1259 ကြိမ် ကြည့်ရှု့ပြီး

အစိုးရပိုင်‌မြေအိုးအိမ်တိုက်ခန်းလုံးချင်းအိမ်ယာတွေကိုဘယ်လိုမျိုး အ‌ဝယ်လုပ်လို့ရပါသလား ?

မေးသူ - ခြန္ေဝဠဳ

[Unicode]

အိုးအိမ်ကနေ ဆောက်လုပ်ထားတာက (၃)မျိုးအနက် ပထမတစ်မျိုးက အိုးအိမ်က ရောင်းတဲ့ တိုက်ခန်းကို ဝယ်ယူသူက တိုက်ရိုက်ဝယ်ယူခြင်းဖြစ်ပါတယ်။ ထိုသို့ ဝယ်ယူထားသည့်တိုက်ခန်းကို အိုးအိမ်မှ ပိုင်ဆိုင်မှု အထောက်အထားအဖြစ် ဝယ်ယူအမည်ဖြင့် ပိုင်ဆိုင်မှုစာအုပ် (Owner Book) ထုတ်ပေးပါတယ်။

ဝယ်ယူသူကလည်း တရားဝင်ပြန် ရောင်းချလို့ရပါတယ်။ ဒုတိယဝယ်ယူသူသည် ပိုင်ဆိုင်မှုစာအုပ် (Owner Book)တွင် အမည်ပြောင်းခြင်းကို အိုးအိမ်တွင် ဆောင်ရွက်ခြင်းဖြင့် ပိုင်ဆိုင်မှုခိုင်မာပါတယ်။ ဒုတိယတစ်မျိုးက အိုးအိမ်အခန်းတွေကို အရင်တုန်းက ပြည်သူပိုင်သိမ်းတဲ့ အခန်းတွေရှိတယ်။ ၁၉၆၄ ခုနှစ် လောက်ကဆိုရင် ကုမ္ပဏီတွေသိမ်းတဲ့အခါမှာ အိုးအိမ်ကနေပြီး သူ့လက်အောက်မှာရှိတဲ့ အခန်းတွေ ကို ပြည်သူပိုင်သိမ်းတာတွေရှိပါတယ်။

အိုးအိမ်ကနေ သက်ဆိုင်ရာကို အငှားချထားပေးတယ်။ ထိုအခန်းမျိုးဆို လွှဲပြောင်းရောင်းချခွင့်မရှိပါဘူး။ တတိယတစ်မျိုးက အိုးအိမ်က ဆောက်လုပ်တဲ့ တိုက်တာအိမ်ယာတွေရှိသေးတယ်။ ထိုအခန်းမျိုးဆို အိုးအိမ်ကနေ အငှားချထားပေးတဲ့သူတွေရှိပါတယ်။ ထိုတိုက်ခန်းတွေကိုလည်း လွှဲပြောင်းရောင်းချခွင့်မရှိပါဘူး။

ထို့ကြောင့် အငှားချထားပေးတဲ့ အိမ်ရာ၊ ပြည်သူပိုင်သိမ်းထားလို့ အိုးအိမ်ကနေ ကြီးကြပ်ပြီး အငှားခ ကောက်ခံနေတဲ့ အိမ်ရာတွေဟာ လွှဲပြောင်းရောင်းချခွင့်မရှိပါဘူး။ အိုးအိမ်ကနေ တိုက်ရိုက်ရောင်းတဲ့အခန်း၊ ဝယ်ထားတဲ့အခန်းကို နောက်တဆင့် ရောင်းချမယ်ဆိုရင် ပိုင်ဆိုင်မှုခိုင်မာပါတယ်။ အငှားချထားတဲ့တိုက်ခန်းဆိုရင် အလွယ်တကူဖယ်ရှားပေးရမှာပါ။ နောက်ထပ်ဝယ်ယူထားတဲ့ သူတွေက တရားမဝင်တဲ့အတွက် ထို အဆောက်အဦကို ဖျက်မယ် (သို့) အိုးအိမ်က ပြန်သိမ်းမယ်ဆိုရင် ပိုင်ဆိုင်မှုဆုံးရှုံးပြီး လက်မဲ့ဖြစ်သွားပါလိမ့်မည်။

အိုးအိမ်မြေပေါ်တွင် ဆောက်ထားတဲ့ တိုက်ခန်းတွေ ဝယ်ယူမယ်ဆိုလျှင် အိုးအိမ်က တိုက်ရိုက် ရောင်းချသည့် ပိုင်ဆိုင်မှုအထောက်အထားဖြစ်သော ဝယ်ယူအမည်ဖြင့် ပိုင်ဆိုင်မှုစာအုပ် (Owner Book) ထုတ်ပေးထားသည့် တိုက်ခန်းမျိုးကိုသာ ဝယ်ယူသင့်ပါသည်။

 

[Zawgyi]

အစိုးရပိုင္‌ေျမအိုးအိမ္တိုက္ခန္းလုံးခ်င္းအိမ္ယာေတြကိုဘယ္လိုမ်ိဳး အ‌၀ယ္လုပ္လို႔ရပါသလား ?

