636 Views
More Smart, More Creative ဖြစ်မှု ရုံးခန်းလေးက အစပြု
[Unicode]
မိတ်ဆွေရဲ့ လုပ်ငန်းခွင်အတွင်းစွမ်းဆောင်ရည်များ လျော့ကျနေပါသလား....?
အပျံစား အမိုက်စား Idea တွေ ဘယ်ဆီနေမှန်းမသိ ခမ်းခြောက်နေပြီလား...?
အလုပ်ပဲထိုင်လုပ်နေရတာ တက်ကြွမှုမရှိ အိပ်ချင်နေပြီလား ....?
စွမ်းဆောင်ရည်မြင့် လစာကောင်း Smart ကျတဲ့ ဝန်ထမ်းတစ်ဦးဖြစ်ဖို့ မိတ်ဆွေရဲ့ Work Environment ကို အရင်ဦးဆုံးပြောင်းလဲလိုက်ပါ။ ကဲ ဘာတွေပြောင်းလဲရမှာလဲလို့ အမေးရှိလာရင်တော့....
ခပ်မှိုင်းမှိုင်းမီးအလင်းရောင်နဲ့ဆို အိပ်ပျော်သွားပါလိမ့်မယ်။
အလုပ်မှာ နေ့လည်စာစားပြီး ထမင်းဆိပ်တက် အိပ်ချင်နေတဲ့အချိန် ရုံးတွင်းထွန်းထားတဲ့ မီးအလင်းရောင်ဟာ စိတ်ကိုနှိုးဆွပေးနိုင်မယ့်အရောင်ဖြစ်နေရပါမယ်။ မှိုင်းပျပျ အရောင်ဟာ စိတ်ကို ပိုပင်ပန်းစေမယ်။ ပိုမှုန်မှိုင်းစေမယ်။ ပိုအိပ်ငိုက်လာစေမယ်။
ဆိုတော့… ဘယ်လိုအလင်းရောင်မျိုးသုံးရမလဲ။ အလွယ်ဆုံးကိုပြောရရင်တော့ ပိုက်ဆံမကုန်တဲ့ နေအလင်းရောင်ပါပဲ။ ရှိရှိသမျှ ပြတင်းပေါက်တွေကို ဖွင့်ထားလိုက်ပါ။ တောက်ပလင်းထင်းနေတဲ့ နေအလင်းရောင်ဟာ သူများနဲ့မတူတဲ့ စိတ်ကူးဉာဏ်အလင်းပွင့်စေနိုင်ပါတယ်။ မိုးအုံ့နေတဲ့ ရက်တွေမှာဆိုရင်တော့ မီးရောင်အလင်း ထင်းထင်းကြီးမဟုတ်ဘဲ မှန်အိမ်လေးတွေကို ဟိုနား ဒီနား ပျပျလေး ထွန်းထားနိုင်ပါတယ်။
ရုံးခန်းဟာလည်း သဘာဝဓာတ်လိုအပ်ပါတယ်
စိတ်ကူးဉာဏ်တွေပိုမိုရင့်သန်ဖို့ သဘာဝတရားရဲ့ အကူအညီယူလိုက်ပါ။ တစ်ရုံးလုံးအပင်လိုက်စိုက်ဖို့မတတ်နိုင်ရင်တောင် ကိုယ့်အလုပ်စားပွဲပေါ်မှာတော့ စိမ်းစိမ်းစိုစိုအပင်လေးတစ်အိုးစိုက်ထားဖို့လိုမယ်နော်။ ရွှေလာငွေလာ အပင်ပုလေးတွေ၊ ဘွန်ဆိုင်းအပင်ငယ်လေးတွေနဲ့ ဂမုန်းပင်ငယ်လေးတွေ တင်ထားလို့ရပါတယ်။
အရွက်ပင်လေးတွေမဟုတ်ဘဲပန်းပင်ငယ်လေးတွေစိုက်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။ ပန်းပင်ငယ်လေးတွေကပေးတဲ့ အမွှေးရနံ့လေးတွေဟာစိတ်ကို နူးညံ့စေပြီး အကြံဉာဏ်အသစ်တွေထွက်ပေါ်လာစေပါတယ်။
စိတ်အားတက်ဖွယ် စကားသံများနဲ့ ဝန်းရံထားပါ
Motivated ဖြစ်တဲ့ လုပ်ငန်းခွင်တစ်ခုဖန်တီးဖို့အတွက် အောင်မြင်တဲ့လူများပြောကြားခဲ့တဲ့ စိတ်ဓာတ်ခွန်အားပေးမှတ်စုတွေကို အလုပ်စားပွဲအနီးအနားမှာ ထားသင့်ပါတယ်။ စကားမှတ်စုလေးတွေကို ဘောင်လှလှလေးနဲ့ဘောင်ခတ်ထားပြီး ရုံးခန်းနံရံမှာချိတ်ထားတာမျိုး စားပွဲပေါ်မှာထောင်ထားတာမျိုးပြုလုပ်သင့်ပါတယ်။
ဒါမှသာစိတ်ဓာတ်ကျဖွယ်နေ့ရက်တွေနဲ့ကြုံလာခဲ့ရင် Motivated စကားလုံးတွေကို ပြန်ပြန်ဖတ်ပြီး စိတ်ဓာတ်ခွန်အားတဖန်ပြန်မွေးနိုင်မှာပါ။
စားပွဲကို မရှုပ်ပါစေနဲ့
အလုပ်စားပွဲကို ရှုပ်ရှက်ခပ်နေအောင်ထားခြင်းဟာ သင့်ကို စမတ်မဖြစ်စေနိုင်ပါဘူး။ လုပ်ငန်းခွင်မှာအရာအားလုံးဟာ သန့်ရှင်းသပ်ရပ်နေဖို့လိုအပ်ပါတယ်။ စာရင်းစာရွက်နဲ့ဖိုင်တွေ ပျံ့ကြဲမနေစေပဲ ဖုန်း၊ လက်တော့ပ်တို့လို ဒီဂျစ်တယ်စက်ပစ္စည်းများကိုတစ်နေရာ၊ Paperwork များကိုတစ်နေရာသပ်သပ် ရှင်းလင်းထားရင်တော့ ကြည့်မြင်ရတာ စိတ်ထဲရှင်းလင်းနေပြီး ခေါင်းရှုပ်ဖွယ်အလုပ်ကိစ္စတွေကို သေချာစွာ စီမံကွပ်ကဲနိုင်မှာပဲဖြစ်ပါတယ်။
အောင်မြင်တဲ့လုပ်ငန်းခွင်တစ်ခုဖြစ်ဖို့ အခြေခံအချက်တစ်စိတ်တစ်ပိုင်း တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
Subscribe For Property News
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App