တိုက်ခန်းဝယ်ယူသည့်အခါ မြေပိုင်ရှင်တည်ရှိခြင်း၏ အရေးကြီးသောအချက်များ။ - Property Knowledge in Myanmar from iMyanmarHouse.com
1142 Views
တိုက်ခန်းဝယ်ယူသည့်အခါ မြေပိုင်ရှင်တည်ရှိခြင်း၏ အရေးကြီးသောအချက်များ။
Knowledge | Posted by Hnin Ei Khin
[Unicode]
ယခုခေတ်တိုက်ခန်းဝယ်ယူသည့်အခါ အကျိုးဆောင်များနှင့် အရပ်စာချုပ်များဖြင့်သာ အလွယ်ဝယ်ယူ နေကျတာကို တွေ့မြင်နေရပါတယ်။
ထိုအခါမှာ မြေပိုင်ရှင် ရှိခြင်း/မရှိခြင်း၏ အရေးကြီးမှုကို မေ့လျော့နေတာကို တွေ့ရပါတယ်။ တိုက်ခန်း ဝယ်ယူသည့်အခါ မြေပိုင်ရှင်၏ အရေးပါမှုကို ဗဟုသုတအဖြစ်ရေးသားဖော်ပြပေးပါမည်။
ပထမအချက်အနေဖြင့် တိုက်ခန်းတစ်ခန်းဝယ်ယူသည့်အခါ ဥပဒေအရ မြေရှင်လက်မှတ်လိုအပ်မှု မရှိသော်လည်း တိုက်ခန်း၏ ပိုင်ဆိုင်မှုသည် မြေပိုင်ဆိုင်မှုမပါဝင်ဘဲ မြေရှင်ပိုင်ဆိုင်သောမြေပေါ်တွင် ထာဝစဉ် ဌားရမ်းခြင်းသဘော သက်ရောက်သည့် ရောင်းချခြင်းဖြစ်သည်။ ထို့ကြောင့် တိုက်ခန်းပိုင်ရှင်များသည် မြေရှင် ကို ၎င်း၏မြေပေါ်တွင် တည်ဆောက်ထားသည့်အတွက် လစဉ်မြေငှားရမ်းချပေးရန်လိုအပ်ပါသည်။
ဒုတိယအချက်အနေဖြင့် အကြောင်းတစ်စုံတစ်ရာကြောင့် တိုက်ကိုပြန်လည်တည်ဆောက်ရန် လိုအပ်လာသည့်အခါ မြေရှင်ရှိခြင်း/မရှိခြင်းသည် အများကြီးအရေးပါသည့်အချက်ဖြစ်ပါသည်။ အကယ်၍ မြေရှင်မရှိ သည့်အခါ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် မြေ၏ပိုင်ဆိုင်မှုအထောက်အထားနှင့် မြေရှင်မရှိသည့်အတွက် တည်ဆောက်ရန် အခက်အခဲများဖြစ်ပေါ်နိုင်ပါသည်။
တတိယအချက်အနေဖြင့် ကန်ထရိုက်တိုက်များ၏ ရေစနစ်အရ တိုက်အောက်ဖက်ရှိ ရေကန်သို့ ရေပျက်လက်မှုမရှိအောင် မောင်းတင်ရန်၊ တိုက်ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ စည်ပင်သာယာရေး ကော်မတီသို့ အခွန်အခများပေးသွင်းရန် စသည့်ကိစ္စများကို ဦးဆောင်ဦးရွက်ဆောင်ရွက်ရာတွင်လည်း မြေရှင် ရှိခြင်းသည် ကောင်းမွန်စွာအထောက်အကူပြုသည့်ကိစ္စဖြစ်သည်။
အထက်ပါအချက်အလက်များကြောင့် တိုက်ခန်းကို ဝယ်ယူသည့်အခါတွင် အခန်းကိုသာဝယ်ယူခြင်း ဖြစ်သော်လည်း မြေပိုင်ဆိုင်မှုအထောက်အထားစစ်ဆေးခြင်း၊ မြေပိုင်ရှင်အသိအမှတ်ပြုလက်မှတ်ရေးထိုးခြင်း နှင့် မြေရှင်လက်ရှိနေထိုင်ခြင်းသည် အရေးကြီးသောကိစ္စဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
Upcoming Property Events
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 30 Aug To 31 Aug
Magical World Apartment
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service