[Zawgyi]
အိပ္ခန္း၊ ဧည့္ခန္း၊ ေရခ်ိဳးခန္း စတဲ့ ေနအိမ္အတြင္း ဘယ္ေနရာမွာပဲျဖစ္ျဖစ္ ခ်စ္စဖြယ္ လိုက္ကာေတြနဲ႔ ဆန္းရွိတ္ေတြဟာ ပရိေဘာဂေတြနည္းတူ အခန္းတစ္ခန္းရဲ႕ ဒီဇိုင္းကို အမ်ားႀကီးရသေျပာင္းလဲေပးႏိုင္စြမ္းရွိၾကပါတယ္။
အခန္းတစ္ခန္းအတြက္ ခ်စ္စဖြယ္လိုက္ကာေတြက ေဆာင္ၾကဥ္းေပးမယ့္ အရာေတြကေတာ့ သက္ေသာင့္သက္သာ ရွိတယ္ဆိုတဲ့ ခံစားခ်က္နဲ႔ ခမ္းနားထည္ဝါမႈဆိုတဲ့ ခံစားခ်က္ေတြကို ျဖည့္စြက္ေပးမွာပါ။
ခ်စ္စဖြယ္လိုက္ကာေတြနဲ႔ ဆန္းရွိတ္ေတြကလည္း အေရာင္အေသြးအမ်ိဳးစံု၊ ဒီဇိုင္းအမ်ိဳးစံုရႏိုင္လို႔ အလွဆင္ပံုေတြ ေပၚမူတည္ၿပီး ကြဲျပားတဲ့ ရသမ်ိဳးစံုကို ခံစားရမွာျဖစ္ပါတယ္။
Centre Stage
Centre Stage လို႔ေခၚတဲ့ လိုက္ကာ အလွဆင္နည္းမွာေတာ့ GP& J Baker ကုမၸဏီထုတ္ Deniz လီနင္သား (သို႔မဟုတ္) ဝါဂြမ္းသားကို သံုးထားပါတယ္။
ေပါက္ေဈးက တစ္ကိုက္ကို ၁၁၅ ေပါင္ (ျမန္မာေငြ ၂ သိန္းဝန္းက်င္) ေလာက္ ေပးရမွာပါ။
လိုက္ကာတပ္ဖို႔ ထိပ္ပိုင္းေနရာ ကိုေတာ့ Standard နည္းလမ္းျဖစ္တဲ့
Pencil Pleat နည္းစနစ္ကို သံုးထားတယ္။
လိုက္ကာႏွစ္ခုနဲ႔အတူ ေရာမ ယင္းလိပ္တစ္ခုကိုလည္း ေပါင္းစပ္ေပး ထားေတာ့ ထူးျခားတဲ့အလွတစ္မ်ိဳး ထြက္လာေစပါတယ္။
Dark Blue Blinds
ဒီပံုမွာေတြ႔ရတာကေတာ့ လန္ဒန္ မွာရွိတဲ့ အခန္းတစ္ခန္းကို dark blue blinds နည္းစနစ္နဲ႔ အလွဆင္ထားတဲ့ပံုေလး။
ပံုမွန္ထက္ ႏွစ္ဆေလာက္ျမင့္မားတဲ့ ျပတင္းေပါက္ေတြရဲ႕အနားမွာ စားပြဲတစ္ လံုးခ်ထားမယ္။
ဒါက အျပာရင့္ေရာင္ေနကာ (blinds) ေတြနဲ႔ အရမ္းလိုက္ဖက္တဲ့ ေနရာ ခ်ထားမႈနည္းစနစ္ေလးပါ။
ACCESSORIES အေနနဲ႔က တ႐ုတ္ေၾကြပန္းအိုး ၂ လံုးနဲ႔ ဆြမ္းအုပ္တစ္ လံုး သံုးထားပါတယ္။
စားပြဲေဘးမွာေတာ့ အခန္းတြင္း ျဖစ္လို႔ အိမ္တြင္းအလွဆင္ ပန္းပင္ေတြသံုးရမွာ ျဖစ္ေပမယ့္ ျပတင္းေပါက္နားမွာ အလင္းေရာင္ ရတာေၾကာင့္ အိမ္အျပင္မွာ အလွဆင္တဲ့အပင္ ႏွစ္မ်ိဳး၊ သံုးမ်ိဳးေလာက္ စိုက္ေပးထားလို႔ ရပါတယ္။
Bold orange & White wool curtain
ဒီဇိုင္းကေတာ့ ဂါဘီဒီးမင္းရဲ႕ သႏၱာေရာင္ကဲထားတဲ့ ဒီဇိုင္းေလးပါ။
