တရားရှုံးမဟုတ်သည့် တတိယလူ (Third party) ပိုင်ဆိုင်သည့်/လက်ရှိဖြစ်သည့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်း (အိမ်/ခြံမြေ/လယ်/ယာ စသဖြင့်)ကို ဝရမ်းလာကပ်လျှင်၊ အပ်ဝရမ်းလာလုပ်လျှင် (လာနှင်ထုတ်လျှင်)၊ နှင်ထုတ်ခံရပြီးလျှင် မည်သို့ကုစားနိုင်မလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
1337 Views

တရားရှုံးမဟုတ်သည့် တတိယလူ (Third party) ပိုင်ဆိုင်သည့်/လက်ရှိဖြစ်သည့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်း (အိမ်/ခြံမြေ/လယ်/ယာ စသဖြင့်)ကို ဝရမ်းလာကပ်လျှင်၊ အပ်ဝရမ်းလာလုပ်လျှင် (လာနှင်ထုတ်လျှင်)၊ နှင်ထုတ်ခံရပြီးလျှင် မည်သို့ကုစားနိုင်မလဲ။

Knowledge | Posted by Hnin Ei Khin

[Unicode]

မိမိသည် တရားရှုံးမဟုတ်ဘဲ မိမိပိုင်ဆိုင်သည့်/လက်ရှိဖြစ်သည့် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း (အိမ်/ခြံမြေ/လယ်/ယာ စသဖြင့်)ကို ဝရမ်းလာကပ်လျှင်၊ အပ်ဝရမ်းလာလုပ်လျှင် (လာနှင်ထုတ်လျှင်)၊ နှင်ထုတ်ခံရခြင်းများ ဆောင်ရွက်လာပါက သာမန်အားဖြင့် ဒီကရီတစ်ရပ်ကို တရားရှုံးအပေါ်တွင်သာ အတည်ပြုနိုင်သည်ဖြစ်ရာ တရားရှုံးနှင့် မသက်ဆိုင်သူတို့မှာ ဒီကရီကို လိုက်နာရန်တာဝန်ရှိသူ မဟုတ်ပေ။ တရားနိုင်က ဒီကရီရရှိပြီးမှသာ ဒီကရီချမှတ်ထားသည့်အခန်းကို တရားရှုံးမဟုတ်သူထံမှ ငှားရမ်းနေထိုင်သူသည်လည်းကောင်း၊ တရားနိုင်ရရှိထားသည့် ဒီကရီကို လိုက်နာရန် တာဝန်ရှိ သူများမဟုတ်ပေ။ (ဒေါက်တာ မြမြအေးပါ-၂နှင့် ဒေါ်မြမြဝင်းပါ-၂ ၂၀၀၀ပြည့်နှစ်၊မတစ၊ စာ-၁၈၈)

အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် မိမိသည် တရားရှုံးလည်းမဟုတ်၊ တရားရှုံးနှင့်မသက်ဆိုင်သူဖြစ်လျှက် အချင်းဖြစ်ပစ္စည်းကို လက်လွှတ်လိုက်ရသူဖြစ်ပါက တရားမကျင့်ထုံးဥပဒေအမိန့် ၂၁၊ နည်း ၁၀၀ အရ တရားရုံးသို့ တရားမအထွေထွေမှုဖွင့်လှစ်လျှောက်ထားနိုင်သည်။ တရားရုံးသည် ယင်း ကိစ္စကို စုံစမ်းရန် ရက်ချိန်းသတ်မှတ်ပေး၍ လျှောက်ထားခံရသော ကာလကံရှင်အား လာရောက်ထု ချေစေရန် ဆင့်ခေါ်ရမည်။

