ဂတ်စ်မီးဖို အသုံးပြုသူတွေ အနေနဲ့ သတိထားသင့်တဲ့ အချက် ( ၁၃ ) ချက် - Property Knowledge in Myanmar from iMyanmarHouse.com
4121 Views

ဂတ်စ်မီးဖို အသုံးပြုသူတွေ အနေနဲ့ သတိထားသင့်တဲ့ အချက် ( ၁၃ ) ချက်

Knowledge | Posted by Hnin Ei Khin

[Unicode]

ယနေ့အချိန်အခါမှာ မြန်မာပြည်အရပ်ရပ်ရှိ နေအိမ်များ၊ တိုက်ခန်းများ၊ စားသောက်ဆိုင်တွေမှာ ဂတ်စ်မီးဖိုကို တွင်ကျယ်စွာအသုံးပြုလာကြတယ်။ ဂတ်စ်မီးဖိုကို လုံခြုံစိတ်ချစွာ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ဖို့အတွက် သတိထားသင့်တဲ့ အချက်လေးတွေ မျှဝေပေးလိုက်ပါတယ်။

၁။ အိုးအထွက် valve ၊ pressure regulator valve ၊ မီးဖို spark and gas valve တွေ ကောင်း/မကောင်း အမြဲစစ်ဆေးရပါမယ်။ အိုးအထွက် valve ကိုပိတ်တဲ့အခါမှာ ထုရိုက်ပြီးပိတ်မျိုးတွေမလုပ်ရပါဘူး။ Gas အိုးကို ရွေ့တဲ့အခါ စောင့်ချတာ၊ ပစ်ချတာ၊ တလိမ့်တုံးလို လှိမ့်တာတွေ မလုပ်ရပါဘူး။

အိုးအထွက် valve ကို pressure regulator valve နဲ့ လှည့်တပ်တဲ့အခါ အိုးအထွက် valve အမခေါင်း အရစ်က ဘယ်ရစ်ဖြစ်သလို pressure regulator valve အဖိုခေါင်းကလဲ ဘယ်ရစ်ပဲဖြစ်ပါတယ်။ pressure regulator valve အဖိုခေါင်းထိပ်မှာ rubber seal တပ်ထားပါတယ်။ အဲ့ rubber seal ပြတ်နေရင် ပဲ့နေရင် မကောင်းရင် pressure regulator valve ကိုဆက်မသုံးသင့်ပါဘူး။ အိုးအထွက် valve နဲ့ pressure regulator valve တွေရဲ့ အရစ်တွေကို အမဲဆီ လုံးဝသုတ်လိမ်းခြင်း မပြုလုပ်ရပါ။

၂။ Pressure regulator valve ကို အတွင်းမှာ diaphragm ၊ spring တို့နဲ့ပြုလုပ်ထားတဲ့အတွက် pressure regulator valve ထိပ်က ဘုလုံးလေးကို တွန်းလိုက်ရင် valve ပွင့်ပြီး မီးဖိုဆီ Gas ရောက်ပါတယ်။ ဒါ့ကြောင့် အဲ့ ဘုလုံး (knob) လေးဟာ တွန်းလို့ ဖိလို့ရ ရပါမယ်။ ဘုလုံးလေးကို တွန်းမှ Gas က မီးဖိုက ထွက်လာရမှာဖြစ်ပါတယ်။ ဒီလိုအလုပ်မလုပ်ရင် pressure regulator valve အသစ်လဲဖို့လိုပါတယ်။

၃။ ပိုက်လိုင်း ကောင်း/ မကောင်း အခါအားလျော်စွာ စစ်ဆေးရမှာ ဖြစ်ပါတယ်။ အလွယ်တကူစ စ်ဆေးနိုင်တဲ့ နည်းလမ်းကတော့ Gas အိုးအထွက် valve နဲ့ pressure regulator valve ဖွင့်ထားချိန် (ဘုလုံး (knob) လေးကို ဖိပြီးဖွင့်ထားပြီးတဲ့အခါ) ဆပ်ပြာရည်ဖျော်ကို အမြုပ်ထအောင်မွေပြီး ဆပ်ပြာရည်မြုပ်တွေကို ပိုက်လိုင်းတလျောက်ဖြစ်စေ ၊ Gas ယိုစိမ့်နေတယ်လို့သံသယရှိတဲ့နေရာကိုဖြစ်စေ၊ ပိုက်ဆက်တွေကိုဖြစ်စေ သုတ်ကြည့်ရင် ဘူစီပေါင်းလေးတွေထလာတဲ့နေရာမှာ Gas ယိုစိမ့်နေပါတယ်။

