322 Views

တရုတ်နှစ်သစ် ယုန်နှစ်မှာ ကံကောင်းခြင်းတွေရလာဖို့ အိမ်တွင်းအပြင်အဆင်တွေ

 

 

[Unicode]

 

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က စလို့ တရုတ်နှစ်သစ်ကူး အခါသမယ ယုန်နှစ်သစ်ဖြစ်ပါတယ်။ ယုန်နှစ်မှာ 🐰🐰 ချစ်ကြည်ရင်းနှီးမှု၊ မိသားစုဆက်ဆံရေး၊ သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေ၊ လုပ်ဖော် ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ ချစ်ခင်နှစ်လိုဖွယ်ရာ ဆက်ဆံရေးကို တည်ဆောက်ပါ။

၂၀၂၃ ခုနှစ် နှစ်သစ်၊ တရုတ်နှစ်သစ်ကူး ကာလမှာ ကောင်းမွန်ခြင်းတွေနဲ့ ကံကောင်းခြင်းတွေ ရလာဖို့ဆိုရင် နေအိမ်အပြင် အလှပြင်ဆင်ခြင်းဟာလည်း အထူးလိုအပ်ပါတယ်။

အဲဒါကြောင့်မို့လို့ စာဖတ်သူတွေအတွက် နှစ်သစ်မှာ ကံကောင်းခြင်းတွေ ရောက်လာဖို့ နေအိမ်အတွင်းအပြင်အဆင် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်…

 


ကံကောင်းတဲ့ အရောင်တွေနဲ့ အလှဆင်ပါ။

 

အိမ်မှာ ကံကောင်းခြင်းတွေ ရလာဖို့ နည်းလမ်းကတော့ ခပ်တောက်တောက် အရောင်၊ တောက်ပပြီး လင်းတဲ့ အရောင်တွေနဲ့ အလှဆင်ခြင်းပါပဲ။

 

အနီရောင်❤️❤️ ဟာ တရုတ်နှစ်သစ်ကူးကာလ ကံကောင်းခြင်းနဲ့ ပျော်ရွှင်ခြင်း တွေကို သင်္ကေတပြုပြီး မကောင်းတဲ့ နတ်ဆိုး၊ နမိတ်ဆိုးတွေကို ရှောင်ရှားနိုင်တဲ့ အရောင်ဖြစ်ပါတယ်။ အိမ်ရဲ့ နံရံကို အနီရောင် ဒါမှ မဟုတ် ရွှေရောင်၊ ပရိဘောဂပစ္စည်းအစိတ်အပိုင်းတွေမှာလည်း အနီရောင်၊ ရွှေရောင် ဦးစားပေးရွေးချယ်သင့်ပါတယ်။

 

ဒီလိုဆိုရင် အိမ်ရဲ့ ကောင်းမွန်တဲ့ စွမ်းအင်ဓာတ်ကို မြှင့်တင်ပေးရုံသာမက လှပတဲ့ ဇိမ်ခံပြင်ဆင်မှုမှာ ရရှိစေမှာဖြစ်ပါတယ်။

 

 

 

Koi ငါးရေကန်

 

ကံကောင်းစေတဲ့ Koi ငါးကန်တွေ နေအိမ်မှာ ထားရှိခြင်းက ကံကောင်းခြင်းနဲ့ အသက်ရှည်ခြင်းတွေကို ဆောင်ကြဉ်းပေးကြတယ်လို့ ယုံကြည်ကြပါတယ်။ ဒါက နှစ်သစ်ကို အောင်မြင်စွာ စတင်လိုသူတွေအတွက် အထူးသင့်တော်ပါတယ်။ အိမ်ခန်း၊ အလုပ်ခန်း၊ ကိုယ်ပိုင်နေရာတွေမှာ Koi ငါးကန်တွေ ထားရှိမယ်ဆိုရင် ကံကောင်းခြင်းတွေ ဝင်ရောက်လာဖို့ ဖိတ်ခေါ်စေပါလိမ့်မယ်။ အကယ်၍ ငါးကန်ထားဖို့ အဆင်မပြေဘူး ဆိုရင်လည်း ငါးရုပ်ပုံပါတဲ့ 🐠🐠 နံရံကပ် ပန်းချီကား၊ စက္ကူ တို့လည်း ကပ်ထားနိုင်ပါတယ်။ တောက်ပတဲ့ လိမ္မော်ရောင်၊ အပြာရောင်နဲ့ မျက်စိအမြင်ကို ဖမ်းစားနိုင်တဲ့ ရုပ်ပုံဒီဇိုင်းနဲ့ နံရံကပ်တွေက ကောင်းမွန်တဲ့ ကံတရား၊ လာဘ်လာဘတွေကို ဆွဲဆောင်ခေါ်ယူနိုင်ပါတယ်။

