အိမ်ရာချေးငွေဖြင့် အိမ်ဆောက်လိုသူများအတွက် - Property Interview from iMyanmarHouse.com

အိမ်ရာချေးငွေဖြင့် အိမ်ဆောက်လိုသူများအတွက်

Posted by Yin Mon Htoo (iMyanmarHouse.com)

ယနေ့ခေတ်မှာ အိမ်ခြံမြေ ဝယ်ယူချင်တယ်ဆိုရင် ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျ ဝယ်ယူတဲ့ စနစ်က ခေတ်စားလာတာကို တွေ့ရပါတယ်။ ဒီနေ့မှာတော့ ကိုယ်ပိုင် မြေရှိတယ်ဆိုရင် ဘဏ်နဲ့ချိတ်ဆက်ပြီး ဘယ်လိုမျိုးအိမ်ကို ဆောက်လို့ရမလဲဆိုတဲ့ အကြောင်းလေးကို ဆွေးနွေးတင်ပြပေးမှာဖြစ်ပါတယ်။

Myanmar Art Construction သည် ဘဏ်ချေးငွေဖြင့် အိမ်ဆောက်ခြင်းကိစ္စ အဝဝကို အဓိက တာဝန်ယူ တည်ဆောက်ပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဘဏ်ချေးငွေဖြင့် အိမ်ဆောက်ရန် လိုအပ်ချက်များကို Myanmar Art Construction မှ ဦးကျော်စွာဟိန်းက အသေးစိတ် ရှင်းပြပေးထားပါတယ်။

ကျွန်တော်တို့ အခု ဝန်ဆောင်မှု ပေးနေတာကတော့ ပထမဦးဆုံး မိမိပိုင် ပိုင်ဆိုင်မှု ခိုင်မာသော ဂရန်မြေ၊ ဘိုးဘွားပိုင်မြေရှိတဲ့သူတွေကို Construction Loan နှစ်ရှည်အရစ်ကျဖြင့် အဆောက်အဦး ဆောက်လုပ်ပေးပါတယ်။ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတိုးချဲ့ချင်တဲ့သူတွေဆိုရင်လည်း ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ ဂိုဒေါင် မည်သည့်အဆောက်အဦးမျိုးကိုမဆို ကျွန်တော်တို့ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဆောက်မယ်ဆိုရင် ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ နှစ်ရှည်အရစ်ကျစနစ်နဲ့ ဝန်ဆောင်မှု ပေးပါတယ်။

နှစ်ရှည်အရစ်ကျနဲ့ ဆောက်မယ်ဆိုရင် ပထမဦးဆုံး မြေအမျိုးအစား ပိုင်ဆိုင်မှု ခိုင်မာရမည်။ ဝင်ငွေရလမ်း ဖော်ပြနိုင်မယ်ဆိုရင် နှစ်ရှည်အရစ်ကျစနစ်နဲ့ ဆောက်လို့ရပါတယ်။

ဆောက်လုပ်နိုင်မည့် မြေအမျိုးအစားတွေကတော့ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ ဖြစ်ပါတယ်။ ဘိုးဘွားပိုင်မြေဆိုတာက

ရန်ကုန်မှာဆိုရင် ရန်ကင်းမှတ်တမ်းရုံးမှာ မှတ်ပုံတင်ထားတဲ့ မြေ ဖြစ်ပြီး၊ နယ်တွေမှာဆိုရင်လည်း အစိုးရရုံးမှာ မှတ်ပုံတင်ထားတဲ့ မြေဖြစ်ရပါမယ်။

ဝင်ငွေရလမ်းကတော့ ဌာနဆိုင်ရာ ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းဆိုရင် လာရောက်လျှောက်ထားလိုသူသည် မှတ်ပုံတင်မိတ္တူ၊
သန်းခေါင်စာရင်းမိတ္တူ၊ မြေပိုင်ဆိုင်မှု မိတ္တူ၊ လစာပေးစလစ်(၃)လစာ၊ Bank statement (၆)လစာတို့နဲ့ စတင်လျှောက်ထားနိုင်ပြီးတော့ မိမိကိုယ်ပိုင် စီးပွားရေးလုပ်ကိုင်နေသူတွေကတော့ လုပ်ငန်းလိုင်စင်၊ အရှုံးအမြတ်စာရင်း၊ ခုနကလိုပဲ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူနဲ့ လာရောက်လျှောက်ထားလို့ရပါတယ်။