ပိုက်လိုင်းတလျောက် ပူစီပေါင်းလေးတွေ မထဖူးဆိုရင်တော့ ပိုက်လိုင်းကောင်းတယ်လို့ ယူဆရမှာဖြစ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ အိုးနဲ့မီးဖိုက ပိုက်ဆက်ကိုဖြုတ်ပြီး တဖက်ကပိတ် ၊ အခြားတဖက်ကနေ စက်ဘီးလေထိုးတံနဲ့ထိုး၊ ဆပ်ပြာရည် (သို့မဟုတ်) ရေဇလုံထဲနှစ်ကြည့်လို့ ပူစီပေါင်း (bubbles) လေးတွေ ထတာတွေ့ရရင် အဲ့ဒိနေရာဟာ Gas ယိုစိမ့်နေပါတယ်။ ဒါဆိုရင်တော့ ဒီပိုက်ကိုအသစ်လဲဖို့လိုအပ်ပါတယ်။ ပိုက်တွေဟာ ရာသီဥတုဒါဏ်ကြောင့်မာသွားရင် အသစ်လဲပေးဖို့လိုပါတယ်။

၄။ ထို့အတူ မီးဖိုမှာကပ်ငြိနေတဲ့ ဆီခိုးဆီငွေ့များနဲ့အညစ်အကြေးများ ၊ အမှိုက်များဟာလဲ မီးလောင်လွယ်တာမို့ အခါအားလျော်စွာ သန့်ရှင်းပေးဖို့ လိုအပ်သလို မီးဖိုက ဓါတ်ငွေ့ထွက်ပေါက်များကိုလဲ အခါအားလျော်စွာ သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။

၅။ Gas ယိုစိမ့်ရင် အနံရပါတယ်။ Gas အနံက အလွန်အနံပြင်းပြီး သိသာထင်ရှားလှပါတယ်။ Gas ယိုစိမ့်နေတယ်လို့သံသယရှိနေရင် လျှပ်စစ်မီးခလုပ်တောင်မဖွင့်သင့်ပါ။

Gas ယိုစိမ့်နေကြောင်းသံသယရှိပါက မီးဖိုက switch valve ကိုအရင်ပိတ်ပါ။ ပြီးရင် အိုးအထွက် valve ကိုပိတ်ပြီး Gas ယိုစိမ့်မှုကိုသေချာစွာ စစ်ဆေးရမှာဖြစ်ပါတယ်။ ထိုအခါ Gas ယိုစိမ့်နေပါက ပိုက်လိုင်းလက်ကျန်သာ ယိုစိမ့်နိုင်မှာဖြစ်သလို Gas ယိုစိမ့်မှုကိုလဲ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ Gas ယိုစိမ့်မှုမစစ်ဆေးပဲ လုံးဝအသုံးမပြုသင့်ပါဘူး။

၆။ ချက်ပြုတ်တဲ့အခါ တံခါးများဖွင့်ထားခြင်း၊ လေဝင်လေထွက်ကောင်းမွန်အောင် လေမှုတ်စက်များ၊ အပူငွေ့နှင့်မီးခိုးထုတ်စက်များ ဖွင့်ထားခြင်းတွေလဲပြုလုပ်သင့်ပါတယ်။

