1607 Views

စွဲဆောင်မှုရှိပြီး ထူးခြားတဲ့ နံရံကပ်စင်လေးတွေ ပြုလုပ် တတ်ဖို့ နည်းလမ်း…


လှပပြီး သပ်သပ်ရပ်ရပ်နဲ့ ပြုလုပ်ထားတဲ့ စင်ကလေးတွေ စွဲဆောင်မှုရှိတဲ့ အိမ်အလှဆင်ပစ္စည်းလေးတွေလည်း ဖြစ်တဲ့ အပြင်ကို အသုံးတည့်နိုင်မယ့် အိမ်အလှဆင်လေးတွေလည်း ဖြစ်မှာပါ။

ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ စင်တန်းကလေးတွေ ပြုလုပ် နိုင်သလို ယခုတစ်ကြိမ်ဖော်ပြမယ့် စင်လေးတွေ ပြုလုပ်နည်း ကတော့ ထူးထူးခြားခြားနဲ့ အနားထောင့် ခြောက်နား ဆဌဂံ အကွက်ကလေးတွေနဲ့ ပြုလုပ်ထားတဲ့ ချစ်စရာစင်ကလေး တွေ ပြုလုပ်ပုံဖော်နည်းကို ဖော်ပြပေးလိုက်ပါတယ်….



၁။ သာမန်အတိုင်း တန်းကလေးတွေမဟုတ်တဲ့ အကွယ်ငယ် ကလေးတွေက ပိုပြီးတော့ ထူးထူးခြားခြားနဲ့စွဲဆောင်မှုရှိနိုင် ပါတယ်။

သစ်သား၊ ဖော်မီကာ၊ သတ္တုပြားလေးတွေနဲ့ ပုံဖော် ထားတဲ့ အကွက်ကလေးတွေတစ်ခု တစ်ခုချင်းစီကို နံရံပေါ် မှာ ကပ်ပေးပါ။ တစ်ခုချင်းစီဖြစ်စေ၊ နှစ်ခုကနေ ငါးခုထိဖြစ်စေ မိမိစိတ်ကြိုက်အကွက်ကလေးတွေကို ထားရှိပြင်ဆင်နိုင်ပါ တယ်။



၂။ ဆေးရောင်စုံလေးတွေနဲ့ အကွက်ကလေးတွေကို ပြင်ဆင် ပါ။ ရောင်စုံ ဆေးခြယ်ထားတဲ့ ဆဌဂံအကွက်ငယ်လေးတွေ က နံရံလေးတွေမှာ အလှဆင်ထားသလို လှပနိုင်ပါတယ်။

ပန်းအိုး၊ အလှဆင်ပစ္စည်းလေးတွေ တင်ထားပြင်ဆင်လို့ရနိုင် အောင် အလျား၊အရှည်တို့ အထူအပါးတို့ကို တည်ဆောက် ပေးပြီးတော့ ပြင်ဆင်နိုင်ပါတယ်။


၃။ အခန်းနံရံလေးတွေနဲ့ လိုက်ဖက်ညီတဲ့ စင်ကလေးတွေ ပြုလုပ်နိုင်ပါတယ်။ သစ်သားဘောင်လေးတွေကွပ်ထားတဲ့ အကွက်ငယ်ကလေးတွေက ပြတင်းပေါက်နားဘောင်လေး တွေ၊ နားနေဆောင် အခန်းငယ်လေးတွေမှာ ပန်းပင်အိုး လေးတွေ စိုက်ပျိုးပြီးတော့ ပြင်ဆင်ဖို့အတွက် အကောင်းဆုံး ဖြစ်ပါတယ်။


၎။ ဧည့်ခန်းမနဲ့ အခန်းကျယ်ကြီးမှာဆိုရင်တော့ နံရံကျယ် ကျယ်ဖြစ်တာမို့ အကွက်ကလေးတွေ အများအပြားနဲ့ မိမိလို အပ်သလို ဒီဇိုင်းဖော်ပြင်ဆင်နိုင်ပါတယ်။

စာအုပ်ကလေးတွေ၊ ဓာတ်ပုံမှန်ဘောင်၊ အရုပ်ငယ်လေးတွေ၊ အလှဆင်ပစ္စည်း လေးတွေ အစရှိသဖြင့်တို့ကိုလည်း တင်ပြီးတော့ ပြင်ဆင်နိုင် ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)