ဆောက်လုပ်ရေးကုမ္ပဏီမှဝယ်ယူထားသည့် တိုက်ခန်းအရောင်းအဝယ်စာချုပ် ပျောက်ဆုံးလျှင် မည်သို့ ဆောင်ရွက်နိုင်သနည်း။ - Property Knowledge in Myanmar from iMyanmarHouse.com
1224 Views

ဆောက်လုပ်ရေးကုမ္ပဏီမှဝယ်ယူထားသည့် တိုက်ခန်းအရောင်းအဝယ်စာချုပ် ပျောက်ဆုံးလျှင် မည်သို့ ဆောင်ရွက်နိုင်သနည်း။

Knowledge | Posted by Aye Myat Thu

[Unicode]

တိုက်ခန်းအရောင်အဝယ်စာချုပ်ကို ဝယ်ယူသူတွေက ပျောက်ဆုံးသွားသည့်အခြေအနေမျိုး ဖြစ်တတ်ပါသည်။ ထိုသို့ အရောင်းအဝယ်စာချုပ်ပျောက်ဆုံးသည့်အခါ မည်သို့ဆောင်ရွက်နိုင်သလဲဆိုတာကို ဗဟုသုတရ စေရန် ရေးသားဖော်ပြပေးပါမည်။

တိုက်ခန်းအရောင်းအဝယ်စာချုပ်ပျောက်ဆုံးသွားလျှင် အရောင်းအဝယ်စာချုပ်၏ မိတ္တူမှန်ကို ပြန်လည် လျှောက်ထားလို့ရပါတယ်။ သို့ပေမဲ့ မည်သူထံမှ ဝယ်ယူထားသလဲဆိုတဲ့အခြေအနေပေါ်မူတည်ပြီး ဆောင်ရွက် ရတဲ့လုပ်ငန်းစဉ်မတူနိုင်ပါဘူး။ ဆောက်လုပ်ရေးကုမ္ပဏီမှ ဝယ်ယူထားသည့် တိုက်ခန်း၏ အရောင်းအဝယ် စာချုပ်ပျောက်ဆုံးလျှင် အမှန်တကယ်ပျောက်ဆုံးကြောင်း ကုမ္ပဏီမှ ယုံကြည်ရန်လိုအပ်ပါသည်။

ထိုသို့အခြေအနေမျိုးတွင် ကုမ္ပဏီဘက်ကို ခိုင်လုံအောင်တင်ပြရသည့် စာရွက်စာတမ်း အမျိုးအစား ရှိပါသည်။ ထိုစာရွက်စာတမ်းများကတော့ တိုက်ခန်းဝယ်ယူသူဘက်မှ အမှန်တကယ်ပျောက်ဆုံးကြောင်း တိုက်ခန်းတည်ရှိရာနေရာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ တိုက်ခန်းစာချုပ် အမှန်တကယ်ပျောက်ဆုံးကြောင်းနှင့် မည်သူကိုမှ လွှဲပြောင်းရောင်းချထားခြင်းမရှိကြောင်းကျမ်းကျိန်လွှာ၊ မိတ္တူမှန်လျှောက်ထားလာသည့်အကြောင်း သတင်းစာကြော်ငြာ၊ ကိုယ်တိုင်ကတိခံဝန်ချက် စသည့်စာရွက် စာတမ်းမူရင်းများ တင်ပြရန်လိုအပ်ပါသည်။

ကုမ္ပဏီဘက်က အထက်ပါစာရွက်စာတမ်းများ တောင်းယူရသည့်အကြောင်းအရင်းရှိပါသည်။ အကယ်၍ တိုက်ခန်းဝယ်ယူသူမှ အရောင်းအဝယ်စာချုပ်မူရင်းဖြင့် ရောင်းချခြင်း၊ ပေါင်နှံထားခြင်းမျိုး ဖြစ်ပွား နိုင်သည်အတွက်လည်း၊ ဝယ်ယူသူ၏ မိသားစုဝင်တစ်ဦးဦးမှ ဝယ်ယူသူမသိအောင် ရောင်းချခြင်း၊ ပေါင်နှံထား ခြင်းမျိုးဖြစ်ပွားလာလျှင် ကုမ္ပဏီဘက်မှ ကြိုတင်ကာကွယ်နိုင်ရန်ဖြစ်သည်။

တိုက်ခန်းဝယ်ယူသူဘက်မှ အထက်ပါစာရွက်စာတမ်းများကို ကုမ္ပဏီသို့ တင်ပြလာလျှင် ကုမ္ပဏီမှ တိုက်ခန်းအရောင်းအဝယ်စာချုပ်၏ မိတ္တူမှန်ကို ထုတ်ပေးရန် ဆောင်ရွက်ပေးပါလိမ့်မည်။ စာချုပ်ကပ်တံဆိပ် ခေါင်းပေါ်တွင် မူလအရောင်းအဝယ်စာချုပ်ကို မိတ္တူရိုက်နှိပ်ပြီး ကုမ္ပဏီဘက်မှ မိတ္တူမှန်စာချုပ်ဖြစ်ကြောင်း ဖော်ပြလျက် လက်မှတ်ရေးထိုး တံဆိပ်နှိပ်ပေး၍ တိုက်ခန်းအရောင်းအဝယ်စာချုပ်မိတ္တူမှန်ကို ပြန်လည်ထုတ် ပေးမည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေဆာက္လုပ္ေရးကုမၸဏီမွဝယ္ယူထားသည့္ တိုက္ခန္းအေရာင္းအဝယ္စာခ်ဳပ္ ေပ်ာက္ဆံုးလွ်င္ မည္သုိ႔ ေဆာင္ရြက္ႏုိင္သနည္း။