၇။ ရေနံဓါတ်ငွေ့ရည် (LPG) ဟာ လေထက်လေးတာကြောင့် အောက်ခြေပိုင်းမှာပဲ ရှိနေတတ်ပြီး ထိုနေရာတွေမှာ လျှပ်စစ်မီးခလုပ်တွေ၊ extention wire ကြိုးခွေတွေ စတဲ့ မီးလောင်နိုင်တဲ့ ပစ္စည်းတွေနဲ့ ရှုပ်ထွေးမနေသင့်ပါဘူး။ ရှင်းလင်းနေရမှာဖြစ်ပါတယ်။

၈။ Gas အိုးနားမှာ အခြားမီးဖိုများရှိမနေသင့်ပါ။ Gas အိုးကို နေရောင်တိုက်ရိုက်ထိတွေ့ခြင်းများ၊ အပူချိန်မြင့်မားတဲ့နေရာများ၊ Gas အိုးအနီးသို့ လွယ်လွယ်ကူကူသွားလာလို့မရတဲ့နေရာတွေမှာ မထားသင့်ပါ။ နွေရာသီလိုပူပြင်းတဲ့ကာလမျိုးမှာ Gas အိုးကို ဂုံနီအိတ် (သို့မဟုတ်) စောင်ကဲ့သို့ အဝတ်စထူထူကို ရေစွတ်ပြီးအုပ်ထားသင့်ပါတယ်။

၉။ ချက်ပြုတ်ပြီးတဲ့အခါမှာ အိုးအထွက် valve ကို ဦးစွာပိတ်ပြီး မီးဖိုပေါ်ကမီးငြိမ်းသွားတော့မှ မီးဖိုမှ switch valve ကိုပိတ်ပါ။ သို့မှသာ ပိုက်လိုင်းထဲမှာ Gas များကျန်ရှိမနေမှာ ဖြစ်ပါတယ်။

၁၀။ Gas အိုးနဲ့ မီးဖိုရှိတဲ့နေရာဟာ လေဝင်လေထွက်ကောင်းဖို့ အလွန်အရေးကြီးပါတယ်။ (အကယ်၍ Gas ယိုစိမ့်သည်ရှိသော်) စုပ်ထုတ်နိုင်ရန် exhaust fans များလဲတပ်ဆင်ထားသင့်ပါတယ်။ Gas အိုးနဲ့ မီးဖိုကို ကလေးများလက်လှမ်းမှီနိုင်တဲ့နေရာမှာ မထားဖို့လဲ ဂရုပြုသင့်ပါတယ်။

၁၁။ ပိန်ရှုံနေတဲ့အိုးများ၊ သံချေးကိုက်နေတဲ့အိုးများ၊ အထွက် valve မကောင်းတဲ့အိုးများကို မသုံးသင့်ပါ။

၁၂။ မီးဖိုအနီးနားမှာ အလွယ်တကူအသုံးပြုနိုင်တဲ့ ပေါင်ဒါ (သို့မဟုတ်) အမြုပ်မီးသတ်ဆေးဗူး ဆောင်ထားသင့်ပါတယ်။ အကယ်၍ပိုက်လိုင်းအနီးအနားမှာမီးလောင်ပါက စောင်ကဲ့သို့ ခပ်ထူထူအဝတ်စမျိုးကို ရေစွတ်ပြီး မီးလောင်တဲ့နေရာပေါ်ကို ပစ်တင်ခြင်းဖြင့် မီးငြိမ်းသတ်နိုင်ပါတယ်။

၁၃။ မီးဖိုနဲ့ ပါတ်သက်ပြီး သံသယတခုခုရှိရင် နားလည်တတ်ကျွမ်းသူများနဲ့သာ ခေါ်ယူဆွေးနွေးပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Original Writer

 

[Zawgyi]

ဂတ္စ္မီးဖို အသုံးျပဳသူေတြ အေနနဲ႔ သတိထားသင့္တဲ့ အခ်က္ ( ၁၃ ) ခ်က္

ယေန႔အခ်ိန္အခါမွာ ျမန္မာျပည္အရပ္ရပ္ရွိ ေနအိမ္မ်ား၊ တိုက္ခန္းမ်ား၊ စားေသာက္ဆိုင္ေတြမွာ ဂတ္စ္မီးဖိုကို တြင္က်ယ္စြာအသုံးျပဳလာၾကတယ္။ ဂတ္စ္မီးဖိုကို လုံၿခဳံစိတ္ခ်စြာ အႏၲရာယ္ကင္းစြာ အသုံးျပဳႏိုင္ဖို႔အတြက္ သတိထားသင့္တဲ့ အခ်က္ေလးေတြ မွ်ေဝေပးလိုက္ပါတယ္။

