မြန်မာနိုင်ငံရဲ့ ထိပ်တန်းအိမ်ခြံမြေလုပ်ငန်းဖြစ်တဲ့ YOMA LAND မှ အိမ်ရာစီမံကိန်းများ

မြန်မာနိုင်ငံရဲ့ ထိပ်တန်းအိမ်ခြံမြေလုပ်ငန်းဖြစ်တဲ့ YOMA LAND မှ အိမ်ရာစီမံကိန်းများ

(iMyanmarHouse.com မှ ကြီးမှူးကျင်းပသည်။)

မြန်မာနိုင်ငံရဲ့ ထိပ်တန်းအိမ်ခြံမြေလုပ်ငန်းဖြစ်တဲ့ YOMA LAND မှ လူကြီးမင်းတို့ရဲ့ လိုအပ်ချက်အလိုက် စိတ်တိုင်းကျရွေးချယ်နိုင်အောင် City Loft ၊ City Loft West ၊ City Villas ၊ Padauk Garden Shophouses ၊ The Hills ၊ Lotus Hill စသည့် အိမ်ရာစီမံကိန်း (၆) ခုကို နှစ်ရှည်အရစ်ကျ စနစ်များဖြင့် လေ့လာဝယ်ယူနိုင်မည်။

ဆက်သွယ်ရန် ဖုန်းနံပါတ်များ

09455...

Sales Event Detail

Register For Free Now!

4485-0283195001687851446.jpg

1) City Loft

- လူငယ်လုပ်ငန်းရှင်များ ၊ အရာရှိများ ကြိုက်နှစ်သက်မှုကို အခိုင်အမာရရှိထားတဲ့ City Loft အိမ်ရာက StarCity အိမ်ရာဝန်းထဲမှာရှိပြီး ဒီပွဲလေးမှာဆိုရင် ၁၁ လုံးမြောက်တာဝါကို ရောင်းချပေးသွားပါမယ်
- StarCity အိမ်ရာထဲမှာမှ သီးသန့်ဂိတ်ဝင်း ၊ သီးသန့်လုံခြုံရေးစနစ်နဲ့ ရှိနေတာပဲဖြစ်ပြီး ၊ Tower တိုင်းရဲ့အောက်မှာ လုံခြုံရေးဝန်ထမ်းထားရှိပေးထားတဲ့အပြင်၊ security key card system ကိုလည်းထည့်သွင်းပေးထားတယ်
- အခန်းအမျိုးအစား အနေနဲ့ (၄) မျိုးရှိပြီး  သိုက်သိုက်ဝန်းဝန်းကမ္ဘာငယ်လေးမှာ အိမ်နီးနားချင်းများနဲ့ ရင်းနှီးမှုလေးတွေကိုပါ ဖန်တီးနိုင်မယ့် Communal Living Lifestyle မှာနေထိုင်ချင်တယ်ဆိုရင်တော့ City Loft အိမ်ရာက အသင့်တော်ဆုံးပါပဲ။


2) City Loft West

- ရန်ကုန်မြို့ အနောက်ဘက် လှိုင်မြစ်ဘေးမှာ Yoma Land က အကောင်အထည်ဖော်သွားမဲ့ City Loft West အိမ်ရာက ရန်ကုန်မြို့ရဲ့ စက်မှုစီးပွားရေး တဟုန်ထိုး တိုးတက်လာနေတဲ့ လှိုင်သာယာ စက်မှုဇုန်နဲ့ အနီးဆုံးမှာတည်ရှိပြီး ရန်ကုန် မြို့ရဲ့ အချက်အခြာတွေထဲကတစ်ခုဖြစ်တဲ့ ဘုရင့်နောင်ပွဲရုံနဲ့ သမိုင်းလမ်းဆုံကိုလည်း တံတားကူးလိုက်ရုံနဲ့ရောက်ရှိနိုင်မယ်
- လှပညီညာ အချိုးကျတဲ့ အခန်းဖွဲ့ပုံတွေထဲကမှ လှိုင်မြစ်ကို မျက်နှာမူထားတဲ့ River View အခန်းတွေကိုလည်း ရွေးချယ်နိုင်မှာဖြစ်တဲ့ အပြင် ရန်ကုန်မြို့ရဲ့ အပြင်ကိုလှမ်းမျှော်လို့ ဆည်းဆာရဲ့ လှပမှုတွေကို ခံစားနိုင်မဲ့ West Facing အခန်းတွေကိုလည်း ရွေးချယ်နိုင်မယ်
- ဘဝမှာအရေးကြီးဆုံး ကျန်းမာရေးအတွက်လည်း ရန်ကုန်မြို့ရဲ့ အကောင်းဆုံး ဆေးရုံတွေထဲကတစ်ခုဖြစ်တဲ့ ပန်းလှိုင် ဆေးရုံနဲ့ အနီးဆုံးမှာရှိနေပါတယ်။


