မြေအောက်ခန်းပါတဲ့ အိမ်မျိုးလေးတွေ ကြိုက်တယ်ဆိုတဲ့ခွန်းဆင့်နေခြည် နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com

မြေအောက်ခန်းပါတဲ့ အိမ်မျိုးလေးတွေ ကြိုက်တယ်ဆိုတဲ့ခွန်းဆင့်နေခြည် နှင့် တွေ့ဆုံခြင်း

Posted by အိမ့်မှူးခင် (iMyanmarHouse.com)

သရုပ်ဆောင် ခွန်းဆင့်နေခြည်နှင့် တွေ့ဆုံ ပြီး အိမ်ဆိုတဲ့ ဝေါဟာရအပေါ် သူမ ခံယူထားတဲ့ ခံယူချက်၊ စိတ်ကူးထဲက သူရည်ရွယ်ထားတဲ့ အိမ်လေးအကြောင်း သူရဲ့ အနုပညာ လူပ်ရှားမူတွေကို iMyanmarHouse.com (အိုင်မြန်မာ ဟောက်စ်ဒေါ့ကွန်း) ပရိသတ်ကြီး အတွက် မေးမြန်းထားပါတယ်။

မေး - ခွန်းဆင့်အနေနဲ့ အိမ်ဆိုတဲ့ဝေါဟာရအပေါ် ဘယ်လို အဓိပ္ပာယ်ဖွင့်ချင်လဲ။

Home နဲ့ House က ကွာတာပေါ့နော်၊ Home ဆို တာကတော့ နွေးထွေးသာယာတဲ့ မိသားစုလေးနေကြတဲ့ Homes လေးပေါ့။ House ဆိုတာကတော့ အိမ်က အိမ်ပဲ၊ အိမ်ပြန် သွားလည်း မိသားစုနွေးထွေးမှုမရှိဘူးဆိုရင် House ပဲ၊ ခွန်းဆင့် ကတော့ Home Sweet Home လေးပဲလိုချင်တယ်။

မေး - စိတ်ကူးထဲကအိမ်ပုံစံလေးရှိရင် သိချင်တယ်။

တစ်ထပ်ဆိုလည်း တစ်ထပ်၊ နှစ်ထပ်ဆိုလည်း နှစ်ထပ်၊ မြေအောက်ခန်းပါတဲ့ အိမ်မျိုးလေးတွေ ကြိုက်တယ်။ ခွန်းဆင့် စိတ်ကူးထဲမှာကြိုက်တဲ့ အိမ်မျိုးလေးပေါ့၊ မြေအောက် ခန်းတူးထားပြီး၊ သုံးထပ်ဆောက်ထားတာမျိုးလေးတွေ သိပ် ကြိုက်တယ်။ ပြင်ဦးလွင်မှာ အဲလိုအိမ်မျိုးလေး ဆောက်ထားတာရှိတယ်။ အဲလိုလေးဆောက်ရင် မြေအောက်ခန်းမှာလည်း နေလို့ရတယ်၊ အပေါ်မှာလည်းနေလို့ ရတယ်။ ကြည့်လိုက်ရင် နှစ်ထပ်ပဲ၊ အမှန်တကယ်က သုံးထပ်ပေါ့၊ အဲဒီလို အိမ်ပုံစံ လေးတွေ ခွန်းဆင့် ကြိုက်တယ်။

မေး - သဘောကျတဲ့ အိမ်ပုံစံက ဘယ်လိုပုံစံမျိုးလဲ။

အရမ်းလည်းကြီးစရာမလိုဘူး၊ မိသားစုနေလို့ရမယ့် အိမ်မျိုး၊ မိသားစု ၅ ယောက်ရှိရင် ၅ ခန်းပေါ့၊ အခန်းက အရမ်းများစရာမလိုဘူး၊ မိသားစုစုံစုံလင်လင်လေးနေလို့ရ လောက်တဲ့ အိမ်မျိုးဆိုရင် အဆင်ပြေပါတယ်၊ အရမ်းကျယ်တဲ့ အိမ်မျိုးတွေလည်းမကြိုက်ဘူး၊ ကြောက်တယ်၊ တစ်နိုင်တစ်ပိုင် အိမ်မျိုးကိုကြိုက်တယ်။

မေး - Decorations ဆင်တာမျိုးလေးတွေ သဘောကျလား။

Decorations ဆင်ရတာကြိုက်တယ်။ ၀ါသနာလည်း ပါတယ်၊ ဘယ်လိုနေရာလေးမှာ ဘယ်လိုလေးတွေထားပြီး လှအောင်လုပ်ရမလဲတွေးပြီး အလှဆင်ရတာကြိုက်တယ်။