 

ဖုန်းရွှေနည်းလမ်းတွေလိုက်နာခြင်း

 

 

တရုတ်ရိုးရာ အိမ်ခြံမြေအဆောင်၊ အယောင် နည်းလမ်းအစီအရင် ဖုန်းရွှေကတော့ ထွေထူးပြောစရာမလိုပါဘူး။ မိမိနေအိမ်ထဲ ကောင်းမွန်တဲ့ဓာတ်စွမ်းအင်တွေ ဝင်ရောက်လာနိုင်ဖို့နဲ့ နေအိမ်မှာ ကြီးပွားတိုးတက်ခြင်း၊ ကျန်းမာရေး လူမှုရေး စီးပွားရေး၊ စသဖြင့် ကိစ္စရပ်အဖြာဖြာအတွက် ကောင်းသောကံတွေ ဖန်တီးဖို့ ရှေးနှစ်တွေ များစွာကတည်းက အသုံးပြုလာခဲ့ကြတာဖြစ်ပါတယ်။ ဖုန်းရွှေရဲ့ အခြေခံနည်းလမ်းတွေက ရုပ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှု၊ သဟဇာတဖြစ်အောင် ဖန်တီးခြင်းကို အခြေခံပေးထားပြီး အဲဒီကနေ ကောင်းသော စွမ်းအင်တွေကို ဖိတ်ခေါ် ဝင်ရောက်လာစေတာဖြစ်ပါတယ်။ ဖုန်းရွှေရဲ့ နည်းလမ်းတွေကို လိုက်နာသိရှိဖို့ဆိုရင်လည်း အရင်အချိန်တွေတုန်းကလို မခက်ခဲတော့ပါဘူး။ အင်တာနက်စာမျက်နှာ၊ မဂ္ဂဇင်း၊ ဝက်ဘ်ဆိုက်တွေမှာ အလွယ်တကူ ဝင်ရောက်ဖတ်ရှုနိုင်သလို ပိုပြီး နက်နက်နဲနဲသိချင်တယ်ဆိုရင်လည်း ဖုန်းရွှေအကြံပြုချက်နဲ့ အိမ်ခြံမြေပညာရှင်တွေနဲ့လည်း ဆွေးနွေးတိုင်ပင်လို့ ရနိုင်ပါတယ်။

 

ယုန်နှစ်မှာ ရေဓာတ်စွမ်းအားနဲ့ ပေါင်းစပ်ပြီး လာဘ်ခေါ်ပါ။

 