ငွေပေးသွင်းတာကတော့ ပထမဆုံး State အနေနဲ့သွားမှာကတော့ စာရွက်စာတမ်းတွေကို ယူလာပေးရမယ်၊ စာရွက်စာတမ်းတွေကို Myanmar Art က Pre-check လုပ်မယ်။ Pre-check လုပ်ပြီးတာတွေကို ဘဏ်ကို တစ်ဆင့်တင်ပေးမယ်။ ဘဏ်ကနေ ဒါတွေကို စစ်ဆေးမယ်။ ရနိုင်ခြေ ရှိတာတွေကို ဘဏ်ကနေ Myanmar Art ကို ပြန်ချပေးမယ်။

ဒုတိယ State အနေနဲ့ Design ရေးဆွဲမယ်။ Customer နဲ့ ဈေးနှုန်း တွက်ချက် ညှိနှိုင်းမယ်။ Customer နဲ့ ဒီဇိုင်းအဆင်ပြေပြီဆိုရင် တတိယ State အနေနဲ့ စည်ပင်တင်တဲ့ အဆင့်ကို သွားပါမယ်။ စည်ပင်ဘက်မှ approve ဖြစ်ပြီဆိုရင် Myanmar Art နဲ့ Customer ပထမဦးစွာ စာချုပ်ချုပ်ပါမယ်။ စာချုပ်ချုပ်ပြီးသွားပြီဆိုရင် ဒီဇိုင်း၊ ဈေးနှုန်း၊ စာချုပ်အားလုံး ဘဏ်ကို တင်ပါတယ်။ ဘဏ်ကို တင်နေတဲ့အချိန် တစ်ပြိုင်နက် ဆောက်လုပ်ရေးလုပ်ငန်းကိုလည်း စတင်နေပါပြီ။ ဘဏ်က ၂ ပတ်မှ ၄ ပတ်အတွင်း ပြန်ကျလာတာနဲ့ ကျွန်တော်တို့ဆောက်လုပ်ရေးကလည်း 20% (သို့)30% ပြီးစီးနေပါပြီ။

မြေ၏ သက်တမ်းပေါ် မူတည်၍ အများဆုံး (၂၅)နှစ်အထိ ချေးငွေ ရရှိနိုင်ပါမည်။ အတိုးနှုန်းကတော့ Amotization Method နဲ့ (၁၃)% ပါ။ တကယ် Average ချလိုက်ရင် တစ်လကို 7.2 လောက်ပဲ ကျပါတယ်။ တစ်လချင်း အတိအကျဆိုရင်တော့ 0.598 လောက်ပဲ ကျပါတယ်။

လျှောက်ထားသူများ အနေဖြင့် အချိန်ကာလကတော့ Pre-check မှာတော့ ၂ ပတ်မှ ၄ ပတ်အတွင်းဖြစ်ပြီး ၊ ဒီဇိုင်း State ပြီးလို့ တကယ့် ကြာချိန်ကတော့ ၂ ပတ်မှ ၄ ပတ်အတွင်းပါပဲ။ လူနေအိမ်ဆိုရင်တော့ အဲ့ထက်ပိုမြန်ပါတယ်။

လူတစ်ယောက်က ဥပမာ သိန်း(၅၀၀) တန် အဆောက်အဦးဆောက်မည်ဆိုပါက
-ကနဦးပေးသွင်းငွေ(Down Payment)- ကျပ်သိန်း (၁၅၀)
-ဘဏ်မှ ထုတ်ချေးငွေ - ကျပ်သိန်း(၃၅၀)
-လစဉ်ဖြည့်သွင်းငွေ - ၇ သိန်း ၉ သောင်းကျပ်
-ပြန်လည်ပေးသွင်းရမည့်ကာလ (၅) နှစ် ဖြစ်ပါတယ်။

ဖော်ပြပါ ဝန်ဆောင်မှုနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက Hotline: 09-455294841 ~ 5 ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်။

Other Interviews

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)