၁။ အိုးအထြက္ valve ၊ pressure regulator valve ၊ မီးဖို spark and gas valve ေတြ ေကာင္း/မေကာင္း အၿမဲစစ္ေဆးရပါမယ္။ အိုးအထြက္ valve ကိုပိတ္တဲ့အခါမွာ ထု႐ိုက္ၿပီးပိတ္မ်ိဳးေတြမလုပ္ရပါဘူး။ Gas အိုးကို ေ႐ြ႕တဲ့အခါ ေစာင့္ခ်တာ၊ ပစ္ခ်တာ၊ တလိမ့္တုံးလို လွိမ့္တာေတြ မလုပ္ရပါဘူး။

အိုးအထြက္ valve ကို pressure regulator valve နဲ႔ လွည့္တပ္တဲ့အခါ အိုးအထြက္ valve အမေခါင္း အရစ္က ဘယ္ရစ္ျဖစ္သလို pressure regulator valve အဖိုေခါင္းကလဲ ဘယ္ရစ္ပဲျဖစ္ပါတယ္။ pressure regulator valve အဖိုေခါင္းထိပ္မွာ rubber seal တပ္ထားပါတယ္။ အဲ့ rubber seal ျပတ္ေနရင္ ပဲ့ေနရင္ မေကာင္းရင္ pressure regulator valve ကိုဆက္မသုံးသင့္ပါဘူး။ အိုးအထြက္ valve နဲ႔ pressure regulator valve ေတြရဲ႕ အရစ္ေတြကို အမဲဆီ လုံးဝသုတ္လိမ္းျခင္း မျပဳလုပ္ရပါ။

၂။ Pressure regulator valve ကို အတြင္းမွာ diaphragm ၊ spring တို႔နဲ႔ျပဳလုပ္ထားတဲ့အတြက္ pressure regulator valve ထိပ္က ဘုလုံးေလးကို တြန္းလိုက္ရင္ valve ပြင့္ၿပီး မီးဖိုဆီ Gas ေရာက္ပါတယ္။ ဒါ့ေၾကာင့္ အဲ့ ဘုလုံး (knob) ေလးဟာ တြန္းလို႔ ဖိလို႔ရ ရပါမယ္။ ဘုလုံးေလးကို တြန္းမွ Gas က မီးဖိုက ထြက္လာရမွာျဖစ္ပါတယ္။ ဒီလိုအလုပ္မလုပ္ရင္ pressure regulator valve အသစ္လဲဖို႔လိုပါတယ္။

၃။ ပိုက္လိုင္း ေကာင္း/ မေကာင္း အခါအားေလ်ာ္စြာ စစ္ေဆးရမွာ ျဖစ္ပါတယ္။ အလြယ္တကူစ စ္ေဆးႏိုင္တဲ့ နည္းလမ္းကေတာ့ Gas အိုးအထြက္ valve နဲ႔ pressure regulator valve ဖြင့္ထားခ်ိန္ (ဘုလုံး (knob) ေလးကို ဖိၿပီးဖြင့္ထားၿပီးတဲ့အခါ) ဆပ္ျပာရည္ေဖ်ာ္ကို အျမဳပ္ထေအာင္ေမြၿပီး ဆပ္ျပာရည္ျမဳပ္ေတြကို ပိုက္လိုင္းတေလ်ာက္ျဖစ္ေစ ၊ Gas ယိုစိမ့္ေနတယ္လို႔သံသယရွိတဲ့ေနရာကိုျဖစ္ေစ၊ ပိုက္ဆက္ေတြကိုျဖစ္ေစ သုတ္ၾကည့္ရင္ ဘူစီေပါင္းေလးေတြထလာတဲ့ေနရာမွာ Gas ယိုစိမ့္ေနပါတယ္။