အိမ်ရဲ့ အတွင်းခန်းဒီဇိုင်းတွေမှာ ရေဓာတ်ပါတဲ့ 💦💦 ဒြပ်စင်၊ သတ္တုတွေ၊ အသုံးအဆောင်ပစ္စည်း၊ အဖြူရောင်၊ အပြာရောင် ရေလှိုင်းပါတဲ့ ပန်းချီကားတွေ စသဖြင့် ရေနဲ့ပတ်သက်တဲ့ ရေဓာတ်လွှမ်းမိုးစေတဲ့ အပြင်အဆင်ကို ဖန်တီးပါ။ အခင်းတွေနဲ့ နံရံတွေမှာ အပြာရောင်၊ မီးခိုးရောင်နဲ့ တစ်ခါ တစ်လေ အရောင်မရှိတာမျိုးတွေဟာ ရေဓာတ်ကို ဆောင်ပါတယ်။ ရေဓာတ်ဟာ စီးဆင်းတဲ့သဘော၊ အမြင့်ကနေ အောက်ဘက်ကို စီးဆင်းဝင် ရောက်တဲ့သဘော၊ အလှည့်အပြောင်းတွေ ဖြစ်တတ်တဲ့သဘောဖြစ်ကြပါတယ်။ ပုံသဏ္ဍာန်အနေနဲ့ လှိုင်းသဏ္ဍာန်၊ တွန့်လိမ့်မယ်။ ပုံသဏ္ဍာန်မဲ့တာတွေလည်းရှိတတ်ပါတယ်။ အနီးစပ်ဆုံး ရေဓာတ်ပါတဲ့ အသုံး အဆောင်ပစ္စည်းတွေဆို ရေတံခွန်ငယ်လေးတွေ ထားလို့ ရပါတယ်။

 

ဒါက နေအိမ်ခန်းအပြင်အဆင်တွေမှာ ဦးစားပေးရွေးချယ်ကြတဲ့အရာလည်း ဖြစ်ပါတယ်။ ငါးကန်လေးတွေ ထားလို့ ရပါတယ်။ အိမ်မှာဖြစ်ဖြစ်၊ ရုံးခန်း မှာဖြစ်ဖြစ်၊ မိမိ နေထိုင်လိုတဲ့ နေရာတွေမှာ ထားပါ။ အနက်ရောင်ဟာလည်း ရေဓာတ်ကို ကိုယ်စားပြုတယ်လို့ ဖုန်းရွှေနည်းလမ်းတွေမှာရှိပါတယ်။ မီးခိုးရောင်၊ အပြာရင့်ရောင်တွေပါတဲ့ အသုံးအဆာင်ပစ္စည်းတွေနဲ့ ရေ ဓာတ်စွမ်းအင်ကို ဖန်တီးပေးပြီး လာဘ်လာဘတွေ ဖွင့်နိုင်ပါတယ်။

 

ကံကောင်းစေတဲ့ အိမ်အတွင်းအပြင် အပြင်အဆင်

 

 

 

နေအိမ်အတွင်း အိမ်ခန်းအတွင်းအပြင် အပြင်အဆင်တွေက ကံကောင်းခြင်းတွေကို ဖန်တီးနိုင်တယ်ဆိုတာ ကမ္ဘာတစ်လွှားက ဓလေ့မျိုးစုံတို့မှာ လက်ခံယုံကြည်ထားကြပါတယ်။ ကောင်းမွန်တဲ့ စွမ်းအင်ကို အိမ်ထဲစီးဆင်း ဝင်ရောက်စေမယ့် ပတ်ဝန်းကျင်လေး ဖန်တီးပေးဖို့အတွက် အိမ်အတွင်းအပြင်အဆင်လေးတွေမှာ လိုက်နာရမယ့် နည်းလမ်းလေးတွေရှိနေပါတယ်။ အခုနှစ် တရုတ်နှစ်ကူးကာလအတွင်း အကောင်းဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းလေးတွေကတော့ လာဘ်ခေါ်တဲ့ အသုံးအဆောင်လေးတွေ ထားလိုက်ရုံပါပဲ။ ဥပမာ - လိပ်ပြာ 🦋🦋 ဆိုရင် ပြောင်းလဲခြင်းနဲ့ ပြန်လည်မွေးဖွားခြင်းသဘောဆောင်ပါတယ်။ မြင်းခွာဆိုရင် ကံကောင်းခြင်းအတွက်ပါ။ အရွက် ဖတ်လေးခုပါ Clovers အရွက်လေးတွေဆို ကံကောင်းခြင်းအတွက် ဖြစ်ပါတယ်။ ဝါးချောင်းတွေဆိုရင် ကံ ကောင်းခြင်းနမိတ်တွေ ပိုတိုးလာစေဖို့ အတွက်ဖြစ်ပြီး ကျောက်မျက်ရတနာ ခရစ်စတယ်ကျောက် လေး တွေဆိုရင် ချမ်းသာကြွယ်ဝခြင်းတွေကို ဖန်တီးပေးပါတယ်။ အိမ်ရဲ့ အဝင်အဝ၊ အခန်းတွေမှာ ဆား ကြမ်းတွေထားရှိမယ်ဆိုရင်လည်း နေအိမ်အတွင်းနဲ့ ဝင်ရောက်လာမယ့် မကောင်းတဲ့စွမ်းအင်တွေကို စုပ်ယူ ဖယ်ရှားပေးနိုင်ပါတယ်။