အျဖဴေရာင္ သိုးေမႊးစေအာက္ခံမွာ နာမည္ေက်ာ္ အႏုပညာရွင္ မာတိစီရဲ႕ paper cuts ဒီဇိုင္းလိေမၼာ္ေရာင္ေလးေတြ နဲ႔ အလွဆင္ေပးထားတယ္။
နံရံမွာကေတာ့ Blithfield & Company ထုတ္ Cornstocks အမ်ိဳးအစား ဆင္စြယ္ေရာင္ နံရံကပ္စကၠဴလွလွေလး ကပ္ထားေပးပါတယ္။
ဒီနံရံကပ္အလွစကၠဴ ၁၀ မီတာ တစ္လိပ္ကို ၆၄ ေပါင္ (ျမန္မာေငြ ၁၁၀ဝ၀ဝ ဝန္းက်င္) ေပါက္ေဈးရွိပါတယ္။
သိုးေမြးလိုက္ကာစကေတာ့ တစ္ ကိုက္ကို ၇၅ ေပါင္ (ျမန္မာေငြ ၁၃၀ဝ၀ဝ ဝန္းက်င္) ေဈးေပါက္တယ္။
ပရိေဘာဂ အစိမ္းေရာင္ေဆးသုတ္ ထားတဲ့ သစ္သားကုလားထိုင္က Koji Katsuragi ကုမၸဏီထုတ္ L02 ေမာ္ဒယ္ ျဖစ္ၿပီး ေဈးႏႈန္းကေတာ့ ၅၇၈ ေပါင္ (ျမန္မာ ေငြ ၁၀ သိန္းနီးပါး) ေဈးႏႈန္းရွိပါတယ္။
အဲဒီအသံုးအေဆာင္ေတြနဲ႔ တြဲဖက္ သံုးဖို႔အေနနဲ႔ Muskhane ကုမၸဏီထုတ္ e14 ေမာ္ဒယ္ဖလား တစ္လံုးကို ကုလားထိုင္ေပၚမွာ အလွဆင္ေပးထားတာ ေတြ႔ရပါတယ္။
Patterned Bedroom Curtains
အခု ခ်စ္စဖြယ္ခန္းဆီးလိုက္ကာဒီဇိုင္းေလးကေတာ့ စနစ္တက်ပံုေဖာ္ထားတဲ့ လိုက္ကာဟန္ပါ။
အေမရိကန္ျပည္ေထာင္စုက ပန္းခ်ီပညာရွင္ အန္နီ မာစီရဲ႕ ပင္မအိပ္ခန္းမွာ အလွဆင္ထားပံုျဖစ္ပါတယ္။
Penny Morrison ukrÜPDxkwf Haveli လီနင္စကို သံုးထားျပီး အေရာင္ကေတာ့ အန္နီအၾကိဳက္ဆံုး ပန္းေသြးေရာင္ ေလးပါ။
အခုေနအိမ္တည္ရွိတဲ့ေနရာကေတာ့ အေမရိကန္ျပည္ေထာင္စု၊ ဗာဂ်ီးနီးယားျပည္နယ္မွာျဖစ္ျပီး ၁၇၅၈ ခုႏွစ္က ေဆာက္ခဲ့တာေပါ့။ အန္နီဝယ္လိုက္တာကေတာ့ ၁၉၈၈ တုန္းကပါ။
Glorious Tradition
အိမ္တြင္း အလွဆင္ပညာရွင္ ေကာလင္း ဩခတ္က ခန္းဆီးလိုက္ကာေတြနဲ႔ပတ္သက္ရင္ စည္းစနစ္အရမ္းၾကီးတဲ့သူပါ။
အခုပံုမွာေတြ႔ရတာကေတာ့ နယူးဇီလန္မွာရွိတဲ့ အိမ္ခန္းကို အလွဆင္ထားတာပဲ ျဖစ္ပါတယ္။
လန္ဒန္မွာ လိုက္ကာပညာကို စနစ္တက်ေလ့လာခဲ့တဲ့ ခန္းဆီးလိုက္ကာပညာရွင္ကို ေအာ့က္လန္းမွာ ေကာလင္းက မရရေအာင္ရွာျပီး ဒီအခန္းကို ပံုေဖာ္ခဲ့တာပါ။ လိုက္ကာစေတြက Colefax & Fowler ကုမၸဏီက ထုတ္ထားတာျဖစ္ပါတယ္။ လိုက္ကာထိပ္မွာ ဇာတြန္႔ပန္းပြားေလးေတြနဲ႔ အလွဆင္ေပးထားတာလဲ ေတြ႔ရမွာပါ။
အိအိေအးေအာင္ မွ iMyanmarHouse.com Property Magazine အတြက္ အထူးေရးသားေဖာ္ျပသည္။
[Unicode]
ချစ်စဖွယ် ခန်းဆီးလိုက်ကာတွေက သင့်အခန်းရဲ့အလှကို အယဉ်ဆင့်စေမှာပါ
