ဖေဖေရွတ်၍ ရခဲ့သော နှလုံးလှကဗျာများ (၃) - Property Knowledge in Myanmar from iMyanmarHouse.com
610 Views

ဖေဖေရွတ်၍ ရခဲ့သော နှလုံးလှကဗျာများ (၃)

Knowledge | Posted by Si Thu Aung

[Unicode]

 

ပိန်းရွက်ညိုညို ထီးဖွင့်ဆောင်းလို့

ပါးဖောင်းဖောင်းနှင့် ဖားကြီးဟာ၊

တစ်နှစ်တစ်ခါ မိုးရွာခိုက်မို့

ပျော်လိုက်ရွှင်လိုက် မြူးထူးကာ

သားအိပ်ချိန်မှာ ထင်းပုံဘေးက

အုံအင်တေးနှင့်ချော့သိပ်ရှာ

မိတ္ထီလာကို မပြန်တတ်လို့

ရေကန်စပ်ကသူ့ခမျာ

သနားစရာ သနားစရာ။

ဒီကဗျာလေးကလည်း ကျွန်တော်တို့အညာဒေသမှာ ပူအိုက်သည့်နွေမှ မိုးရာသီကိုကူးပြောင်းသည့် မိုးဦးရာသီအစတွင် မိုးလေးတစ်ဖြိုက် နှစ်ဖြိုက် ရွာလိုက်သည်နှင့် ညပိုင်းနှင့်မနက်ပိုင်းတို့တွင် ဖားအော်သံများကြားလာရသည်။

အညာတွင် မိုးရွာပြီးစညတို့သည် အလွန်ပင်နေလို့ထိုင်လို့ကောင်းလှပါသည်။ထိုညမျိုးတွင် ဖေဖေ့နှလုံးသားတွင် သိမ်းဆည်းထားသည့် ကဗျာလေးများအား ရာသီအခြေအနေက ပြန်လည်အန်ထုတ်စေပါသည်။

အထက်မှာဖော်ပြထားသည့် ကဗျာလေးက ရာသီနှင့်ကိုက်ညီလျှင် ဖေဖေ့ရင်မှပြန်လည်နိုးထလာပါတော့သည်။ ထိုကဗျာလေးကို ဖေဖေကရွတ်ဆိုပြသည်။ ဖေဖေ့လက်မောင်းကို ခေါင်းအုံးလုပ်ပြီး ကျွန်တော်တို့ ညီအစ်ကို တစ်တွေလိုက်ဆိုကြပါသည်။

တီဗီ၊ဗီဒီယိုနှင့်ဖုန်းအစရှိသည့် ကြည့်ရှုခံစားဖို့များပြားလှသည့် ဒီကနေ့ခေတ်တွင် ဒီလိုနှလုံးလှကဗျာလေးများကို မေ့ပစ်မထားသင့်ပေ။

စာရေးသူအိမ်ထောင်ကျလို့ သမီးလေးရရှိခဲ့ပါပြီ။သူ့အဖိုး ရွတ်ဆိုခဲ့သည့် ကဗျာလေးတွေကို ကျွန်တော်က ကျွန်တော့်သမီးလေးကို ပြန်ပြီးလက်ဆင့်ကမ်းနေရပါပြီ။

ကျောင်းမထားရသေးသည့် ကျွန်တော့်သမီးလေးကို ညအိပ်ချိန်မှာတော့ အိပ်ရာဝင်နှလုံးလှကဗျာလေးအဖြစ် ပြန်လည်ရွတ်ဆိုပြရာ အလွတ်ပင်ရနေပြီဖြစ်သည်။

ဒီကဗျာလေးကို ရွတ်ပြတော့ မေးစရာမေးခွန်းလေးတွေက သမီးရင်ထဲမှာပေါ်လာသည်ထင်သည်။မေးခွန်းတို့ တရစပ်မေးတော့သည်။ပိန်းရွက်ညိုညိုကြီးကို ဘာလို့ထီးလိုဆောင်းတာလဲ။ ဖားရဲ့ပါးကြီးက ဘာလို့ဖောင်းရတာလဲ၊ မိတ္ထီလာကိုဘာလို့ မပြန်တတ်တာလဲ စသဖြင့် သူ့ရင်ထဲရှိသည့် မေးခွန်းများကို မေးတတ်သည်။ထိုအခါမျိုးတွင် ကဗျာကိုပုံပြင်လိုလုပ်ကာ ဖန်တီးပြီးပြောရပါသည်။

ကဗျာလေးကိုနားထောင်ပြီး သမီးရင်ထဲမှာလည်း ဘယ်လိုပုံရိပ်လေးတွေနှင့်ကဗျာကို ပုံဖော်နေမလဲ သိချင်လှသည်။

ကဗျာဖန်တီးရှင်များကိုလည်း ကျေးဇူးအထူးတင်ရပါသည်။ဂါရဝလည်းပြုပါသည်။ ဆက်ပါဦးမည်။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေဖေဖရြတ္၍ ရခဲ့ေသာ ႏွလုံးလွကဗ်ာမ်ား (၃)

 