 

ကဲ ဒါဆိုရင် iMyanmarHouse.com စာဖတ်ပရိသတ်အတွက် အခုဖော်ပြပေးတဲ့ အိမ်အတွင်းအပြင်အဆင်၊ ဆောင်ရန် ရှောင်ရန် နည်းလမ်းလေးတွေကို လိုက်နာပြီးတော့ တရုတ်နှစ်သစ်ကူးအခါသမယနဲ့ တစ်နှစ်တာ ပတ်လုံး ကံကောင်းခြင်းတွေ ပိုင်ဆိုင်လာနိုင်ကြဖို့ ဆုတောင်းပေးလိုက်ပါတယ်။


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]


တ႐ုတ္ႏွစ္သစ္ ယုန္ႏွစ္မွာ ကံေကာင္းျခင္းေတြရလာဖို႔ အိမ္တြင္းအျပင္အဆင္ေတြ

 

၂၀၂၃ ခုႏွစ္ ဇန္နဝါရီ ၂၂ ရက္က စလို႔ တ႐ုတ္ႏွစ္သစ္ကူး အခါသမယ ယုန္ႏွစ္သစ္ျဖစ္ပါတယ္။ ယုန္ႏွစ္မွာ 🐰🐰 ခ်စ္ၾကည္ရင္းႏွီးမႈ၊ မိသားစုဆက္ဆံေရး၊ သူငယ္ခ်င္းအေပါင္းအသင္းမိတ္ေဆြ၊ လုပ္ေဖာ္ ကိုင္ဖက္ေတြနဲ႔ ေကာင္းမြန္တဲ့ ခ်စ္ခင္ႏွစ္လိုဖြယ္ရာ ဆက္ဆံေရးကို တည္ေဆာက္ပါ။ ၂၀၂၃ ခုႏွစ္ ႏွစ္သစ္၊ တ႐ုတ္ႏွစ္သစ္ကူး ကာလမွာ ေကာင္းမြန္ျခင္းေတြနဲ႔ ကံေကာင္းျခင္းေတြ ရလာဖို႔ဆိုရင္ ေနအိမ္အျပင္ အလွျပင္ဆင္ျခင္းဟာလည္း အထူးလိုအပ္ပါတယ္။ အဲဒါေၾကာင့္မို႔လို႔ စာဖတ္သူေတြအတြက္ ႏွစ္သစ္မွာ ကံေကာင္းျခင္းေတြ ေရာက္လာဖို႔ ေနအိမ္အတြင္းအျပင္အဆင္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္…

 


ကံေကာင္းတဲ့ အေရာင္ေတြနဲ႔ အလွဆင္ပါ။

 

