1188 ကြိမ် ကြည့်ရှု့ပြီး
ဘိုးဘွားပိုင် ဉယဉ်ခြံ မြေဆိုပီး အရောင်း တင်ထားပါတယ်၊ လေးထောင့်ကန် ဖက်မှာပါ၊ တရားဝင် ဝယ်ယူ ပိုင်ဆိုင်နိုင်ပါသလားခင်ဗျ၊ ၄၀x၆၀ ပေ အကွက်ပါ။ တရားဝင်ဝယ်ယူ ပိုင်ဆိုင် အိမ်ဆောက်လုပ်နေထိုင် နိုင်ရန် ဝန်ဆောင်မှု ပေးပါသလားခင်ဗျာ၊ ဘယ်လောက်ယူပါသလဲဆိုတာ လဲသိခြင်ပါတယ်။
မေးသူ - U Htun Lwin
[Unicode]
ဥယျာဉ်ခြံမြေတွေက လယ်ယာမြေထဲမှာပါဝင်တယ်။ မြေစာရင်းဌာနမှာ ဥယျာဉ်ခြံမြေလို့ အမည်ပေါက်နေပေမယ့် လူနေရပ်ကွက်အတွင်း ရောက်နေတဲ့မြေကွက်တွေလည်း ရှိပါတယ်။
မြေစာရင်းဦးစီးဌာနမှာ ဥယျာဉ်ခြံမြေဖြစ်နေပေမယ့် မြေကွက်က မြို့နယ်စည်ပင်သာယာ နယ်နမိတ်အတွင်းမှာရှိပြီး ဝယ်ယူထားသူက အိမ်ခွန်စည်းကြပ်ခံထားရင် လယ်မြေအဖြစ်အကျုံးမဝင်ပဲ ရပ်ကွက်အတွင်းရှိဥယျာဉ်ခြံမြေတွေကို အရောင်းအဝယ်ပြုလုပ်နေကြခြင်း ဖြစ်ပါတယ်။
ဥယျာဉ်ခြံမြေ၊ ရွာမြေတွေကို ဂရန်အထိလျှောက်ထားလို့ရတာတွေရှိတယ်။ ဥယျာဉ်ခြံမြေတွေ စီမံချက်နဲ့ဂရန်လျှောက်ရန် ခွင့်ပြုထားတဲ့နေရာဆိုရင်တော့ ဂရန်လျှောက်လို့ရနိုင်ပါတယ်။
ဒါပေမယ့် ရောင်းချသူအမည်ပေါက်တိုက်ရိုက်ဖြစ်ပြီး စာရွက်စာတမ်း၊စစ်မှန်ဖို့ မြေနှင့်ပက်သက်ပြီး အချက်အလက်မှန်ကန်မှုရှိရန်လိုအပ်ပါတယ်။
iMyanmarHouse.Com မှလည်း မြေကွက်များ၊ တ်ိုက်ခန်း၊ အဆောက်အဦးများဝယ်ယူရာတွင် ခိုင်မာမှုရှိစေရန် ဝယ်ယူစဉ်ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများ၊ မြေကွက်ဝယ်ယူပြီးပါက ဂရန်လျှောက်ရန်ဝန်ဆောင်မှုများကို မှန်ကန်မှုရှိစွာ ဆောင်ရွက်ပေးလျှက် ရှိပါသည်။ ဝန်ဆောင်မှုနှုန်းထားများနှင့် လုပ်ဆောင်ချက်အဆင့်ဆင့်တို့ကို အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်ဖုန်း 09268022352ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။
[Zawgyi]
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။
အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။
အခြား အိမ်ခြံမြေ အမေးအဖြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)