ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မှုလုံးဝမဖြစ်ပေါ်နိုင်ကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနအသိပေး - Property News in Myanmar from iMyanmarHouse.com
930 Views

ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မှုလုံးဝမဖြစ်ပေါ်နိုင်ကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနအသိပေး

[Unicode]

ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မှုလုံးဝမဖြစ်ပေါ်နိုင်ကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန (MOEE)က ပြည်သူများသို့ ဧပြီ ၁၉ ရက်က အသိပေးထားသည်။

သီလဝါအပါအဝင် ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေမှာ ဓာတ်ဆီအနေဖြင့် ဂါလံ ၄၅ သန်းခန့်နှင့် ဒီဇယ်ဆီအနေဖြင့် ဂါလံသန်း ၇၀ရှိကြောင်း (MOEE)က ဆိုသည်။အဆိုပါ သီလဝါဆိပ်ကမ်းတွင် ဆီမချရသေးသည့် သင်္ဘော ၂ စီးရှိပါသေးကြောင်းအသိပေးချက်တွင်ဆိုထားသည်။လောင်စာဆီများ ဆက်လက်တင်သွင်းနိုင်ရေးအတွက်လည်း သက်ဆိုင်ရာကုမ္ပဏီများက စီစဉ်ထားကြောင်းဖော်ပြထားသည်။

မြန်မာနိုင်ငံအတွက် တင်သွင်းနေသောစက်သုံးဆီများမှာ စင်ကာပူ၊မလေးနှင့်ကိုရီးယားနိုင်ငံတိုမှဖြစ်ကြောင်း လူမှုကွန်ယက်တွင်ပြန့်နှံ့နေသော တရုတ်နိုင်ငံမှ သီရိင်္လကာကိုကြားခံထားပြီး တင်သွင်းနေသည်မှာ မဟုတ်ကြောင်းလည်းဆိုထားသည်။

လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာကော်မတီ၊ ဆက်စပ် ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း (MPTA)တို့နှင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး မကြာခင်အချိန်တွင် ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိလာမည်ဖြစ်ပါကြောင်း၊ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များမှလည်း ၎င်းတို့အနေဖြင့် ပုံမှန်အတိုင်း ပြန်လည် ရောင်းချမည် ဖြစ်ကြောင်းကိုလည်းအသိပေးထားသည်။

အဆိုပါစက်သုံးဆီသတင်းကြောင့်ဆီဆိုင်တို့တွင် ဆီဝင်ရောက်တန်းစီဝယ်ယူခဲ့သော ကားသမားအချို့အား မေးမြန်ခဲ့ရာ အချို့မှာ ၁သောင်းဖိုးသာရပြီး အချို့က ၅သောင်းဖိုးထိဝယ်ယူရရှိကြောင်းနှင့်ယင်းဖြစ်စဉ်ကြောင့် ကားလမ်းပိတ်ဆို့မှုများလည်းဖြစ်ပွားခဲ့သည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]


 








 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service