အိမ္မွာ ကံေကာင္းျခင္းေတြ ရလာဖို႔ နည္းလမ္းကေတာ့ ခပ္ေတာက္ေတာက္ အေရာင္၊ ေတာက္ပၿပီး လင္းတဲ့ အေရာင္ေတြနဲ႔ အလွဆင္ျခင္းပါပဲ။ အနီေရာင္❤️❤️ ဟာ တ႐ုတ္ႏွစ္သစ္ကူးကာလ ကံေကာင္းျခင္းနဲ႔ ေပ်ာ္႐ႊင္ျခင္း ေတြကို သေကၤတျပဳၿပီး မေကာင္းတဲ့ နတ္ဆိုး၊ နမိတ္ဆိုးေတြကို ေ႐ွာင္႐ွားႏိုင္တဲ့ အေရာင္ျဖစ္ပါတယ္။ အိမ္ရဲ႕ နံရံကို အနီေရာင္ ဒါမွ မဟုတ္ ေ႐ႊေရာင္၊ ပရိေဘာဂပစၥည္းအစိတ္အပိုင္းေတြမွာလည္း အနီေရာင္၊ ေ႐ႊေရာင္ ဦးစားေပးေ႐ြးခ်ယ္သင့္ပါတယ္။ ဒီလိုဆိုရင္ အိမ္ရဲ႕ ေကာင္းမြန္တဲ့ စြမ္းအင္ဓာတ္ကို ျမႇင့္တင္ေပး႐ုံသာမက လွပတဲ့ ဇိမ္ခံျပင္ဆင္မႈမွာ ရ႐ွိေစမွာျဖစ္ပါတယ္။

 

Koi ငါးေရကန္

 

ကံေကာင္းေစတဲ့ Koi ငါးကန္ေတြ ေနအိမ္မွာ ထား႐ွိျခင္းက ကံေကာင္းျခင္းနဲ႔ အသက္႐ွည္ျခင္းေတြကို ေဆာင္ၾကဥ္းေပးၾကတယ္လို႔ ယုံၾကည္ၾကပါတယ္။ ဒါက ႏွစ္သစ္ကို ေအာင္ျမင္စြာ စတင္လိုသူေတြအတြက္ အထူးသင့္ေတာ္ပါတယ္။ အိမ္ခန္း၊ အလုပ္ခန္း၊ ကိုယ္ပိုင္ေနရာေတြမွာ Koi ငါးကန္ေတြ ထား႐ွိမယ္ဆိုရင္ ကံေကာင္းျခင္းေတြ ဝင္ေရာက္လာဖို႔ ဖိတ္ေခၚေစပါလိမ့္မယ္။ အကယ္၍ ငါးကန္ထားဖို႔ အဆင္မေျပဘူး ဆိုရင္လည္း ငါး႐ုပ္ပုံပါတဲ့ 🐠🐠 နံရံကပ္ ပန္းခ်ီကား၊ စကၠဴ တို႔လည္း ကပ္ထားႏိုင္ပါတယ္။ ေတာက္ပတဲ့ လိေမၼာ္ေရာင္၊ အျပာေရာင္နဲ႔ မ်က္စိအျမင္ကို ဖမ္းစားႏိုင္တဲ့ ႐ုပ္ပုံဒီဇိုင္းနဲ႔ နံရံကပ္ေတြက ေကာင္းမြန္တဲ့ ကံတရား၊ လာဘ္လာဘေတြကို ဆြဲေဆာင္ေခၚယူႏိုင္ပါတယ္။

 

ဖုန္းေ႐ႊနည္းလမ္းေတြလိုက္နာျခင္း

 

တ႐ုတ္႐ိုးရာ အိမ္ျခံေျမအေဆာင္၊ အေယာင္ နည္းလမ္းအစီအရင္ ဖုန္းေ႐ႊကေတာ့ ေထြထူးေျပာစရာမလိုပါဘူး။ မိမိေနအိမ္ထဲ ေကာင္းမြန္တဲ့ဓာတ္စြမ္းအင္ေတြ ဝင္ေရာက္လာႏိုင္ဖို႔နဲ႔ ေနအိမ္မွာ ႀကီးပြားတိုးတက္ျခင္း၊ က်န္းမာေရး လူမႈေရး စီးပြားေရး၊ စသျဖင့္ ကိစၥရပ္အျဖာျဖာအတြက္ ေကာင္းေသာကံေတြ ဖန္တီးဖို႔ ေ႐ွးႏွစ္ေတြ မ်ားစြာကတည္းက အသုံးျပဳလာခဲ့ၾကတာျဖစ္ပါတယ္။ ဖုန္းေ႐ႊရဲ႕ အေျခခံနည္းလမ္းေတြက ႐ုပ္ပိုင္းဆိုင္ရာ ဟန္ခ်က္ညီမႈ၊ သဟဇာတျဖစ္ေအာင္ ဖန္တီးျခင္းကို အေျခခံေပးထားၿပီး အဲဒီကေန ေကာင္းေသာ စြမ္းအင္ေတြကို ဖိတ္ေခၚ ဝင္ေရာက္လာေစတာျဖစ္ပါတယ္။ ဖုန္းေ႐ႊရဲ႕ နည္းလမ္းေတြကို လိုက္နာသိ႐ွိဖို႔ဆိုရင္လည္း အရင္အခ်ိန္ေတြတုန္းကလို မခက္ခဲေတာ့ပါဘူး။ အင္တာနက္စာမ်က္ႏွာ၊ မဂၢဇင္း၊ ဝက္ဘ္ဆိုက္ေတြမွာ အလြယ္တကူ ဝင္ေရာက္ဖတ္႐ႈႏိုင္သလို ပိုၿပီး နက္နက္နဲနဲသိခ်င္တယ္ဆိုရင္လည္း ဖုန္းေ႐ႊအၾကံျပဳခ်က္နဲ႔ အိမ္ျခံေျမပညာ႐ွင္ေတြနဲ႔လည္း ေဆြးေႏြးတိုင္ပင္လို႔ ရႏိုင္ပါတယ္။

