730 ကြိမ် ကြည့်ရှု့ပြီး

မင်္ဂလာပါဆရာ ကျွန်တော်ပိုင်ဆိုင်သောမြေမှာ(20×60) ပေ ဂရန်မြေအမျိုးအစားဖြစ်ပါတယ်။ ဒါပေမယ့်တိုင်းကြည့်တော့ (2)ပေကျော်လျော့နေပါတယ်အခု့ကပ်လျက်မြေကွက်ကအိမ်ပြန်ဆောက်ဖို့permit တင်နေပါတယ်ကပ်လျက်မြေကွက်အဆောက်အဦးအခိုင်အမာဆောက်ပြီးမှကိုယ်ပိုင်သောမြေထဲမှာသူ့ရဲ့အဆောက်အဦးပါနေရင်ဖယ်ခိုင်ဖို့ခက်တယ်လို့သိရပါတယ် ကျွန်တော့်ရဲ့မြေပိုင်ဆိုင်မှုမနစ်နာအောင်ဘယ်လိုဆောင်ရွက်ရမလဲဆရာဖြေကြားပေးပါ။

မေးသူ - U Aung Hein

[Unicode]

မေးမြန်းသူ၏မြေ (သို့)ဘေးကပ်လျှက် ခြံကမြေလားဆိုတာ မိမိပိုင်ဆိုင်သည့်မြေကို မြေငှားဂရန် စာချုပ်ထုတ်ပေးထားသည့် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးးကော်မတီ၊ မြေယာဌာနတွင်ဖြစ်စေ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင်ဖြစ်စေ၊ မြေတိုင်းတာရန် လျှောက်ထားပြီး မြေပုံမြေရာဇဝင်တွင် စစ်ဆေးနိုင်ပါသည်။ မြေတိုင်းတာရန်လျှောက်ထားပြီး ကျုးလွန်ခြင်းပြမြေပုံတွင် မည်သည့်ဘက်ကမြေဆိုတာ ထင်ရှားစွာပေါ်ပေါက်မည်ဖြစ်ပါသည်။ အခြားသူပိုင်မြေမဟုတ်ပဲ မိမိပိုင်မြေဖြစ်နေပါက သက်ဆိုင်ရာမြေယာဌာနတွင် မြေပြင်အနေအထားကိုဓာတ်ပုံမှတ်တမ်းနှင့်တကွ တင်ပြလျှောက်ထားနိုင်ပါသည်။ မြေတိုင်းတာပြီး မြေပုံမြေရာဇဝင်သည်သာ အမှန်ကန်ဆုံးသက်သေ အထောက်အထားတခုဖြစ်ပါသည်။

 


[Zawgyi]




ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)