အိပ်ခန်း၊ ဧည့်ခန်း၊ ရေချိုးခန်း စတဲ့ နေအိမ်အတွင်း ဘယ်နေရာမှာပဲဖြစ်ဖြစ် ချစ်စဖွယ် လိုက်ကာတွေနဲ့ ဆန်းရှိတ်တွေဟာ ပရိဘောဂတွေနည်းတူ အခန်းတစ်ခန်းရဲ့ ဒီဇိုင်းကို အများကြီးရသပြောင်းလဲပေးနိုင်စွမ်းရှိကြပါတယ်။
အခန်းတစ်ခန်းအတွက် ချစ်စဖွယ်လိုက်ကာတွေက ဆောင်ကြဉ်းပေးမယ့် အရာတွေကတော့ သက်သောင့်သက်သာ ရှိတယ်ဆိုတဲ့ ခံစားချက်နဲ့ ခမ်းနားထည်ဝါမှုဆိုတဲ့ ခံစားချက်တွေကို ဖြည့်စွက်ပေးမှာပါ။
ချစ်စဖွယ်လိုက်ကာတွေနဲ့ ဆန်းရှိတ်တွေကလည်း အရောင်အသွေးအမျိုးစုံ၊ ဒီဇိုင်းအမျိုးစုံရနိုင်လို့ အလှဆင်ပုံတွေ ပေါ်မူတည်ပြီး ကွဲပြားတဲ့ ရသမျိုးစုံကို ခံစားရမှာဖြစ်ပါတယ်။
Centre Stage
Centre Stage လို့ခေါ်တဲ့ လိုက်ကာ အလှဆင်နည်းမှာတော့ GP& J Baker ကုမ္ပဏီထုတ် Deniz လီနင်သား (သို့မဟုတ်) ဝါဂွမ်းသားကို သုံးထားပါတယ်။
ပေါက်ဈေးက တစ်ကိုက်ကို ၁၁၅ ပေါင် (မြန်မာငွေ ၂ သိန်းဝန်းကျင်) လောက် ပေးရမှာပါ။
လိုက်ကာတပ်ဖို့ ထိပ်ပိုင်းနေရာ ကိုတော့ Standard နည်းလမ်းဖြစ်တဲ့ Pencil Pleat နည်းစနစ်ကို သုံးထားတယ်။
လိုက်ကာနှစ်ခုနဲ့အတူ ရောမ ယင်းလိပ်တစ်ခုကိုလည်း ပေါင်းစပ်ပေး ထားတော့ ထူးခြားတဲ့အလှတစ်မျိုး ထွက်လာစေပါတယ်။
Dark Blue Blinds
ဒီပုံမှာတွေ့ရတာကတော့ လန်ဒန် မှာရှိတဲ့ အခန်းတစ်ခန်းကို dark blue blinds နည်းစနစ်နဲ့ အလှဆင်ထားတဲ့ပုံလေး။
ပုံမှန်ထက် နှစ်ဆလောက်မြင့်မားတဲ့ ပြတင်းပေါက်တွေရဲ့အနားမှာ စားပွဲတစ် လုံးချထားမယ်။
ဒါက အပြာရင့်ရောင်နေကာ (blinds) တွေနဲ့ အရမ်းလိုက်ဖက်တဲ့ နေရာ ချထားမှုနည်းစနစ်လေးပါ။
ACCESSORIES အနေနဲ့က တရုတ်ကြွေပန်းအိုး ၂ လုံးနဲ့ ဆွမ်းအုပ်တစ် လုံး သုံးထားပါတယ်။
စားပွဲဘေးမှာတော့ အခန်းတွင်း ဖြစ်လို့ အိမ်တွင်းအလှဆင် ပန်းပင်တွေသုံးရမှာ ဖြစ်ပေမယ့် ပြတင်းပေါက်နားမှာ အလင်းရောင် ရတာ
ကြောင့် အိမ်အပြင်မှာ အလှဆင်တဲ့အပင် နှစ်မျိုး၊ သုံးမျိုးလောက် စိုက်ပေးထားလို့ ရပါတယ်။
Bold orange & White wool curtain
ဒီဇိုင်းကတော့ ဂါဘီဒီးမင်းရဲ့ သန္တာရောင်ကဲထားတဲ့ ဒီဇိုင်းလေးပါ။
