2503 Views

အလေ့အထကောင်းဖြစ်ပေါ်လာစေရန် ဖုန်းရွှေနည်းလမ်း (၇) သွယ်

ကျွန်မတို့ရဲ့တစ်နေ့တာပြုမူလှုပ်ရှားမှုတွေဟာ ကျွန်မတို့ရဲ့ဘဝနေထိုင်မှုပုံစံဖြစ်လာပါတယ်။ ဘဝနေထိုင်မှုပုံစံက ဘဝကို ပုံဖော်ပါတယ်။ ဒါကြောင့် ဘဝခရီးလှပစေဖို့အတွက် အပြုအမူကောင်းတွေ၊ အလေ့အထကောင်းတွေကို မွေးမြူဆောင်ရွက်ဖို့လိုပါတယ်။

ဒီနေရာမှာ ကျွန်မတို့ဟာ ကော်ဖီ၊ သကြား၊ ဆေးလိပ် စသဖြင့် စားတတ်တဲ့အမူအကျင့်လိုမျိုး ကိုယ့်အတွက်မသင့်လျော်တဲ့အပြုအမူတစ်ခုခုကို စွန့်ပစ်ပြီး အဲ့ဒီအရာတွေ မစားသုံးတတ်တဲ့အလေ့အကျင့်ရှိချင်ပြီဆိုရင် တခြားတစ်ခုနဲ့အစားထိုးတတ်ပါတယ်။ ဒါဟာတကယ်တော့ နည်းလမ်းမမှန်တဲ့အပြင် ပိုဆိုးသွားစေတတ်ပါတယ်။ ဥပမာ - ဆေးလိပ်ပြတ်အောင်ဆိုပြီး ကွမ်းစားတာမျိုး၊ ကွမ်းပြတ်အောင်ဆိုပြီး ပီကေဝါးတာ စသဖြင့်ပေါ့။ ဆေးလိပ်မပြတ်တဲ့အပြင် ကွမ်းပါစွဲသွားတာမျိုးတွေကို တွေ့ဖူးကြုံဖူးကြမှာပါ။

ဒါကြောင့် သင့်ဘဝနေထိုင်မှုပုံစံမှာ ကောင်းမွန်တဲ့အလေ့အကျင့်သစ်တစ်ခု ဖြစ်ပေါ်လာစေဖို့ရာ ကူညီပေးဖို့ ဖုန်းရွှေရှိပါတယ်။ အခုဖော်ပြပေးသွားမှာတွေကတော့ ကောင်းမွန်တဲ့အလေ့အထသစ်ဖြစ်ပေါ်လာစေဖို့ ကူညီပေးမယ့် ဖုန်းရွှေနည်းလမ်း ၇ ခုပဲ ဖြစ်ပါတယ်။

၁။ အမှန်တကယ်အလိုရှိခြင်းဖြစ်ပါစေ။

- တကယ်ဖြစ်ချင်တာ၊ တကယ်အလိုရှိတာ မဟုတ်ဘူးဆိုရင် အောင်မြင်မှာမဟုတ်ပါဘူး။ အစမှာကတည်းကိုက မရေမရာ၊ လျော့တိလျော့ရဲ စိတ်ပျော့နေပြီဆိုရင်တော့ မအောင်မြင်ဖို့ရာခိုင်နှုန်းသိပ်များသွားပါပြီ။ ဒါကြောင့် ရေရာခိုင်မာပြတ်သားခြင်းဖြင့် ပန်းတိုင်ကိုရောက်ရှိစေလိုက်ပါ။

၂။ သုတေသနပြုပါ။

အလေ့အထကောင်းဖြစ်ပေါ်လာစေရန် ဖုန်းရွှေနည်းလမ်း (၇) သွယ်

- သုတေသနပြုလို့အကောင်းဆုံးရင်းမြစ်ကတော့ You Tube ပဲဖြစ်ပါတယ်။ ကိုယ်မွေးမြူမယ့်အမူအကျင့်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖွေလေ့လာကြည့်ရှုပါ။

