အိုးအိမ်မြေပေါ်တွင် တည်ဆောက်ထားသည့် အိုးအိမ်တိုက်ခန်းအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
1499 Views

အိုးအိမ်မြေပေါ်တွင် တည်ဆောက်ထားသည့် အိုးအိမ်တိုက်ခန်းအကြောင်း

Knowledge | Posted by Hnin Ei Khin

[Unicode]

အိုးအိမ်ကနေ ဆောက်လုပ်ထားတာက(၃)မျိုးအနက် ပထမတစ်မျိုးက အိုးအိမ်က ရောင်းတဲ့ တိုက်ခန်းကို ဝယ်ယူသူက တိုက်ရိုက်ဝယ်ယူခြင်းဖြစ်ပါတယ်။ ထိုသို့ ဝယ်ယူထားသည့်တိုက်ခန်းကို အိုးအိမ်မှ ပိုင်ဆိုင်မှု အထောက်အထားအဖြစ် ဝယ်ယူအမည်ဖြင့် ပိုင်ဆိုင်မှုစာအုပ် (Owner Book) ထုတ်ပေးပါတယ်။ ဝယ်ယူသူကလည်း တရားဝင်ပြန်ရောင်းချလို့ရပါတယ်။ ဒုတိယဝယ်ယူသူသည် ပိုင်ဆိုင်မှုစာအုပ် (Owner Book)တွင် အမည်ပြောင်းခြင်းကို အိုးအိမ်တွင် ဆောင်ရွက်ခြင်းဖြင့် ပိုင်ဆိုင်မှုခိုင်မာပါတယ်။

ဒုတိယတစ်မျိုးက အိုးအိမ်အခန်းတွေကို အရင်တုန်းက ပြည်သူပိုင်သိမ်းတဲ့ အခန်းတွေရှိတယ်။ ၁၉၆၄ ခုနှစ် လောက်ကဆိုရင် ကုမ္ပဏီတွေသိမ်းတဲ့အခါမှာ အိုးအိမ်ကနေပြီး သူ့လက်အောက်မှာရှိတဲ့ အခန်းတွေ ကို ပြည်သူပိုင်သိမ်းတာတွေရှိပါတယ်။ အိုးအိမ်ကနေ သက်ဆိုင်ရာကို အငှားချထားပေးတယ်။ ထိုအခန်းမျိုးဆို လွှဲပြောင်းရောင်းချခွင့်မရှိပါဘူး။

တတိယတစ်မျိုးက အိုးအိမ်က ဆောက်လုပ်တဲ့ တိုက်တာအိမ်ယာတွေရှိသေးတယ်။ ထိုအခန်းမျိုးဆို အိုးအိမ်ကနေ အငှားချထားပေးတဲ့သူတွေရှိပါတယ်။ ထိုတိုက်ခန်းတွေကိုလည်း လွှဲပြောင်းရောင်းချခွင့်မရှိပါဘူး။

ထို့ကြောင့် အငှားချထားပေးတဲ့ အိမ်ရာ၊ ပြည်သူပိုင်သိမ်းထားလို့ အိုးအိမ်ကနေ ကြီးကြပ်ပြီး အငှားခ ကောက်ခံနေတဲ့ အိမ်ရာတွေဟာ လွှဲပြောင်းရောင်းချခွင့်မရှိပါဘူး။ အိုးအိမ်ကနေ တိုက်ရိုက်ရောင်းတဲ့အခန်း၊ ဝယ်ထားတဲ့အခန်းကို နောက်တဆင့် ရောင်းချမယ်ဆိုရင် ပိုင်ဆိုင်မှုခိုင်မာပါတယ်။ အငှာချထားတဲ့ တိုက်ခန်းဆိုရင် အလွယ်တကူဖယ်ရှားပေးရမှာပါ။ နောက်ထပ်ဝယ်ယူထားတဲ့ သူတွေက တရားမဝင်တဲ့အတွက် ထိုအဆောက်အဦကို ဖျက်မယ် (သို့) အိုးအိမ်က ပြန်သိမ်းမယ်ဆိုရင် ပိုင်ဆိုင်မှုဆုံးရှုံးပြီး လက်မဲ့ဖြစ်သွားပါ လိမ့်မည်။

အိုးအိမ်မြေပေါ်တွင် ဆောက်ထားတဲ့ တိုက်ခန်းတွေ ဝယ်ယူမယ်ဆိုလျှင် အိုးအိမ်က တိုက်ရိုက် ရောင်းချသည့် ပိုင်ဆိုင်မှုအထောက်အထားဖြစ်သော ဝယ်ယူအမည်ဖြင့် ပိုင်ဆိုင်မှုစာအုပ် (Owner Book) ထုတ်ပေးထားသည့် တိုက်ခန်းမျိုးကိုသာ ဝယ်ယူသင့်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အိုးအိမ္ေျမေပၚတြင္ တည္ေဆာက္ထားသည့္ အိုးအိ္မ္တိုက္ခန္းအေၾကာင္း