တရားမကျင့်ထုံးဥပဒေအမိန့် ၂၁၊ နည်း ၁၀၀ အရ လျှောက်ထားရာတွင် တရားရုံးက ဆုံးဖြတ်ရန် ပြဿနာမှာ လျှောက်ထားသူသည် မိမိပိုင်အနေဖြင့် ပစ္စည်းလက်ရှိဖြစ်သလား၊ သို့မဟုတ် တရားရှုံး မဟုတ်သော အခြားသူပိုင် အနေဖြင့် ပစ္စည်းလက်ရှိဖြစ်သလား ဟူ၍ဖြစ်သည်။ လက်ရှိဖြစ်ကြောင်း၊ သက်သေပြရန်မှာ လျှောက်ထားသူဖြစ်သော တတိယလူ (Third party) အပေါ်ကျရောက်သည်။ နည်း ၁၀၀ အရ စုံစမ်းမှုသည် အကျဉ်းနည်းဖြင့် စုံစမ်းမှုဖြစ်ပြီး တရားရှုံးသည် လက်ရှိဖြစ်မှုပြဿနာကို ဦးတည်စုံစမ်းရန်ဖြစ်သည်။ ပိုင်ရေး ပိုင်ခွင့်ပြဿနာများကို ဆုံးဖြတ်ရန်မဟုတ်။

လျှောက်ထားသူသည် သူပိုင်ပစ္စည်းအဖြစ်ဖြင့်လည်းကောင်း၊ တရားရှုံးမဟုတ်သော အခြားသူပိုင် ပစ္စည်းအဖြစ်ဖြင့်လည်းကောင်း၊ လက်ရှိဖြစ်ခဲ့ကြောင်း တင်ပြချက်အပေါ် တရားရုံးက ကျေနပ်လျှင် လျှောက်ထားသူသို့ ပစ္စည်းကို လက်ရောက်ပြန်ပေးရန်ညွှန်ကြားရမည်။ (တရားမကျင့်ထုံးဥပဒေအမိန့် ၂၁၊ နည်း ၁၀၁)

အကယ်၍ လျှောက်ထားသူသည် တရားမကျင့်ထုံးဥပဒေအမိန့် ၂၁၊ နည်း ၁၀၀ အရ တရားမ အထွေထွေမှုဖွင့်လှစ်လျှောက်ထားရာ အောင်မြင်မှုမရရှိလျှင် ၎င်းသည် အချင်းဖြစ်ပစ္စည်းကို မိမိ လောလောဆယ်လက်ရောက်ရယူခွင့်ရှိကြောင်း အခိုင်အမာပြဆိုရန် တရားမကျင့်ထုံးဥပဒေအမိန့် ၂၁၊ နည်း ၁၀၃ အရ တရားစွဲဆိုနိုင်သည်။ ထိုသို့ တရားမကျင့်ထုံးဥပဒေအမိန့် ၂၁၊ နည်း ၁၀၃အရ မြွတ်ဟ ချက်ဒီကရီရလိုကြောင်း စွဲဆိုသောအမှုမျိုးတွင် တရားလိုသည် အချင်းဖြစ်ဥပစာကို လက်ရှိရရန် ပိုင်ဆိုင် ခွင့်ရှိကြောင်း ထင်ရှားအောင် သက်သေပြနိုင်လျှင် ဒီကရီရရှိနိုင်မည်ဖြစ်သည်။

ထို့ကြောင့် တရားရုံးမှ အပ်ဝရမ်းအတည်ပြရာ၌ မိမိသည် တရားရှုံးမဟုတ်သည့် တတိယ လူဖြစ်ပါက တရားမကျင့်ထုံးဥပဒေအမိန့် ၂၁၊ နည်း ၁၀၀ အရ တရားရုံးတွင် (တရားမအထွေထွေမှု) လျှောက်ထားခွင့် ရှိသည့်အပြင် တရားမကျင့်ထုံးဥပဒေအမိန့် ၂၁၊ နည်း ၁၀၃ အရလည်း တရားတစ်ထုံး စွဲဆိုခွင့်ရှိသောကြောင့် မိမိ၏ အခွင့်အရေးဆုံးရှုံးမှု မရှိနိုင်၊ ရှိခဲ့သော်လည်း ကုစားနိုင်မည်ဖြစ်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi] တရား႐ႈံးမဟုတ္သည့္ တတိယလူ (Third party) ပိုင္ဆိုင္သည့္/လက္႐ွိျဖစ္သည့္ မေ႐ႊ႕မေျပာင္းႏိုင္သည့္ ပစၥည္း (အိမ္/ျခံေျမ/လယ္/ယာ စသျဖင့္)ကို ဝရမ္းလာကပ္လွ်င္၊ အပ္ဝရမ္းလာလုပ္လွ်င္ (လာႏွင္ထုတ္လွ်င္)၊ ႏွင္ထုတ္ခံရၿပီးလွ်င္ မည္သို႔ကုစားႏိုင္မလဲ။

