စွန့်ပစ်မိနေတဲ့ ကြက်သွန်ခွံရဲ့ စိုက်ပျိုးရေးအတွက် အသုံးဝင်ပုံများ - Property Knowledge in Myanmar from iMyanmarHouse.com
1210 Views

စွန့်ပစ်မိနေတဲ့ ကြက်သွန်ခွံရဲ့ စိုက်ပျိုးရေးအတွက် အသုံးဝင်ပုံများ

Knowledge | Posted by Aye Myat Thu

[Unicode]

ကြက်သွန်ဆိုတာ စားဖိုဆောင်သီးနှံတွေထဲမှာ အရေးပါတဲ့သီးနှံတမျိုးဖြစ်ပြီး နေ့စဉ် ချက်ပြုတ် စားသောက်ရာမှာလည်း မပါမဖြစ်ထည့်သွင်းကြတဲ့ သီးနှံတမျိုးဖြစ်ပါတယ်။ စားဖိုဆောင်ကထွက်ရှိတဲ့ သဘာဝစွန့်ပစ်ပစ္စည်းတွေနဲ့ မြေဩဇာတွေပြုလုပ်ဖို့ မကြာခဏမျှဝေလေ့ရှိကြပေမယ့် ကြက်သွန်အခွံတွေနဲ့ ပတ်သတ်လို့ မျှဝေတာတော့ နည်းပါတယ်။

မကြာခင်ကမှ ကျွန်တော်တို့အိမ်မှာ စိုက်ပျိုးထားတဲ့နှင်းဆီပန်းတွေဟာ တဖြည်းဖြည်းနဲ့အပင်ကျသွားပြီး ကြီးထွားမှုမရှိတော့တာ၊ အရွက်တွေကြွေလာတာမျိုးတွေ တွေ့လာရပါတယ်။ အဲ့ဒီနောက် ကြက်သွန်အခွံတွေကို အပင်ရဲ့ ခြေရင်းမှာ ပုံပေးပြီးတဲ့နောက်မှာတော့ သိသိသာသာ စိမ်းလန်းလာပြီး အဖူးတွေ၊ အပွင့်တွေ ထွက်လာတာကိုပါ တွေ့ရှိလာရပါတယ်။ အများစုကတော့ ကြက်သွန်အခွံတွေကို အမှိုက်လို့သတ်မှတ်ပြီး လွှင့်ပစ်လိုက်ကြမယ် ထင်ပါတယ်။ ကြက်သွန်အခွံမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေနဲ့ ပိုးမွှားရောဂါတွေကို ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး ဆာလ်ဖာ၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖောရပ်စ်၊ ဇင့်၊ အိုင်းယွန်း၊ အိုင်အိုဒင်း၊ ဗီတာမင်၊ ပက်တင် စတဲ့အာဟာရဓာတ်တွေ များစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ကြက်သွန်အခွံကိုလည်း အခြားသော မီးဖိုချောင်ထွက် သဘာဝစွန့်ပစ်ပစ္စည်းတွေလိုပဲ အကျိုးရှိရှိ အသုံးပြုနိုင်တယ် ဆိုတာကို ဒီဆောင်းပါကနေတစ်ဆင့် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

 

မြေဆွေးပြုလုပ်ရာမှာ ထည့်ပေးခြင်း

မြေဆွေးပြုလုပ်ရာမှာ တီကောင်လိုသက်ရှိတွေကို ထည့်သွင်းအသုံးမပြုဘူးဆိုရင်တော့ ကြက်သွန်အခွံတွေကို အသုံးပြုနိုင်ပါတယ်။ ကြက်သွန်အခွံကို မြေဆွေးပုံလုပ်ရာမှာ ထည့်သွင်းပေးခြင်းအားဖြင့် နောက်ဆုံးမှာ အာဟာရဓာတ် ကြွယ်ဝတဲ့ မြေဆွေးကို ရရှိစေမှာ ဖြစ်ပါတယ်။ တီကောင်လေးတွေထည့်သွင်းထားတဲ့ မြေဆွေးပုံထဲကိုတော့ ကြက်သွန် အခွံမထည့်ပေးသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တီကောင်လေးတွေဟာ ကြက်သွန်ကဲ့သို့ အနံ့ပြင်းတဲ့ ပစ္စည်းတွေကို ကြိုက်နှစ်သက်ခြင်း မရှိလို့ဘဲ ဖြစ်ပါတယ်။

 

