910 ကြိမ် ကြည့်ရှု့ပြီး

ယခုလက်ရှိ ကျွန်မနေထိုင်သောအိမ်မှာ ကျွန်မအဖေနာမည်ဖြင်ဝယ်ခဲ့သောအိမ်ဖြစ်ပါတယ်။ အဖေဖြစ်သူကတော့သေဆုံးသည်မှာ 12 နှစ်ရှိပါပြီ အရပ်စာချုပ်ဖြင့် ဝယ်ခဲ့ခြင်းဖြစ်ပါသည် အိမ်ခေါင်ရင်းတွင်ချောင်းငယ်ကလေးရှိပါသည်။ စာချုပ်တွင် အိမ်ခေါင်းရင်းသည် ချောင်းငယ်ကလေးထိဟု ရေးသားထားပါသည် ယခုအခါ လူတချို့မှ ကျွန်မအားထိုနေရာထိမပိုင်ဆိုင်ကြောင်းထိုလူတချို့ကသူတို့‌ပိုင်ဆိုင်ကြောင်းပြော၍ ကျူးကျော်ဝင်ရောက်လာပါသည်။ ဂရံအမည်ပေါက် မည်သို့လျောက်ထားရမလဲဆိုတာ ဖြေကြား‌ပေးပါရှင့်။ ထိုလူတချို့အားမည်သို့ အရေးယူ၍ရပါသလဲရှင့်။

မေးသူ - Hnin Htet Htet Aung

[Unicode]

အရပ်စာချုပ်ချုပ်ဆိုစဉ်က စာချုပ်တွင် ရေးသားဖော်ပြထားခြင်းဆိုပါကထိုအချိန်က ရောင်းချသူမှ တရားဝင်အမည်ပေါက်လျှောက်ထားခြင်း မရှိသည့်အတွက် သက်ဆိုင်ရာမြေစာရင်းဌာနတွင် ယင်းမြေသည် တရားဝင်မြေပိုင်ဆိုင်မှုဧရိယာထဲပါဝင်မှုရှိ/မရှိစုံစမ်းစစ်ဆေးပြီး မြေတိုင်းလျှောက်ထားခြင်း ပြုနိုင်ပါသည်။ သက်ဆိုင်ရာမြေစာရင်းရုံးမှ ထုတ်ပေးသောမြေပုံမြေရာဇဝင်ပုံစံ(၁၀၅) တွင် ဖော်ပြထားသော မြေပုံအညွှန်းတွင် ၎င်းမြေပိုပါဝင်နေပါက တရားဝင်ဂရန်အမည်ပေါက်ပြောင်းလဲ လျှောက်ထားလိုက်ပါက မည်သူမျှဝင်ရောက်ကျုးကျော်နိုင်မည်မဟုတ်ပါကြောင်း အကြံပေးဖော်ပြလိုက်ပါသည်။

 


[Zawgyi]



ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)