3) City Villas

- City Villas အိမ်ရာက StarCity အိမ်ရာဝင်းအတွင်းရှိ အချက်အချာကျတဲ့နေရာမှာတည်ရှိပြီး ပေ ၄၀ x ၆၀ ဂရမ်မြေကွက်ပေါ်မှာ တည်ဆောက်လျက်ရှိတဲ့ နှစ်ထပ်လုံးချင်းအိမ်လေးတွေပဲဖြစ်ပါတယ်။
- City Villas လုံးချင်းအိမ်လေးတွေကို မိသားစုကမ္ဘာလေးတည်ဆောက်ဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့အတွက် အဓိကရွေးချယ်လျက်ရှိပါတယ်။
- စီးပွားရေးအရအချက်အချာကျတဲ့ သီလဝါစက်မှုဇုံကိုလည်း မိနစ်ပိုင်းနဲ့သွားရောက်နိုင်မှာဖြစ်ပြီး မကြာခင်မှာဆိုရင်လည်း သန်လျင်တံတားအသစ်က ပြီးစီးတော့မှာဖြစ်လို့ ရန်ကုန်မြို့ထဲကို မိနစ်အနည်းငယ်နဲ့သွားရောက်နိုင်မှာဖြစ်ပါတယ်။
- Star Ferry သင်္ဘောကိုလည်းနေ့စဉ်ပြေးဆွဲပေးနေတာဖြစ်လို့ ရန်ကုန်မြို့ထဲကို ကုန်းလမ်းနဲ့သာမက ရေလမ်းခရီးနဲ့ပါ သွားရောက်နိုင်မှာဖြစ်ပါတယ်။
- လုံခြုံခေတ်မီတဲ့ လုံးချင်းအိမ်ရာမှာ နေထိုင်ချင်တယ်ဆိုရင်တော့ City Villas အိမ်ရာရှိနေပြီနော်။



4) Padauk Garden

- Padauk Garden လူနေဆိုင်ခန်းများကတော့ ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ဖို့ အထူးသင့်တော်ပြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ဘုရင့်နောင်ပွဲစျေးရုံကြီး ၊ အင်းစိန်ဈေးကြီးများနှင့် ၄ ကီလိုမီတာ အကွာ အဝေးအတွင်းရှိ လမ်းပန်းဆက်သွယ်ရေး အကောင်းမွန်ဆုံး နေရာမှာ ခေတ်မီဆန်းသစ်စွာ တည်ဆောက်ထားတာပဲဖြစ်ပါတယ်။
- ယခုဆိုရင် နာမည်ကြီးစားသောက်ဆိုင်များ၊ လူ့အသုံးအဆောင်ပစ္စည်းဆိုင်များ၊ ဖက်ရှင်ဆိုင်များ၊ လျှပ်စစ်ပစ္စည်းဆိုင်များ၊ အင်တာနက်ဝန်ဆောင်လုပ်ငန်းများရှိနေပြီဆိုတော့ လူကြီးမင်းတို့ရဲ့ လုပ်ငန်းများတိုးချဲ့ဖို့ စဉ်းစားနေပြီဆိုရင်တော့ Padauk Garden လူနေဆိုင်ခန်းများကို ရွေးချယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။