မေး - အိမ်အတွင်းအပြင် သုံးချင်တဲ့အရောင်ဆိုရင် ဘယ်လို အရောင်လေးတွေသုံးချင်လဲ။

အဓိကတော့ ဖက်ဖူးစိမ်းရောင်ကြိုက်တယ်၊ ဖက်ဖူး စိမ်းကို ခွန်းဆင့်ရဲ့ လပ်ကီးကာလာအနေနဲ့ ကြိုက်တယ်၊ ခဲရောင် လို ဘိုဆန်ဆန်အရောင်လေးတွေလည်းကြိုက်တယ်။

မေး - နေရာဒေသရွေးချယ်ခွင့်ရရင် ဘယ်လိုနေရာဒေသမှာ နေချင်လဲ၊ ဥပမာ - တောင်ပေါ်ဒေသ၊ ကမ်းခြေ တစ်ခုခုပေါ့။

ခဏတာနေတဲ့နေရာမျိုးဆိုရင် ကမ်းခြေရော၊ တောင် ပေါ်ရော ကြိုက်တယ်၊ အမြဲနေဖို့ဆိုရင်တော့ ခွန်းဆင့်က ရန်ကုန်မှာမွေးတော့ ရန်ကုန်ကိုပဲကြိုက်တယ်။

မေး - ကိုယ်တိုင်ဖန်တီးချင်တဲ့မိသားစုပုံစံရှိလား။

ကိုယ်တိုင်ဖန်တီးချင်တဲ့ မိသားစုပုံစံဆိုရင်တော့ ဘယ်လိုပြောရမှန်းတောင်မသိဘူး၊ အခုချိန်မှာ Single ဆို တော့ မိသားစုဖန်တီးဖို့ သိပ်အာရုံမရှိသေးတော့ ပြောရခက် တယ်၊ ဒါပေမဲ့ သာသာယာယာရှိတဲ့ မိသားစုတွေတွေ့ရင် လည်း အားကျမိတာမျိုးလေးတော့ဖြစ်တယ်၊ ကိုယ်တိုင်ဖန်တီး ဖို့တော့လောလောဆယ် မရှိသေးဘူးပေါ့။ (ရယ်လျက်)

မေး - လတ်တလော အနုပညာလှုပ်ရှားမှုတွေရှိရင် ပရိသတ် ကြီးအတွက် မျှဝေပေးပါဦး။

လတ်တလောဆိုရင်တော့ အစ်မ ရိုက်ကူးထုတ်လုပ် ထားတဲ့ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားကို စင်ကာပူ မှာ သွားရောက်ပြသဖို့အတွက်ကို စီစဉ်နေပါတယ်၊ ၂၀၁၉ ဇန်န၀ါရီ ၅ ရက်၊ ၆ရက်နေ့မှာပြမယ်၊ နောက်ထပ်ဇာတ်ကား အသစ်တွေရိုက်ဖို့လည်း Script Writing လုပ်နေတယ်၊ လောလော ဆယ်တော့ ဒါပါပဲ။

မေး - အိမ်ဆိုတဲ့ခေါင်းစဉ်အောက်က ဖြည့်စွက်ပြောပြချင်တာ ရှိရင်ပြောပြပေးပါဦး။

အိမ်ဆိုတာကတော့ အမေအဖေနဲ့ ပဲနေနေ၊ ကိုယ့် ရဲ့ဘ၀လက်တွဲဖော်နဲ့ပဲဖြစ်ဖြစ်၊ အိမ်ထောင်တစ်ခု ထူထောင်ထားတယ်ဆိုရင် ကိုယ့်ရဲ့နေထိုင်နေတဲ့ အိမ်လေးကို သာသာယာယာလေးဖြစ်ဖို့ မိသားစုတိုင်းမှာတာဝန်ရှိတယ်၊ အဲဒီတော့ မိသားစု တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းက ကိုယ့်အိမ်သာယာ ဖို့ ကြိုးစားဖန်တီးသင့်တယ်ပေါ့၊ တစ်ဦးတည်း၊ တစ်ယောက်တည်းဖန်တီးတာထက်စာရင် မိသားစုတွေ ပေါင်းစုပြီးတော့ ဖန်တီးတယ်ဆိုရင် ပိုပြီးသာယာပြည့်စုံတဲ့ အိမ်လေးတစ်အိမ် ဖြစ်မှာပါ။ ။


အိမ့်မှူးခင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
မြေအောက်ခန်းပါတဲ့ အိမ်မျိုးလေးတွေ ကြိုက်တယ်ဆိုတဲ့ခွန်းဆင့်နေခြည် နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
မြေအောက်ခန်းပါတဲ့ အိမ်မျိုးလေးတွေ ကြိုက်တယ်ဆိုတဲ့ခွန်းဆင့်နေခြည် နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
မြေအောက်ခန်းပါတဲ့ အိမ်မျိုးလေးတွေ ကြိုက်တယ်ဆိုတဲ့ခွန်းဆင့်နေခြည် နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com

Other Celebrity Interviews

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App