မြေဖုံးရာမှာ အသုံးပြုခြင်း

ကြက်သွန်အခွံတွေကို အပင်ခြေရင်းမှာ ပုံပေးတာနဲ့ မြေဖုံးရာမှာ အသုံးပြုတာမျိုးတွေ ပြုလုပ်လို့ရပါတယ်။ အဲ့ဒီလိုလုပ်ပေးခြင်းအားဖြင့် မြေရဲ့အစိုဓာတ်ကိုထိန်းပေးနိုင်သလို ပေါင်းပင်ပေါက်ရောက်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ မြေဖုံးရာမှာ ကြက်သွန်နီ အခွံခြောက်တွေကို အသုံးပြုမယ်ဆိုရင် သိပ်မကြာခင်မှာပဲ ဆွေးမြေ့သွားစေနိုင်ပြီး အပင်ကြီးထွားဖို့အတွက် လိုအပ်တဲ့ ပိုတက်စီယမ်ဓာတ်တွေ၊ ကယ်လ်စီယမ်ဓာတ်တွေကို ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။

 

ပိုးသတ်ဆေး ပြုလုပ်အသုံးပြုခြင်း

သဘာဝပိုးသတ်ဆေးလို့ ဆိုလိုက်ရင် အများစုသိကြတာက တမာပိုးသတ်ဆေး (ပိုးနှင်ဆေး) ဖြစ်ပါတယ်။ ဒါ့အပြင် ကြက်သွန်ကို အသုံးပြုပြီးတော့လည်း သဘာဝပိုးသတ်ဆေးပြုလုပ်နိုင်ပါတယ်။

ပြုလုပ်နည်း

- အရင်ဆုံး ကြက်သွန်နီဥအကြီးတစ်လုံးကိုယူပြီး ကြိတ်စက်နဲ့ကြိတ်ချေပါ။

- ၎င်းထဲသို့ ကြက်သွန်အဖြူ ၄ မွှာထည့်ပါ။

- ထို့နောက် ငရုတ်သီးအနီမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။

- ပြီးလျှင် သစ်ကြံပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။

- ထို့နောက် ရေအနည်းငယ်ထည့်ပြီး ပျစ်လာတဲ့အထိ မွှေပေးပါ။

- ပြီးလျှင် ၎င်းထဲသို့ ရေ ၂ ခွက် (သောက်ရေခွက်၊ လက်ဖက်ရည်ပန်းကန်လုံး) ထည့်ကာ ရောမွှေပီး ၁ ညထားပါ။

- မနက်ရောက်လျှင် ဖျော်ရည်ကို ပိတ်စအပါး အသုံးပြုပြီး အနည်အနှစ်များကို စစ်ထုတ်ပါ။

 

- ဖျော်ရည်ရရှိပြီး အသုံးမပြုသေးပါက ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။

ပိုးသတ်ဆေးအနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ ဖျော်ရည် ၁ ဆ ရေ ၅ ဆ နှုန်းထားနဲ့ အသုံးပြုနိုင်ပါတယ်။ အရေးကြီးတဲ့အချက် တချက်ကတော့ ဖျန်းလိုက်တဲ့ဆေးတွေက အရွက်တွေကို ဖုံးအုပ်ထားနိုင်ပြီး ဆေးအာနိသင်ကြာရှည်ခံစေနိုင်ဖို့ ဆပ်ပြာရည် ၁၀ စက်ခန့်ထည့်ပေးမယ်ဆိုရင် ပိုပြီးအကျိုးရှိစေမှာ ဖြစ်ပါတယ်။ ပိုးမွှားကင်းစင်ဖို့အတွက် အသုံးပြုချင်တယ်ဆိုရင်တော့ ၁ ပတ်ကို ၂ ကြိမ်အသုံးပြုနိုင်ပါတယ်။ ဒီပိုးသတ်ဆေးဟာဆိုရင် ပျ၊ ယင်ဖြူနဲ့ ပိုးစေးနှဲတို့လို အဖျက်ပိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။ Credit: greenwaymyanmar

 

[Zawgyi]

စြန္႔ပစ္မိေနတဲ့ ၾကက္သြန္ခြံရဲ႕ စိုက္ပ်ိဳးေရးအတြက္ အသုံးဝင္ပုံမ်ား

 

ၾကက္သြန္ဆိုတာ စားဖိုေဆာင္သီးႏွံေတြထဲမွာ အေရးပါတဲ့သီးႏွံတမ်ိဳးျဖစ္ၿပီး ေန႔စဥ္ ခ်က္ျပဳတ္ စားေသာက္ရာမွာလည္း မပါမျဖစ္ထည့္သြင္းၾကတဲ့ သီးႏွံတမ်ိဳးျဖစ္ပါတယ္။ စားဖိုေဆာင္ကထြက္႐ွိတဲ့ သဘာဝစြန္႔ပစ္ပစၥည္းေတြနဲ႔ ေျမဩဇာေတြျပဳလုပ္ဖို႔ မၾကာခဏမွ်ေဝေလ့႐ွိၾကေပမယ့္ ၾကက္သြန္အခြံေတြနဲ႔ ပတ္သတ္လို႔ မွ်ေဝတာေတာ့ နည္းပါတယ္။

