မည္ျဖစ္ေၾကာင္း ထည့္သြင္းခ်ဳပ္ဆိုထားရန္ လိုအပ္မည္ျဖစ္သည္။

အကယ္၍ ေရာင္းသူမွ ေရာင္းခ်မည့္တိုက္ခန္းတြင္ အခြင့္အမိန္႔ျဖင့္ အခမဲ့ေနထိုင္ခုိင္းထားသူ႐ွိပါက ဖယ္႐ွားခုိင္းရန္ ခက္ခဲျခင္းမ်ား႐ွိပါသည္။ အလြယ္တကူ ဖယ္႐ွား၍ မရပါက တရားစြဲဆိုရျခင္းမ်ိဳးျပဳလုပ္ရမွာ ျဖစ္တဲ့အတြက္ ဝယ္ယူသူအေနျဖင့္လည္း သတ္မွတ္ရက္ အတိအက် ထည့္သြင္းခ်ဳပ္ဆိုၿပီး အဆိုပါေန႔တြင္ တိုက္ခန္းကို ေနသူမဲ့လက္ေရာက္အပ္ႏွံႏိုင္ျခင္းမျပဳပါက စရန္ေငြ၏ (၂)ဆကို ျပန္အမ္းရမည္ျဖစ္ေၾကာင္း ထည့္သြင္းခ်ဳပ္ဆိုထားရန္ လိုအပ္မည္ျဖစ္သည္။

ထို႔ေၾကာင့္ ေရာင္းခ်မည့္တိုက္ခန္းကို ေရာင္းသူမွ ေနသူမဲ့လက္ေရာက္အပ္ႏွံသည့္ေန႔မွသာ က်န္ေငြကို အေျပအေၾကေပးေခ်ၾကပါရန္ အႀကံေပး တိုက္တြန္းအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service