ပိုက္လိုင္းတေလ်ာက္ ပူစီေပါင္းေလးေတြ မထဖူးဆိုရင္ေတာ့ ပိုက္လိုင္းေကာင္းတယ္လို႔ ယူဆရမွာျဖစ္ပါတယ္။ အေကာင္းဆုံးနည္းလမ္းကေတာ့ အိုးနဲ႔မီးဖိုက ပိုက္ဆက္ကိုျဖဳတ္ၿပီး တဖက္ကပိတ္ ၊ အျခားတဖက္ကေန စက္ဘီးေလထိုးတံနဲ႔ထိုး၊ ဆပ္ျပာရည္ (သို႔မဟုတ္) ေရဇလုံထဲႏွစ္ၾကည့္လို႔ ပူစီေပါင္း (bubbles) ေလးေတြ ထတာေတြ႕ရရင္ အဲ့ဒိေနရာဟာ Gas ယိုစိမ့္ေနပါတယ္။ ဒါဆိုရင္ေတာ့ ဒီပိုက္ကိုအသစ္လဲဖို႔လိုအပ္ပါတယ္။ ပိုက္ေတြဟာ ရာသီဥတုဒါဏ္ေၾကာင့္မာသြားရင္ အသစ္လဲေပးဖို႔လိုပါတယ္။

၄။ ထို႔အတူ မီးဖိုမွာကပ္ၿငိေနတဲ့ ဆီခိုးဆီေငြ႕မ်ားနဲ႔အညစ္အေၾကးမ်ား ၊ အမႈိက္မ်ားဟာလဲ မီးေလာင္လြယ္တာမို႔ အခါအားေလ်ာ္စြာ သန႔္ရွင္းေပးဖို႔ လိုအပ္သလို မီးဖိုက ဓါတ္ေငြ႕ထြက္ေပါက္မ်ားကိုလဲ အခါအားေလ်ာ္စြာ သန႔္ရွင္းေပးဖို႔ လိုအပ္ပါတယ္။

၅။ Gas ယိုစိမ့္ရင္ အနံရပါတယ္။ Gas အနံက အလြန္အနံျပင္းၿပီး သိသာထင္ရွားလွပါတယ္။ Gas ယိုစိမ့္ေနတယ္လို႔သံသယရွိေနရင္ လွ်ပ္စစ္မီးခလုပ္ေတာင္မဖြင့္သင့္ပါ။

Gas ယိုစိမ့္ေနေၾကာင္းသံသယရွိပါက မီးဖိုက switch valve ကိုအရင္ပိတ္ပါ။ ၿပီးရင္ အိုးအထြက္ valve ကိုပိတ္ၿပီး Gas ယိုစိမ့္မႈကိုေသခ်ာစြာ စစ္ေဆးရမွာျဖစ္ပါတယ္။ ထိုအခါ Gas ယိုစိမ့္ေနပါက ပိုက္လိုင္းလက္က်န္သာ ယိုစိမ့္ႏိုင္မွာျဖစ္သလို Gas ယိုစိမ့္မႈကိုလဲ ရွာေဖြႏိုင္မွာျဖစ္ပါတယ္။ Gas ယိုစိမ့္မႈမစစ္ေဆးပဲ လုံးဝအသုံးမျပဳသင့္ပါဘူး။

၆။ ခ်က္ျပဳတ္တဲ့အခါ တံခါးမ်ားဖြင့္ထားျခင္း၊ ေလဝင္ေလထြက္ေကာင္းမြန္ေအာင္ ေလမႈတ္စက္မ်ား၊ အပူေငြ႕ႏွင့္မီးခိုးထုတ္စက္မ်ား ဖြင့္ထားျခင္းေတြလဲျပဳလုပ္သင့္ပါတယ္။