အဖြူရောင် သိုးမွှေးစအောက်ခံမှာ နာမည်ကျော် အနုပညာရှင် မာတိစီရဲ့ paper cuts ဒီဇိုင်းလိမ္မော်ရောင်လေးတွေ နဲ့ အလှဆင်ပေးထားတယ်။
နံရံမှာကတော့ Blithfield & Company ထုတ် Cornstocks အမျိုးအစား ဆင်စွယ်ရောင် နံရံကပ်စက္ကူလှလှလေး ကပ်ထားပေးပါတယ်။
ဒီနံရံကပ်အလှစက္ကူ ၁၀ မီတာ တစ်လိပ်ကို ၆၄ ပေါင် (မြန်မာငွေ ၁၁၀ဝဝဝ ဝန်းကျင်) ပေါက်ဈေးရှိပါတယ်။
သိုးမွေးလိုက်ကာစကတော့ တစ် ကိုက်ကို ၇၅ ပေါင် (မြန်မာငွေ ၁၃၀ဝဝဝ ဝန်းကျင်) ဈေးပေါက်တယ်။
ပရိဘောဂ အစိမ်းရောင်ဆေးသုတ် ထားတဲ့ သစ်သားကုလားထိုင်က Koji Katsuragi ကုမ္ပဏီထုတ် L02 မော်ဒယ် ဖြစ်ပြီး ဈေးနှုန်းကတော့ ၅၇၈ ပေါင် (မြန်မာ ငွေ ၁၀ သိန်းနီးပါး) ဈေးနှုန်းရှိပါတယ်။
အဲဒီအသုံးအဆောင်တွေနဲ့ တွဲဖက် သုံးဖို့အနေနဲ့ Muskhane ကုမ္ပဏီထုတ် e14 မော်ဒယ်ဖလား တစ်လုံးကို ကုလားထိုင်ပေါ်မှာ အလှဆင်ပေးထားတာ တွေ့ရပါတယ်။
Patterned Bedroom Curtains
အခု ချစ်စဖွယ်ခန်းဆီးလိုက်ကာဒီဇိုင်းလေးကတော့ စနစ်တကျပုံဖော်ထားတဲ့ လိုက်ကာဟန်ပါ။
အမေရိကန်ပြည်ထောင်စုက ပန်းချီပညာရှင် အန်နီ မာစီရဲ့ ပင်မအိပ်ခန်းမှာ အလှဆင်ထားပုံဖြစ်ပါတယ်။
Penny Morrison ukrÜPDxkwf Haveli လီနင်စကို သုံးထားပြီး အရောင်ကတော့ အန်နီအကြိုက်ဆုံး ပန်းသွေးရောင် လေးပါ။
အခုနေအိမ်တည်ရှိတဲ့နေရာကတော့ အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်မှာဖြစ်ပြီး ၁၇၅၈ ခုနှစ်က ဆောက်ခဲ့တာပေါ့။ အန်နီဝယ်လိုက်တာကတော့ ၁၉၈၈ တုန်းကပါ။
Glorious Tradition
အိမ်တွင်း အလှဆင်ပညာရှင် ကောလင်း ဩခတ်က ခန်းဆီးလိုက်ကာတွေနဲ့ပတ်သက်ရင် စည်းစနစ်အရမ်းကြီးတဲ့သူပါ။
အခုပုံမှာတွေ့ရတာကတော့ နယူးဇီလန်မှာရှိတဲ့ အိမ်ခန်းကို အလှဆင်ထားတာပဲ ဖြစ်ပါတယ်။
လန်ဒန်မှာ လိုက်ကာပညာကို စနစ်တကျလေ့လာခဲ့တဲ့ ခန်းဆီးလိုက်ကာပညာရှင်ကို အော့က်လန်းမှာ ကောလင်းက မရရအောင်ရှာပြီး ဒီအခန်းကို ပုံဖော်ခဲ့တာပါ။ လိုက်ကာစတွေက Colefax & Fowler ကုမ္ပဏီက ထုတ်ထားတာဖြစ်ပါတယ်။ လိုက်ကာထိပ်မှာ ဇာတွန့်ပန်းပွားလေးတွေနဲ့ အလှဆင်ပေးထားတာလဲ တွေ့ရမှာပါ။
အိအိအေးအောင် မှ iMyanmarHouse.com Property Magazine အတွက် အထူးရေးသားဖော်ပြသည်။