အိ္ုးအိမ္ကေန ေဆာက္လုပ္ထားတာက (၃)မ်ိဳးအနက္ ပထမတစ္မ်ိဳးက အိုးအိမ္က ေရာင္းတဲ့ တုိက္ခန္းကို ၀ယ္ယူသူက တိုက္ရိုက္၀ယ္ယူျခင္းျဖစ္ပါတယ္။ ထိုသို႔ ၀ယ္ယူထားသည့္တိုက္ခန္းကို အိုးအိမ္မွ ပိုင္ဆိုင္မႈ အေထာက္အထားအျဖစ္ ၀ယ္ယူအမည္ျဖင့္ ပိုင္ဆိုင္မႈစာအုပ္ (Owner Book) ထုတ္ေပးပါတယ္။

၀ယ္ယူသူကလည္း တရား၀င္ျပန္ ေရာင္းခ်လို႔ရပါတယ္။ ဒုတိယ၀ယ္ယူသူသည္ ပိုင္ဆိုင္မႈစာအုပ္ (Owner Book)တြင္ အမည္ေျပာင္းျခင္းကို အိုးအိမ္တြင္ ေဆာင္ရြက္ျခင္းျဖင့္ ပိုင္ဆုိင္မႈခိုင္မာပါတယ္။ ဒုတိယတစ္မ်ိဳးက အိုးအိမ္အခန္းေတြကို အရင္တုန္းက ျပည္သူပိုင္သိမ္းတဲ့ အခန္းေတြရွိတယ္။ ၁၉၆၄ ခုႏွစ္ ေလာက္ကဆိုရင္ ကုမၸဏီေတြသိမ္းတဲ့အခါမွာ အိုးအိမ္ကေနၿပီး သူ႔လက္ေအာက္မွာရွိတဲ့ အခန္းေတြ ကို ျပည္သူပိုင္သိမ္းတာေတြရွိပါတယ္။

အိုးအိမ္ကေန သက္ဆိုင္ရာကို အငွားခ်ထားေပးတယ္။ ထိုအခန္းမ်ိဳးဆို လႊဲေျပာင္းေရာင္းခ်ခြင့္မရွိပါဘူး။ တတိယတစ္မ်ိဳးက အိုးအိမ္က ေဆာက္လုပ္တဲ့ တုိက္တာအိမ္ယာေတြရွိေသးတယ္။ ထိုအခန္းမ်ိဳးဆို အိုးအိမ္ကေန အငွားခ်ထားေပးတဲ့သူေတြရွိပါတယ္။ ထိုတုိက္ခန္းေတြကိုလည္း လႊဲေျပာင္းေရာင္းခ်ခြင့္မရွိပါဘူး။

ထို႔ေၾကာင့္ အငွားခ်ထားေပးတဲ့ အိမ္ရာ၊ ျပည္သူပိုင္သိမ္းထားလို႔ အိုးအိမ္ကေန ႀကီးၾကပ္ၿပီး အငွားခ ေကာက္ခံေနတဲ့ အိမ္ရာေတြဟာ လႊဲေျပာင္းေရာင္းခ်ခြင့္မရွိပါဘူး။ အိုးအိမ္ကေန တုိက္ရိုက္ေရာင္းတဲ့အခန္း၊ ၀ယ္ထားတဲ့အခန္းကို ေနာက္တဆင့္ ေရာင္းခ်မယ္ဆိုရင္ ပိုင္ဆိုင္မႈခိုင္မာပါတယ္။ အငွားခ်ထားတဲ့တိုက္ခန္းဆိုရင္ အလြယ္တကူဖယ္ရွားေပးရမွာပါ။ ေနာက္ထပ္၀ယ္ယူထားတဲ့ သူေတြက တရားမ၀င္တဲ့အတြက္ ထို အေဆာက္အဦကို ဖ်က္မယ္ (သို႔) အိုးအိမ္က ျပန္သိမ္းမယ္ဆိုရင္ ပိုင္ဆိုင္မႈဆံုး႐ႈံးၿပီး လက္မဲ့ျဖစ္သြားပါလိမ့္မည္္။

အိုးအိမ္ေျမေပၚတြင္ ေဆာက္ထားတဲ့ တိုက္ခန္းေတြ ၀ယ္ယူမယ္ဆိုလွ်င္ အိုးအိမ္က တုိက္ရိုက္ ေရာင္းခ်သည့္ ပိုင္ဆိုင္မႈအေထာက္အထားျဖစ္ေသာ ၀ယ္ယူအမည္ျဖင့္ ပိုင္ဆိုင္မႈစာအုပ္ (Owner Book) ထုတ္ေပးထားသည့္ တိုက္ခန္းမ်ိဳးကိုသာ ၀ယ္ယူသင့္ပါသည္။

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အျခား အိမ္ၿခံေျမ အေမးအေျဖမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)