475 ကြိမ် ကြည့်ရှု့ပြီး

ညီမလေးတို့ အစိုးရက အိမ်လေလံဆွဲခဲ့ပါတယ်ရှင် အိမ်ပိုင်ရှင်ကို တစ်လအတွင်း ပြန်ရွေးနိုင်ရင် အိမ်ရှင်အနိုင် တရားဥပဒေရှိပြီးသားမို့ ညီမတို့ မြို့နယ်မှာနိုင်ခဲ့ပေမယ့် ခရိုင်မှာတော့ အိမ်ရှင်က တစ်လအတွင်းရွေးလို့ ညီမလေးတို့ အမှုရှုံးခဲ့ပါတယ် 16.1.2020 မှာ 25% သိန်းသုံးဆယ်, 28.1.2020 မှာ 75% ခုနှစ်ဆယ့်သုံးသိန်း ပေးသွင်းခဲ့ပါတယ်။ 9.4.2020 ရက်နေ့လောက်မှာ တရားရုံးက ရှုံးတာသိရပါပြီ တရားရုံးက 22.5.2020 မှာ ငွေတောင်းခံလွှာတင်ဖို့ လာခိုင်းပါတယ် 25.5.2020 မှာ ငွေတောင်းခံလွှာတင်လိုက်ပါပြီ အထက်အဆင့်ဆင့်တင်ပြီးမှ ရသုံးမှန်းချေမှ ငွေရမှ ထုတ်လို့ရမယ်ပြောပါတယ်ရှင် ညီမလေးသိချင်တာက ငွေတောင်းခံလွှာတင်ဖို့ အချိန် 43 ရက်ကြာပါတယ် အခုလည်း တင်နေတုန်းပါ ဘာလို့အဲ့လောက်ကြာတာလဲသိချင်တာပါ, တရားရုံးက တရားဝင် ဘယ်လောက်ကြာရင် ထုတ်ပေးရမယ် သတ်မှတ်ချက်ရှိတာလဲ သိချင်ပါတယ် ညီမတို့လည်း ငွေတွေနစ်နေတာ အချိန်အကြာကြီးစောင့်နေရတာပါ ပြည်သူတွေက သနားဖို့ကောင်းပါတယ် တရားရုံးက ပိုက်ဆံရမှ လုပ်ပေးချင်တာလား ပြည်သူအပေါ်တရားသလား ကိုယ်ချင်းစာစိတ်မရှိကြတော့ဘူးလား ညီမပြောချင်တာပါ ကျေးဇူးပြု၍ ဖြေကြားပေးပါဦးနော် ။

မေးသူ - သဲယုယုေဆြ
[Unicode]
မေးသူ၏ မေးခွန်းကို ဖြေဆိုပေးနိုင်ရန် တရားမကျင့်ထုံး နည်းဥပဒေ (၉၃)အရ မရွှေ့ပြောင်းနိုင်သော ပစ္စည်းရောင်းချခြင်းကို နည်းဥပဒေ (၉၂)အရ တရားရုံးက ရောင်းချမှုကို ပယ်ဖျက်ကြောင်း အမိန့်ချမှတ်လျှင် ဝယ်ယူသည့် တန်ဖိုးငွေကို ပေးချေရရှိထားသူ မည်သူ့ထံမှမဆို တရားရုံးက ညွှန်ကြားသည့်အတိုင်း အတိုးဖြင့်ဖြစ်စေ၊ အတိုးမဲ့ဖြစ်စေ ပြန်၍ပေးစေရန်အမိန့်ကို ဝယ်သူက ရထိုက်စေရမည်ဆိုသည့်အတိုင်းသာ ဥပဒေတွင် ပြဌာန်းထားခြင်းတွေ့ရပြီး ငွေတောင်းခံလွှာ တောင်းခံရန် အချိန်ကာလကန့်သတ်ပေးထားခြင်း မရှိသည့်အတွက် ရုံးလုပ်ငန်းစဉ်တွေမှာ လုပ်ထုံးလုပ်နည်းများအတိုင်း အဆင့်ဆင့်ဆောင်ရွက်နေရတာ မျိုးလည်း ရှိတတ်ပါတယ်။တရားရုံးသို့ မကြာခဏ သွားရောက်စုံစမ်းနေမှသာလျှင် အမြန်ချောမွေ့အဆင်ပြေနိုင်မည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။ [Zawgyi] ညီမေလးတို႔ အစိုးရက