 

ယုန္ႏွစ္မွာ ေရဓာတ္စြမ္းအားနဲ႔ ေပါင္းစပ္ၿပီး လာဘ္ေခၚပါ။

 

အိမ္ရဲ႕ အတြင္းခန္းဒီဇိုင္းေတြမွာ ေရဓာတ္ပါတဲ့ 💦💦 ျဒပ္စင္၊ သတၱဳေတြ၊ အသုံးအေဆာင္ပစၥည္း၊ အျဖဴေရာင္၊ အျပာေရာင္ ေရလိႈင္းပါတဲ့ ပန္းခ်ီကားေတြ စသျဖင့္ ေရနဲ႔ပတ္သက္တဲ့ ေရဓာတ္လႊမ္းမိုးေစတဲ့ အျပင္အဆင္ကို ဖန္တီးပါ။ အခင္းေတြနဲ႔ နံရံေတြမွာ အျပာေရာင္၊ မီးခိုးေရာင္နဲ႔ တစ္ခါ တစ္ေလ အေရာင္မ႐ွိတာမ်ိဳးေတြဟာ ေရဓာတ္ကို ေဆာင္ပါတယ္။ ေရဓာတ္ဟာ စီးဆင္းတဲ့သေဘာ၊ အျမင့္ကေန ေအာက္ဘက္ကို စီးဆင္းဝင္ ေရာက္တဲ့သေဘာ၊ အလွည့္အေျပာင္းေတြ ျဖစ္တတ္တဲ့သေဘာျဖစ္ၾကပါတယ္။ ပုံသ႑ာန္အေနနဲ႔ လိႈင္းသ႑ာန္၊ တြန္႔လိမ့္မယ္။ ပုံသ႑ာန္မဲ့တာေတြလည္း႐ွိတတ္ပါတယ္။ အနီးစပ္ဆုံး ေရဓာတ္ပါတဲ့ အသုံး အေဆာင္ပစၥည္းေတြဆို ေရတံခြန္ငယ္ေလးေတြ ထားလို႔ ရပါတယ္။ ဒါက ေနအိမ္ခန္းအျပင္အဆင္ေတြမွာ ဦးစားေပးေ႐ြးခ်ယ္ၾကတဲ့အရာလည္း ျဖစ္ပါတယ္။ ငါးကန္ေလးေတြ ထားလို႔ ရပါတယ္။ အိမ္မွာျဖစ္ျဖစ္၊ ႐ုံးခန္း မွာျဖစ္ျဖစ္၊ မိမိ ေနထိုင္လိုတဲ့ ေနရာေတြမွာ ထားပါ။ အနက္ေရာင္ဟာလည္း ေရဓာတ္ကို ကိုယ္စားျပဳတယ္လို႔ ဖုန္းေ႐ႊနည္းလမ္းေတြမွာ႐ွိပါတယ္။ မီးခိုးေရာင္၊ အျပာရင့္ေရာင္ေတြပါတဲ့ အသုံးအဆာင္ပစၥည္းေတြနဲ႔ ေရ ဓာတ္စြမ္းအင္ကို ဖန္တီးေပးၿပီး လာဘ္လာဘေတြ ဖြင့္ႏိုင္ပါတယ္။