 

မိမိသည္ တရား႐ႈံးမဟုတ္ဘဲ မိမိပိုင္ဆိုင္သည့္/လက္႐ွိျဖစ္သည့္ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္း (အိမ္/ျခံေျမ/လယ္/ယာ စသျဖင့္)ကို ဝရမ္းလာကပ္လွ်င္၊ အပ္ဝရမ္းလာလုပ္လွ်င္ (လာႏွင္ထုတ္လွ်င္)၊ ႏွင္ထုတ္ခံရျခင္းမ်ား ေဆာင္႐ြက္လာပါက သာမန္အားျဖင့္ ဒီကရီတစ္ရပ္ကို တရား႐ႈံးအေပၚတြင္သာ အတည္ျပဳႏိုင္သည္ျဖစ္ရာ တရား႐ႈံးႏွင့္ မသက္ဆိုင္သူတို႔မွာ ဒီကရီကို လိုက္နာရန္တာဝန္ ႐ွိသူ မဟုတ္ေပ။ တရားႏိုင္က ဒီကရီရ႐ွိၿပီးမွသာ ဒီကရီခ်မွတ္ထားသည့္အခန္းကို တရား႐ႈံးမဟုတ္သူထံမွ ငွားရမ္းေနထိုင္သူသည္လည္းေကာင္း၊ တရားႏိုင္ရ႐ွိထားသည့္ ဒီကရီကို လိုက္နာရန္ တာဝန္ ႐ွိ သူမ်ားမဟုတ္ေပ။ (ေဒါက္တာ ျမျမေအးပါ-၂ႏွင့္ ေဒၚျမျမဝင္းပါ-၂ ၂၀၀၀ျပည့္ႏွစ္၊မတစ၊ စာ-၁၈၈)

အကယ္၍ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိမိသည္ တရား႐ႈံးလည္းမဟုတ္၊ တရား႐ႈံးႏွင့္မသက္ဆိုင္သူျဖစ္လွ်က္ အခ်င္းျဖစ္ပစၥည္းကို လက္လႊတ္လိုက္ရသူျဖစ္ပါက တရားမက်င့္ထုံးဥပေဒအမိန္႔ ၂၁၊ နည္း ၁၀၀ အရ တရား႐ုံးသို႔ တရားမအေထြေထြမႈဖြင့္လွစ္ေလွ်ာက္ထားႏိုင္သည္။ တရား႐ုံးသည္ ယင္း ကိစၥကို စုံစမ္းရန္ ရက္ခ်ိန္းသတ္မွတ္ေပး၍ ေလွ်ာက္ထားခံရေသာ ကာလကံ႐ွင္အား လာေရာက္ထု ေခ်ေစရန္ ဆင့္ေခၚရမည္။

တရားမက်င့္ထုံးဥပေဒအမိန္႔ ၂၁၊ နည္း ၁၀၀ အရ ေလွ်ာက္ထားရာတြင္ တရား႐ုံးက ဆုံးျဖတ္ရန္ ျပႆနာမွာ ေလွ်ာက္ထားသူသည္ မိမိပိုင္အေနျဖင့္ ပစၥည္းလက္႐ွိျဖစ္သလား၊ သို႔မဟုတ္ တရား႐ႈံး မဟုတ္ေသာ အျခားသူပိုင္ အေနျဖင့္ ပစၥည္းလက္႐ွိျဖစ္သလား ဟူ၍ျဖစ္သည္။ လက္႐ွိျဖစ္ေၾကာင္း၊ သက္ေသျပရန္မွာ ေလွ်ာက္ထားသူျဖစ္ေသာ တတိယလူ (Third party) အေပၚက်ေရာက္သည္။ နည္း ၁၀၀ အရ စုံစမ္းမႈသည္ အက်ဥ္းနည္းျဖင့္ စုံစမ္းမႈျဖစ္ၿပီး တရား႐ႈံးသည္ လက္႐ွိျဖစ္မႈျပႆနာကို ဦးတည္စုံစမ္းရန္ျဖစ္သည္။ ပိုင္ေရး ပိုင္ခြင့္ျပႆနာမ်ားကို ဆုံးျဖတ္ရန္မဟုတ္။