5) The Hills

- စိမ်းလန်းစိုပြေတဲ့ ပန်းလှိုင်အိမ်ရာအတွင်းရှိ ကျယ်ဝန်းတဲ့မြေဧကပေါ်မှာ တည်ဆောက်သွားမယ့် The Hills ၃ ထပ်လုံးချင်းအိမ်ရာကတော့ Luxury Lifestyle မှာ နွေးထွေးတဲ့ မိသားစုကမ္ဘာလေးတည်ဆောက်ဖို့ အသင့်တော်ဆုံးပါပဲ။
- The Hills Villas တွေကတော့ ကျယ်ဝန်းလှတဲ့ ၃ ထပ်အိမ်ကြီးများပဲဖြစ်ပါတယ်။ ပထမထပ်မှာ open dry kitchen နဲ့ မိသားစုထမင်းစားခန်း၊ ဧည့်သည်များ ဧည့်ခံရာ လှပအဆင့်မြင့်တဲ့ အိမ်ရှေ့ခန်းအပြင် လှပတဲ့ Guest room လည်း ပါဝင်ပါတယ်။
- ဒုတိယထပ်မှာဆိုရင်တော့ မိသားစုအိပ်ခန်းများအားလုံးကို Bathroom attached master suite များအဖြစ်ဖွဲ့စည်းထားပါတယ်။ အပေါ်ဆုံးထပ်မှာဆိုရင်တော့ စာကြည့်ခန်းနဲ့ မိသားစုအပန်းဖြေခန်းများပါရှိမှာပဲဖြစ်ပါတယ်။
- ကျယ်ဝန်းတဲ့ ခြံထဲမှာ အပန်းဖြေအနားယူရင်း မိသားစုနဲ့အတူ ညစာစားတာပဲဖြစ်ဖြစ်၊ မိသားစုစကားဝိုင်းလေးလုပ်ရင်း အဖိုးတန်အချိန်လေးတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

6) Lotus Hill

- Lotus Hill  သုံးထပ်လုံးချင်း အိမ်ရာလေးကလည်း စိမ်းစိုလှပတဲ့ ပန်းလှိုင်အိမ်ရာထဲမှာရှိတာဖြစ်ပါတယ်။
- တစ်နေတာပင်ပန်းသမျှကို အိမ်ပြန်ရောက်တဲ့အခါ  မိသားစုနဲ့အတူ အပန်းဖြေရင်း ဘဝအမောတွေဖြေဖျောက်နိုင်ဖို့နဲ့ အိုအေစစ်ကမ္ဘာငယ်လေးတည်ဆောက်ဖို့ အကောင်းဆုံးနေရာလေးဖြစ်ပါတယ်။
- Lotus Garden ထဲမှာရှိတဲ့ Lotus Pavilion – Private Club House မှာဆိုရင် ဧည့်သည်များ ဧည့်ခံရာ Function Room အပြင် Private Swimming Pool တို့ပါရှိပြီး အိမ်ရာအတွင်းနေထိုင်သူများအနေနဲ့ မိတ်ဆွေသူငယ်ချင်းများနဲ့ အတူ Private Party ပြုလုပ်တာပဲဖြစ်ဖြစ် မိသားစုနဲ့ အတူရေကူးကန်မှာ သီးသီးသန့်သန့်လေး အပန်းဖြေတာပဲဖြစ်ဖြစ်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
- ဆိတ်ငြိမ်းအေးချမ်းတဲ့နေရာလေးမှာ ပျော်ရွှင်စရာမိသားစုကမ္ဘာလေးပိုင်ဆိုင်ဖို့ Lotus Hill ကိုရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲနော်။  

ဆက်သွယ်ရန် ဖုန်းနံပါတ်များ

09455...


Sales Event Detail

Register For Free Now!

4485-0283195001687851446.jpg

အရောင်းပြပွဲကျင်းပမည့်မြေပုံ



Upcoming Property Events

Properties For Sale\Rent In Yangon

Apartments For Sale In Yangon

Apartments For Rent In Yangon

Apartments For Rent In Yangon

House For Rent In Yangon

Condo For Rent in Yangon

Property News In Yangon

အခမဲ့ စာရင်းပေးသွင်းရန်

ဆက်သွယ်ရန် ဖုန်းနံပါတ်များ

09455...
Overseas ProjectsLegal Services

Let's apply Home Loan at iMyanmarHouse.com to own your dream home!

Upcoming Property Events

kalaw-garden-valley
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
ဆက်သွယ်ရန် ဖုန်းနံပါတ်