မၾကာခင္ကမွ ကြၽန္ေတာ္တို႔အိမ္မွာ စိုက္ပ်ိဳးထားတဲ့ႏွင္းဆီပန္းေတြဟာ တျဖည္းျဖည္းနဲ႔အပင္က်သြားၿပီး ႀကီးထြားမႈမ႐ွိေတာ့တာ၊ အ႐ြက္ေတြေႂကြလာတာမ်ိဳးေတြ ေတြ႕လာရပါတယ္။ အဲ့ဒီေနာက္ ၾကက္သြန္အခြံေတြကို အပင္ရဲ႕ ေျခရင္းမွာ ပုံေပးၿပီးတဲ့ေနာက္မွာေတာ့ သိသိသာသာ စိမ္းလန္းလာၿပီး အဖူးေတြ၊ အပြင့္ေတြ ထြက္လာတာကိုပါ ေတြ႕႐ွိလာရပါတယ္။ အမ်ားစုကေတာ့ ၾကက္သြန္အခြံေတြကို အမိႈက္လို႔သတ္မွတ္ၿပီး လႊင့္ပစ္လိုက္ၾကမယ္ ထင္ပါတယ္။ ၾကက္သြန္အခြံမွာ ဓာတ္တိုးဆန္႔က်င္ ပစၥည္းေတြနဲ႔ ပိုးမႊားေရာဂါေတြကို ဖယ္႐ွားေပးႏိုင္တဲ့ ဂုဏ္သတၱိ႐ွိၿပီး ဆာလ္ဖာ၊ ကယ္လ္စီယမ္၊ ပိုတက္စီယမ္၊ ေဖာ့စေဖာရပ္စ္၊ ဇင့္၊ အိုင္းယြန္း၊ အိုင္အိုဒင္း၊ ဗီတာမင္၊ ပက္တင္ စတဲ့အာဟာရဓာတ္ေတြ မ်ားစြာပါဝင္ပါတယ္။ ဒါ့ေၾကာင့္ ၾကက္သြန္အခြံကိုလည္း အျခားေသာ မီးဖိုေခ်ာင္ထြက္ သဘာဝစြန္႔ပစ္ပစၥည္းေတြလိုပဲ အက်ိဳး႐ွိ႐ွိ အသုံးျပဳႏိုင္တယ္ ဆိုတာကို ဒီေဆာင္းပါကေနတစ္ဆင့္ မွ်ေဝေပးသြားမွာ ျဖစ္ပါတယ္။

 

ေျမေဆြးျပဳလုပ္ရာမွာ ထည့္ေပးျခင္း

ေျမေဆြးျပဳလုပ္ရာမွာ တီေကာင္လိုသက္႐ွိေတြကို ထည့္သြင္းအသုံးမျပဳဘူးဆိုရင္ေတာ့ ၾကက္သြန္အခြံေတြကို အသုံးျပဳႏိုင္ပါတယ္။ ၾကက္သြန္အခြံကို ေျမေဆြးပုံလုပ္ရာမွာ ထည့္သြင္းေပးျခင္းအားျဖင့္ ေနာက္ဆုံးမွာ အာဟာရဓာတ္ ႂကြယ္ဝတဲ့ ေျမေဆြးကို ရ႐ွိေစမွာ ျဖစ္ပါတယ္။ တီေကာင္ေလးေတြထည့္သြင္းထားတဲ့ ေျမေဆြးပုံထဲကိုေတာ့ ၾကက္သြန္ အခြံမထည့္ေပးသင့္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ တီေကာင္ေလးေတြဟာ ၾကက္သြန္ကဲ့သို႔ အနံ႔ျပင္းတဲ့ ပစၥည္းေတြကို ႀကိဳက္ႏွစ္သက္ျခင္း မ႐ွိလို႔ဘဲ ျဖစ္ပါတယ္။

 

