ပူလောင်တဲ့ ရာသီဥတုမှာအပူရှပ်ခြင်း ကင်းဝေးစေရန် သိသင့်သည့် အချက် (၈) ချက် - Property Knowledge in Myanmar from iMyanmarHouse.com
733 Views

 ပူလောင်တဲ့ ရာသီဥတုမှာအပူရှပ်ခြင်း ကင်းဝေးစေရန် သိသင့်သည့် အချက် (၈) ချက်

Knowledge | Posted by Si Thu Aung

[Unicode]

 

အခုလိုပူလောင်တဲ့ ရာသီဥတုမျိုးမှာ အပူရှပ်တဲ့ ကိစ္စဟာလူတိုင်းနီးပါးဖြစ်နေပါတယ်။

နေပူထဲကပြန်လာလာချင်းပဲဖြစ်ဖြစ်၊ ရေမသောက်ပဲ ရေချိုးလိုက်တာ၊ ခြေထောက်ရေဆေးလိုက်တာ စတဲ့ အမှုမဲ့အမှတ်မဲ့ လုပ်မိတာတွေ ကြောင့် အသက်သေဆုံးတဲ့ အထိ အန္တရာယ်ရှိပါတယ်။

ထို့ကြောင့် အပူရှပ်တဲ့ လက္ခဏာတွေဖြစ်လာရင် အမြန်ဆုံးကုသနိုင်ဖို့အတွက် အပူရှပ်တဲ့လက္ခဏာရပ်များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ခန္ဓာကိုယ်အပူချိန်မြင့်တတ်နေမယ်၊

(၂) အသားအရေ နီပြီး ခြောက်သွေ့နေမယ်၊

(၃) အော့အန်မယ်၊

(၄) မူးဝေမယ် ခေါင်းကိုက်မယ်၊

(၅) ချွေးမထွက်ခြင်း၊

(၆) နှလုံးခုန်နှုန်းမြန်မယ်၊

(၇) ကြောင်တောင်တောင်ဖြစ်ပြီး အာရုံစိုက်မရ ကယောက်ကတမ်းဖြစ်နေမယ်၊

(၈) သတိလစ်မေ့မျောသွားမယ်၊

စတဲ့ အချက်တွေ မြင်တွေ့နေရပြီဆိုရင်တော့-

လူနာကို အရိပ်ထဲသွင်းပါ။

အဝတ်တွေကို ချွတ်ပစ်ပါ။

ရေအေးနဲ့ ရေပတ်တိုက်ပါ၊ ဖြန်းပါ ( ဂျိုင်း နဲ့ ဂွကြား တွေကို ရေခဲကပ်ပါ)

လဲလျောင်းခိုင်းပြီး ပန်ကာဖွင့်ပါ အဲကွန်းဖွင့်ပါ၊

ရေ (သို့) ရေဓာတ်အားဖြည့်အချိုရည်တခုခုတိုက်ပါ။

နီးစပ်ရာဆေးရုံ ၊ဆေးခန်းများသို့ အမြန်ဆုံးပို့ဆောင်ပါ။

အပူရှပ်ခြင်းမှ ကင်းဝေစေရန်-

(၁) နေပြင်းထန်စွာပူနေသော အချိန်များတွင် အပြင်ထွက်ပါက ဦးထုပ်၊ ထီးစသည့် အကာအကွယ်များ မဖြစ်မနေ ဆောင်ပါ။

(၂) အပြင်မှ ပြန်လာလျှင် ချက်ချင်းရေချိုးခြင်း၊ ရေလောင်းခြင်းများ ရှောင်ပါ။

(၃) နေပြင်းပြင်းပူသော နေ့လည်ပိုင်းများတွင် ရေချိုးခြင်း သတိပြုပါ။

(၄) အပူစုပ်စေသော အမဲရောင်၊ အညိုရောင်၊ အပြာရောင် စသည့် အရောင်ရင့်ရင့် အဝတ်အစားများ၊ နိုင်လွန် ၊ပိုးချည်ထည် အဝတ်အစားများရှောင်ပါ။

(၅) အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ပါ။

(၆) အပူဒဏ်ပြင်းလွန်းနေသော အချိန်တွင် ရေခဲရေ၊ သောက်သုံးခြင်းသတိပြုပါ။

အထက်ပါ အချက်များလိုက်နာမယ်ဆိုရင် နွေရာသီကို ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ဖြတ်သန်းရမှာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: healthproducts

 

[Zawgyi]


 






(၃) အော့အန်မယ်၊


(၅) ချွေးမထွက်ခြင်း၊























Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

Upcoming Property Events

imyanmarmarket
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service