 

ကံေကာင္းေစတဲ့ အိမ္အတြင္းအျပင္ အျပင္အဆင္

 

ေနအိမ္အတြင္း အိမ္ခန္းအတြင္းအျပင္ အျပင္အဆင္ေတြက ကံေကာင္းျခင္းေတြကို ဖန္တီးႏိုင္တယ္ဆိုတာ ကမ႓ာတစ္လႊားက ဓေလ့မ်ိဳးစုံတို႔မွာ လက္ခံယုံၾကည္ထားၾကပါတယ္။ ေကာင္းမြန္တဲ့ စြမ္းအင္ကို အိမ္ထဲစီးဆင္း ဝင္ေရာက္ေစမယ့္ ပတ္ဝန္းက်င္ေလး ဖန္တီးေပးဖို႔အတြက္ အိမ္အတြင္းအျပင္အဆင္ေလးေတြမွာ လိုက္နာရမယ့္ နည္းလမ္းေလးေတြ႐ွိေနပါတယ္။ အခုႏွစ္ တ႐ုတ္ႏွစ္ကူးကာလအတြင္း အေကာင္းဆုံးနဲ႔ အလြယ္ကူဆုံး နည္းလမ္းေလးေတြကေတာ့ လာဘ္ေခၚတဲ့ အသုံးအေဆာင္ေလးေတြ ထားလိုက္႐ုံပါပဲ။ ဥပမာ - လိပ္ျပာ 🦋🦋 ဆိုရင္ ေျပာင္းလဲျခင္းနဲ႔ ျပန္လည္ေမြးဖြားျခင္းသေဘာေဆာင္ပါတယ္။ ျမင္းခြာဆိုရင္ ကံေကာင္းျခင္းအတြက္ပါ။ အ႐ြက္ ဖတ္ေလးခုပါ Clovers အ႐ြက္ေလးေတြဆို ကံေကာင္းျခင္းအတြက္ ျဖစ္ပါတယ္။ ဝါးေခ်ာင္းေတြဆိုရင္ ကံ ေကာင္းျခင္းနမိတ္ေတြ ပိုတိုးလာေစဖို႔ အတြက္ျဖစ္ၿပီး ေက်ာက္မ်က္ရတနာ ခရစ္စတယ္ေက်ာက္ ေလး ေတြဆိုရင္ ခ်မ္းသာႂကြယ္ဝျခင္းေတြကို ဖန္တီးေပးပါတယ္။ အိမ္ရဲ႕ အဝင္အဝ၊ အခန္းေတြမွာ ဆား ၾကမ္းေတြထား႐ွိမယ္ဆိုရင္လည္း ေနအိမ္အတြင္းနဲ႔ ဝင္ေရာက္လာမယ့္ မေကာင္းတဲ့စြမ္းအင္ေတြကို စုပ္ယူ ဖယ္႐ွားေပးႏိုင္ပါတယ္။

 

ကဲ ဒါဆိုရင္ iMyanmarHouse.com စာဖတ္ပရိသတ္အတြက္ အခုေဖာ္ျပေပးတဲ့ အိမ္အတြင္းအျပင္အဆင္၊ ေဆာင္ရန္ ေ႐ွာင္ရန္ နည္းလမ္းေလးေတြကို လိုက္နာၿပီးေတာ့ တ႐ုတ္ႏွစ္သစ္ကူးအခါသမယနဲ႔ တစ္ႏွစ္တာ ပတ္လုံး ကံေကာင္းျခင္းေတြ ပိုင္ဆိုင္လာႏိုင္ၾကဖို႔ ဆုေတာင္းေပးလိုက္ပါတယ္။


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Subscribe For Property News

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)