ေလွ်ာက္ထားသူသည္ သူပိုင္ပစၥည္းအျဖစ္ျဖင့္လည္းေကာင္း၊ တရား႐ႈံးမဟုတ္ေသာ အျခားသူပိုင္ ပစၥည္းအျဖစ္ျဖင့္လည္းေကာင္း၊ လက္႐ွိျဖစ္ခဲ့ေၾကာင္း တင္ျပခ်က္အေပၚ တရား႐ုံးက ေက်နပ္လွ်င္ ေလွ်ာက္ထားသူသို႔ ပစၥည္းကို လက္ေရာက္ျပန္ေပးရန္ၫႊန္ၾကားရမည္။ (တရားမက်င့္ထုံးဥပေဒအမိန္႔ ၂၁၊ နည္း ၁၀၁)

အကယ္၍ ေလွ်ာက္ထားသူသည္ တရားမက်င့္ထုံးဥပေဒအမိန္႔ ၂၁၊ နည္း ၁၀၀ အရ တရားမ အေထြေထြမႈဖြင့္လွစ္ေလွ်ာက္ထားရာ ေအာင္ျမင္မႈမရ႐ွိလွ်င္ ၎သည္ အခ်င္းျဖစ္ပစၥည္းကို မိမိ ေလာေလာဆယ္လက္ေရာက္ရယူခြင့္႐ွိေၾကာင္း အခိုင္အမာျပဆိုရန္ တရားမက်င့္ထုံးဥပေဒအမိန္႔ ၂၁၊ နည္း ၁၀၃ အရ တရားစြဲဆိုႏိုင္သည္။ ထိုသို႔ တရားမက်င့္ထုံးဥပေဒအမိန္႔ ၂၁၊ နည္း ၁၀၃အရ ႁမြတ္ဟ ခ်က္ဒီကရီရလိုေၾကာင္း စြဲဆိုေသာအမႈမ်ိဳးတြင္ တရားလိုသည္ အခ်င္းျဖစ္ဥပစာကို လက္႐ွိရရန္ ပိုင္ဆိုင္ ခြင့္႐ွိေၾကာင္း ထင္႐ွားေအာင္ သက္ေသျပႏိုင္လွ်င္ ဒီကရီရ႐ွိႏိုင္မည္ျဖစ္သည္။

ထို႔ေၾကာင့္ တရား႐ုံးမွ အပ္ဝရမ္းအတည္ျပရာ၌ မိမိသည္ တရား႐ႈံးမဟုတ္သည့္ တတိယ လူျဖစ္ပါက တရားမက်င့္ထုံးဥပေဒအမိန္႔ ၂၁၊ နည္း ၁၀၀ အရ တရား႐ုံးတြင္ (တရားမအေထြေထြမႈ) ေလွ်ာက္ထားခြင့္ ႐ွိသည့္အျပင္ တရားမက်င့္ထုံးဥပေဒအမိန္႔ ၂၁၊ နည္း ၁၀၃ အရလည္း တရားတစ္ထုံး စြဲဆိုခြင့္႐ွိေသာေၾကာင့္ မိမိ၏ အခြင့္အေရးဆုံး႐ႈံးမႈ မ႐ွိႏိုင္၊ ႐ွိခဲ့ေသာ္လည္း ကုစားႏိုင္မည္ျဖစ္ပါေၾကာင္း ဥပေဒဗဟုသုတရ႐ွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service