အိမ္ေလလံဆြဲခဲ့ပါတယ္ရွင္ အိမ္ပိုင္ရွင္ကို တစ္လအတြင္း ျပန္ေ႐ြးႏိုင္ရင္ အိမ္ရွင္အႏိုင္ တရားဥပေဒရွိၿပီးသားမို႔ ညီမတို႔ ၿမိဳ႕နယ္မွာႏိုင္ခဲ့ေပမယ့္ ခ႐ိုင္မွာေတာ့ အိမ္ရွင္က တစ္လအတြင္းေ႐ြးလို႔ ညီမေလးတို႔ အမႈရႈံးခဲ့ပါတယ္ 16.1.2020 မွာ 25% သိန္းသုံးဆယ္, 28.1.2020 မွာ 75% ခုႏွစ္ဆယ့္သုံးသိန္း ေပးသြင္းခဲ့ပါတယ္။ 9.4.2020 ရက္ေန႔ေလာက္မွာ တရား႐ုံးက ရႈံးတာသိရပါၿပီ တရား႐ုံးက 22.5.2020 မွာ ေငြေတာင္းခံလႊာတင္ဖို႔ လာခိုင္းပါတယ္ 25.5.2020 မွာ ေငြေတာင္းခံလႊာတင္လိုက္ပါၿပီ အထက္အဆင့္ဆင့္တင္ၿပီးမွ ရသုံးမွန္းေခ်မွ ေငြရမွ ထုတ္လို႔ရမယ္ေျပာပါတယ္ရွင္ ညီမေလးသိခ်င္တာက ေငြေတာင္းခံလႊာတင္ဖို႔ အခ်ိန္ 43 ရက္ၾကာပါတယ္ အခုလည္း တင္ေနတုန္းပါ ဘာလို႔အဲ့ေလာက္ၾကာတာလဲသိခ်င္တာပါ, တရား႐ုံးက တရားဝင္ ဘယ္ေလာက္ၾကာရင္ ထုတ္ေပးရမယ္ သတ္မွတ္ခ်က္ရွိတာလဲ သိခ်င္ပါတယ္ ညီမတို႔လည္း ေငြေတြနစ္ေနတာ အခ်ိန္အၾကာႀကီးေစာင့္ေနရတာပါ ျပည္သူေတြက သနားဖို႔ေကာင္းပါတယ္ တရား႐ုံးက ပိုက္ဆံရမွ လုပ္ေပးခ်င္တာလား ျပည္သူအေပၚတရားသလား ကိုယ္ခ်င္းစာစိတ္မရွိၾကေတာ့ဘူးလား ညီမေျပာခ်င္တာပါ ေက်းဇူးျပဳ၍ ေျဖၾကားေပးပါဦးေနာ္ ။ ေမးသူ၏ ေမးခြန္းကို ေျဖဆိုေပးႏိုင္ရန္ တရားမက်င့္ထုံး နည္းဥပေဒ (၉၃)အရ မေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္းေရာင္းခ်ျခင္းကို နည္းဥပေဒ (၉၂)အရ တရား႐ုံးက ေရာင္းခ်မႈကို ပယ္ဖ်က္ေၾကာင္း အမိန႔္ခ်မွတ္လွ်င္ ဝယ္ယူသည့္ တန္ဖိုးေငြကို ေပးေခ်ရရွိထားသူ မည္သူ႔ထံမွမဆို တရား႐ုံးက ၫႊန္ၾကားသည့္အတိုင္း အတိုးျဖင့္ျဖစ္ေစ၊ အတိုးမဲ့ျဖစ္ေစ ျပန္၍ေပးေစရန္အမိန႔္ကို ဝယ္သူက ရထိုက္ေစရမည္ဆိုသည့္အတိုင္းသာ ဥပေဒတြင္ ျပဌာန္းထားျခင္းေတြ႕ရၿပီး ေငြေတာင္းခံလႊာ ေတာင္းခံရန္ အခ်ိန္ကာလကန႔္သတ္ေပးထားျခင္း မရွိသည့္အတြက္ ႐ုံးလုပ္ငန္းစဥ္ေတြမွာ လုပ္ထုံးလုပ္နည္းမ်ားအတိုင္း အဆင့္ဆင့္ေဆာင္႐ြက္ေနရတာ မ်ိဳးလည္း ရွိတတ္ပါတယ္။တရား႐ုံးသို႔ မၾကာခဏ သြားေရာက္စုံစမ္းေနမွသာလွ်င္ အျမန္ေခ်ာေမြ႕အဆင္ေျပႏိုင္မည္ျဖစ္ေၾကာင္း အႀကံျပဳအပ္ပါသည္။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အျခား အိမ္ၿခံေျမ အေမးအေျဖမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)