ေျမဖုံးရာမွာ အသုံးျပဳျခင္း

ၾကက္သြန္အခြံေတြကို အပင္ေျခရင္းမွာ ပုံေပးတာနဲ႔ ေျမဖုံးရာမွာ အသုံးျပဳတာမ်ိဳးေတြ ျပဳလုပ္လို႔ရပါတယ္။ အဲ့ဒီလိုလုပ္ေပးျခင္းအားျဖင့္ ေျမရဲ႕အစိုဓာတ္ကိုထိန္းေပးႏိုင္သလို ေပါင္းပင္ေပါက္ေရာက္မႈကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ေျမဖုံးရာမွာ ၾကက္သြန္နီ အခြံေျခာက္ေတြကို အသုံးျပဳမယ္ဆိုရင္ သိပ္မၾကာခင္မွာပဲ ေဆြးေျမ့သြားေစႏိုင္ၿပီး အပင္ႀကီးထြားဖို႔အတြက္ လိုအပ္တဲ့ ပိုတက္စီယမ္ဓာတ္ေတြ၊ ကယ္လ္စီယမ္ဓာတ္ေတြကို ရ႐ွိႏိုင္မွာလည္း ျဖစ္ပါတယ္။

 

ပိုးသတ္ေဆး ျပဳလုပ္အသုံးျပဳျခင္း

သဘာဝပိုးသတ္ေဆးလို႔ ဆိုလိုက္ရင္ အမ်ားစုသိၾကတာက တမာပိုးသတ္ေဆး (ပိုးႏွင္ေဆး) ျဖစ္ပါတယ္။ ဒါ့အျပင္ ၾကက္သြန္ကို အသုံးျပဳၿပီးေတာ့လည္း သဘာဝပိုးသတ္ေဆးျပဳလုပ္ႏိုင္ပါတယ္။

ျပဳလုပ္နည္း

- အရင္ဆုံး ၾကက္သြန္နီဥအႀကီးတစ္လုံးကိုယူၿပီး ႀကိတ္စက္နဲ႔ႀကိတ္ေခ်ပါ။

- ၎ထဲသို႔ ၾကက္သြန္အျဖဴ ၄ မႊာထည့္ပါ။

- ထို႔ေနာက္ င႐ုတ္သီးအနီမႈန္႔ လက္ဖက္ရည္ဇြန္း ၂ ဇြန္းထည့္ပါ။

- ၿပီးလွ်င္ သစ္ၾကံပိုးေခါက္အမႈန္႔ လက္ဖက္ရည္ဇြန္း ၁ ဇြန္းထည့္ပါ။

- ထို႔ေနာက္ ေရအနည္းငယ္ထည့္ၿပီး ပ်စ္လာတဲ့အထိ ေမႊေပးပါ။

- ၿပီးလွ်င္ ၎ထဲသို႔ ေရ ၂ ခြက္ (ေသာက္ေရခြက္၊ လက္ဖက္ရည္ပန္းကန္လုံး) ထည့္ကာ ေရာေမႊပီး ၁ ညထားပါ။

- မနက္ေရာက္လွ်င္ ေဖ်ာ္ရည္ကို ပိတ္စအပါး အသုံးျပဳၿပီး အနည္အႏွစ္မ်ားကို စစ္ထုတ္ပါ။

- ေဖ်ာ္ရည္ရ႐ွိၿပီး အသုံးမျပဳေသးပါက ေရခဲေသတၱာထဲမွာ သိမ္းဆည္းထားႏိုင္ပါတယ္။

ပိုးသတ္ေဆးအေနနဲ႔ အသုံးျပဳမယ္ဆိုရင္ေတာ့ ေဖ်ာ္ရည္ ၁ ဆ ေရ ၅ ဆ ႏႈန္းထားနဲ႔ အသုံးျပဳႏိုင္ပါတယ္။ အေရးႀကီးတဲ့အခ်က္ တခ်က္ကေတာ့ ဖ်န္းလိုက္တဲ့ေဆးေတြက အ႐ြက္ေတြကို ဖုံးအုပ္ထားႏိုင္ၿပီး ေဆးအာနိသင္ၾကာ႐ွည္ခံေစႏိုင္ဖို႔ ဆပ္ျပာရည္ ၁၀ စက္ခန္႔ထည့္ေပးမယ္ဆိုရင္ ပိုၿပီးအက်ိဳး႐ွိေစမွာ ျဖစ္ပါတယ္။ ပိုးမႊားကင္းစင္ဖို႔အတြက္ အသုံးျပဳခ်င္တယ္ဆိုရင္ေတာ့ ၁ ပတ္ကို ၂ ႀကိမ္အသုံးျပဳႏိုင္ပါတယ္။ ဒီပိုးသတ္ေဆးဟာဆိုရင္ ပ်၊ ယင္ျဖဴနဲ႔ ပိုးေစးႏွဲတို႔လို အဖ်က္ပိုးေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။ Credit: greenwaymyanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service