၃။ လိုအပ်သည်များ ရှိပါစေ။

- ဒါကတော့ ကိုယ်မွေးမြူမယ့်အလေ့အကျင့်ပေါ်မူတည်ပါတယ်။ ကိုယ်မွေးမြူမယ့်အလေ့အထက ပစ္စည်းပစ္စယတွေလိုအပ်တဲ့အလေ့အထဆိုရင် လိုအပ်တဲ့အရာတွေရှိအောင်လုပ်ပါ။

၎။ အချိန်ရွေးချယ်သတ်မှတ်ပါ။

အလေ့အထကောင်းဖြစ်ပေါ်လာစေရန် ဖုန်းရွှေနည်းလမ်း (၇) သွယ်

- လုပ်ဆောင်မယ့်အချိန်ကို ရွေးချယ်သတ်မှတ်ပါ။ အချိန်ရေရေရရာရာ မသတ်မှတ်ထားဘူးဆိုရင် ဖြစ်မလာဖို့ကလည်း အတော်လေးကို သေချာနေပါပြီ။ လုပ်ဆောင်မယ့်အရာနဲ့သင့်လျော်တဲ့အချိန်ကို ရွေးချယ်ဖို့လည်း မမေ့ပါနဲ့။

၅။ ကာလအလိုက်အခြေအနေများအား စာဖြင့်ရေးသား (သို့) ဓာတ်ပုံရိုက်၍ မှတ်တမ်းတင်ပါ။

အလေ့အထကောင်းဖြစ်ပေါ်လာစေရန် ဖုန်းရွှေနည်းလမ်း (၇) သွယ်

- မတိုင်မီ၊ ပြုဆဲနှင့် ပြီးနောက် အခြေအနေများအား မှတ်တမ်းတင်ပါ။ ဆိုပါစို့။ အဆီကျအသားကျစ်စေမယ့် လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်တော့မယ်ဆိုရင် အဲ့ဒီအချိန်သုံးခုမှာ ဖြစ်ပျက်တဲ့အခြေအနေတွေကို ဓာတ်ပုံရိုက်မှတ်တမ်းတင်သင့်တာ အသေအချာပဲပေါ့ရှင်။

၆။ ပြက္ခဒိန်အချိန်ဇယားမှာ ထည့်သွင်းပါ။

- ကိုယ်ဆောင်ရွက်မယ့်အရာကို ပြက္ခဒိန်အချိန်ဇယားမှာ ရေးမှတ်ထားပါ။ သတိမမေ့စေဖို့ ကြီးမားတဲ့အထောက်အကူဖြစ်ပါလိမ့်မယ်။

၇။ ထိုအလေ့အထနှင့်သက်ဆိုင်သောဝန်းကျင်အား အပြောင်းအလဲပြုလုပ်ပါ။

အလေ့အထကောင်းဖြစ်ပေါ်လာစေရန် ဖုန်းရွှေနည်းလမ်း (၇) သွယ်

- ဥပမာ - အစားအစာကို အတိုင်းအချင့်နဲ့စားတတ်တဲ့အလေ့အကျင့် ပျိုးထောင်မယ်ဆိုရင် ရေခဲသေတ္တာ၊ ကြောင်အိမ်ကို ရှင်းလင်းအဆင့်မြှင့်တာမျိုး၊ မီးဖိုချောင်အတွက် လွယ်ကူတဲ့ ဟင်းသီးဟင်းရွက်လေးတွေ စိုက်ပျိုးတာမျိုးတို့ ပြုလုပ်ပါ။

အလေ့အထကောင်းဖြစ်ပေါ်လာစေရန် ဖုန်းရွှေနည်းလမ်း (၇) သွယ်

အထက်မှာဖော်ပြပေးသွားတဲ့ နည်းလမ်းတွေထဲက မိမိနဲ့သင့်လျော်တဲ့နည်းလမ်းတွေကို အသုံးချပြီး အလေ့အထကောင်းတွေထုံမွှမ်းကာ လှပတဲ့ဘဝခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။

အလေ့အထကောင်းဖြစ်ပေါ်လာစေရန် ဖုန်းရွှေနည်းလမ်း (၇) သွယ်


ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

 

Other Poperty Feng Shui Articles

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)