592 Views

အိမ်တွင်းက တီဗွီ၊ ရုပ်မြင်သံကြား စင်ကလေးတွေကို ဘယ်လိုမျိုး စွဲဆောင်မှုရှိပြီး လှပအောင် ပြင်ဆင်ကြမလဲ…..

ငွေကြေးကြွယ်ဝချမ်းသာလျှင်ဖြင့် လောကကြီးက အဆင့်မြင့် ဇိမ်ခံပစ္စည်းတွေနဲ့ ဇိမ်ကျကျနေချင်စရာ နတ်ပြည်အလားပါပဲ။ သင့်မိသားစုကို အဆင့်အတန်းမြင့်မြင့်နဲ့ အထက်တန်းကျကျ နေထိုင်နိုင်ဖို့အတွက်အိမ်တွင်းအလှဆင်ပစ္စည်းတွေက ဈေးကွက် ထဲမှာ အမျိုးအစားကို အစုံအလင်ပါပဲ။

အိမ်ဦးဧည့်ခန်းထဲက မိသားစုတွေအပန်းဖြေကြည့်ရှုနိုင်ဖို့အတွက် ထားရှိထားတဲ့ တီဗွီဖန်သားပြင်နေရာအတွက် သင့်စိတ်ကူးအပြင် တခြားဆန်းကြယ်ပြီး ခမ်းနားတဲ့ စိတ်ကူးဒီဇိုင်းပုံဖော်တည်ဆောက် မှုတွေကို ဖော် ပြပေးချင်ပါတယ်။

၁။ အိမ်ဦးခန်း၊ ဧည့်ခန်းနဲ့ နားနေခန်းလို နေရာကျယ်ကျယ်ပေးရတဲ့ အခန်းတွေမှာ ဒီလိုဖျော်ဖြေရေး ရုပ်မြင်သံကြားစက်တီတွေကို တည် ဆောက်နိုင်ပါတယ်။ တီင်္ဗွီဖန်သားပြင် စက်တီအပြင် ထိုင်စရာ ဆိုဖာ ခုံတွေ၊ စားပွဲလေးတွေ အစရှိသဖြင့်တွေကိုလည်း ထားသင့်ပါတယ်။

၂။ တီဗွီနဲ့ ရုပ်မြင်သံကြား စက်တွေတင်ဖို့အတွက် စင်၊ ဒါမှမဟုတ် ဗီဒိုအကန့်၊ အစရှိသဖြင့်တွေကို တည်ဆောက်ရပါမယ်။ အိမ်တွင်း ရဲ့ အခန်းတည်ဆောက်သလို တီဗွီစင်တွေအတွက်လည်း အကျအ န တည်ဆောက်မှု အုတ်နံရံ၊ အကန့်ငယ် စင် အစရှိသလို ဒီဇိုင်း ဆန်းဆန်းလေးတွေနဲ့ တည်ဆောက်လို့ရနိုင်ပါတယ်။

၃။ အုတ်နံရံအကန့်ငယ်တွေမှာ စင်လေးတွေပြုလုပ်ပြီး ထားနိုင်သ လို အခုနောက်ပိုင်း မော်ဒန်ဆန်တဲ့ ဒီဇိုင်းလေးတွေဖြစ်တဲ့ အသင့် ဆောက်လုပ်ထားတဲ့ စင်လေးတွေနဲ့လည်း ပြင်ဆင်နိုင်ပါတယ်။  ဆောက်လုပ်ပြီးသား စင်လေးတွေကို မိမိအိမ်ရဲ့ထားရှိမယ့် နေရာ မှာ နေကျတကျထားပြီး အသုံးပြုနိုင်ပါတယ်။

၎။ လေးထောင့်ဆန်တဲ့ ဒီဇိုင်းမျိုးတွေမှ မဟုတ်ပဲ ထူးထူးခြားခြား ဖြစ်မယ့် စက်ဝိုင်းပုံသဏ္ဍာန်၊ ဗီဒိုအဖွင့်အပိတ်လို တံခါးချပ်လေးတွေ ပါဝင်မယ့် ဒီဇိုင်းလေးတွေကို ပုံဖော်နိုင်ပါသေးတယ်။

နံရံဖြစ်ဖြစ်၊ ဖော်မီကားပြားဖြစ်ဖြစ် ရုပ်မြင်သံကြားစင်ကလေးတွေအတွက် အခံ ပြားတွေကို အရောင်လွင်လွင်၊ တောက်တောက်၊ ဒီဇိုင်း၊ ပန်းပုံစံ လေးတွေနဲ့ တခြားစွဲဆောင်မှုရှိတဲ့ ဒီဇိုင်း အရောင်လေးတွေကို ရွေး ချယ်တည်ဆောက်ပါ။

၅။ ရုပ်မြင်သံကြားစက် တစ်လုံးတည်းမဟုတ်ပဲ အဆိုပါ တီဗွီစင်မှာ တခြားအိမ်အလှဆင်မယ့် ပစ္စည်းလေးတွေလည်း ထည့်သွင်းတည် ဆောက်နိုင်ပါတယ်။ စာအုပ်ကလေးတွေ၊ ပန်းအိုးကလေးတွေ၊ ဓာတ်ပုံဘောင်ကလေးတွေ၊  အရုပ်လှလှကလေးတွေ အစရှိသဖြင့် အလှဆင်ပစ္စည်းလေးတွေကိုလည်း ထားရှိပြင်ဆင်လိုက်မယ်ဆိုရင် ပိုပြီးတော့ ကြည့်ကောင်းနေတာလည်း တွေ့နိုင်ပါတယ်။

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)