၇။ ေရနံဓါတ္ေငြ႕ရည္ (LPG) ဟာ ေလထက္ေလးတာေၾကာင့္ ေအာက္ေျခပိုင္းမွာပဲ ရွိေနတတ္ၿပီး ထိုေနရာေတြမွာ လွ်ပ္စစ္မီးခလုပ္ေတြ၊ extention wire ႀကိဳးေခြေတြ စတဲ့ မီးေလာင္ႏိုင္တဲ့ ပစၥည္းေတြနဲ႔ ရႈပ္ေထြးမေနသင့္ပါဘူး။ ရွင္းလင္းေနရမွာျဖစ္ပါတယ္။

၈။ Gas အိုးနားမွာ အျခားမီးဖိုမ်ားရွိမေနသင့္ပါ။ Gas အိုးကို ေနေရာင္တိုက္႐ိုက္ထိေတြ႕ျခင္းမ်ား၊ အပူခ်ိန္ျမင့္မားတဲ့ေနရာမ်ား၊ Gas အိုးအနီးသို႔ လြယ္လြယ္ကူကူသြားလာလို႔မရတဲ့ေနရာေတြမွာ မထားသင့္ပါ။ ေႏြရာသီလိုပူျပင္းတဲ့ကာလမ်ိဳးမွာ Gas အိုးကို ဂုံနီအိတ္ (သို႔မဟုတ္) ေစာင္ကဲ့သို႔ အဝတ္စထူထူကို ေရစြတ္ၿပီးအုပ္ထားသင့္ပါတယ္။

၉။ ခ်က္ျပဳတ္ၿပီးတဲ့အခါမွာ အိုးအထြက္ valve ကို ဦးစြာပိတ္ၿပီး မီးဖိုေပၚကမီးၿငိမ္းသြားေတာ့မွ မီးဖိုမွ switch valve ကိုပိတ္ပါ။ သို႔မွသာ ပိုက္လိုင္းထဲမွာ Gas မ်ားက်န္ရွိမေနမွာ ျဖစ္ပါတယ္။

၁၀။ Gas အိုးနဲ႔ မီးဖိုရွိတဲ့ေနရာဟာ ေလဝင္ေလထြက္ေကာင္းဖို႔ အလြန္အေရးႀကီးပါတယ္။ (အကယ္၍ Gas ယိုစိမ့္သည္ရွိေသာ္) စုပ္ထုတ္ႏိုင္ရန္ exhaust fans မ်ားလဲတပ္ဆင္ထားသင့္ပါတယ္။ Gas အိုးနဲ႔ မီးဖိုကို ကေလးမ်ားလက္လွမ္းမွီႏိုင္တဲ့ေနရာမွာ မထားဖို႔လဲ ဂ႐ုျပဳသင့္ပါတယ္။

၁၁။ ပိန္ရႈံေနတဲ့အိုးမ်ား၊ သံေခ်းကိုက္ေနတဲ့အိုးမ်ား၊ အထြက္ valve မေကာင္းတဲ့အိုးမ်ားကို မသုံးသင့္ပါ။

၁၂။ မီးဖိုအနီးနားမွာ အလြယ္တကူအသုံးျပဳႏိုင္တဲ့ ေပါင္ဒါ (သို႔မဟုတ္) အျမဳပ္မီးသတ္ေဆးဗူး ေဆာင္ထားသင့္ပါတယ္။ အကယ္၍ပိုက္လိုင္းအနီးအနားမွာမီးေလာင္ပါက ေစာင္ကဲ့သို႔ ခပ္ထူထူအဝတ္စမ်ိဳးကို ေရစြတ္ၿပီး မီးေလာင္တဲ့ေနရာေပၚကို ပစ္တင္ျခင္းျဖင့္ မီးၿငိမ္းသတ္ႏိုင္ပါတယ္။

၁၃။ မီးဖိုနဲ႔ ပါတ္သက္ၿပီး သံသယတခုခုရွိရင္ နားလည္တတ္ကြၽမ္းသူမ်ားနဲ႔သာ ေခၚယူေဆြးေႏြးပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Original Writer

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

Upcoming Property Events

From 09 Jun To 06 Jul

The Vista Luxury Residence

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service