တိုက္ခန္းအေရာင္အဝယ္စာခ်ဳပ္ကို ဝယ္ယူသူေတြက ေပ်ာက္ဆံုးသြားသည့္အေျခအေနမ်ိဳး ျဖစ္တတ္ပါသည္။ ထိုသုိ႔ အေရာင္းအဝယ္စာခ်ဳပ္ေပ်ာက္ဆံုးသည့္အခါ မည္သုိ႔ေဆာင္ရြက္ႏုိင္သလဲဆိုတာကို ဗဟုသုတရ ေစရန္ ေရးသားေဖာ္ျပေပးပါမည္။

တိုက္ခန္းအေရာင္းအဝယ္စာခ်ဳပ္ေပ်ာက္ဆံုးသြားလွ်င္ အေရာင္းအဝယ္စာခ်ဳပ္၏ မိတၱဴမွန္ကို ျပန္လည္ ေလွ်ာက္ထားလို႔ရပါတယ္။ သုိ႔ေပမဲ့ မည္သူထံမွ ဝယ္ယူထားသလဲဆိုတဲ့အေျခအေနေပၚမူတည္ၿပီး ေဆာင္ရြက္ ရတဲ့လုပ္ငန္းစဥ္မတူႏိုင္ပါဘူး။ ေဆာက္လုပ္ေရးကုမၸဏီမွ ဝယ္ယူထားသည့္ တိုက္ခန္း၏ အေရာင္းအဝယ္ စာခ်ဳပ္ေပ်ာက္ဆံုးလွ်င္ အမွန္တကယ္ေပ်ာက္ဆံုးေၾကာင္း ကုမၸဏီမွ ယံုၾကည္ရန္လိုအပ္ပါသည္။

ထိုသုိ႔အေျခအေနမ်ိဳးတြင္ ကုမၸဏီဘက္ကို ခိုင္လံုေအာင္တင္ျပရသည့္ စာရြက္စာတမ္း အမ်ိဳးအစား ရွိပါသည္။ ထိုစာရြက္စာတမ္းမ်ားကေတာ့ တိုက္ခန္းဝယ္ယူသူဘက္မွ အမွန္တကယ္ေပ်ာက္ဆံုးေၾကာင္း တုိက္ခန္းတည္ရွိရာေနရာမွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေထာက္ခံစာ၊ ရဲစခန္းေထာက္ခံစာ၊ တိုက္ခန္းစာခ်ဳပ္ အမွန္တကယ္ေပ်ာက္ဆံုးေၾကာင္းႏွင့္ မည္သူကိုမွ လႊဲေျပာင္းေရာင္းခ်ထားျခင္းမရွိေၾကာင္းက်မ္းက်ိန္လႊာ၊ မိတၱဴမွန္ေလွ်ာက္ထားလာသည့္အေၾကာင္း သတင္းစာေၾကာ္ျငာ၊ ကိုယ္တိုင္ကတိခံဝန္ခ်က္ စသည့္စာရြက္ စာတမ္းမူရင္းမ်ား တင္ျပရန္လိုအပ္ပါသည္။

ကုမၸဏီဘက္က အထက္ပါစာရြက္စာတမ္းမ်ား ေတာင္းယူရသည့္အေၾကာင္းအရင္းရွိပါသည္။ အကယ္၍ တုိက္ခန္းဝယ္ယူသူမွ အေရာင္းအဝယ္စာခ်ဳပ္မူရင္းျဖင့္ ေရာင္းခ်ျခင္း၊ ေပါင္ႏွံထားျခင္းမ်ိဳး ျဖစ္ပြား ႏိုင္သည္အတြက္လည္း၊ ဝယ္ယူသူ၏ မိသားစုဝင္တစ္ဦးဦးမွ ဝယ္ယူသူမသိေအာင္ ေရာင္းခ်ျခင္း၊ ေပါင္ႏွံထား ျခင္းမ်ိဳးျဖစ္ပြားလာလွ်င္ ကုမၸဏီဘက္မွ ႀကိဳတင္ကာကြယ္ႏိုင္ရန္ျဖစ္သည္။

တုိက္ခန္းဝယ္ယူသူဘက္မွ အထက္ပါစာရြက္စာတမ္းမ်ားကို ကုမၸဏီသို႔ တင္ျပလာလွ်င္ ကုမၸဏီမွ တုိက္ခန္းအေရာင္းအဝယ္စာခ်ဳပ္၏ မိတၱဴမွန္ကို ထုတ္ေပးရန္ ေဆာင္ရြက္ေပးပါလိမ့္မည္။ စာခ်ဳပ္ကပ္တံဆိပ္ ေခါင္းေပၚတြင္ မူလအေရာင္းအဝယ္စာခ်ဳပ္ကို မိတၱဴရိုက္ႏွိပ္ၿပီး ကုမၸဏီဘက္မွ မိတၱဴမွန္စာခ်ဳပ္ျဖစ္ေၾကာင္း ေဖာ္ျပလ်က္ လက္မွတ္ေရးထိုး တံဆိပ္ႏွိပ္ေပး၍ တုိက္ခန္းအေရာင္းအဝယ္စာခ်ဳပ္မိတၱဴမွန္ကို ျပန္လည္ထုတ္ ေပးမည္ျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

Upcoming Property Events

Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service