အ္ိုးအိမ္ကေန ေဆာက္လုပ္ထားတာက (၃)မ်ိဳးအနက္ ပထမတစ္မ်ိဳးက အိုးအိမ္က ေရာင္းတဲ့ တုိက္ခန္းကို ၀ယ္ယူသူက တိုက္ရိုက္၀ယ္ယူျခင္းျဖစ္ပါတယ္။ ထိုသို႔ ၀ယ္ယူထားသည့္တိုက္ခန္းကို အိုးအိမ္မွ ပိုင္ဆိုင္မႈ အေထာက္အထားအျဖစ္ ၀ယ္ယူအမည္ျဖင့္ ပိုင္ဆိုင္မႈစာအုပ္ (Owner Book) ထုတ္ေပးပါတယ္။ ၀ယ္ယူသူကလည္း တရား၀င္ျပန္ေရာင္းခ်လို႔ရပါတယ္။ ဒုတိယ၀ယ္ယူသူသည္ ပိုင္ဆိုင္မႈစာအုပ္ (Owner Book)တြင္ အမည္ေျပာင္းျခင္းကို အိုးအိမ္တြင္ ေဆာင္ရြက္ျခင္းျဖင့္ ပိုင္ဆုိင္မႈခိုင္မာပါတယ္။

ဒုတိယတစ္မ်ိဳးက အိုးအိမ္အခန္းေတြကို အရင္တုန္းက ျပည္သူပိုင္သိမ္းတဲ့ အခန္းေတြရွိတယ္။ ၁၉၆၄ ခုႏွစ္ ေလာက္ကဆိုရင္ ကုမၸဏီေတြသိမ္းတဲ့အခါမွာ အိုးအိမ္ကေနၿပီး သူ႔လက္ေအာက္မွာရွိတဲ့ အခန္းေတြ ကို ျပည္သူပိုင္သိမ္းတာေတြရွိပါတယ္။ အိုးအိမ္ကေန သက္ဆိုင္ရာကို အငွားခ်ထားေပးတယ္။ ထိုအခန္းမ်ိဳးဆို လႊဲေျပာင္းေရာင္းခ်ခြင့္မရွိပါဘူး။

တတိယတစ္မ်ိဳးက အိုးအိမ္က ေဆာက္လုပ္တဲ့ တုိက္တာအိမ္ယာေတြရွိေသးတယ္။ ထိုအခန္းမ်ိဳးဆို အိုးအိမ္ကေန အငွားခ်ထားေပးတဲ့သူေတြရွိပါတယ္။ ထိုတုိက္ခန္းေတြကိုလည္း လႊဲေျပာင္းေရာင္းခ်ခြင့္မရွိပါဘူး။

ထို႔ေၾကာင့္ အငွားခ်ထားေပးတဲ့ အိမ္ရာ၊ ျပည္သူပိုင္သိမ္းထားလို႔ အိုးအိမ္ကေန ႀကီးၾကပ္ၿပီး အငွားခ ေကာက္ခံေနတဲ့ အိမ္ရာေတြဟာ လႊဲေျပာင္းေရာင္းခ်ခြင့္မရွိပါဘူး။ အိုးအိမ္ကေန တုိက္ရိုက္ေရာင္းတဲ့အခန္း၊ ၀ယ္ထားတဲ့အခန္းကို ေနာက္တဆင့္ ေရာင္းခ်မယ္ဆိုရင္ ပိုင္ဆိုင္မႈခိုင္မာပါတယ္။ အငွာခ်ထားတဲ့ တိုက္ခန္းဆိုရင္ အလြယ္တကူဖယ္ရွားေပးရမွာပါ။ ေနာက္ထပ္၀ယ္ယူထားတဲ့ သူေတြက တရားမ၀င္တဲ့အတြက္ ထိုအေဆာက္အဦကို ဖ်က္မယ္ (သို႔) အိုးအိမ္က ျပန္သိမ္းမယ္ဆိုရင္ ပိုင္ဆိုင္မႈဆံုး႐ႈံးၿပီး လက္မဲ့ျဖစ္သြားပါ လိမ့္မည္္။

အိုးအိမ္ေျမေပၚတြင္ ေဆာက္ထားတဲ့ တိုက္ခန္းေတြ ၀ယ္ယူမယ္ဆိုလွ်င္ အိုးအိမ္က တုိက္ရိုက္ ေရာင္းခ်သည့္ ပိုင္ဆိုင္မႈအေထာက္အထားျဖစ္ေသာ ၀ယ္ယူအမည္ျဖင့္ ပိုင္ဆိုင္မႈစာအုပ္ (Owner Book) ထုတ္ေပးထားသည့္ တိုက္ခန္းမ်ိဳးကိုသာ ၀ယ္ယူသင့္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service