ပိန္းရြက္ညိဳညိဳ ထီးဖြင့္ေဆာင္းလို႔

ပါးေဖာင္းေဖာင္းႏွင့္ ဖားႀကီးဟာ၊

တစ္ႏွစ္တစ္ခါ မိုးရြာခိုက္မို႔

ေပ်ာ္လိုက္ရႊင္လိုက္ ျမဴးထူးကာ

သားအိပ္ခ်ိန္မွာ ထင္းပုံေဘးက

အုံအင္ေတးႏွင့္ေခ်ာ့သိပ္ရွာ

မိတၳီလာကို မျပန္တတ္လို႔

ေရကန္စပ္ကသူ႔ခမ်ာ

သနားစရာ သနားစရာ။

ဒီကဗ်ာေလးကလည္း ကၽြန္ေတာ္တို႔အညာေဒသမွာ ပူအိုက္သည့္ေႏြမွ မိုးရာသီကိုကူးေျပာင္းသည့္ မိုးဦးရာသီအစတြင္ မိုးေလးတစ္ၿဖိဳက္ ႏွစ္ၿဖိဳက္ ရြာလိုက္သည္ႏွင့္ ညပိုင္းႏွင့္မနက္ပိုင္းတို႔တြင္ ဖားေအာ္သံမ်ားၾကားလာရသည္။

အညာတြင္ မိုးရြာၿပီးစညတို႔သည္ အလြန္ပင္ေနလို႔ထိုင္လို႔ေကာင္းလွပါသည္။ထိုညမ်ိဳးတြင္ ေဖေဖ့ႏွလုံးသားတြင္ သိမ္းဆည္းထားသည့္ ကဗ်ာေလးမ်ားအား ရာသီအေျခအေနက ျပန္လည္အန္ထုတ္ေစပါသည္။

အထက္မွာေဖာ္ျပထားသည့္ ကဗ်ာေလးက ရာသီႏွင့္ကိုက္ညီလွ်င္ ေဖေဖ့ရင္မွျပန္လည္ႏိုးထလာပါေတာ့သည္။ ထိုကဗ်ာေလးကို ေဖေဖကရြတ္ဆိုျပသည္။ ေဖေဖ့လက္ေမာင္းကို ေခါင္းအုံးလုပ္ျပီး ကြ်န္ေတာ္တို႔ ညီအစ္ကို တစ္ေတြလိုက္ဆိုၾကပါသည္။

တီဗီ၊ဗီဒီယိုႏွင့္ဖုန္းအစရွိသည့္ ၾကည့္ရႈခံစားဖို႔မ်ားျပားလွသည့္ ဒီကေန႔ေခတ္တြင္ ဒီလိုႏွလုံးလွကဗ်ာေလးမ်ားကို ေမ့ပစ္မထားသင့္ေပ။

စာေရးသူအိမ္ေထာင္က်လို႔ သမီးေလးရရွိခဲ့ပါၿပီ။သူ႔အဖိုး ရြတ္ဆိုခဲ့သည့္ ကဗ်ာေလးေတြကို ကၽြန္ေတာ္က ကၽြန္ေတာ့္သမီးေလးကို ျပန္ၿပီးလက္ဆင့္ကမ္းေနရပါၿပီ။

ေက်ာင္းမထားရေသးသည့္ ကၽြန္ေတာ့္သမီးေလးကို ညအိပ္ခ်ိန္မွာေတာ့ အိပ္ရာဝင္ႏွလုံးလွကဗ်ာေလးအျဖစ္ ျပန္လည္ရြတ္ဆိုျပရာ အလြတ္ပင္ရေနၿပီျဖစ္သည္။

ဒီကဗ်ာေလးကို ရြတ္ျပေတာ့ ေမးစရာေမးခြန္းေလးေတြက သမီးရင္ထဲမွာေပၚလာသည္ထင္သည္။ေမးခြန္းတို႔ တရစပ္ေမးေတာ့သည္။ပိန္းရြက္ညိဳညိဳႀကီးကို ဘာလို႔ထီးလိုေဆာင္းတာလဲ။ ဖားရဲ႕ပါးႀကီးက ဘာလို႔ေဖာင္းရတာလဲ၊ မိတၳီလာကိုဘာလို႔ မျပန္တတ္တာလဲ စသျဖင့္ သူ႔ရင္ထဲရွိသည့္ ေမးခြန္းမ်ားကို ေမးတတ္သည္။ထိုအခါမ်ိဳးတြင္ ကဗ်ာကိုပုံျပင္လိုလုပ္ကာ ဖန္တီးၿပီးေျပာရပါသည္။

ကဗ်ာေလးကိုနားေထာင္ၿပီး သမီးရင္ထဲမွာလည္း ဘယ္လိုပုံရိပ္ေလးေတြႏွင့္ကဗ်ာကို ပုံေဖာ္ေနမလဲ သိခ်င္လွသည္။

ကဗ်ာဖန္တီးရွင္မ်ားကိုလည္း ေက်းဇူးအထူးတင္ရပါသည္။ဂါရဝလည္းျပဳပါသည္။ ဆက္ပါဦးမည္။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

Upcoming Property Events

CarsDB
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service