723 Views

ဧရာမဘီဒိုကြီးကိုသင့်ရဲ့အိမ်ပတ်ဝန်းကျင်အသစ်အဖြစ် ပြောင်းလဲလိုက်ကြရအောင်

ငြီးငွေ့တဲ့ အိမ်အပြင်အဆင် ပတ်ဝန်းကျင်မှာနေထိုင်ရလို့ စိတ်ညည်းညူနေ ပြီလား။ အခန်းအဖွဲ့အသစ်တစ်ခု၊ အမြင်သစ်တစ်ခု၊ ပတ်ဝန်းကျင်အသစ်တစ်ခုမှာ ပြောင်းလဲပြီး နေထိုင်ချင်ပြီလား။ ထိုသို့ စိတ်ကူးထားပေမယ့် သင့်ရဲ့ ဝင်ငွေနဲ့လက်ကျန်အသုံးစရိတ်တွေက အိမ်သစ်တစ်လုံးဝယ်ယူဖို့ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုမှာပဲ ရှိနေတယ်ဆိုပါစို့။

ဒီလိုမျိုးဆိုရင် သင့်စိတ်ကူးက ဘယ်လိုလုပ်အကောင်အထည်ဖော်လို့ရနိုင် တော့မှာလဲ။ ဒီ့အတွက် စိတ်ပူဖို့မလိုပါဘူး။ ကုန်ကျစရိတ်လည်းသက်သာမယ်။ နေရာထိုင်ခင်းအသစ်၊ ပတ်ဝန်းကျင်အသစ်တစ်ခုကိုလည်း ရနိုင်မယ့် အပြင်အဆင်နည်းလမ်းလေးကို ဖော်ပြပေးပါရစေ။

အရှင်းဆုံးပြောရရင် ဧရာမဘီဒိုကြီးတစ်လုံးပုံစံ တည်ဆောက်ထားတဲ့ ကိုယ်ထည်ကြီးတစ်ခုပဲလိုပါတယ်။ ဒါက သင့်ရဲ့ အိမ်သစ်တစ်လုံးဖြစ်လာမှာပါ။

အံဆွဲ အကန့်တွေခွဲထားသလိုမျိုး အဲ့ဒီဘီဒိုကြီးကို အကန့်ခွဲလိုက်ပါ။ ခန့်မြင့်မြင့် ကိုယ်ထည်မှာအပေါ်ထပ် အောက်ထပ်ပုံစံ အကန့်တွေခွဲလိုက်နိုင်ပါတယ်။

တစ်ကန့်ချင်းစီမှာ သင်အသုံးပြုနေကျ အခန်းတွေခွဲကန့်လို့ရပါတယ်။

ပုံပါအတိုင်း အပေါ်ထပ်လျှောတံခါးကို ဖွင့်လိုက်ရင် သင့်အိပ်ခန်း၊ အောက်ထပ်ဆင်းမယ့် လှေကားကို သင့်ရဲ့စာအုပ်စင်လုပ်နိုင်ပါတယ်။

နောက် အိပ်ခန်းအောက်က အကန့်ကိုဆွဲဖွင့်လိုက်ရင် တန်းတွေနဲ့အဝတ်ဘီဒို၊ နောက် ဘေးအံ့ဆွဲတစ်လုံးက သင့်ရဲ့ထမင်းစားဝိုင်း၊ နောက်ထောင့်ဖက်အစွန်ဆုံး တံခါးဖွင့်လိုက်ရင်တော့ ရေချိုးခန်း၊ အိမ်သာ စသဖြင့် တစ်ကိုယ်ရေးသုံး အိမ်ခန်းသစ်တစ်ခုကို ဖွဲ့နိုင်မှာပါ။

ဒါပေမယ့် အဲ့ဒီအခန်းတွေများစွာဖွဲ့ ထားတဲ့ ဧရာမဘီဒိုကြီးကို သင့်အိမ်ရဲ့နေထိုင်လို့ အကောင်းဆုံးဖြစ်မယ့်နေရာ ကိုရွေးချယ်ပြီး ထားတတ်ဖို့တော့လိုတာပေါ့။ ဒါမှလည်း သင့်အတွက် ပသာဒ ဖြစ်မယ့် နေရာထိုင်ခင်းအသစ်ကို ပီပီပြင်ပြင် ပြောင်းလဲခံစားနိုင်မှာပါ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)